Viral Collection
နီနီရဲရဲ ႏႈတ္ခမ္းဆုိးေဆးမ်ား၊ သနပ္ခါးအေဖြးသား နဲ႔ အမ်ဳိးသမီးတခ်ဳိ႕၊ စကပ္တုိတုိ၊ ေရႊအိုေရာင္ ဆံစနဲ႔ မိန္းမငယ္ေလးတခ်ဳိ႕၊ တခ်ဳိ႕က ေနေလာင္အသားနဲ႔။ သူတုိ႔အားလံုးဟာ ရန္ကုန္ၿမိဳ႕ရဲ႕ေနရာ ေတာ္ ေတာ္မ်ားမ်ားမွာ က်င္လည္က်က္စားၾကပါတယ္။ ေန႔ေရာ၊ ညပါ သူတုိ႔ကုိ အေဖာ္ျပဳမယ့္သူမ်ားအား ေမွ်ာ္လင့္တႀကီး ရွိၾကပါတယ္။
ဆင္းရဲမႈကုိအေၾကာင္းျပဳ မိသားစုစားဝတ္ေနေရးအ တြက္ သူတုိ႔ရဲ႕ဘဝေတြကုိ ရင္းခဲ့ရသူမ်ားက အမ်ားစုျဖစ္တယ္ လုိ႔ ၁ဝႏွစ္ေက်ာ္ ျပည့္တန္ဆာေလာကကုိ ျဖတ္သန္းလာခဲ့ သူ မခေရ(အမည္လႊဲ)က ေျပာပါတယ္။ ပညာမတတ္တဲ့ သူတုိ႔ရဲ႕ဘဝေတြအတြက္ အလုပ္အကုိင္အခြင့္အလမ္း မည္ မည္ရရမရွိေတာ့ ေငြရလြယ္တဲ့ ျပည့္တန္ဆာေလာကကုိ သူမကုိယ္တုိင္ ေျခခ်မိခဲ့တယ္လုိ႔ဆုိပါတယ္။
တရားဝင္လုပ္ကုိင္ခြင့္မရွိ၊ ဘဝအာမခံခ်က္မရွိတဲ့ သူတုိ႔ရဲ႕ ျပည့္တန္ဆာေလာကကုိစိတ္ကုန္ၿပီး ေက်ာခုိင္းဖုိ႔ႀကံ တုိင္း ဆင္းရဲတဲ့၊ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ သူတုိ႔မိသားစု ဝင္ေတြရဲ႕မ်က္ႏွာေတြ၊ ပံုရိပ္ေတြေၾကာင့္ ႐ုန္းထြက္ဖုိ႔ ခက္ခဲ ခဲ့တယ္လုိ႔ သူမက ဆုိပါတယ္။ ”လြယ္လြယ္နဲ႔ ဆံုးျဖတ္လုိက္ၾကတာေတာ့ မဟုတ္ဘူး။ သူတုိ႔ရဲ႕မာနေတြ၊ သူတုိ႔ရဲ႕သိကၡာေတြကုိခ်ၿပီးေတာ့ သူတို႔ မိသားစုကိစၥေတြကုိ လတ္တေလာေျဖရွင္းၾကရတာ”။
မခေရတုိ႔လုိ ျပည့္တန္ဆာေလာကဟာ စားဝတ္ေနေရး အဆင္မေျပမႈကို အေၾကာင္းျပဳၿပီး အခုလုိပြင့္လင္းလာတဲ့ ျမန္မာႏုိင္ငံမွာ နဂိုကထက္ အျပန္႔က်ယ္ၿပီး တုိးပြားလာခဲ့ပါ တယ္လုိ႔ မႏၲေလးၿမိဳ႕ခံ လိင္လုပ္ငန္းဦးစီးလုပ္ကုိင္ေနသူ တစ္ဦးက ရန္ကုန္တုိင္းမ္ကုိေျပာပါတယ္။
”ႏုိင္ငံပြင့္လင္းလာတာနဲ႔အမွ် ႏုိင္ငံျခားသားေတြ အဝင္ မ်ားလာတယ္။ ႏုိင္ငံျခားသားအဝင္မ်ားလာေတာ့ ျပည့္တန္ ဆာေစ်းကြက္လုိအပ္ခ်က္ ပုိႀကီးလာတယ္။ ရွင္းရွင္းေလးပဲ” လုိ႔ ၄င္းက ဆုိပါတယ္။ အသုိ႔ဆုိေသာ္ ျမန္မာႏုိင္ငံမွာက ပံုမွန္လိင္လုိက္စားၿပီး ပုိက္ဆံျဖဳန္းႏုိင္တဲ့အေရအတြက္ဟာ အနည္းငယ္သာရွိၿပီး စီးပြားေရးလုပ္ဖုိ႔၊ ကုမၸဏီေထာင္ဖုိ႔၊ အႀကံေပးလုပ္ဖုိ႔ စသျဖင့္ ပံုစံအမ်ဳိးမ်ဳိးနဲ႔ ျပည္တြင္းကိုေရာက္ လာတဲ့ ႏုိင္ငံျခားသားေတြကပဲ ျပည့္တန္ဆာေတြနဲ႔ ခ်ိတ္ ဆက္ၿပီး တစ္ပတ္တန္သည္၊ ဆယ္ရက္တန္သည္ အတြဲခုတ္ ၾကတယ္လို႔ သူက ဆက္ေျပာပါတယ္။
”အရင္က ႏုိင္ငံျခားသားေတြဟာ မိန္းမလုိခ်င္ရင္ ဟုိတယ္ကတစ္ဆင့္ပဲ ခ်ိတ္ၾကတယ္။ အခုေတာ့ ပံုစံေျပာင္းသြားၿပီး သူတုိ႔ကုိယ္တုိင္ ကလပ္သြားတယ္။ အဂၤလိပ္စာ တီးမိေခါက္မိ ျမန္မာမေလးေတြနဲ႔ စကားေျပာတယ္။ ခ်ိတ္ၾကည့္တယ္။ အဆင္ေျပရင္ သူတုိ႔တည္းခုိတဲ့ေန ရာကို မ,သြားၾကတယ္”။
