ျမန္မာႏိုင္ငံမွာျပည့္တန္ဆာေတြကို တရားဝင္လုပ္ပိုင္ခြင့္လုပ္ငန္း လုိင္စင္ခ်မွတ္ေပးဖို႔အတြက္ ဥပေဒျပ႒ာန္းေဆာင္ရြက္ဖို႔ လိုအပ္တယ္လို႔ အႀကံျပဳမႈေတြ ရွိေနပါတယ္။ ျပည့္တန္ဆာအလုပ္နဲ႔ လုပ္ကိုင္စားေသာက္ေနတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ တရားဝင္လုပ္ပိုင္ခြင့္ လုပ္ငန္း လိုင္စင္မရွိတာၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈေတြ မရတဲ့အျပင္ မတရားခံရမႈေတြနဲ႔ လူ႔အခြင့္အေရးေတြပါ ဆံုး႐ံႈးေနတယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ လုပ္ငန္းလုပ္ကိုင္ခြင့္ တရားဝင္ခြင့္ျပဳေပးဖို႔အတြက္ ဥပေဒျပ႒ာန္ေပးဖို႔ လိုအပ္တာျဖစ္ၿပီး တရာခြင့္ ခြင့္ျပဳဖို႔အတြက္လည္း အမ်ားျပည္သူ နားလည္မႈရွိေအာင္ ပညာေပးလုပ္ငန္းေတြကို အရင္လုပ္ေဆာင္သင့္တယ္လို႔ အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္လည္းျဖစ္ တရားလႊတ္ေတာ္ ေရွ႕ေနတဦးလည္းျဖစ္တဲ့ ဦးေဌးဦးက ေျပာပါတယ္။ ဒါျပင္ ျမန္မာႏုိင္ငံမွာ ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္ခြင့္ တရားဝင္ခြင့္ျပဳခ်က္မရွိ တာေၾကာင့္လည္း ေနာက္ဆက္တဲြျပႆနာေတြ ပါရွိလာၿပီး မုဒိမ္းမႈက်ဴးလြန္တာေတြ စတဲ့ ကိစၥေတြပါ ရွိလာတယ္လို႔လည္း အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီက တရားလႊတ္ေတာ္ ေရွ႕ေန ဦးေအာင္သိန္းက ေျပာပါတယ္။ ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနတဲ့ အမ်ိဳးသမီးတဦးကေတာ့ တရားဝင္ခြင့္ျပဳခ်က္ လိုင္စင္မရွိတာေၾကာင့္ ဖမ္းဆီးခံရၿပီဆိုရင္လည္း လုပ္ငန္းလုပ္ကိုင္တဲ့သူေတြသာ တရားခံအျဖစ္ အျပစ္ဒဏ္ခံရၿပီး အတူဖမ္းဆီးမိတဲ့ အမ်ိဳးသားေတြက်ေတာ့ တရားလို ျဖစ္သြားတာေၾကာင့္ တရားမွ်တမႈ မရွိဘူးလိုလည္း ေျပာပါတယ္။ ဒါေၾကာင့္ ျပည့္တန္ဆာအလုပ္လုပ္တဲ့ အမ်ိဳးသမီးေတြကို အကာအကြယ္ေပးမယ့္ ဥပေဒလို အပ္ေနတဲ့အျပင္ ဒီလုပ္ငန္းကို လုပ္စားမရေတာ့တဲ့ အမ်ိဳးသမီးေတြအတြက္ကိုလည္း အသက္ေမြးဝမ္းေၾကာင္းပညာေတြ အစိုးရက သင္ၾကားေပးဖို႔လည္း ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္တဲ့ အမ်ိဳးသမီးေတြက လုိလားေနၾကပါတယ္။Credit: DVB.....Unicode-မြန်မာနိုင်ငံမှာပြည့်တန်ဆာတွေကို တရားဝင်လုပ်ပိုင်ခွင့်လုပ်ငန်း လိုင်စင်ချမှတ်ပေးဖို့အတွက် ဥပဒေပြဋ္ဌာန်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အကြံပြုမှုတွေ ရှိနေပါတယ်။ ပြည့်တန်ဆာအလုပ်နဲ့ လုပ်ကိုင်စားသောက်နေတဲ့ အမျိုးသမီးတွေအနေနဲ့ တရားဝင်လုပ်ပိုင်ခွင့် လုပ်ငန်း လိုင်စင်မရှိတာကြာင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ မရတဲ့အပြင် မတရားခံရမှုတွေနဲ့ လူ့အခွင့်အရေးတွေပါ ဆုံးရံှုးနေတယ်လို့ဆိုပါတယ်။ ဒါကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုပေးဖို့အတွက် ဥပဒေပြဋ္ဌာန်ပေးဖို့ လိုအပ်တာဖြစ်ပြီး တရာခွင့် ခွင့်ပြုဖို့အတွက်လည်း အများပြည်သူ နားလည်မှုရှိအောင် ပညာပေးလုပ်ငန်းတွေကို အရင်လုပ်ဆောင်သင့်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် တရားလွှတ်တော် ရှေ့နေတဦးလည်းဖြစ်တဲ့ ဦးဌေးဦးက ပြောပါတယ်။ ဒါပြင် မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုချက်မရှိ တာကြောင့်လည်း နောက်ဆက်တွဲပြဿနာတွေ ပါရှိလာပြီး မုဒိမ်းမှုကျူးလွန်တာတွေ စတဲ့ ကိစ္စတွေပါ ရှိလာတယ်လို့လည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးကတော့ တရားဝင်ခွင့်ပြုချက် လိုင်စင်မရှိတာကြောင့် ဖမ်းဆီးခံရပြီဆိုရင်လည်း လုပ်ငန်းလုပ်ကိုင်တဲ့သူတွေသာ တရားခံအဖြစ် အပြစ်ဒဏ်ခံရပြီး အတူဖမ်းဆီးမိတဲ့ အမျိုးသားတွေကျတော့ တရားလို ဖြစ်သွားတာကြောင့် တရားမျှတမှု မရှိဘူးလိုလည်း ပြောပါတယ်။ ဒါကြောင့် ပြည့်တန်ဆာအလုပ်လုပ်တဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးမယ့် ဥပဒေလို အပ်နေတဲ့အပြင် ဒီလုပ်ငန်းကို လုပ်စားမရတော့တဲ့ အမျိုးသမီးတွေအတွက်ကိုလည်း အသက်မွေးဝမ်းကြောင်းပညာတွေ အစိုးရက သင်ကြားပေးဖို့လည်း ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသမီးတွေက လိုလားနေကြပါတယ်။Credit: DVB
