
အခ်စ္ဆုိတာ တကယ္ဆန္းၾကယ္ပါတယ္။ တစ္ခ်ိဳ႕က အခ်စ္မွာ မ်က္စိမရွိဘူးလုိ႔ ဆုိၾကေပမယ့္ တစ္ခ်ိဳ႕က ခ်စ္ျခင္းအစ မ်က္လုံးက-ဆုိၿပီး ဆုိၾကျပန္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ အခ်စ္ဆုိတာ ေျပာရခက္တဲ့လွ်ိဳ႕ဝွက္ခ်က္တစ္ခုလုိ႔ ေျပာၾကေပမယ့္၊ တစ္ခ်ိဳ႕ကေတာ့ ေယာက္်ားႀကိဳက္ေတာ့ ဆုိက္ဆုိက္လာ- မိန္းမႀကိဳက္ေတာ့ ေမွ်ာ္လုိက္တာ-ဆုိၿပီး အခ်စ္ကို ေျပာၾကပါတယ္။

ဒါေပမယ့္ တကယ့္အခ်စ္ဆုိတာ အဲဒီလုိ စကားပုံေလးေတြ၊ ဆုိ႐ုိးစကားေလးေတြေလာက္နဲ႔ အဓိပၸါယ္က မလုံေလာက္ပါဘူး။ အခ်စ္ရဲ႕အဓိပၸါယ္ဟာ ခင္ဗ်ားတုိ႔က်ေနာ္တုိ႔ ေတြးႏုိင္တာထက္ အဆေပါင္းသန္းနဲ႔ခ်ီ ပုိၿပီးက်ယ္ျပန္႔ပါတယ္။ ဒီေတာ့ အခ်စ္ဆုိတာ အဓိပၸါယ္ေကာက္ယူတဲ့အေပၚမွာ မူတည္ၿပီး တစ္ေယာက္ခ်င္းခံယူခ်က္ကလည္း ကြဲလြဲသြားႏုိင္ပါတယ္။ ဒါကလည္း အခ်စ္ရဲ႕ သေဘာတရားတစ္ခုသာ ျဖစ္ပါတယ္။

အခုလည္း ႐ုရွားႏုိင္ငံ ဗယ္လ္ဒီဗုိစေတာ့ခ္မွာ ေနထုိင္တဲ့ ဂရီဂုိရီပ႐ူေတာ့ဗ္လုိ႔ အမည္ရတဲ့ အမ်ိဳးသားဟာ သူ႕ဘဝမွာ ဘယ္ေတာ့မွ လက္တြဲေဖာ္မေတြ႕ႏုိင္ေတာ့ဘူးလုိ႔ ထင္ခဲ့ေပမယ့္ တကယ္တမ္း ေရစက္ဆုံတဲ့အခါမွာေတာ့ ေခ်ာေပ့လွေပ့ဆုိတဲ့ မိန္းမေခ်ာေလးနဲ႔ ေရစက္ဆုံခဲ့ရပါတယ္။ ဂရီဂုိရီဟာ မသန္စြမ္းအမ်ိဳးသားတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ ငယ္စဥ္တုန္းက သာမန္ကေလးတစ္ေယာက္ပါဘဲ။ ဒါေပမယ့္ လမ္းေလွ်ာက္တက္ကာစအရြယ္မွာ အျပင္းအထန္ ဖ်ားနာခဲ့ပါတယ္။ မိဘေတြက ဆရာဝန္ေတြထံျပၿပီး စစ္ေဆးတဲ့အခါမွာ ေက်ာ႐ုိးမနဲ႔ဆက္တဲ့ ျပင္းထန္တဲ့ဲၾကြက္သားဆုိင္ရာ ေရာဂါကို ခံစားေနရတယ္လုိ႔ ေျပာခဲ့ပါတယ္။ဆက္လက္စစ္ေဆးတဲ့အခါမွာ ဂရီဂုိရီဟာ Muscular atrophy ဆုိတဲ့ ေရာဂါကို ခံစားေနရလုိ႔ အသက္ရွည္ရွည္ေနရဖုိ႔ မရွိေၾကာင္း ေဒါက္တာေတြက မွတ္ခ်က္ေပးခဲ့ၿပီး အလြန္ဆုံး (၄~၅)ႏွစ္သာ အသက္ရွင္လိမ့္မယ္လုိ႔ ခန္႔မွန္းခဲ့ပါတယ္။ ေနာက္ၿပီး ဘယ္လုိမွ လမ္းေလွ်ာက္ႏုိင္ဖုိ႔ မရွိေတာ့ဘူးလုိ႔ ေျပာခဲ့ပါတယ္။ သုိ႔ေပမယ့္ ဂရီဂုိရီဟာ အသက္ဆက္ရွင္သန္ႏုိင္ခဲ့ၿပီး ေဒါက္တာေတြေျပာသလုိ လမ္းမေလွ်ာက္ႏုိင္တာကလြဲရင္ သူ ဆက္ၿပီး ရွင္သန္ေအာင္ ႀကိဳးစားခဲ့ပါတယ္။အရြယ္ေရာက္တဲ့အခါ ရွက္လုိ႔ လူျမင္ကြင္းကို မထြက္ေတာ့ဘဲ အိမ္တြင္းပုန္းဘဝမွာေနခဲ့ရပါတယ္။ ဒါေပမယ့္ လူတစ္ေယာက္ရဲ႕ ကံၾကမၼာဆုိတာ အခ်ိန္နဲ႔တေျပးညီ ေျပာင္းလဲေနပါတယ္။ ဂရီဂုိရီဟာ ကာဇက္စတန္ႏုိင္ငံက မိန္းမပ်ိဳေလး အန္နာနဲ႔ လူမႈကြန္ယက္မွာ စတင္ခင္မင္ခဲ့ၿပီး အန္နာရဲ႕အထူးခ်စ္ခင္ ေမတၱာထားမႈကို ရခဲ့ပါတယ္။ ကာဇက္စတန္ႏုိင္ငံဆုိတာ ဆုိဗီယက္ယူနီယံ မၿပိဳကြဲခင္က ယူနီယံအလံေတာ္ေအာက္မွာ အတူတကြရွိခဲ့တဲ့နယ္ေျမတစ္ခုပါ။ ဒါေၾကာင့္ ဂရီဂုိရီနဲ႔ ဘာသာစကားခ်င္းက ကြဲလြဲခ်က္အရမ္းႀကီးမရွိပါဘူး။ ဒီလုိနဲ႔ အြန္လုိင္းေပၚမွာခင္မင္ၿပီး ရက္အနည္းငယ္ အၾကာမွာပင္ အန္နာနဲ႔ ခ်စ္သူျဖစ္သြားခဲ့ပါတယ္။ ႏွစ္ဦးသား မုိင္အားျဖင့္ (၃၀၀၀)ေဝးကြာေပမယ့္ တကယ္ခ်စ္ေတာ့ ႏွစ္ေယာက္တစ္အိမ္၊ ႏွစ္ေယာက္တစ္အိပ္မက္ဘဝကို ထူေထာင္ဖုိ႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ အခုဆုိ အန္နာနဲ႔ ဂရီဂုိရီတုိ႔ဟာ ေပ်ာ္ရႊင္သာယာတဲ့ အိမ္ေထာင္သည္ဘဝကို ေလွ်ာက္လွမ္းေနၾကပါတယ္။Credit: နတ္စည္ေတာ္ (MyanmarNote) Unicode-အချစ်ဆိုတာ တကယ်ဆန်းကြယ်ပါတယ်။ တစ်ချို့က အချစ်မှာ မျက်စိမရှိဘူးလို့ ဆိုကြပေမယ့် တစ်ချို့က ချစ်ခြင်းအစ မျက်လုံးက-ဆိုပြီး ဆိုကြပြန်ပါတယ်။ တစ်ချို့ကတော့ အချစ်ဆိုတာ ပြောရခက်တဲ့လျှို့ဝှက်ချက်တစ်ခုလို့ ပြောကြပေမယ့်၊ တစ်ချို့ကတော့ ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ- မိန်းမကြိုက်တော့ မျှော်လိုက်တာ-ဆိုပြီး အချစ်ကို ပြောကြပါတယ်။ဒါပေမယ့် တကယ့်အချစ်ဆိုတာ အဲဒီလို စကားပုံလေးတွေ၊ ဆိုရိုးစကားလေးတွေလောက်နဲ့ အဓိပ္ပါယ်က မလုံလောက်ပါဘူး။ အချစ်ရဲ့အဓိပ္ပါယ်ဟာ ခင်ဗျားတို့ကျနော်တို့ တွေးနိုင်တာထက် အဆပေါင်းသန်းနဲ့ချီ ပိုပြီးကျယ်ပြန့်ပါတယ်။ ဒီတော့ အချစ်ဆိုတာ အဓိပ္ပါယ်ကောက်ယူတဲ့အပေါ်မှာ မူတည်ပြီး တစ်ယောက်ချင်းခံယူချက်ကလည်း ကွဲလွဲသွားနိုင်ပါတယ်။ ဒါကလည်း အချစ်ရဲ့ သဘောတရားတစ်ခုသာ ဖြစ်ပါတယ်။အခုလည်း ရုရှားနိုင်ငံ ဗယ်လ်ဒီဗိုစတော့ခ်မှာ နေထိုင်တဲ့ ဂရီဂိုရီပရူတော့ဗ်လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ဘဝမှာ ဘယ်တော့မှ လက်တွဲဖော်မတွေ့နိုင်တော့ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တမ်း