ေနာက္ပုိင္းမွာေတာ့ အဲဒီေကာင္မေလးနဲ႔ပဲ အီးေမးလ္တုိ႔၊ ဖုန္းတုိ႔ျဖင့္ အျပန္အလွန္ခ်ိတ္ဆက္ၿပီး အဲဒီႏုိင္ငံျခား သားေတြ ျမန္မာျပည္ကုိလာတဲ့အခါတုိင္း အတူေနမိန္းမေတြ အျဖစ္ လုပ္ေပးရတယ္လုိ႔ လိင္လုပ္ငန္းဦးစီးလုပ္ကုိင္သူက ဆုိပါတယ္။ ”တခ်ဳိ႕ဆုိရင္ ကုမၸဏီမန္ေနဂ်ာအဆင့္ရွိတဲ့ လစာ ျမင့္ေကာင္မေလးေတြေတာင္ ပါတယ္။
အဲဒီေကာင္မေလး ေတြက ဒီေကာင္ေတြ ျမန္မာျပည္ေရာက္လာၿပီဆုိရင္ သူတုိ႔ ကုမၸဏီက ခြင့္တစ္ပတ္၊ ၁ဝ ရက္ယူၿပီး ဒီေကာင္နဲ႔လုိက္ေန ေပးတာပဲ။ တစ္ပတ္ကုိ ခုနစ္သိန္း၊ ရွစ္သိန္းေလာက္ရေတာ့ ဒီနည္းနဲ႔ ျပည့္တန္ဆာလဲမဟုတ္ ကီပင္လဲမဟုတ္တဲ့ မိန္းမေတြ ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြမွာ ေပါလာတယ္”။
မခေရတုိ႔၊ လိင္လုပ္ငန္းဦးစီးတုိ႔ရဲ႕အဆုိအရေတာ့ ႏုိင္ငံျခားသားအမ်ားစုဟာ သူတုိ႔နဲ႔ခ်ိတ္ဆက္တဲ့ ျပည့္တန္ဆာေတြကုိ အသက္ ၁၈ ႏွစ္ ျပည့္မျပည့္ အရင္ေမးတတ္တယ္လုိ႔ သိရပါတယ္။ အသက္ ၁၄၊ ၁၅ ႏွစ္လုိမ်ဳိး ငယ္ရြယ္ႏုနယ္တဲ့ မိန္းကေလးမ်ားဆုိရင္ သိပ္လက္မခံဘူးလုိ႔ဆုိပါတယ္။ အထူး သျဖင့္ေတာ့ အရြယ္မေရာက္ေသးသူမ်ားျဖင့္ လိင္မႈဆက္ဆံမႈျပဳလွ်င္ ႏုိင္ငံတကာဥပေဒေတြအရ အဖမ္းခံထိမွာကုိ သူတုိ႔က အေတာ္ေၾကာက္တယ္လုိ႔ လိင္လုပ္ငန္းဦးစီးက ဆုိပါတယ္။
ျမန္မာႏုိင္ငံရဲ႕ ျပည့္တန္ဆာေလာကမွာေတာ့ အေျခ အေနအရပ္ရပ္ရဲ႕ တြန္းပုိ႔မႈေၾကာင့္ အသက္ ၁၄၊ ၁၅ အရြယ္ ကေန အသက္ ၄ဝ ေက်ာ္အရြယ္ အမ်ဳိးသမီးမ်ားအထိ က်င္လည္က်က္စားလ်က္ရွိတယ္လုိ႔ မခေရက ေျပာပါတယ္။ မခေရေျပာပံု အရဆုိရင္လည္း ဥပေဒပုိင္းအကာအကြယ္မဲ့ ေနတဲ့ သူတုိ႔ရဲ႕ဘဝေတြကို ျပည့္တန္ဆာႏွိပ္ကြပ္ေရးဥပေဒ ဆုိတာႀကီးကို အသံုးျပဳၿပီး ရဲမ်ားရဲ႕ ဖမ္းဆီး၊ ႏွိပ္စက္၊ အေရးယူ၊ ေထာင္ခ်ေနမႈမ်ားကလည္း ျပည့္တန္ဆာေလာကႀကီး ကုိ ပုိမုိအျပန္႔က်ယ္ေစတယ္၊ ပုိမုိႀကီးထြားလာေစတယ္လုိ႔ ဆုိပါတယ္။
”တစ္ေယာက္ကုိဖမ္းၿပီဆုိရင္ ေနာက္ထပ္ႏွစ္ေယာက္ ေလာက္က ဝင္လာတာ။ ဆတုိးပြားတယ္လုိ႔ေျပာခ်င္တာ”လုိ႔ မခေရက ေျပာပါတယ္။
ဥပမာ- ကြၽန္မက အိမ္မွာ ဦးေဆာင္ေနတာ။ ဒီအိမ္က တာဝန္ကုိ အဓိကထမ္းေဆာင္ေနတာ။ ကြၽန္မအဖမ္းခံရရင္ ကြၽန္မေအာက္ကညီမေတြက အိမ္ေထာင္ဦးစီးျပန္ျဖစ္သြား တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတုိ႔ကလည္း အစ္မကုိမွီခုိ ေနရတာ။ ျဖစ္ခုိင္းတာေတာ့မဟုတ္ဘူး။ သူ႔အလုိလုိျဖစ္သြား တာ။ သူတုိ႔အသိစိတ္ဓာတ္က အိမ္ရဲ႕ကိစၥေတြက ငါ့တာဝန္ ျဖစ္သြားၿပီဆုိၿပီး အစ္မျဖစ္သူရဲ႕လမ္းအတုိင္း မျဖစ္မေန လုပ္ျဖစ္သြားတာ။ ဆုိေတာ့ ဖမ္းဆီးတာက ျပည့္တန္ဆာေတြ ကုိ ပုိပြားေအာင္လုပ္တာနဲ႔တူေနတယ္။ ဒါေၾကာင့္ ျပည့္တန္ဆာေတြကုိဖမ္းတယ္၊ ေထာင္ခ် တယ္ဆုိရင္လည္း အတတ္ပညာေတြ သင္ေပးသင့္တယ္။
