Skip to main content

အဆောင်လက်ဖွဲ့ကသေနတ်ပြီးတယ်ထင်နေတဲ့သူ သေနတ်နဲ့အပစ်ခံရပြီးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံက အမှောင့်ပယောဂတွေကို ကုသပေးသူအဖြစ် နာမည်ကြီးနေတဲ့ ဒေါက်တာတစ်ဦးဟာ သူစီရင်ပေးတဲ့ အဆောင်လက်ဖွဲ့က လက်နတ်တွေကို ပြီးစေတယ်လို့ ယုံကြည်မှုလွန်ကဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အသက် (၂၆)နှစ်အရွယ် Chinaka Adoezuwe အမည်ရ အမျိုးသာဟာ မသေသင့်ဘဲ သေဆုံးခဲ့ရပါတယ်။

Adoezuwe ဟာ သေနတ်နဲ့ စမ်းသပ်ပြီး ပစ်ခတ်ခံစဉ်ရပြီး မကြာမီမှာပင် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်မှာ လက်ဖွဲ့ဝတ်ဆင်ထားတဲ့ Adoezuwe ကို အဆိုပါ လက်ဖွဲ့စီရင်ပေးသူက ဒေသန္တရဆရာဝန်ကိုယ်တိုင်က အဆောင်လက်ဖွဲ့စွမ်းမစွမ်းဆိုတာကို လက်တွေ့စမ်းသပ်ပြခဲ့တာ ဖြစ်ပါတယ်။ 

Adoezuwe သေဆုံးသွားတဲ့အတွက် သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ဒေသန္တရဆရာဝန်ကို ရဲက လူသတ်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ Adoezuwe ရဲ့ ခန္ဓာကိုယ်ထဲမှာ သေနတ်ကျည်ဆံက ထုတ်ချင်းခတ် ဖောက်ဝင်သွားခဲ့ပြီး၊ ဒေသခံတော်တော်များများကတော့ ဆရာဝန်ဆိုသူဟာ သူ့ကိုယ်သူ အလွန်ယုံကြည်မှုလွန်ကဲသူလို့ ပြောပါတယ်။ 

ဒါ့အပြင် အဲဒီဆရာဝန်ဟာ အတော်လေး အောက်ခြေလွတ်နေတယ်လို့လည်း ဝေဖန်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ဂျီရီးယားနိုင်ငံ အရှေ့တောင်ပိုင်း၊ Imo ပြည်နယ်၊ Umuozu Ugir အမည်ရ ရွာမှာ ဖြစ်ခဲ့တာပါ။ နိုင်ဂျီးရီးယားနိုင်ငံမှာ အဆောင်လက်ဖွဲ့ ယတြာတွေဟာ လူငယ်ထုကြားမှာ ရေပန်းစားနေပြီး၊ ပီယဆေး၊ တုတ်ပြီးဓားပြီးလက်နက်ပြီးတဲ့ လက်ဖွဲ့တွေကလည်း ခေတ်စားနေပါတယ်။ 

source : unilad.co.uk 
Credit: နတ်စည်တော် (MyanmarNote) 


Updates

Theme Editor by Seo v6