ရေစက်ဆုံတဲ့အခါမှာတော့ ချောပေ့လှပေ့ဆိုတဲ့ မိန်းမချောလေးနဲ့ ရေစက်ဆုံခဲ့ရပါတယ်။ ဂရီဂိုရီဟာ မသန်စွမ်းအမျိုးသားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်တုန်းက သာမန်ကလေးတစ်ယောက်ပါဘဲ။ ဒါပေမယ့် လမ်းလျှောက်တက်ကာစအရွယ်မှာ အပြင်းအထန် ဖျားနာခဲ့ပါတယ်။ မိဘတွေက ဆရာဝန်တွေထံပြပြီး စစ်ဆေးတဲ့အခါမှာ ကျောရိုးမနဲ့ဆက်တဲ့ ပြင်းထန်တဲ့ဲကြွက်သားဆိုင်ရာ ရောဂါကို ခံစားနေရတယ်လို့ ပြောခဲ့ပါတယ်။ဆက်လက်စစ်ဆေးတဲ့အခါမှာ ဂရီဂိုရီဟာ Muscular atrophy ဆိုတဲ့ ရောဂါကို ခံစားနေရလို့ အသက်ရှည်ရှည်နေရဖို့ မရှိကြောင်း ဒေါက်တာတွေက မှတ်ချက်ပေးခဲ့ပြီး အလွန်ဆုံး (၄~၅)နှစ်သာ အသက်ရှင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ နောက်ပြီး ဘယ်လိုမှ လမ်းလျှောက်နိုင်ဖို့ မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ သို့ပေမယ့် ဂရီဂိုရီဟာ အသက်ဆက်ရှင်သန်နိုင်ခဲ့ပြီး ဒေါက်တာတွေပြောသလို လမ်းမလျှောက်နိုင်တာကလွဲရင် သူ ဆက်ပြီး ရှင်သန်အောင် ကြိုးစားခဲ့ပါတယ်။အရွယ်ရောက်တဲ့အခါ ရှက်လို့ လူမြင်ကွင်းကို မထွက်တော့ဘဲ အိမ်တွင်းပုန်းဘဝမှာနေခဲ့ရပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ အချိန်နဲ့တပြေးညီ ပြောင်းလဲနေပါတယ်။ ဂရီဂိုရီဟာ ကာဇက်စတန်နိုင်ငံက မိန်းမပျိုလေး အန်နာနဲ့ လူမှုကွန်ယက်မှာ စတင်ခင်မင်ခဲ့ပြီး အန်နာရဲ့အထူးချစ်ခင် မေတ္တာထားမှုကို ရခဲ့ပါတယ်။ ကာဇက်စတန်နိုင်ငံဆိုတာ ဆိုဗီယက်ယူနီယံ မပြိုကွဲခင်က ယူနီယံအလံတော်အောက်မှာ အတူတကွရှိခဲ့တဲ့နယ်မြေတစ်ခုပါ။ ဒါကြောင့် ဂရီဂိုရီနဲ့ ဘာသာစကားချင်းက ကွဲလွဲချက်အရမ်းကြီးမရှိပါဘူး။ ဒီလိုနဲ့ အွန်လိုင်းပေါ်မှာခင်မင်ပြီး ရက်အနည်းငယ် အကြာမှာပင် အန်နာနဲ့ ချစ်သူဖြစ်သွားခဲ့ပါတယ်။ နှစ်ဦးသား မိုင်အားဖြင့် (၃၀၀၀)ဝေးကွာပေမယ့် တကယ်ချစ်တော့ နှစ်ယောက်တစ်အိမ်၊ နှစ်ယောက်တစ်အိပ်မက်ဘဝကို ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုဆို အန်နာနဲ့ ဂရီဂိုရီတို့ဟာ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်သည်ဘဝကို လျှောက်လှမ်းနေကြပါတယ်။Credit: နတ်စည်တော် (MyanmarNote)
Related Posts : Hot Feed,