အသက္ေမြးဝမ္းေက်ာင္းတစ္ခုခုကိုတတ္ထားရင္ အခုလုိ ေငြမရွိလုိ႔၊ အလုပ္မရွိလုိ႔ ဒီေလာကထဲေရာက္ေနတဲ့သူေတြ က ဆက္လုပ္စားမွာမဟုတ္ေတာ့ဘူးလုိ႔ မခေရက ေျပာပါ တယ္။ ဒါက ဆင္းရဲမႈကို အေၾကာင္းျပဳၿပီး ေရာက္လာတဲ့သူ ေတြအတြက္ ေျပာတာပါ။ မခေရေျပာသလုိပါပဲ။ ၿပီးခဲ့တဲ့ရက္သတၱပတ္က ရန္ ကုန္တုိင္းေဒသႀကီး အေနာက္ပုိင္းခ႐ုိင္ရဲမွဴးႀကီးတစ္ဦးကလည္း ျပည့္တန္ဆာလုပ္ကိုင္ေနသူမ်ားကုိ တည္ဆဲဥပေဒ အရ ဖမ္းဆီးအေရးယူေနျခင္းအားျဖင့္ ျပည့္တန္ဆာမ်ား ပေပ်ာက္သြားႏုိင္လိမ့္မယ္မဟုတ္လုိ႔ သတင္းမီဒီယာတခ်ဳိ႕ ကုိ ေျပာဆုိခဲ့ပါတယ္။ ျပည္သူလူထုက သတင္းေပးလုိ႔ ဖမ္း ဆီးခဲ့ရတဲ့အမႈေတြက ႏွစ္နဲ႔ခ်ီလုိ႔ မနည္းေတာ့သည့္တုိင္ ျပည့္ တန္ဆာလုပ္ကုိင္သူမ်ား ေလ်ာ့က်သြားျခင္းမရွိတဲ့အတြက္ ျပည့္တန္ဆာပေပ်ာက္ေရး ဥပေဒမ်ဳိးမဟုတ္ဘဲ သူတုိ႔ကုိ အကာအကြယ္ေပးႏုိင္တဲ့ဥပေဒတစ္ရပ္ရပ္ေတာ့ ရွိသင့္ေန ၿပီလုိ႔ ရဲမွဴးႀကီးကဆုိပါတယ္။
”ျပည္သူကုိ ကုိယ္စားျပဳတဲ့ ကုိယ္စားလွယ္ေတြက ေအာက္ ေျခကျပည္သူေတြဘဝကုိ သိသင့္တယ္။ ျပည့္တန္ဆာလုပ္ တဲ့သူကလဲ ျပည္သူပဲေလ”။
ျမန္မာႏုိင္ငံမွာေတာ့ ၁၉၄၉ခုႏွစ္ကတည္းက ျပည့္တန္ ဆာႏွိပ္ကြပ္ေရးဥပေဒ ရွိခဲ့တာပါ။ ဒီဥပေဒအရ လမ္းေတြ ေပၚမွာ၊ လူထုရဲ႕ျမင္ကြင္းမွာ ဒီလုိလိင္ကိစၥကုိလုပ္မွသာ အဖမ္း ခံထိရမွာပါလုိ႔ ဥပေဒပညာရွင္တစ္ဦးလည္းျဖစ္၊ တုိင္းေဒသ ႀကီး လႊတ္ေတာ္ကုိယ္စားလွယ္တစ္ဦးလည္းျဖစ္သူ ေဒါက္ တာညိဳညိဳသင္းက ဆုိပါတယ္။ ပါမစ္ထုတ္ေပးတဲ့ပံုစံမ်ဳိး၊ လုပ္ပုိင္ခြင့္မ်ဳိးကုိ မဆုိလုိေသာ္လည္း ဥပေဒအတုိင္းျဖစ္ဖုိ႔ ေတာ့ လုိအပ္တယ္လုိ႔ သူမက ဆုိပါတယ္။
”ဥပေဒအတုိင္းမဟုတ္ဘဲ ထင္ရင္ထင္သလုိဖမ္းၿပီး ေတာ့ ဒီျပည့္တန္ဆာဥပေဒနဲ႔ ေထာင္ခ်တာဟာ လူေတြကုိ သက္သက္မဲ့ႏွိပ္ကြပ္တာ”။ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ ကုိယ္စားလွယ္ ေဒါက္တာညိဳညိဳသင္းကေတာ့ ဥပေဒကုိ အေကာင္အထည္ေဖာ္ေနတဲ့ ရဲေတြကုိ ပညာေပးမႈေတြလုပ္ ေပးဖုိ႔လိုတယ္လုိ႔ အၾကံျပဳပါတယ္။
ျပည့္တန္ဆာႏွိပ္ကြပ္ေရးလုိ႔ဆုိတုိင္း ဥပေဒမွာပါတဲ့ ျပ႒ာန္းခ်က္မ်ားကုိ မ်က္ကြယ္ျပဳကာ ဥပေဒရဲ႕ရည္ရြယ္ခ်က္ ကုိ မွန္းဆကာ ရဲမ်ားရဲ႕ က်င့္သံုးလုပ္ေဆာင္ေနမႈကို သူမက ယခုလုိ ေဝဖန္လုိက္ပါတယ္။ ”လမ္းေပၚမွာ လုပ္မွဆုိရင္ တကယ္လမ္းေပၚမွာ မလုပ္ မွပဲ အျပစ္ျဖစ္မယ္။ ဥပေဒအတုိင္း လက္ေတြ႕အေကာင္ အထည္ေဖာ္ဖို႔ အရမ္းအေရးႀကီးတယ္”။ ေဒါက္တာညိဳညိဳသင္း ေျပာသလုိပါပဲ။ ကုိယ္တုိင္ႀကံဳ ေတြ႕ရတဲ့ ျပည့္တန္ဆာ လုပ္ငန္းလုပ္ကုိင္သူ မခေရဆုိရင္ လည္း အႀကိမ္ႀကိမ္ႀကံဳေတြ႕ခဲ့ရဖူးတယ္လုိ႔ ဆုိပါတယ္။
”ဒီ ဥပေဒအေပၚမွာအေျခခံၿပီး ရဲေတြက ႀကိဳက္တဲ့အခ်ိန္ဖမ္း တယ္၊ အမႈလုိတဲ့အခ်ိန္မွာ ဖမ္းတယ္။ ျပည့္တန္ဆာမေလး ေတြဟာ သူတို႔အမႈလုိရင္ ဆြဲယူလုိ႔ရတဲ့သူေတြပဲ”။
သူတုိ႔ရဲ႕ ျပည့္တန္ဆာေလာကႀကီးမွာ တရားဥပေဒအရ အကာအကြယ္ေပးမႈမရွိဘဲ ႏွိပ္ကြပ္မႈမ်ားျဖင့္ ထိေတြ႕ေနရသည္က အစဥ္အလာတစ္ခုလုိျဖစ္ေနပါၿပီလုိ႔ မခေရကဆုိ ပါတယ္။ ဒါ့အျပင္ သူတုိ႔ရဲ႕ေဖာက္သည္မ်ား၊ စားသံုးသူမ်ား ရဲ႕ အႏုိင္က်င့္မႈ၊ ေခါင္းပံုျဖတ္မႈေတြဆုိတာလည္း အားလံုး မဟုတ္သည့္တုိင္ မၾကာခဏဆုိသလုိ ႀကံဳေတြ႕ေနၾကရတယ္လုိ႔ ဆုိပါတယ္။
”ငါးေသာင္း၊ တစ္သိန္းေပးမယ္ဆုိၿပီး ကိစၥၿပီးေတာ့မွ နင့္ကုိပိုက္ဆံမေပးဘူး ဆုိလဲ ကြၽန္မတို႔မွာ တုိင္စရာေနရာ မရွိဘူး။ သူတုိ႔သိထားတာက ႀကိဳက္တဲ့ ေနရာမွာတုိင္ နင္တုိ႔ ဖာမႈနဲ႔ေတာင္ အဖမ္းခံရဦးမယ္ဆုိတာမ်ဳိး။ အႏုိင္က်င့္မႈ ေတြ ရွိတယ္”။
ဒါေၾကာင့္ သူတုိ႔ျပည့္တန္ဆာေလာက အေပၚမွာ လူ ေတြရဲ႕ အထင္အျမင္ေသး မႈေတြ၊ ဥပေဒပုိင္းက အကာအ ကြယ္ေပးမႈေတြ၊ အစုိးရရဲ႕ထိန္းေက်ာင္းမႈေတြကုိ အခ်ိန္ႏွင့္ အမွ် ေမွ်ာ္လင့္ေနပါတယ္လုိ႔ မခေရက ဆုိပါတယ္။ ဆင္းရဲ လုိ႔ ပညာကမတတ္၊ ပညာမတတ္လုိ႔ ေငြရလြယ္တဲ့လမ္းကုိ ေရြးခ်ယ္မိတဲ့ သူတုိ႔ေလာကသားေတြဟာလည္း ျပည္သူထဲက ျပည္သူေတြပါပဲလုိ႔ သူမက ခြန္းတုံ႔ေျပာပါတယ္။
”အစကတည္းက ပညာကမတတ္၊ ဆင္းရဲတဲ့သူေတြ ဆုိေတာ့ အေတြးအေခၚပုိင္းက ေၾကာက္တာကုိပဲသိတယ္။ ျပႆနာကုိသြားရွင္းရင္ ကုိယ့္ကုိ အရင္ဆံုး စဖမ္းမွာေလ။ အဲဒါကို အရမ္းေၾကာက္တာ။ ကုိယ့္ကုိဖမ္းရင္ ကုိယ့္မိသားစု က ဒုကၡေရာက္သြားမယ္”။
ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေဒၚစႏၵာမင္းကေတာ့ သူမေထာင္က်စဥ္က ေထာင္ ထဲမွာ ေတြ႕ဆံုခဲ့ဖူးတဲ့လိင္လုပ္သားေတြ ရဲ႕ ဘဝကုိ ေတာ္ ေတာ္စာနာမိေနပါတယ္။ ပညာမတတ္ျခင္း၊ စားဝတ္ေနေရးအရမ္းခက္ ခဲျခင္း၊ ကုိယ့္အေျခအေန၊ အဆင့္အတန္းကိုမသိဘဲနဲ႔ ဝတ္ ခ်င္စားခ်င္စိတ္ အလြန္တရာမ်ားျပားျခင္း စတဲ့အခ်က္သံုး ခ်က္ေၾကာင့္ သူတုိ႔ေတြ လိင္လုပ္သားေတြျဖစ္သြားရတာလုိ႔ ေဒၚစႏၵာမင္းက ေကာက္ခ်က္ခ်ပါတယ္။
”ဒီဘဝကေန သူတုိ႔႐ုန္းထြက္ဖုိ႔ အလြန္တရာခက္ခဲပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေငြရလြယ္တာကုိ သိလာတယ္။ ေငြရွိေတာ့ ဝတ္ရစားရတယ္။ ေခါင္းပံုျဖတ္ ခံရတာကုိ သိေပမယ့္ ေငြရ လြယ္ေနေတာ့ ေနာက္အလုပ္တစ္ခုကုိ ရွာဖုိ႔ ပ်င္းသြားတယ္။ ေနာက္ဆံုးေတာ့ ပင္ပန္းတဲ့ အလုပ္ကုိေျပာင္းၿပီး မလုပ္ခ်င္ေတာ့တဲ့ စိတ္ဓာတ္ေတြလဲ ပါတယ္”။
မင္းညီ၊ ႏွင္းကို
Credit: Yangon Times Journal
Unicode
