
ရန္ကုန္ ဇူလိုင္ ၂၁ ။ ။ ဗိုလ္ခ်ဳပ္ရုပ္ရွင္ရိုက္ကူးရန္အတြက္ ၆ ႏွစ္တာ ေစာင့္ဆိုင္းေနရၿပီး ၾကားကာလမ်ားတြင္ ေဝဖန္သံ အမ်ဳိးမ်ဳိးရွိခဲ႔ေသာ္လည္း ရိုက္ျဖစ္လိမ့္မည္ဟု ယုံ ၾကည္ခဲ႔သည္ဟု ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနရာတြင္ ပါဝင္သ႐ုပ္ေဆာင္မည့္ ေက်ာ္ေက်ာ္မ်ဳိးက မဇၩိမသို႔ ေျပာသည္။ဗိုလ္ခ်ဳပ္ေအာင္ဆန္းအတၴဳပၸတၱိ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ကူးေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈအေန အထားႏွင့္ ပတ္သက္၍ ရန္ကုန္ၿမိဳ႕၊ အမ်ဳိးသားကဇာတ္ရုံတြင္ ဇူလိုင္လ ၂၁ ရက္ေန႔က မီဒီယာမ်ားႏွင့္ ေတြ႔ဆုံရွင္းလင္းရာ၌ ေျပာဆိုခဲ႔ျခင္းျဖစ္သည္။" ကြ်န္ေတာ္ၿမိဳ႕ကို ကြ်န္ေတာ္ လိမ္လို႔မရဘူး။ကြ်န္ေတာ္ ဗိုက္ထြက္တာေတြဘာေတြလည္းမရွိဘူး။ ဝတာလည္း မရွိဘူး။ ဒီအတိုင္းပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြ်န္ေတာ့္မွာယုံၾကည္ခ်က္ရွိတယ္။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ ရိုက္ျဖစ္လိမ့္မယ္လို႔ ကြ်န္ေတာ္ အၿမဲတမ္းယုံတယ္။ ေလ့က်င့္ခန္းလည္း အၿမဲလုပ္တယ္။ ၆ ႏွစ္တာကာလအတြင္း ခႏၶာကိုယ္ထိန္းရတာမလြယ္ဘူး" ဟု ေက်ာ္ေက်ာ္မ်ဳိးက မဇၩိမသို႔ ေျပာသည္။လက္႐ွိအေနအထားတြင္ ေက်ာ္ေက်ာ္မ်ဳိးသည္ ဗိုလ္ခ်ဳပ္ေနရာတြင္ သရုပ္ေဆာင္ရန္ ဇာတ္ဝင္ခန္းတစ္ခ်ဳိ႕အတြက္ အဂၤလိပ္ဘာသာစကားႏွင့္ ဂ်ပန္ဘာသာစကားတို႔ကို ေလ့လာသင္ယူလ်ွက္႐ွိသည္။ထို႔အျပင္ ဗိုလ္ခ်ဳပ္ေနရာအတြက္ ပါဝင္သရုပ္ေဆာင္ရန္ အဆင္သင့္ျဖစ္ေနၿပီး ယင္းတာဝန္မွာ အလြန္ႀကီးမားလွသည္ဟု သရုပ္ေဆာင္ေက်ာ္ေက်ာ္မ်ဳိးက ဆက္ေျပာသည္။"ဒီေနရာက ကြ်န္ေတာ္မွားလို႔မရဘူး။ ခြ်တ္ေခ်ာ္လို႔မရဘူး။ အာရုံေလ်ာ့လို႔မရဘူး။ ဒါက တာဝန္ ႀကီးတယ္။ ေနာင္လာေနာင္သားေတြ ဗိုလ္ခ်ဳပ္ဆိုတာ ဘယ္လိုလူမ်ဳိးလဲဆိုတာသိဖို႔ စာအုပ္ဖတ္တာ ဒီလိုရုပ္ရွင္ၾကည့္တာေတြက ပိုၿပီး ကြက္ကြက္ကြင္းကြင္း ျမင္တာေပါ့" ဟု သူက ေျပာသည္။ေက်ာ္ေက်ာ္မ်ဳိးသည္ ၂၀၁၂ ခုႏွစ္က ဗိုလ္ခ်ဳပ္ေအာင္ဆန္းဇာတ္ေကာင္ေနရာ ေရြးခ်ယ္ ေရးအဖဲြ႕ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကိုယ္တိုင္ ေရြးခ်ယ္ထားသူတစ္ဦးလည္း ျဖစ္သည္။" သူက ျမစ္ငယ္သား။ အညာသား။ ေဘာလုံးသမားဆိုတဲ့အခါက်ေတာ့ သူ႔ရဲ႕ဘက္ဂေရာင္း ကိုက ဒီအေနအထားေရာက္ေအာင္ တြန္းပို႔ေပးေနသလိုပဲ။ အေတာ္ေလးအနီးစပ္ဆုံး အံဝင္ခြင္က်ေအာင္ ဗိုလ္ခ်ဳပ္ဇာတ္ေကာင္အျဖစ္သရုပ္ေဆာင္ရင္ သူက အနီးစပ္ဆုံးပုဂၢိဳလ္တစ္ေယာက္ပါပဲ " ဟု သရုပ္ေဆာင္ေက်ာ္ေက်ာ္မ်ဳိးကို အဂၤလိပ္စာ သင္ၾကားေပးေနေသာ ဦးရဲထြဋ္က ေျပာသည္။လက္ရိွတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအတၴဳပၸတၱိ ႐ုပ္ရွင္ဇာတ္ကား ဇာတ္ညႊန္းကို ဇူလိုင္လအကုန္တြင္ အေခ်ာသတ္ ၿပီးစီးရန္ ႀကိဳးပမ္းေနၿပီး၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလအတြင္း အၿပီးရုိက္ကူးျခင္း၊ ၂၀၂၀ ခုႏွစ္တြင္ ရုံတင္ျပသႏုိင္ရန္ စီစဥ္ေဆာင္ရြက္ မည္ ဟုလည္း ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးက ေျပာဆိုထားသည္။အဆိုပါရုပ္ရွင္ရိုက္ကူးရန္ က်ပ္သိန္းေပါင္း ၁ ေသာင္းခန္႔ လ်ာထားေၾကာင္းသိရၿပီး လက္ရိွတြင္ စုစုေပါင္း က်ပ္သိန္း ၁၂၀၀၀ ေက်ာ္ႏွင့္ အေမရိကန္ေဒၚလာ ၅၀၀၀ နီးပါး ရရိွထားေၾကာင္း သိရသည္။ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ျဖစ္ေျမာက္ေရးအဖြဲ႕ကုိ ၂၀၁၂ ေဖေဖာ္၀ါရီ ၁၃ ရက္တြင္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ ခဲ့ေသာ္လည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္မွာ ၅ ႏွစ္တာကာလအတြင္း ရုိက္ကူးႏုိင္ခဲ့ျခင္းမ႐ွိ၍ ေ၀ဖန္ မႈမ်ားထြက္ေပၚခဲ့သည္။ Unicode-ရန်ကုန် ဇူလိုင် ၂၁ ။ ။ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရန်အတွက် ၆ နှစ်တာ စောင့်ဆိုင်းနေရပြီး ကြားကာလများတွင် ဝေဖန်သံ အမျိုးမျိုးရှိခဲ့သော်လည်း ရိုက်ဖြစ်လိမ့်မည်ဟု ယုံ ကြည်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် ပါဝင်သရုပ်ဆောင်မည့် ကျော်ကျော်မျိုးက မဇ္ဈိမသို့ ပြောသည်။ဗိုလ်ချုပ်အောင်ဆန်းအတၴုပ္ပတ္တိရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေ အထားနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ဇူလိုင်လ ၂၁ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရာ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။" ကျွန်တော်မြို့ကို ကျွန်တော် လိမ်လို့မရဘူး။ကျွန်တော် ဗိုက်ထွက်တာတွေဘာတွေလည်းမရှိဘူး။ ဝတာလည်း မရှိဘူး။ ဒီအတိုင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာယုံကြည်ချက်ရှိတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် ရိုက်ဖြစ်လိမ့်မယ်လို့ ကျွန်တော် အမြဲတမ်းယုံတယ်။ လေ့ကျင့်ခန်းလည်း အမြဲလုပ်တယ်။ ၆ နှစ်တာကာလအတွင်း ခန္ဓာကိုယ်ထိန်းရတာမလွယ်ဘူး" ဟု ကျော်ကျော်မျိုးက မဇ္ဈိမသို့ ပြောသည်။လက်ရှိအနေအထားတွင် ကျော်ကျော်မျိုးသည် ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်ရန် ဇာတ်ဝင်ခန်းတစ်ချို့အတွက် အင်္ဂလိပ်ဘာသာစကားနှင့် ဂျပန်ဘာသာစကားတို့ကို လေ့လာသင်ယူလျှက်ရှိသည်။ထို့အပြင် ဗိုလ်ချုပ်နေရာအတွက် ပါဝင်သရုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီး ယင်းတာဝန်မှာ အလွန်ကြီးမားလှသည်ဟု သရုပ်ဆောင်ကျော်ကျော်မျိုးက ဆက်ပြောသည်။"ဒီနေရာက ကျွန်တော်မှားလို့မရဘူး။ ချွတ်ချော်လို့မရဘူး။ အာရုံလျော့လို့မရဘူး။ ဒါက တာဝန် ကြီးတယ်။ နောင်လာနောင်သားတွေ ဗိုလ်ချုပ်ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာသိဖို့ စာအုပ်ဖတ်တာ ဒီလိုရုပ်ရှင်ကြည့်တာတွေက ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်တာပေါ့" ဟု သူက ပြောသည်။ကျော်ကျော်မျိုးသည် ၂၀၁၂ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကောင်နေရာ ရွေးချယ် ရေးအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် ရွေးချယ်ထားသူတစ်ဦးလည်း ဖြစ်သည်။" သူက မြစ်ငယ်သား။ အညာသား။ ဘောလုံးသမားဆိုတဲ့အခါကျတော့ သူ့ရဲ့ဘက်ဂရောင်း ကိုက ဒီအနေအထားရောက်အောင် တွန်းပို့ပေးနေသလိုပဲ။ အတော်လေးအနီးစပ်ဆုံး အံဝင်ခွင်ကျအောင် ဗိုလ်ချုပ်ဇာတ်ကောင်အဖြစ်သရုပ်ဆောင်ရင် သူက အနီးစပ်ဆုံးပုဂ္ဂိုလ်တစ်ယောက်ပါပဲ " ဟု သရုပ်ဆောင်ကျော်ကျော်မျိုးကို အင်္ဂလိပ်စာ သင်ကြားပေးနေသော ဦးရဲထွဋ်က ပြောသည်။လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းအတၴုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းကို ဇူလိုင်လအကုန်တွင် အချောသတ် ပြီးစီးရန် ကြိုးပမ်းနေပြီး၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးရိုက်ကူးခြင်း၊ ၂၀၂၀ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန် စီစဉ်ဆောင်ရွက် မည် ဟုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောဆိုထားသည်။အဆိုပါရုပ်ရှင်ရိုက်ကူးရန် ကျပ်သိန်းပေါင်း ၁ သောင်းခန့် လျာထားကြောင်းသိရပြီး လက်ရှိတွင် စုစုပေါင်း ကျပ်သိန်း ၁၂၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၅၀၀၀ နီးပါး ရရှိထားကြောင်း သိရသည်။ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ် ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ၅ နှစ်တာကာလအတွင်း ရိုက်ကူးနိုင်ခဲ့ခြင်းမရှိ၍ ေ၀ဖန် မှုများထွက်ပေါ်ခဲ့သည်။
Related Posts : News,