Skip to main content

ခရီးသွားတွေ စိတ်ဝင်စားနေတဲ့ ဘရာစီယာတွေ လူလူလွင့်နေတဲ့ ‘ဘရာဒရိုနာ’မြို့ကလေး

ကာဒရိုနာ မြို့ကလေးဟာ နယူးဆွစ်ဇာလန် တောင်ပိုင်းကျွန်းမကြီးပေါ်က ကာဒရိုနာတောင်ကြောအတွင်းမှာ လှပစွာတည်ရှိနေတဲ့ မြို့ကလေးဖြစ်ပါတယ်။ မြို့ကလေးရဲ့ နာမည်အရင်းကတော့ Cardrona ဖြစ်ပြီး၊ (၁၉၉၀)နှောင်းပိုင်းမှာ ကာဒရိုနာမြို့အဖြစ်မှ ဘရာဒရိုနာမြို့အဖြစ် လူတွေက အမည်ပြောင်ပေးပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
အကြောင်းကတော့ ဘရာဒရိုနာမြို့အဝင်နဲ့ မြို့ရဲ့နေရာအနှံ့မှာ အမျိုးသမီးအရွယ်အသီးသီးတို့ရဲ့ ဘရာစီယာတွေ ဝဲဘက်-ယာဘက်မှာ အပြည့်ချိတ်ဆွဲထားတဲ့ အလေ့အထတစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် ဘရာဒရိုနာမြို့အဖြစ် လူတွေက ချစ်စနိုးခေါ်ဝေခဲ့ကြပါတယ်။ အခုဆို အဲဒီအေးချမ်းလှတဲ့ မြို့ကလေးဟာ လူအများ စိတ်ဝင်စားခြင်းခံရတဲ့ မြို့လေးဖြစ်နေပါပြီ။
ဒါဖြင့် ဒီဘရာစီယာတွေကို ဘာလို့ အမျိုးသမီးတွေက ခြံစည်းရိုးတွေပေါ်မှာ ထားခဲ့ကြတာလဲ …?။ ဒီအတွက် ခိုင်မာတဲ့ နောက်ခံသမိုင်းကြောင်းဆိုတာ ရှိနေပါတယ်။ (၁၉၉၉)ခုနှစ်မှာ အမျိုးသမီးလေးယောက်က ဒီဇာတ်လမ်းကို စခဲ့တာပါ။ သူမတို့အဖွဲ့ဟာ အပြင်ကနေ သောက်စား ပျော်ပါးလာခဲ့ပါတယ်။
လမ်းမကြီးတစ်နေရာအရောက်မှာ ကားသမားတွေကို စနောက်လိုတဲ့ သဘောနဲ့ သူတို့ဘရာစီယာတွေကို ချွတ်ပြီး ကားလမ်းမဘေးက ခြံစည်းရိုးပေါ်မှာ ချိတ်ဆွဲခဲ့ကြပါတယ်။ ဒီဘရာတွေကို ကားဆရာတွေ အမှတ်တရအနေနဲ့ ယူသွားချင်သပဆိုရင်လည်း ယူသွားလို့ ရနိုင်တယ်ဆိုပါတော့။ဒါပေမယ့် အဲဒီနောက်ပိုင်းကနေ စပြီးတော့ ပျော်တတ်တဲ့ မိန်းမကြီးငယ် ရွယ်ရွယ်လတ်လတ်တွေဟာ သူတို့အသုံးမလိုတဲ့ ဘရာစီယာလေးတွေ ဒီကိုယူယူလာပြီး အပျော်သဘော ချိတ်ဆွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ အဲဒီကာဒရိုနာမြို့ကလေးမှာ ဘရာချိတ်ဆွဲတဲ့ အစဉ်အလာဟာ ကြီးမားလာခဲ့ပြီး နှစ်(၂၀)နီးပါးလောက် ကြာလာတဲ့အခါမှာ ဘရာပေါင်း သိန်းချီ လေမှာတလူလူလွင့်နေတဲ့ ဘရာဒရိုနာမြို့ကလေး ဖြစ်လာပါတော့တယ်။
အခုဆိုရင် ဘရာဒရိုနာမြို့ကလေးရဲ့ ခြံစည်းရိုးတွေမှာ ဘရာဆိုက်ဇ် 32A ကနေ 36DD အထိ ရှိပြီး၊ အခုဆိုရင် ဘရာဒရိုနာမြို့ကလေးဟာ ဓာတ်ပုံဝါသနာရှင်တွေ၊ ခရီးသွားအဖွဲ့တွေ အပျော်သဘောလာရောက် လည်ပတ်နေရတဲ့ မြို့ကလေး ဖြစ်နေပါပြီ။နတ်စည်တော် (MyanmarNote)..source : elitereaders.com



Updates

Theme Editor by Seo v6