နီနီရဲရဲ နှုတ်ခမ်းဆိုးဆေးများ၊ သနပ်ခါးအဖွေးသား နဲ့ အမျိုးသမီးတချို့၊ စကပ်တိုတို၊ ရွှေအိုရောင် ဆံစနဲ့ မိန်းမငယ်လေးတချို့၊ တချို့က နေလောင်အသားနဲ့။ သူတို့အားလုံးဟာ ရန်ကုန်မြို့ရဲ့နေရာ တော် တော်များများမှာ ကျင်လည်ကျက်စားကြပါတယ်။ နေ့ရော၊ ညပါ သူတို့ကို အဖော်ပြုမယ့်သူများအား မျှော်လင့်တကြီး ရှိကြပါတယ်။
ဆင်းရဲမှုကိုအကြောင်းပြု မိသားစုစားဝတ်နေရေးအ တွက် သူတို့ရဲ့ဘဝတွေကို ရင်းခဲ့ရသူများက အများစုဖြစ်တယ် လို့ ၁ဝနှစ်ကျော် ပြည့်တန်ဆာလောကကို ဖြတ်သန်းလာခဲ့ သူ မခရေ(အမည်လွှဲ)က ပြောပါတယ်။ ပညာမတတ်တဲ့ သူတို့ရဲ့ဘဝတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း မည် မည်ရရမရှိတော့ ငွေရလွယ်တဲ့ ပြည့်တန်ဆာလောကကို သူမကိုယ်တိုင် ခြေချမိခဲ့တယ်လို့ဆိုပါတယ်။
တရားဝင်လုပ်ကိုင်ခွင့်မရှိ၊ ဘဝအာမခံချက်မရှိတဲ့ သူတို့ရဲ့ ပြည့်တန်ဆာလောကကိုစိတ်ကုန်ပြီး ကျောခိုင်းဖို့ကြံ တိုင်း ဆင်းရဲတဲ့၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတို့မိသားစု ဝင်တွေရဲ့မျက်နှာတွေ၊ ပုံရိပ်တွေကြောင့် ရုန်းထွက်ဖို့ ခက်ခဲ ခဲ့တယ်လို့ သူမက ဆိုပါတယ်။ ”လွယ်လွယ်နဲ့ ဆုံးဖြတ်လိုက်ကြတာတော့ မဟုတ်ဘူး။ သူတို့ရဲ့မာနတွေ၊ သူတို့ရဲ့သိက္ခာတွေကိုချပြီးတော့ သူတို့ မိသားစုကိစ္စတွေကို လတ်တလောဖြေရှင်းကြရတာ”။
မခရေတို့လို ပြည့်တန်ဆာလောကဟာ စားဝတ်နေရေး အဆင်မပြေမှုကို အကြောင်းပြုပြီး အခုလိုပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ နဂိုကထက် အပြန့်ကျယ်ပြီး တိုးပွားလာခဲ့ပါ တယ်လို့ မန္တလေးမြို့ခံ လိင်လုပ်ငန်းဦးစီးလုပ်ကိုင်နေသူ တစ်ဦးက ရန်ကုန်တိုင်းမ်ကိုပြောပါတယ်။
”နိုင်ငံပွင့်လင်းလာတာနဲ့အမျှ နိုင်ငံခြားသားတွေ အဝင် များလာတယ်။ နိုင်ငံခြားသားအဝင်များလာတော့ ပြည့်တန် ဆာဈေးကွက်လိုအပ်ချက် ပိုကြီးလာတယ်။ ရှင်းရှင်းလေးပဲ” လို့ ၄င်းက ဆိုပါတယ်။ အသို့ဆိုသော် မြန်မာနိုင်ငံမှာက ပုံမှန်လိင်လိုက်စားပြီး ပိုက်ဆံဖြုန်းနိုင်တဲ့အရေအတွက်ဟာ အနည်းငယ်သာရှိပြီး စီးပွားရေးလုပ်ဖို့၊ ကုမ္ပဏီထောင်ဖို့၊ အကြံပေးလုပ်ဖို့ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ပြည်တွင်းကိုရောက် လာတဲ့ နိုင်ငံခြားသားတွေကပဲ ပြည့်တန်ဆာတွေနဲ့ ချိတ် ဆက်ပြီး တစ်ပတ်တန်သည်၊ ဆယ်ရက်တန်သည် အတွဲခုတ် ကြတယ်လို့ သူက ဆက်ပြောပါတယ်။
”အရင်က နိုင်ငံခြားသားတွေဟာ မိန်းမလိုချင်ရင် ဟိုတယ်ကတစ်ဆင့်ပဲ ချိတ်ကြတယ်။ အခုတော့ ပုံစံပြောင်းသွားပြီး သူတို့ကိုယ်တိုင် ကလပ်သွားတယ်။ အင်္ဂလိပ်စာ တီးမိခေါက်မိ မြန်မာမလေးတွေနဲ့ စကားပြောတယ်။ ချိတ်ကြည့်တယ်။ အဆင်ပြေရင် သူတို့တည်းခိုတဲ့နေ ရာကို မ,သွားကြတယ်”။
