ဘဏ္၀န္ထမ္း အမ်ဳိးသမီးတစ္ဦးက ရည္းစားျဖစ္သူႏွင့္ေပါင္းၿပီး မႏၲေလးၿမိဳ႕ရွိ ပုဂၢလိကဘဏ္ခြဲတစ္ခုမွ ခ်က္လက္မွတ္အတုျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ဘဏ္ခြဲအခ်ဳိ႕တြင္ က်ပ္သိန္း ၂၇၀၀ ေက်ာ္ လိမ္လည္ထုတ္ယူမႈ ျဖစ္ပြား
ဘဏ္၀န္ထမ္း အမ်ဳိးသမီးတစ္ဦးက ရည္းစားျဖစ္သူႏွင့္ေပါင္းၿပီး မႏၲေလးၿမိဳ႕ရွိ ပုဂၢလိကဘဏ္ခြဲတစ္ခုမွ ခ်က္လက္မွတ္အတုျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ဘဏ္ခြဲအခ်ဳိ႕တြင္ က်ပ္သိန္း ၂၇၀၀ ေက်ာ္ လိမ္လည္ထုတ္ယူမႈ ျဖစ္ပြား အမ်ဳိးသမီး ဘဏ္၀န္ထမ္းတစ္ဦးက ရည္းစားျဖစ္သူႏွင့္ ပူးေပါင္းကာ မႏၲေလးၿမိဳ႕ရိွ ပုဂၢလိကဘဏ္ခြဲတစ္ခုမွ ခ်က္လက္မွတ္အတုျဖင့္ ေငြက်ပ္သိန္း ၂၇၀၀ ေက်ာ္ လိမ္လည္ ထုတ္ယူမႈႏွင့္ ပတ္သက္ၿပီး နယ္ေျမရဲစခန္း (အမွတ္-၃)တြင္ အမႈဖြင့္ အေရးယူထားေၾကာင္း ဇူလိုင္ ၁၇ ရက္က သတင္းရရိွသည္။ “ဘဏ္ေငြကို အလြဲသံုးစားလုပ္လို႔ အမႈလာဖြင့္ထားတာ ဟုတ္ပါတယ္။ ဘဏ္၀န္ထမ္းကို မိထားပါတယ္။ ရည္းစားျဖစ္သူကိုေတာ့ မမိေသးပါဘူး” ဟု ခ်မ္းေအးသာစံၿမိဳ႕နယ္ ရဲစခန္းမွ ရဲမွဴးသိန္းႏိုင္က ေျပာၾကားသည္။ဘဏ္မန္ေနဂ်ာျဖစ္သူ၏ တိုင္တန္းခ်က္အရ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၇၃ လမ္း၊ ၂၉ လမ္းႏွင့္လမ္း ၃၀ ၾကားရိွ ဘဏ္ခြဲ (၄)တြင္ အႀကီးတန္းလက္ေထာက္ တာ၀န္ထမ္းေဆာင္သူအသက္ ၂၇ ႏွစ္အရြယ္ မိန္းကေလးသည္ ၎၏သူငယ္ခ်င္းျဖစ္သူ ေယာက္်ားေလးအား ဘဏ္တြင္အေကာင့္ ဖြင့္လွစ္ေစခဲ့ေၾကာင္း၊ ၀န္ထမ္းမိန္းကေလးမွာ သူငယ္ခ်င္း၏ အေကာင့္အား ဖြင့္ေပးၿပီးေနာက္ ခ်က္လက္မွတ္ ၁၀ ေစာင္ ျပဳလုပ္ေပးရေၾကာင္း၊ မိန္းကေလးမွာ သူငယ္ခ်င္း၏ အေကာင့္အား ဖြင့္ေပးၿပီးေနာက္ ခ်က္လက္မွတ္ ၁၀ ေစာင္အား သူငယ္ခ်င္းအား ထုတ္ေပးျခင္းမရိွဘဲ ရန္ကုန္ၿမိဳ႕၊ ပန္းဆိုးတန္းဘဏ္ခြဲတြင္ စာရင္းဖြင့္လွစ္ထားသည့္ စာရင္းပိုင္ရွင္ အမ်ဳိးသမီးတစ္ဦး၏ စာရင္းအမွတ္သို႔ ခ်က္လက္မွတ္တြင္ နံပါတ္႐ိုက္ႏိွပ္ကာ လက္မွတ္ ၁၀ ေစာင္အား ၀န္ထမ္းမိန္းကေလးမွ ရည္းစားျဖစ္သူ (စံုစမ္းဆဲ) အား ေပးခဲ့သည္။ရည္းစားျဖစ္သူမွ ၎ခ်က္လက္မွတ္ ၁၀ ေစာင္အား အသံုးျပဳကာ စာရင္းပိုင္ရွင္၏ လက္မွတ္အတုထိုးကာ ဇူလိုင္ ၉ ရက္ တစ္ရက္တည္းမွာပင္ စာရင္းပိုင္ရွင္၏ အေကာင့္ထဲမွ လွည္းတန္းေစ်းဘဏ္ခြဲမွ ေငြက်ပ္သိန္း ၈၀၀၊ မဂၤလာဒံုဘဏ္ခြဲမွ ေငြသိန္း ၉၅၀ က်ပ္၊ ေျမာက္ဥကၠလာပဘဏ္ခြဲမွ က်ပ္ ၉၇၅ သိန္း စုစုေပါင္းက်ပ္ ၂၇၂၅၀၀၀၀၀ အား ဘဏ္အသီးသီးမွ ထုတ္ယူသြားေၾကာင္း သိရသည္။ဘဏ္တာ၀န္ရိွသူမ်ားမွ ဘဏ္၀န္ထမ္း မိန္းကေလးအား ေမးျမန္းရာ ၎ကိုယ္တိုင္ စာရင္းပိုင္ရွင္၏ အေကာင့္နံပါတ္ျဖင့္ ခ်က္လက္မွတ္ ၁၀ ေစာင္ကို ရည္းစားျဖစ္သူအား ထုတ္ေပးခဲ့ေၾကာင္း ၀န္ခံေျပာခဲ့သျဖင့္ ဘဏ္၀န္ထမ္းမိန္းကေလးမွ ၎၏ရည္းစားျဖစ္သူႏွင့္ ပူးေပါင္းကာ ဘဏ္တြင္ စာရင္းဖြင့္ထားသည့္ စာရင္းပိုင္ရွင္၏ ခြင့္ျပဳခ်က္မရိွဘဲ ခ်က္လက္မွတ္အား ဘဏ္မွရယူကာ ခ်က္လက္မွတ္ေပၚတြင္ အေကာင့္ပိုင္ရွင္ အမ်ဳိးသမီး၏ လက္မွတ္အတုထိုးကာ ဘဏ္အတြင္းမွ ေငြမ်ားအား အလြဲသံုးစား ျပဳလုပ္ခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။ဘဏ္အတြင္းမွ ေငြမ်ားအလြဲသံုးစား ျပဳလုပ္မႈႏွင့္ ပတ္သက္ၿပီး ဇူလိုင္ ၁၇ ရက္တြင္ ဘဏ္မန္ေနဂ်ာျဖစ္သူက နယ္ေျမရဲစခန္း (အမွတ္-၃)တြင္ တိုင္တန္းေသာေၾကာင့္ ဘဏ္၀န္ထမ္း မိန္းကေလးႏွင့္ ရည္းစားျဖစ္သူတို႔အား (ပ) ၄၂၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၀၈/၄၆၈/၁၁၄ အရ အမႈဖြင့္ကာ ဘဏ္၀န္ထမ္းမိန္းကေလးအား ဖမ္းဆီးၿပီး ရည္းစားျဖစ္သူအား ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။Unicode-ဘဏ်၀န်ထမ်း အမျိုးသမီးတစ်ဦးက ရည်းစားဖြစ်သူနှင့်ပေါင်းပြီး မန္တလေးမြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုမှ ချက်လက်မှတ်အတုဖြင့် ရန်ကုန်မြို့ရှိ ဘဏ်ခွဲအချို့တွင် ကျပ်သိန်း ၂၇၀၀ ကျော် လိမ်လည်ထုတ်ယူမှု ဖြစ်ပွား အမျိုးသမီး ဘဏ်၀န်ထမ်းတစ်ဦးက ရည်းစားဖြစ်သူနှင့် ပူးပေါင်းကာ မန္တလေးမြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုမှ ချက်လက်မှတ်အတုဖြင့် ငွေကျပ်သိန်း ၂၇၀၀ ကျော် လိမ်လည် ထုတ်ယူမှုနှင့် ပတ်သက်ပြီး နယ်မြေရဲစခန်း (အမှတ်-၃)တွင် အမှုဖွင့် အရေးယူထားကြောင်း ဇူလိုင် ၁၇ ရက်က သတင်းရရှိသည်။ “ဘဏ်ငွေကို အလွဲသုံးစားလုပ်လို့ အမှုလာဖွင့်ထားတာ ဟုတ်ပါတယ်။ ဘဏ်၀န်ထမ်းကို မိထားပါတယ်။ ရည်းစားဖြစ်သူကိုတော့ မမိသေးပါဘူး” ဟု ချမ်းအေးသာစံမြို့နယ် ရဲစခန်းမှ ရဲမှူးသိန်းနိုင်က ပြောကြားသည်။ဘဏ်မန်နေဂျာဖြစ်သူ၏ တိုင်တန်းချက်အရ ချမ်းအေးသာစံမြို့နယ်၊ ၇၃ လမ်း၊ ၂၉ လမ်းနှင့်လမ်း ၃၀ ကြားရှိ ဘဏ်ခွဲ (၄)တွင် အကြီးတန်းလက်ထောက် တာ၀န်ထမ်းဆောင်သူအသက် ၂၇ နှစ်အရွယ် မိန်းကလေးသည် ၎င်း၏သူငယ်ချင်းဖြစ်သူ ယောက်ျားလေးအား ဘဏ်တွင်အကောင့် ဖွင့်လှစ်စေခဲ့ကြောင်း၊ ၀န်ထမ်းမိန်းကလေးမှာ သူငယ်ချင်း၏ အကောင့်အား ဖွင့်ပေးပြီးနောက် ချက်လက်မှတ် ၁၀ စောင် ပြုလုပ်ပေးရကြောင်း၊ မိန်းကလေးမှာ သူငယ်ချင်း၏ အကောင့်အား ဖွင့်ပေးပြီးနောက် ချက်လက်မှတ် ၁၀ စောင်အား သူငယ်ချင်းအား ထုတ်ပေးခြင်းမရှိဘဲ ရန်ကုန်မြို့၊ ပန်းဆိုးတန်းဘဏ်ခွဲတွင် စာရင်းဖွင့်လှစ်ထားသည့် စာရင်းပိုင်ရှင် အမျိုးသမီးတစ်ဦး၏ စာရင်းအမှတ်သို့ ချက်လက်မှတ်တွင် နံပါတ်ရိုက်နှိပ်ကာ လက်မှတ် ၁၀ စောင်အား ၀န်ထမ်းမိန်းကလေးမှ ရည်းစားဖြစ်သူ (စုံစမ်းဆဲ) အား ပေးခဲ့သည်။ရည်းစားဖြစ်သူမှ ၎င်းချက်လက်မှတ် ၁၀ စောင်အား အသုံးပြုကာ စာရင်းပိုင်ရှင်၏ လက်မှတ်အတုထိုးကာ ဇူလိုင် ၉ ရက် တစ်ရက်တည်းမှာပင် စာရင်းပိုင်ရှင်၏ အကောင့်ထဲမှ လှည်းတန်းဈေးဘဏ်ခွဲမှ ငွေကျပ်သိန်း ၈၀၀၊ မင်္ဂလာဒုံဘဏ်ခွဲမှ ငွေသိန်း ၉၅၀ ကျပ်၊ မြောက်ဥက္ကလာပဘဏ်ခွဲမှ ကျပ် ၉၇၅ သိန်း စုစုပေါင်းကျပ် ၂၇၂၅၀၀၀၀၀ အား ဘဏ်အသီးသီးမှ ထုတ်ယူသွားကြောင်း သိရသည်။ဘဏ်တာ၀န်ရှိသူများမှ ဘဏ်၀န်ထမ်း မိန်းကလေးအား မေးမြန်းရာ ၎င်းကိုယ်တိုင် စာရင်းပိုင်ရှင်၏ အကောင့်နံပါတ်ဖြင့် ချက်လက်မှတ် ၁၀ စောင်ကို ရည်းစားဖြစ်သူအား ထုတ်ပေးခဲ့ကြောင်း ၀န်ခံပြောခဲ့သဖြင့် ဘဏ်၀န်ထမ်းမိန်းကလေးမှ ၎င်း၏ရည်းစားဖြစ်သူနှင့် ပူးပေါင်းကာ ဘဏ်တွင် စာရင်းဖွင့်ထားသည့် စာရင်းပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ ချက်လက်မှတ်အား ဘဏ်မှရယူကာ ချက်လက်မှတ်ပေါ်တွင် အကောင့်ပိုင်ရှင် အမျိုးသမီး၏ လက်မှတ်အတုထိုးကာ ဘဏ်အတွင်းမှ ငွေများအား အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ဘဏ်အတွင်းမှ ငွေများအလွဲသုံးစား ပြုလုပ်မှုနှင့် ပတ်သက်ပြီး ဇူလိုင် ၁၇ ရက်တွင် ဘဏ်မန်နေဂျာဖြစ်သူက နယ်မြေရဲစခန်း (အမှတ်-၃)တွင် တိုင်တန်းသောကြောင့် ဘဏ်၀န်ထမ်း မိန်းကလေးနှင့် ရည်းစားဖြစ်သူတို့အား (ပ) ၄၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၄၆၈/၁၁၄ အရ အမှုဖွင့်ကာ ဘဏ်၀န်ထမ်းမိန်းကလေးအား ဖမ်းဆီးပြီး ရည်းစားဖြစ်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit: သက္ထြန္းေအာင္
Credit: သက္ထြန္းေအာင္
