Skip to main content

အဝတ္အစားေၾကာင့္ မုဒိမ္းမႈျဖစ္တာလား?

Viral Collection


“ကိုယ္ေတြေတာင္ မုဒိမ္းက်င့္စိတ္ေပါက္ၿပီ” “ သူလုပ္မွပဲ ၃၇၆ ကို ဖိတ္ေခၚေနသလို” ဆုိတဲ့ မွတ္ခ်က္ေတြနဲ႔ ဘုိရာ ေခၚ မသက္သက္ေဝရဲ႕ ပံုဟာ လူမႈကြန္ရက္စာမ်က္ႏွာ ပ်ံ႔ႏွံ႔ေနခဲ့ပါတယ္။

ကာယဗလမယ္တဦးအျဖစ္ လူသိမ်ားတဲ့ ဘိုရာဟာ “မုဒိမ္းမႈမွန္သမၽွ ထိေရာက္စြာ အေရးယူပါ” ဆုိတဲ့ လႈပ္ရွားမႈမွာ ပါဝင္ခဲ့စဥ္ ေဘာင္းဘီတုိနဲ႔ အက်ႌခ်ဳိင္းျပတ္ဝတ္ၿပီး စာေစာင္ေတြ ျဖန္႔ေဝေနတဲ့ပုံေတြကို လူမႈကြန္ရက္စာမ်က္ႏွာ လူတခ်ိဳ႕က ျဖန္႔ေဝခဲ့တာပါ။

ခ်ဳိင္းျပတ္နဲ႔ ေဘာင္းဘီတိုဝတ္ၿပီး လႈပ္ရွားမႈလုပ္ရင္ ပတ္ဝန္းက်င္က ဘယ္လို ေတြးၾကမလဲ၊ ဘယ္လုိ ျမင္ၾကမလဲဆုိတာ သိလုိတဲ့စိတ္ေၾကာင့္ ဒီလိုဝတ္လုိက္တာ ျဖစ္တယ္လို႔ ဘိုရာက ဆိုပါတယ္။

ဘိုရာဟာ ခ်ဳိင္းျပတ္နဲ႔ ေဘာင္းဘီတုိ ဝတ္ဆင္ကာ အိမ္ကေန စထြက္ခ်ိန္ကစၿပီး လမ္းတေလၽွာက္လံုး လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္မႈ (Sexual Harassment) လုပ္ၾကတာကို ခံရေၾကာင္း၊ ျဖတ္သြားသမၽွ ေယာက်္ားအမ်ားစုက “ဝတ္မေနပါနဲ႔ေတာ့ကြာ” “လန္းတယ္ေနာ္..လွခ်က္” စတဲ့ ႏႈတ္သရမ္းမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

“မိန္းကေလးေတြ ဘယ္လုိ ဝတ္ေန ဝတ္ေန စေနာက္ခံေနရတာပါပဲ။ ဘိုရာ ေဘာင္းဘီရွည္၊ စကပ္ဒူးဖံုးဝတ္လည္း စခ်င္ရင္ စေနာက္ခံရတာပဲ။ က်မအဝတ္အစားနဲ႔ ပတ္သက္ၿပီး အတိုက္အခံလုပ္တာ ေယာက်္ားေလးေတြ မ်ားတယ္” လုိ႔ ဘိုရာက ေျပာျပပါတယ္။

ဆက္လက္ၿပီး ဘိုရာဟာ ေဘာင္းဘီတိုနဲ႔ အက်ႌခ်ဳိင္းျပတ္ဝတ္ၿပီး လက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝေနခ်ိန္မွာ ျဖတ္သြားသမၽွ ေယာက်ာ္းႀကီးငယ္ အရြယ္မေရြး အမ်ားစုက “မုဒိမ္းမႈ ပေပ်ာက္ေရးအတြက္လည္း ေျပာေသးတယ္.. ဝတ္ထားတာက ဘယ္လိုႀကီးလဲဟ” ဆိုတဲ့ အၾကည့္ေတြနဲ႔ လက္ကမ္းေပးတဲ့ စာေစာင္ကို လွမ္းယူရင္း ဘိုရာ့ကို အၾကည့္ေပါင္းတေထာင္နဲ႔ ၾကည့္ခဲ့ၾကတယ္လို႔လည္း ဘိုရာက ျပန္လည္ေျပာျပပါတယ္။

စိတ္မေကာင္းစရာကေတာ့ ျမန္မာႏိုင္ငံမွာ မုဒိမ္းမႈျဖစ္ပြားေနတာေတြနဲ႔ ပတ္သက္လို႔ အမ်ိဳးသမီးေတြ အရက္ေသ စာေသာက္စားလို႔၊ အဝတ္အစား အတုိအျပတ္ေတြ ဝတ္ဆင္လို႔ မုဒိမ္းမႈေတြ တိုးပြားလာရျခင္းျဖစ္တယ္ဆိုတဲ့ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ေကာက္ခ်က္နဲ႔ သတင္းထုတ္ျပန္ခ်က္ပဲျဖစ္ပါတယ္။