နောက်ပိုင်းမှာတော့ အဲဒီကောင်မလေးနဲ့ပဲ အီးမေးလ်တို့၊ ဖုန်းတို့ဖြင့် အပြန်အလှန်ချိတ်ဆက်ပြီး အဲဒီနိုင်ငံခြား သားတွေ မြန်မာပြည်ကိုလာတဲ့အခါတိုင်း အတူနေမိန်းမတွေ အဖြစ် လုပ်ပေးရတယ်လို့ လိင်လုပ်ငန်းဦးစီးလုပ်ကိုင်သူက ဆိုပါတယ်။ ”တချို့ဆိုရင် ကုမ္ပဏီမန်နေဂျာအဆင့်ရှိတဲ့ လစာ မြင့်ကောင်မလေးတွေတောင် ပါတယ်။
အဲဒီကောင်မလေး တွေက ဒီကောင်တွေ မြန်မာပြည်ရောက်လာပြီဆိုရင် သူတို့ ကုမ္ပဏီက ခွင့်တစ်ပတ်၊ ၁ဝ ရက်ယူပြီး ဒီကောင်နဲ့လိုက်နေ ပေးတာပဲ။ တစ်ပတ်ကို ခုနစ်သိန်း၊ ရှစ်သိန်းလောက်ရတော့ ဒီနည်းနဲ့ ပြည့်တန်ဆာလဲမဟုတ် ကီပင်လဲမဟုတ်တဲ့ မိန်းမတွေ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပေါလာတယ်”။
မခရေတို့၊ လိင်လုပ်ငန်းဦးစီးတို့ရဲ့အဆိုအရတော့ နိုင်ငံခြားသားအများစုဟာ သူတို့နဲ့ချိတ်ဆက်တဲ့ ပြည့်တန်ဆာတွေကို အသက် ၁၈ နှစ် ပြည့်မပြည့် အရင်မေးတတ်တယ်လို့ သိရပါတယ်။ အသက် ၁၄၊ ၁၅ နှစ်လိုမျိုး ငယ်ရွယ်နုနယ်တဲ့ မိန်းကလေးများဆိုရင် သိပ်လက်မခံဘူးလို့ဆိုပါတယ်။ အထူး သဖြင့်တော့ အရွယ်မရောက်သေးသူများဖြင့် လိင်မှုဆက်ဆံမှုပြုလျှင် နိုင်ငံတကာဥပဒေတွေအရ အဖမ်းခံထိမှာကို သူတို့က အတော်ကြောက်တယ်လို့ လိင်လုပ်ငန်းဦးစီးက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည့်တန်ဆာလောကမှာတော့ အခြေ အနေအရပ်ရပ်ရဲ့ တွန်းပို့မှုကြောင့် အသက် ၁၄၊ ၁၅ အရွယ် ကနေ အသက် ၄ဝ ကျော်အရွယ် အမျိုးသမီးများအထိ ကျင်လည်ကျက်စားလျက်ရှိတယ်လို့ မခရေက ပြောပါတယ်။ မခရေပြောပုံ အရဆိုရင်လည်း ဥပဒေပိုင်းအကာအကွယ်မဲ့ နေတဲ့ သူတို့ရဲ့ဘဝတွေကို ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ဆိုတာကြီးကို အသုံးပြုပြီး ရဲများရဲ့ ဖမ်းဆီး၊ နှိပ်စက်၊ အရေးယူ၊ ထောင်ချနေမှုများကလည်း ပြည့်တန်ဆာလောကကြီး ကို ပိုမိုအပြန့်ကျယ်စေတယ်၊ ပိုမိုကြီးထွားလာစေတယ်လို့ ဆိုပါတယ်။
”တစ်ယောက်ကိုဖမ်းပြီဆိုရင် နောက်ထပ်နှစ်ယောက် လောက်က ဝင်လာတာ။ ဆတိုးပွားတယ်လို့ပြောချင်တာ”လို့ မခရေက ပြောပါတယ်။
ဥပမာ- ကျွန်မက အိမ်မှာ ဦးဆောင်နေတာ။ ဒီအိမ်က တာဝန်ကို အဓိကထမ်းဆောင်နေတာ။ ကျွန်မအဖမ်းခံရရင် ကျွန်မအောက်ကညီမတွေက အိမ်ထောင်ဦးစီးပြန်ဖြစ်သွား တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလည်း အစ်မကိုမှီခို နေရတာ။ ဖြစ်ခိုင်းတာတော့မဟုတ်ဘူး။ သူ့အလိုလိုဖြစ်သွား တာ။ သူတို့အသိစိတ်ဓာတ်က အိမ်ရဲ့ကိစ္စတွေက ငါ့တာဝန် ဖြစ်သွားပြီဆိုပြီး အစ်မဖြစ်သူရဲ့လမ်းအတိုင်း မဖြစ်မနေ လုပ်ဖြစ်သွားတာ။ ဆိုတော့ ဖမ်းဆီးတာက ပြည့်တန်ဆာတွေ ကို ပိုပွားအောင်လုပ်တာနဲ့တူနေတယ်။ ဒါကြောင့် ပြည့်တန်ဆာတွေကိုဖမ်းတယ်၊ ထောင်ချ တယ်ဆိုရင်လည်း အတတ်ပညာတွေ သင်ပေးသင့်တယ်။
