ကျပ်သိန်းနှစ်ရာကျော်တန်ကျောက်စိမ်းထုပ်ကောက်ရတာကို မယူပဲ သက်ဆိုင်ရာကို သွားရောက်အပ်နှံခဲ့တဲ့ဂျာနယ်လက်ပွေ့ရောင်းသမားတစ်ဦးကို အဲဒီကျောက်စိမ်းထုတ်ပိုင်ရှင်က ပြန်လည်ဂုဏ်ပြုတဲ့အခမ်း အနားတစ်ခု ဒီကနေ့မွန်းလွဲပိုင်းက မန္တလေး မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း(ကျောက်ဝိုင်း)အတွင်း ပြုလုပ်ခဲ့ပါတယ်။
"ကျောက်ဝိုင်းထဲမှာ ကျောက်ပွဲစားလုပ်တဲ့ကိုအောင်အောင်ပေါ့နော်၊ သူက ကျောက်ပြရင်းနဲ့ ကျောက်ပွင့်ထုပ်ကျပျောက်ခဲ့တာပါ၊ အဲဒီလိုကျပျောက်တဲ့အ ခါမှာ ကောက်ရတဲ့ ဂျာနယ်လိုက်ရောင်းတဲ့ကလေးပေါ့နော်၊ ကိုအောင်သူတဲ့၊ သူကနေပြီးတော့ ကျွန်တော်တို့ရုံးခန်းဆီ ရိုးသားဖြူစင်စွာနဲ့လာအပ်နှံပါ တယ်၊ တကယ်လို့သူသာလာမပါဘူးဆိုလို့ရှိရင် ကိုအောင်အောင်အနေနဲ့ ပိုင်ရှင်တွေကိုလျော်ပေးရတော့မှာဖြစ်ပါတယ်၊ ကိုအောင်အောင်ဆိုတာက လည်း သူ့မိခင်အိုကြီးကိုလုပ်ကျွေးနေတဲ့ကျောက်သမားပွဲစားလေးဖြစ်ပါတယ်၊ အဲဒီလိုအခြေအနေမှာ လျော်ပေးရမယ်ဆိုလို့ရှိရင် သူ့ရဲ့အခြေအနေဟာ ဒုက္ခရောက်ရမှာပါ၊ အဲဒါကိုစိတ်ထားဖြူစင်စွာနဲ့ပြန်လာအပ်ပေးတဲ့ကိုအောင်သူကို ကျွန်တော်တို့က လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြတာပါ"လို့ ကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီဥက္ကဌဦးသန်းဝင်းကပြောပါတယ်။
Unicode...သိန်းနှစ်ရာကျော်တန်ကျောက်စိမ်းထုပ်ကောက်ရတာကိုယူပဲက်ဆိုင်ရာကို သွားရောက်အပ်နှံခဲ့တဲ့ဂျာနယ်လက်ပွေ့ရောင်းသမားတစ်ဦးကို အဲဒီကျောက်စိမ်းထုတ်ပိုင်ရှင်က ပြန်လည်ဂုဏ်ပြုတဲ့အခမ်း အနားတစ်ခု ဒီကနေ့မွန်းလွဲပိုင်းက မန္တလေး မဟာအောင်မြေကျောက်မျက်ရတနာရောင်း၀ယ်ရေးစခန်း(ကျောက်၀ိုင်း)အတွင်း ပြုလုပ်ခဲ့ပါတယ်။
ကျောက်၀ိုင်းအတွင်း ကျောက်ကုန်သည်ပွဲစားကျောက်လောကသားတွေအကြားမှာ သတင်းစာ၊ ဂျာနယ်တွေလှည့်လည်ရောင်းချတဲ့ ဂျာနယ်လက်ပွေ့သည်တစ်ဦးဟာ ယမန်နေ့မွန်းလွဲ ၃ နာရီကျော်အချိန်ခန့်က ကျောက်၀ိုင်းအတွင်း ဂျာနယ်လှည့်လည်ရောင်းချနေစဉ် ကျောက်ထုပ်တစ်ထုပ်ကောက်ရခဲ့တာမှာ ဖွင့်တောင်မကြည့်ဘဲ ကျောက်၀ိုင်းအကျိုးတော်ဆောင်ရုံးခန်းဆီသွားရောက်အပ်နှံခဲ့တယ်လို့သိရပါတယ်။
မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်မှာတော့ ကျောက်ထုပ်ကျပျောက်ခဲ့တဲ့ကျောက်ပွဲစားတစ်ဦးဟာ ကျောက်ထုပ်ကျပျောက်ခဲ့မှုနဲ့ပတ်သက်ပြီး အကျိုးတော် ဆောင်ရုံးခန်းကို သွားရောက်မေးမြန်းစုံစမ်းရာမှာ အကျိုးတော်ဆောင်ကော်မတီတာ၀န်ရှိသူတွေက ၄င်းရဲ့ကျောက်ထုပ်ဟုတ်မှန်ကြောင်းစစ်ဆေးသိရှိတာကြောင့် ပြန်လည်ပေးအပ်ခဲ့ပါတယ်။
"ကျောက်၀ိုင်းထဲမှာ ကျောက်ပွဲစားလုပ်တဲ့ကိုအောင်အောင်ပေါ့နော်၊ သူက ကျောက်ပြရင်းနဲ့ ကျောက်ပွင့်ထုပ်ကျပျောက်ခဲ့တာပါ၊ အဲဒီလိုကျပျောက်တဲ့အ ခါမှာ ကောက်ရတဲ့ ဂျာနယ်လိုက်ရောင်းတဲ့ကလေးပေါ့နော်၊ ကိုအောင်သူတဲ့၊ သူကနေပြီးတော့ ကျွန်တော်တို့ရုံးခန်းဆီ ရိုးသားဖြူစင်စွာနဲ့လာအပ်နှံပါ တယ်၊ တကယ်လို့သူသာလာမပါဘူးဆိုလို့ရှိရင် ကိုအောင်အောင်အနေနဲ့ ပိုင်ရှင်တွေကိုလျော်ပေးရတော့မှာဖြစ်ပါတယ်၊ ကိုအောင်အောင်ဆိုတာက လည်း သူ့မိခင်အိုကြီးကိုလုပ်ကျေွးနေတဲ့ကျောက်သမားပွဲစားလေးဖြစ်ပါတယ်၊ အဲဒီလိုအခြေအနေမှာ လျော်ပေးရမယ်ဆိုလို့ရှိရင် သူ့ရဲ့အခြေအနေဟာ ဒုက္ခရောက်ရမှာပါ၊ အဲဒါကိုစိတ်ထားဖြူစင်စွာနဲ့ပြန်လာအပ်ပေးတဲ့ကိုအောင်သူကို ကျွန်တော်တို့က လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြတာပါ"လို့ ကျောက်၀ိုင်း အကျိုးတော်ဆောင်ကော်မတီဥက္ကဌဦးသန်း၀င်းကပြောပါတယ်။
ကျပျောက်ခဲ့တဲ့ကျောက်ထုပ်ဟာ ကျောက်စိမ်းထုပ်ဖြစ်ပြီး အထဲမှာ ကျောက်စိမ်းအစ ၅ စ၊ ကျောက်စိမ်းအလွတ်ပွင့် ၂ ပွင့်၊ ကျောက်စိမ်းအရေပွင့်လက် စွပ် ၂ ကွင်း နဲ့ ကျောက်စိမ်းပွင့် ၁၄ ပွင့်ပါဆွဲကြီး ၁ ကုံး၊ ကာလတန်ဖိုးမြန်မာငွေကျပ်သိန်း ၂၀၀ ကျော်ခန့်တန်ဖိုးရှိတယ်လို့သိရပါတယ်။
"ကျောက်စိမ်းထုပ်ကောက်ရတာကို ဖွင့်တောင်မကြည့်ဘဲ ရိုးသားစွာလာရောက်အပ်နှံခဲ့လို့ အခုလိုအခမ်းအနားလေးနဲ့ ဂုဏ်ပြကြတာပါ၊ အခမ်းအနားနဲ့ ဂုဏ်ပြုချီးမြှင့်တာပါ"လို့ အကျိုးတော်ဆောင်ရုံးခန်းတာ၀န်ရှိသူတစ်ဦးကပြောပါတယ်။
ဒီကနေ့အခမ်းအနားမှာ ကျောက်ထုပ်ပြန်ပေးအပ်ခဲ့တဲ့ဂျာနယ်လက်ပွေ့သည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ငွေသားကျပ်နှစ်သိန်းနဲ့အမှတ်တရလက်ဆောင်ခြင်း ပြန်လည်ပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။