မုဒိမ္းမႈေတြ က်ဴးလြန္ရတဲ့ အဓိကအေၾကာင္းရင္းက မိန္းကေလးေတြရဲ႕ ဝတ္စားဆင္ယင္မႈေၾကာင့္ျဖစ္လို႔ ဒါကို ဆရာသမား၊ လူႀကီးမိဘနဲ႔ မီဒီယာေတြက ဝိုင္းဝန္းတည့္မတ္ေပးၾကရမယ္လုိ႔ ရဲတပ္ဖြဲ႔ကလည္း ထုတ္ျပန္ခဲ့ပါေသးတယ္။

ဒါ့အျပင္ အစိုးရသတင္းစာေတြမွာလည္း အမ်ိဳးသမီးေတြ ဝတ္စားဆင္ယင္မႈ မတတ္တဲ့အတြက္ အဝတ္အစား လံုၿခံဳေအာင္ အရင္ဝတ္ပါဆိုတဲ့ ကာတြန္းသ႐ုပ္ေဖာ္ပံုေတြ ပါလာတဲ့အေပၚမွာလည္း လူေတြက ေဝဖန္ေနၾကပါတယ္။

အမ်ိဳးသမီးေတြ ဝတ္စားဆင္ယင္မႈေၾကာင့္ မုဒိမ္းမႈ ျဖစ္ပြားရတယ္ဆိုတဲ့ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ကို လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြက ကြန္႔ကြက္႐ႈတ္ခ်ခဲ့ၾကပါတယ္။

လူ႔အခြင့္အေရး လႈပ္ရွားေနတဲ့ ညီမၽွျခင္းျမန္မာ ဒါ႐ုိက္တာဦးေအာင္မ်ိဳးမင္းက “က်ေနာ္တုိ႔ကေတာ့ ဒီလုိသံုးသပ္ခ်က္ကို မွားယြင္းတယ္လုိ႔ ယူဆတယ္။ က်ဴးလြန္တဲ့ သူအေပၚမွာ အမ်ားႀကီးေပၚ မူတည္တယ္။ မိန္းကေလးဆိုရင္ က်ဴးလြန္လို႔ရတယ္။ ကေလးဆုိရင္ က်ဴးလြန္လို႔ ရတယ္။ ဆိုတဲ့ စိတ္ထားမ်ိဳး ရွိေနရင္ေတာ့ က်ဴးလြန္မွာပဲ” လို႔ ဆုိပါ တယ္။

ဆက္လက္ၿပီး ဦးေအာင္မ်ိဳးမင္းက “အဝတ္အစားကို ေျပာရင္ အဝတ္အစား လံုလံုၿခံဳၿခံဳဝတ္ထားရင္ မုဒိမ္းမႈ မျဖစ္ဘူးလား။ အဝတ္အစားေၾကာင့္ ျဖစ္တယ္ေျပာရင္ အသက္ ၃ ႏွစ္ေအာက္ကေလးေတြကို က်ဴးလြန္တာကို ဘယ္လုိေျပာမွာလဲ။ ကေလးက ျမႇဴဆြယ္ဖုိ႔လည္း အေၾကာင္းမရွိဘူး။ က်ဴးလြန္ခံရတဲ့သူအေပၚမွာထက္ က်ဴးလြန္တဲ့သူ စိတ္ထားက ပိုၿပီးေတာ့ အဓိကက်တယ္” လို႔ ေျပာပါတယ္။

လက္ရွိ ျမန္မာႏုိင္ငံမွာ အမ်ိဳးသမီးေတြ ဝတ္စားဆင္ယင္မႈ မတတ္တဲ့အတြက္ အမ်ိဳးသမီးေတြကို ေစာ္ကားခ်င္တဲ့စိတ္ေတြ ျဖစ္လာတယ္ဆုိတဲ့ ေစ့ေဆာ္မႈေၾကာင့္ မုဒိမ္းမႈ ပိုမ်ားလာတယ္လို႔ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ ေတြက ေထာက္ျပေျပာဆိုပါတယ္။

အမ်ိဳးသမီးေတြကို ဘယ္လုိစိတ္ထားပဲရွိရွိ ေစာ္ကားစရာ မဟုတ္ဘူးဆုိရင္ အမ်ဳိးသမီးဘဝ ပိုၿပီးလံုၿခံဳလာမယ္လုိ႔လည္း သူတို႔က ထပ္မံေျပာပါတယ္။