အသက်မွေးဝမ်းကျောင်းတစ်ခုခုကိုတတ်ထားရင် အခုလို ငွေမရှိလို့၊ အလုပ်မရှိလို့ ဒီလောကထဲရောက်နေတဲ့သူတွေ က ဆက်လုပ်စားမှာမဟုတ်တော့ဘူးလို့ မခရေက ပြောပါ တယ်။ ဒါက ဆင်းရဲမှုကို အကြောင်းပြုပြီး ရောက်လာတဲ့သူ တွေအတွက် ပြောတာပါ။ မခရေပြောသလိုပါပဲ။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရန် ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲမှူးကြီးတစ်ဦးကလည်း ပြည့်တန်ဆာလုပ်ကိုင်နေသူများကို တည်ဆဲဥပဒေ အရ ဖမ်းဆီးအရေးယူနေခြင်းအားဖြင့် ပြည့်တန်ဆာများ ပပျောက်သွားနိုင်လိမ့်မယ်မဟုတ်လို့ သတင်းမီဒီယာတချို့ ကို ပြောဆိုခဲ့ပါတယ်။ ပြည်သူလူထုက သတင်းပေးလို့ ဖမ်း ဆီးခဲ့ရတဲ့အမှုတွေက နှစ်နဲ့ချီလို့ မနည်းတော့သည့်တိုင် ပြည့် တန်ဆာလုပ်ကိုင်သူများ လျော့ကျသွားခြင်းမရှိတဲ့အတွက် ပြည့်တန်ဆာပပျောက်ရေး ဥပဒေမျိုးမဟုတ်ဘဲ သူတို့ကို အကာအကွယ်ပေးနိုင်တဲ့ဥပဒေတစ်ရပ်ရပ်တော့ ရှိသင့်နေ ပြီလို့ ရဲမှူးကြီးကဆိုပါတယ်။
”ပြည်သူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက အောက် ခြေကပြည်သူတွေဘဝကို သိသင့်တယ်။ ပြည့်တန်ဆာလုပ် တဲ့သူကလဲ ပြည်သူပဲလေ”။
မြန်မာနိုင်ငံမှာတော့ ၁၉၄၉ခုနှစ်ကတည်းက ပြည့်တန် ဆာနှိပ်ကွပ်ရေးဥပဒေ ရှိခဲ့တာပါ။ ဒီဥပဒေအရ လမ်းတွေ ပေါ်မှာ၊ လူထုရဲ့မြင်ကွင်းမှာ ဒီလိုလိင်ကိစ္စကိုလုပ်မှသာ အဖမ်း ခံထိရမှာပါလို့ ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်၊ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဒေါက် တာညိုညိုသင်းက ဆိုပါတယ်။ ပါမစ်ထုတ်ပေးတဲ့ပုံစံမျိုး၊ လုပ်ပိုင်ခွင့်မျိုးကို မဆိုလိုသော်လည်း ဥပဒေအတိုင်းဖြစ်ဖို့ တော့ လိုအပ်တယ်လို့ သူမက ဆိုပါတယ်။
”ဥပဒေအတိုင်းမဟုတ်ဘဲ ထင်ရင်ထင်သလိုဖမ်းပြီး တော့ ဒီပြည့်တန်ဆာဥပဒေနဲ့ ထောင်ချတာဟာ လူတွေကို သက်သက်မဲ့နှိပ်ကွပ်တာ”။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကတော့ ဥပဒေကို အကောင်အထည်ဖော်နေတဲ့ ရဲတွေကို ပညာပေးမှုတွေလုပ် ပေးဖို့လိုတယ်လို့ အကြံပြုပါတယ်။
ပြည့်တန်ဆာနှိပ်ကွပ်ရေးလို့ဆိုတိုင်း ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြုကာ ဥပဒေရဲ့ရည်ရွယ်ချက် ကို မှန်းဆကာ ရဲများရဲ့ ကျင့်သုံးလုပ်ဆောင်နေမှုကို သူမက ယခုလို ဝေဖန်လိုက်ပါတယ်။ ”လမ်းပေါ်မှာ လုပ်မှဆိုရင် တကယ်လမ်းပေါ်မှာ မလုပ် မှပဲ အပြစ်ဖြစ်မယ်။ ဥပဒေအတိုင်း လက်တွေ့အကောင် အထည်ဖော်ဖို့ အရမ်းအရေးကြီးတယ်”။ ဒေါက်တာညိုညိုသင်း ပြောသလိုပါပဲ။ ကိုယ်တိုင်ကြုံ တွေ့ရတဲ့ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ မခရေဆိုရင် လည်း အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