“အမ်ိဳးသားေတြကို မယံုရဘူးဆုိတဲ့ စိတ္ထားမ်ိဳးရွိေနမယ္ဆုိရင္ က်ေနာ္တုိ႔ အမ်ိဳးသားဂုဏ္ကို ထိခိုက္သလို အမ်ိဳးသမီးေတြဘဝလည္း ဘယ္ေတာ့မွ လံုၿခံဳမယ္ မထင္ဘူး။ စိတ္ထားက အရမ္းအေရးႀကီးတယ္” လုိ႔လည္း ဦးေအာင္မ်ိဳးမင္းက ဆက္လက္ေျပာပါတယ္။

ဆက္လက္ၿပီး Justice House (တရားဥပေဒစိုးမုိးေရးနဲ႔ တရားမၽွတမႈစီမံခ်က္) မန္ေနဂ်ာ ဦးေဝမိုးလႈိင္က “အမ်ိဳးသမီးေတြ အဝတ္အစား ေရြးခ်ယ္ ဝတ္တာကေတာ့ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ေၾကာင့္ပါပဲ။ ဒီလို မုဒိမ္းမႈေတြျဖစ္လာတာကို လက္မခံဘူး။ အမ်ိဳးသမီးေတြ ဘယ္လို ဝတ္စားေနပါေစ၊ အမ်ိဳးသားတေယာက္က ထိန္းသိမ္းသင့္ ထိန္းသိမ္းထိုက္တဲ့ ကိုယ္က်င့္တရား ၿမဲမယ္ဆုိ မုဒိမ္းမႈက ျဖစ္လာမယ္ မထင္ဘူး” လို႔လည္း မွတ္ခ်က္ ျပဳလုိက္ပါတယ္။

ျမန္မာလူ႔ေဘာင္မွာ ယဥ္ေက်းမႈဓေလ့ထုံးစံ ဆိုတဲ့ ေရွးရိုးစြဲအယူအဆေတြနဲ႔ တဖက္ပိတ္အျမင္ေတြ လူ႔အဖြဲ႔အစည္းမွာ လႊမ္းမုိးေနတဲ့အတြက္ ဒီလိုအျမင္ေတြကို အေျခခံၿပီး ျပည္ထဲေရးက ထုတ္ျပန္တယ္လုိ႔ ယူဆေၾကာင္းလည္း ဦးေဝမိုးလႈိင္က ေျပာပါတယ္။

လူတေယာက္ခ်င္းစီ ႀကီးျပင္းလာတဲ့ အသိုင္းအဝန္း၊ ခံယူခ်က္ေတြ မတူညီၾကဘဲ သင္ၾကားေပးတဲ့ ပညာေရးစနစ္နဲ႔ ရရွိတဲ့ဗဟုသုတေတြေတြအေပၚလည္း မူတည္ေၾကာင္း၊ လူ႔အဖြဲ႔အစည္းတခုလံုး တျဖည္းျဖည္းနဲ႔ ေျပာင္းလဲလာဖို႔ လုိအပ္ေၾကာင္းလည္း ဦးေဝမိုးလႈိင္က ဆုိပါတယ္။

လိင္ပိုင္းဆုိင္ရာ ေစာ္ကားမႈ ျဖစ္လာရင္ “ဘယ္လုိ ေဆာင္ရြက္သင့္ေၾကာင္းနဲ႔ ဘယ္သူေတြကို အကူအညီ ေတာင္းသင့္လဲ” ဆုိတဲ့ အသက္အရြယ္ ယဥ္ေက်းမႈနဲ႔ ကုိက္ညီတဲ့ပံုစံမ်ိဳးနဲ႔ အသိပညာေပးမႈေတြ အမ်ားႀကီးလုိအပ္ ေၾကာင္းလည္း လူ႔အခြင့္အေရး တက္ၾကြလႈပ္ရွားသူေတြက ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ အမ်ိဳးသမီးေတြကို မိဘေတြက စသင္ၾကားတဲ့ေနရာမွာ မွားယြင္းမႈေတြ ရွိေနေၾကာင္း၊ မိန္းမ ေကာင္းဆိုရင္ “ဗုိင္းေကာင္း ေက်ာက္ဖိ” ျဖစ္ေနရမယ္ဆုိတဲ့ အယူအဆေတြကလည္း ေျပာင္းလဲသင့္ေၾကာင္း ဘိုရာ က ဆုိပါတယ္။

ျမန္မာႏုိင္ငံမွာ သားေယာက်္ားေလး ေမြးဖြားလာရင္ မိဘေတြ လက္သံုးစကားျဖစ္တဲ့ “သားေယာက်္ားေလးပဲကြာ၊ ဘာျဖစ္လဲ လုပ္ပါေစ” ဆုိတဲ့စကားေတြနဲ႔ သင္ၾကားမႈေၾကာင့္ မိန္းကေလးအေပၚ ေလးစားမႈ မရွိေတာ့ေၾကာင္း ဘိုရာက ေထာက္ျပပါတယ္။

“အဓိကက စိတ္ဓာတ္ကိုပါ။ အမ်ိဳးသမီးေတြ ဝတ္စားဆင္ယင္မႈေၾကာင့္ မုဒိမ္းမႈ မ်ားလာတယ္ဆိုရင္ သက္ငယ္ မုဒိမ္းမႈေတြမ်ားလာတာ၊ လမ္းေဘးကေလးေတြ အႏိုင္က်င့္ခံရတာေတြ၊ အဘြားအရြယ္ မိန္းမသားေတြ၊ စိတ္ပံုမွန္ မဟုတ္သူေတြကအစ အႏိုင္က်င့္ခံရတဲ့ အမႈေတြ အဲဒါက ဘာေတြလဲ၊ ဘာေၾကာင့္ျဖစ္ေနၾကရတာလဲ” လို႔ ဘိုရာက ေမးခြန္းထုတ္လုိက္ပါတယ္။

ဆက္လက္ၿပီး ဘုိရာကေတာ့ မုဒိမ္းမႈနဲ႔ပတ္သက္ၿပီး “တရားဥပေဒကေတာ့ ေသဒဏ္ေပးရင္ေပး၊ မေပးရင္ တသက္တကြၽန္း ျပန္မထြက္လာဖုိ႔ပါပဲ” လို႔ ေထာက္ျပလုိက္ပါတယ္။

ဒါေတြအျပင္ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔ ဒီဗြီဘီ debate အစီအစဥ္မွာလည္း အမ်ိဳးသား ဘာသာသနာ ေစာင့္ေရွာက္ေရး ဥပေဒျပဳေရးေကာ္မတီဝင္ ေဒၚဇာနည္ဝင္းထြန္းက “အမ်ိဳးသမီးေတြ မလံုမျခံဳဝတ္လို႔ဆိုတဲ့အရာက အျပည့္အဝ မမွန္ဘူး ဆိုေသာ္လည္းပဲ တခ်ိဳ႕တဝက္ မွန္သင့္သေလာက္မွန္တယ္လို႔ ေုပာခ်င္တယ္။ မလံုမျခံဳဝတ္ၿပီး အေပၚပိုင္း ေဖာ္၊ ေအာက္ပိုင္း ေဖာ္လိုက္တာနဲ႔ ေယာက်္ားေလးေတြရဲ႕စိတ္ဆႏၵမွာ ထႂကြလာၿပီ။ အဲဒီမိန္းကေလးကို က်ဴးလြန္ဖို႔ ဆိုတာ မလြယ္ကူေလာက္ဘူး။ ဒါေပမယ့္ သူတို႕စိတ္ဆႏၵကို ေျဖေဖ်ာက္မယ့္ သူတို႔ လက္သင့္ရာ၊ သူတို႔ရဲ႕အနီးရွိရာ အေနအထိုင္၊ လံုလံုျခဳံျခံဳ အေနအထိုင္ ႐ိုး႐ိုးေအးေအး ေနတဲ့သူေတြသည္ သူတို႔အတြက္ သားေကာင္ ျဖစ္ခ်င္ ျဖစ္သြားႏိုင္တယ္။ မလံုမျခံဳ ဝတ္စားျခင္းသည္ သူတို႔ရဲ႕ စိတ္ခံစားမႈကို ဆြေပးလိုက္တဲ့ သေဘာပဲ” လို႔ ေျပာဆိုလိုက္ပါေသးတယ္။

ျမန္မာတႏုိင္ငံလံုး ၂ဝ၁၇ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ အဓမၼျပဳက်င့္မႈ ၁၄ဝဝ ေက်ာ္ရွိၿပီး၊ မုဒိမ္းမႈေတြဟာ တရက္ကို ၃ မႈႏႈန္း၊ သက္ငယ္မုဒိမ္းမႈ တရက္လၽွင္ အနည္းဆံုး ၂ မႈႏႈန္းနဲ႔ ျဖစ္ေနေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

သက္ငယ္မုဒိမ္းမႈဟာ ၂ဝ၁၆ အတြင္းက ၆၇၁ မႈသာ ျဖစ္ပြားခဲ့ေပမယ့္ ၂ဝ၁၇ ျဖစ္ပြားမႈႏႈန္းဟာ ယခင္ႏွစ္ထက္ ၂၂၆ မႈ ပိုမိုျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာလူ႔အဖြဲ႔အစည္းရဲ႕ အယူသီးမႈေၾကာင့္ ျပႆနာျဖစ္လာရင္ အေျဖရွာဖို႔ မႀကိဳးစားဘဲ တရားခံရွာၿပီး အျပစ္တင္မႈ။ တာဝန္ခံမႈ၊ တာဝန္ယူမႈမရွိတဲ့ အစိုးရ လုပ္နည္းလုပ္ဟန္မ်ားနဲ႔ ေဝဖန္ေထာက္ျပစရာေတြ ျဖစ္ေနပါတယ္။