”ဒီ ဥပဒေအပေါ်မှာအခြေခံပြီး ရဲတွေက ကြိုက်တဲ့အချိန်ဖမ်း တယ်၊ အမှုလိုတဲ့အချိန်မှာ ဖမ်းတယ်။ ပြည့်တန်ဆာမလေး တွေဟာ သူတို့အမှုလိုရင် ဆွဲယူလို့ရတဲ့သူတွေပဲ”။
သူတို့ရဲ့ ပြည့်တန်ဆာလောကကြီးမှာ တရားဥပဒေအရ အကာအကွယ်ပေးမှုမရှိဘဲ နှိပ်ကွပ်မှုများဖြင့် ထိတွေ့နေရသည်က အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီလို့ မခရေကဆို ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဖောက်သည်များ၊ စားသုံးသူများ ရဲ့ အနိုင်ကျင့်မှု၊ ခေါင်းပုံဖြတ်မှုတွေဆိုတာလည်း အားလုံး မဟုတ်သည့်တိုင် မကြာခဏဆိုသလို ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။
”ငါးသောင်း၊ တစ်သိန်းပေးမယ်ဆိုပြီး ကိစ္စပြီးတော့မှ နင့်ကိုပိုက်ဆံမပေးဘူး ဆိုလဲ ကျွန်မတို့မှာ တိုင်စရာနေရာ မရှိဘူး။ သူတို့သိထားတာက ကြိုက်တဲ့ နေရာမှာတိုင် နင်တို့ ဖာမှုနဲ့တောင် အဖမ်းခံရဦးမယ်ဆိုတာမျိုး။ အနိုင်ကျင့်မှု တွေ ရှိတယ်”။
ဒါကြောင့် သူတို့ပြည့်တန်ဆာလောက အပေါ်မှာ လူ တွေရဲ့ အထင်အမြင်သေး မှုတွေ၊ ဥပဒေပိုင်းက အကာအ ကွယ်ပေးမှုတွေ၊ အစိုးရရဲ့ထိန်းကျောင်းမှုတွေကို အချိန်နှင့် အမျှ မျှော်လင့်နေပါတယ်လို့ မခရေက ဆိုပါတယ်။ ဆင်းရဲ လို့ ပညာကမတတ်၊ ပညာမတတ်လို့ ငွေရလွယ်တဲ့လမ်းကို ရွေးချယ်မိတဲ့ သူတို့လောကသားတွေဟာလည်း ပြည်သူထဲက ပြည်သူတွေပါပဲလို့ သူမက ခွန်းတုံ့ပြောပါတယ်။
”အစကတည်းက ပညာကမတတ်၊ ဆင်းရဲတဲ့သူတွေ ဆိုတော့ အတွေးအခေါ်ပိုင်းက ကြောက်တာကိုပဲသိတယ်။ ပြဿနာကိုသွားရှင်းရင် ကိုယ့်ကို အရင်ဆုံး စဖမ်းမှာလေ။ အဲဒါကို အရမ်းကြောက်တာ။ ကိုယ့်ကိုဖမ်းရင် ကိုယ့်မိသားစု က ဒုက္ခရောက်သွားမယ်”။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းကတော့ သူမထောင်ကျစဉ်က ထောင် ထဲမှာ တွေ့ဆုံခဲ့ဖူးတဲ့လိင်လုပ်သားတွေ ရဲ့ ဘဝကို တော် တော်စာနာမိနေပါတယ်။ ပညာမတတ်ခြင်း၊ စားဝတ်နေရေးအရမ်းခက် ခဲခြင်း၊ ကိုယ့်အခြေအနေ၊ အဆင့်အတန်းကိုမသိဘဲနဲ့ ဝတ် ချင်စားချင်စိတ် အလွန်တရာများပြားခြင်း စတဲ့အချက်သုံး ချက်ကြောင့် သူတို့တွေ လိင်လုပ်သားတွေဖြစ်သွားရတာလို့ ဒေါ်စန္ဒာမင်းက ကောက်ချက်ချပါတယ်။
”ဒီဘဝကနေ သူတို့ရုန်းထွက်ဖို့ အလွန်တရာခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေရလွယ်တာကို သိလာတယ်။ ငွေရှိတော့ ဝတ်ရစားရတယ်။ ခေါင်းပုံဖြတ် ခံရတာကို သိပေမယ့် ငွေရ လွယ်နေတော့ နောက်အလုပ်တစ်ခုကို ရှာဖို့ ပျင်းသွားတယ်။ နောက်ဆုံးတော့ ပင်ပန်းတဲ့ အလုပ်ကိုပြောင်းပြီး မလုပ်ချင်တော့တဲ့ စိတ်ဓာတ်တွေလဲ ပါတယ်”။
မင်းညီ၊ နှင်းကို