“ျပည္ထဲေရး ထုတ္ျပန္ခ်က္က အမ်ိဳးသမီးေတြကို ႏွိမ့္ခ်သလို အမ်ိဳးသားေတြကို ေျမႇာက္ေပးသလုိပါပဲ။ ဘာလုိ႔လဲဆုိေတာ့ အမ်ိဳးသမီးေတြကို အိမ္အျပင္ မထြက္ေအာင္ လုပ္ေနသလိုပါပဲ” လို႔ ကာယဗလမယ္ ဘုိရာ (ေခၚ) မသက္သက္ေဝက မွတ္ခ်က္ျပဳလုိက္ပါတယ္။

“ျမန္မာ society ႀကီးရဲ႕အေတြးအျမင္ေတြ ေျပာင္းလဲသင့္ေနၿပီ၊ Please “think outside the box” ပါ၊ အယူမသီးပါနဲ႔၊ အရာတခုကို လြယ္လြယ္နဲ႔ ေကာက္ခ်က္မခ်ပါနဲ႔၊ စည္းဝိုင္းအျပင္ကေန ထြက္ၾကည့္ၿပီး စဥ္းစားပါ။ သင္ မသိေသးတဲ့ အေၾကာင္းအရာဆိုတာ အမ်ားႀကီး ရွိပါတယ္” လို႔ ဘိုရာက ေထာက္ျပလုိက္ပါတယ္။

Credit: DVB

Unicode

“ကိုယ်တွေတောင် မုဒိမ်းကျင့်စိတ်ပေါက်ပြီ” “ သူလုပ်မှပဲ ၃၇၆ ကို ဖိတ်ခေါ်နေသလို” ဆိုတဲ့ မှတ်ချက်တွေနဲ့ ဘိုရာ ခေါ် မသက်သက်ဝေရဲ့ ပုံဟာ လူမှုကွန်ရက်စာမျက်နှာ ပျံ့နှံ့နေခဲ့ပါတယ်။

ကာယဗလမယ်တဦးအဖြစ် လူသိများတဲ့ ဘိုရာဟာ “မုဒိမ်းမှုမှန်သမျှ ထိရောက်စွာ အရေးယူပါ” ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့စဉ် ဘောင်းဘီတိုနဲ့ အကျႌချိုင်းပြတ်ဝတ်ပြီး စာစောင်တွေ ဖြန့်ဝေနေတဲ့ပုံတွေကို လူမှုကွန်ရက်စာမျက်နှာ လူတချို့က ဖြန့်ဝေခဲ့တာပါ။

ချိုင်းပြတ်နဲ့ ဘောင်းဘီတိုဝတ်ပြီး လှုပ်ရှားမှုလုပ်ရင် ပတ်ဝန်းကျင်က ဘယ်လို တွေးကြမလဲ၊ ဘယ်လို မြင်ကြမလဲဆိုတာ သိလိုတဲ့စိတ်ကြောင့် ဒီလိုဝတ်လိုက်တာ ဖြစ်တယ်လို့ ဘိုရာက ဆိုပါတယ်။

ဘိုရာဟာ ချိုင်းပြတ်နဲ့ ဘောင်းဘီတို ဝတ်ဆင်ကာ အိမ်ကနေ စထွက်ချိန်ကစပြီး လမ်းတလျှောက်လုံး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment) လုပ်ကြတာကို ခံရကြောင်း၊ ဖြတ်သွားသမျှ ယောကျ်ားအများစုက “ဝတ်မနေပါနဲ့တော့ကွာ” “လန်းတယ်နော်..လှချက်” စတဲ့ နှုတ်သရမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“မိန်းကလေးတွေ ဘယ်လို ဝတ်နေ ဝတ်နေ စနောက်ခံနေရတာပါပဲ။ ဘိုရာ ဘောင်းဘီရှည်၊ စကပ်ဒူးဖုံးဝတ်လည်း စချင်ရင် စနောက်ခံရတာပဲ။ ကျမအဝတ်အစားနဲ့ ပတ်သက်ပြီး အတိုက်အခံလုပ်တာ ယောကျ်ားလေးတွေ များတယ်” လို့ ဘိုရာက ပြောပြပါတယ်။

ဆက်လက်ပြီး ဘိုရာဟာ ဘောင်းဘီတိုနဲ့ အကျႌချိုင်းပြတ်ဝတ်ပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေချိန်မှာ ဖြတ်သွားသမျှ ယောကျာ်းကြီးငယ် အရွယ်မရွေး အများစုက “မုဒိမ်းမှု ပပျောက်ရေးအတွက်လည်း ပြောသေးတယ်.. ဝတ်ထားတာက ဘယ်လိုကြီးလဲဟ” ဆိုတဲ့ အကြည့်တွေနဲ့ လက်ကမ်းပေးတဲ့ စာစောင်ကို လှမ်းယူရင်း ဘိုရာ့ကို အကြည့်ပေါင်းတထောင်နဲ့ ကြည့်ခဲ့ကြတယ်လို့လည်း ဘိုရာက ပြန်လည်ပြောပြပါတယ်။

စိတ်မကောင်းစရာကတော့ မြန်မာနိုင်ငံမှာ မုဒိမ်းမှုဖြစ်ပွားနေတာတွေနဲ့ ပတ်သက်လို့ အမျိုးသမီးတွေ အရက်သေ စာသောက်စားလို့၊ အဝတ်အစား အတိုအပြတ်တွေ ဝတ်ဆင်လို့ မုဒိမ်းမှုတွေ တိုးပွားလာရခြင်းဖြစ်တယ်ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကောက်ချက်နဲ့ သတင်းထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။

မုဒိမ်းမှုတွေ ကျူးလွန်ရတဲ့ အဓိကအကြောင်းရင်းက မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုကြောင့်ဖြစ်လို့ ဒါကို ဆရာသမား၊ လူကြီးမိဘနဲ့ မီဒီယာတွေက ဝိုင်းဝန်းတည့်မတ်ပေးကြရမယ်လို့ ရဲတပ်ဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါ့အပြင် အစိုးရသတင်းစာတွေမှာလည်း အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှု မတတ်တဲ့အတွက် အဝတ်အစား လုံခြုံအောင် အရင်ဝတ်ပါဆိုတဲ့ ကာတွန်းသရုပ်ဖော်ပုံတွေ ပါလာတဲ့အပေါ်မှာလည်း လူတွေက ဝေဖန်နေကြပါတယ်။

အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုကြောင့် မုဒိမ်းမှု ဖြစ်ပွားရတယ်ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ကွန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ ညီမျှခြင်းမြန်မာ ဒါရိုက်တာဦးအောင်မျိုးမင်းက “ကျနော်တို့ကတော့ ဒီလိုသုံးသပ်ချက်ကို မှားယွင်းတယ်လို့ ယူဆတယ်။ ကျူးလွန်တဲ့ သူအပေါ်မှာ အများကြီးပေါ် မူတည်တယ်။ မိန်းကလေးဆိုရင် ကျူးလွန်လို့ရတယ်။ ကလေးဆိုရင် ကျူးလွန်လို့ ရတယ်။ ဆိုတဲ့ စိတ်ထားမျိုး ရှိနေရင်တော့ ကျူးလွန်မှာပဲ” လို့ ဆိုပါ တယ်။

ဆက်လက်ပြီး ဦးအောင်မျိုးမင်းက “အဝတ်အစားကို ပြောရင် အဝတ်အစား လုံလုံခြုံခြုံဝတ်ထားရင် မုဒိမ်းမှု မဖြစ်ဘူးလား။ အဝတ်အစားကြောင့် ဖြစ်တယ်ပြောရင် အသက် ၃ နှစ်အောက်ကလေးတွေကို ကျူးလွန်တာကို ဘယ်လိုပြောမှာလဲ။ ကလေးက မြှူဆွယ်ဖို့လည်း အကြောင်းမရှိဘူး။ ကျူးလွန်ခံရတဲ့သူအပေါ်မှာထက် ကျူးလွန်တဲ့သူ စိတ်ထားက ပိုပြီးတော့ အဓိကကျတယ်” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှု မတတ်တဲ့အတွက် အမျိုးသမီးတွေကို စော်ကားချင်တဲ့စိတ်တွေ ဖြစ်လာတယ်ဆိုတဲ့ စေ့ဆော်မှုကြောင့် မုဒိမ်းမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တွေက ထောက်ပြပြောဆိုပါတယ်။

အမျိုးသမီးတွေကို ဘယ်လိုစိတ်ထားပဲရှိရှိ စော်ကားစရာ မဟုတ်ဘူးဆိုရင် အမျိုးသမီးဘဝ ပိုပြီးလုံခြုံလာမယ်လို့လည်း သူတို့က ထပ်မံပြောပါတယ်။

“အမျိုးသားတွေကို မယုံရဘူးဆိုတဲ့ စိတ်ထားမျိုးရှိနေမယ်ဆိုရင် ကျနော်တို့ အမျိုးသားဂုဏ်ကို ထိခိုက်သလို အမျိုးသမီးတွေဘဝလည်း ဘယ်တော့မှ လုံခြုံမယ် မထင်ဘူး။ စိတ်ထားက အရမ်းအရေးကြီးတယ်” လို့လည်း ဦးအောင်မျိုးမင်းက ဆက်လက်ပြောပါတယ်။

ဆက်လက်ပြီး Justice House (တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုစီမံချက်) မန်နေဂျာ ဦးဝေမိုးလှိုင်က “အမျိုးသမီးတွေ အဝတ်အစား ရွေးချယ် ဝတ်တာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့်ပါပဲ။ ဒီလို မုဒိမ်းမှုတွေဖြစ်လာတာကို လက်မခံဘူး။ အမျိုးသမီးတွေ ဘယ်လို ဝတ်စားနေပါစေ၊ အမျိုးသားတယောက်က ထိန်းသိမ်းသင့် ထိန်းသိမ်းထိုက်တဲ့ ကိုယ်ကျင့်တရား မြဲမယ်ဆို မုဒိမ်းမှုက ဖြစ်လာမယ် မထင်ဘူး” လို့လည်း မှတ်ချက် ပြုလိုက်ပါတယ်။

မြန်မာလူ့ဘောင်မှာ ယဉ်ကျေးမှုဓလေ့ထုံးစံ ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေနဲ့ တဖက်ပိတ်အမြင်တွေ လူ့အဖွဲ့အစည်းမှာ လွှမ်းမိုးနေတဲ့အတွက် ဒီလိုအမြင်တွေကို အခြေခံပြီး ပြည်ထဲရေးက ထုတ်ပြန်တယ်လို့ ယူဆကြောင်းလည်း ဦးဝေမိုးလှိုင်က ပြောပါတယ်။

လူတယောက်ချင်းစီ ကြီးပြင်းလာတဲ့ အသိုင်းအဝန်း၊ ခံယူချက်တွေ မတူညီကြဘဲ သင်ကြားပေးတဲ့ ပညာရေးစနစ်နဲ့ ရရှိတဲ့ဗဟုသုတတွေတွေအပေါ်လည်း မူတည်ကြောင်း၊ လူ့အဖွဲ့အစည်းတခုလုံး တဖြည်းဖြည်းနဲ့ ပြောင်းလဲလာဖို့ လိုအပ်ကြောင်းလည်း ဦးဝေမိုးလှိုင်က ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်လာရင် “ဘယ်လို ဆောင်ရွက်သင့်ကြောင်းနဲ့ ဘယ်သူတွေကို အကူအညီ တောင်းသင့်လဲ” ဆိုတဲ့ အသက်အရွယ် ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ပုံစံမျိုးနဲ့ အသိပညာပေးမှုတွေ အများကြီးလိုအပ် ကြောင်းလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို မိဘတွေက စသင်ကြားတဲ့နေရာမှာ မှားယွင်းမှုတွေ ရှိနေကြောင်း၊ မိန်းမ ကောင်းဆိုရင် “ဗိုင်းကောင်း ကျောက်ဖိ” ဖြစ်နေရမယ်ဆိုတဲ့ အယူအဆတွေကလည်း ပြောင်းလဲသင့်ကြောင်း ဘိုရာ က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သားယောကျ်ားလေး မွေးဖွားလာရင် မိဘတွေ လက်သုံးစကားဖြစ်တဲ့ “သားယောကျ်ားလေးပဲကွာ၊ ဘာဖြစ်လဲ လုပ်ပါစေ” ဆိုတဲ့စကားတွေနဲ့ သင်ကြားမှုကြောင့် မိန်းကလေးအပေါ် လေးစားမှု မရှိတော့ကြောင်း ဘိုရာက ထောက်ပြပါတယ်။

“အဓိကက စိတ်ဓာတ်ကိုပါ။ အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုကြောင့် မုဒိမ်းမှု များလာတယ်ဆိုရင် သက်ငယ် မုဒိမ်းမှုတွေများလာတာ၊ လမ်းဘေးကလေးတွေ အနိုင်ကျင့်ခံရတာတွေ၊ အဘွားအရွယ် မိန်းမသားတွေ၊ စိတ်ပုံမှန် မဟုတ်သူတွေကအစ အနိုင်ကျင့်ခံရတဲ့ အမှုတွေ အဲဒါက ဘာတွေလဲ၊ ဘာကြောင့်ဖြစ်နေကြရတာလဲ” လို့ ဘိုရာက မေးခွန်းထုတ်လိုက်ပါတယ်။

ဆက်လက်ပြီး ဘိုရာကတော့ မုဒိမ်းမှုနဲ့ပတ်သက်ပြီး “တရားဥပဒေကတော့ သေဒဏ်ပေးရင်ပေး၊ မပေးရင် တသက်တကျွန်း ပြန်မထွက်လာဖို့ပါပဲ” လို့ ထောက်ပြလိုက်ပါတယ်။

ဒါတွေအပြင် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ဒီဗွီဘီ debate အစီအစဉ်မှာလည်း အမျိုးသား ဘာသာသနာ စောင့်ရှောက်ရေး ဥပဒေပြုရေးကော်မတီဝင် ဒေါ်ဇာနည်ဝင်းထွန်းက “အမျိုးသမီးတွေ မလုံမခြုံဝတ်လို့ဆိုတဲ့အရာက အပြည့်အဝ မမှန်ဘူး ဆိုသော်လည်းပဲ တချို့တဝက် မှန်သင့်သလောက်မှန်တယ်လို့ ေုပာချင်တယ်။ မလုံမခြုံဝတ်ပြီး အပေါ်ပိုင်း ဖော်၊ အောက်ပိုင်း ဖော်လိုက်တာနဲ့ ယောကျ်ားလေးတွေရဲ့စိတ်ဆန္ဒမှာ ထကြွလာပြီ။ အဲဒီမိန်းကလေးကို ကျူးလွန်ဖို့ ဆိုတာ မလွယ်ကူလောက်ဘူး။ ဒါပေမယ့် သူတို့စိတ်ဆန္ဒကို ဖြေဖျောက်မယ့် သူတို့ လက်သင့်ရာ၊ သူတို့ရဲ့အနီးရှိရာ အနေအထိုင်၊ လုံလုံခြုံခြုံ အနေအထိုင် ရိုးရိုးအေးအေး နေတဲ့သူတွေသည် သူတို့အတွက် သားကောင် ဖြစ်ချင် ဖြစ်သွားနိုင်တယ်။ မလုံမခြုံ ဝတ်စားခြင်းသည် သူတို့ရဲ့ စိတ်ခံစားမှုကို ဆွပေးလိုက်တဲ့ သဘောပဲ” လို့ ပြောဆိုလိုက်ပါသေးတယ်။

မြန်မာတနိုင်ငံလုံး ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှု ၁၄ဝဝ ကျော်ရှိပြီး၊ မုဒိမ်းမှုတွေဟာ တရက်ကို ၃ မှုနှုန်း၊ သက်ငယ်မုဒိမ်းမှု တရက်လျှင် အနည်းဆုံး ၂ မှုနှုန်းနဲ့ ဖြစ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သက်ငယ်မုဒိမ်းမှုဟာ ၂ဝ၁၆ အတွင်းက ၆၇၁ မှုသာ ဖြစ်ပွားခဲ့ပေမယ့် ၂ဝ၁၇ ဖြစ်ပွားမှုနှုန်းဟာ ယခင်နှစ်ထက် ၂၂၆ မှု ပိုမိုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာလူ့အဖွဲ့အစည်းရဲ့ အယူသီးမှုကြောင့် ပြဿနာဖြစ်လာရင် အဖြေရှာဖို့ မကြိုးစားဘဲ တရားခံရှာပြီး အပြစ်တင်မှု။ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတဲ့ အစိုးရ လုပ်နည်းလုပ်ဟန်များနဲ့ ဝေဖန်ထောက်ပြစရာတွေ ဖြစ်နေပါတယ်။

“ပြည်ထဲရေး ထုတ်ပြန်ချက်က အမျိုးသမီးတွေကို နှိမ့်ချသလို အမျိုးသားတွေကို မြှောက်ပေးသလိုပါပဲ။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေကို အိမ်အပြင် မထွက်အောင် လုပ်နေသလိုပါပဲ” လို့ ကာယဗလမယ် ဘိုရာ (ခေါ်) မသက်သက်ဝေက မှတ်ချက်ပြုလိုက်ပါတယ်။

“မြန်မာ society ကြီးရဲ့အတွေးအမြင်တွေ ပြောင်းလဲသင့်နေပြီ၊ Please “think outside the box” ပါ၊ အယူမသီးပါနဲ့၊ အရာတခုကို လွယ်လွယ်နဲ့ ကောက်ချက်မချပါနဲ့၊ စည်းဝိုင်းအပြင်ကနေ ထွက်ကြည့်ပြီး စဉ်းစားပါ။ သင် မသိသေးတဲ့ အကြောင်းအရာဆိုတာ အများကြီး ရှိပါတယ်” လို့ ဘိုရာက ထောက်ပြလိုက်ပါတယ်။

Credit: DVB

Updates

Theme Editor by Seo v6