Skip to main content

ျမန္မာအိုင္ေဒါၿပိဳင္ပြဲမွာ ရန္ေအာင္မွတ္ခ်က္ေပးနည္းရတဲ့အေၾကာင္းရင္း

Viral Collection


အဆိုၿပိဳင္ပြဲတြင္ ပထမ အႀကိမ္ ဒိုင္အျဖစ္ေဆာင္ရြက္ ျခင္းျဖစ္၍ ၿပိဳင္ပြဲဝင္မ်ားကို အညင္သာဆံုး၊ အခ်ဳိသာဆုံးျဖစ္ ေအာင္ မွတ္ခ်က္ေပးျဖစ္ေၾကာင္း ျမန္မာအိုင္ေဒါၿပိဳင္ပြဲ ဒိုင္အျဖစ္ ေဆာင္ရြက္ေနေသာ သ႐ုပ္ ေဆာင္ ရန္ေအာင္က ေျပာသည္။

‘‘မေျပာဘူးဆိုၿပီးေတာ့ ေျပာ ၾကပါတယ္။ ေျပာရင္ပိုၿပီး အေထာင္းခံရမွာပါ။ တစ္ခ်ိန္မွာ ေျပာသင့္ေျပာထိုက္တဲ့ အခ်ိန္မွာ ေျပာမွာပါ’’ဟု ၿပိဳင္ပြဲဝင္မ်ားကို မွတ္ခ်က္ေပးသည့္အေပၚ ပရိ သတ္မ်ား၏ ေဝဖန္မႈႏွင့္ပတ္သက္ ၍ ၎ကေျပာသည္။

ယင္းၿပိဳင္ပြဲတြင္ ဒိုင္အျဖစ္ ပါဝင္ေဆာင္ရြက္သူမ်ားသည္ ၎ထက္ ဝါရင့္သူမ်ားျဖစ္ေသာ ေၾကာင့္ ၿပိဳင္ပြဲဝင္မ်ားအတြက္ စိတ္ခြန္အားရွိေစမည့္ အရာမ်ား သာ အဓိကထား၍ မွတ္ခ်က္ေပး ေၾကာင္း ရန္ေအာင္က ဆိုသည္။

‘‘အႏုပညာရွင္တစ္ေယာက္ က က်႐ံႈးမႈေတြ၊ ေအာင္ျမင္မႈေတြ အၿမဲႀကံဳရပါတယ္။ အၿမဲတမ္း လည္း မေအာင္ျမင္ပါဘူး။ အခု လက္ရွိ သက္တမ္းရွည္စြာ ေအာင္ျမင္ဖူးသူေတြကလည္း က် ႐ံႈးဖူးသူေတြပါပဲ။ ဒါ လံုးဝျငင္းလို႔ မရပါဘူး။ က်႐ံႈးမႈကိုမွ သင္ခန္း စာယူၿပီး ေအာင္ျမင္မႈလမ္းကို ဆက္ေလွ်ာက္ၾကတယ္။ ဒါကို စံထားၿပီးေျပာပါတယ္’’ ဟု ရန္ေအာင္က ေျပာသည္။

ထို႔အျပင္ ယင္းအစီအစဥ္ ဒိုင္ျဖစ္သည့္ အဆိုေတာ္ တင္ဇာ ေမာ္က ၿပိဳင္ပြဲဝင္မ်ားအေပၚ မွတ္ ခ်က္ေပးသည္ကို ေဘးကၾကည့္၍ အတုယူရေၾကာင္း ၎က ဆိုသည္။

‘‘လူတစ္ေယာက္ကို နားဝင္ ေအာင္ေျပာတတ္တယ္ဆိုတာ နည္းတဲ့ပါရမီမဟုတ္ဘူး။ စိတ္ ကူးထဲမွာ ပံုေဖာ္ႏုိင္ေအာင္။ ဒါက စာဖတ္တယ္ဆိုတာကို ေျပာလို႔ရ တယ္။ စကားလံုးႂကြယ္ဝမႈနဲ႔ ကိုယ္တိုင္လည္း အေတြ႕အႀကံဳရွိ မွ’’ဟု တင္ဇာေမာ္၏ မွတ္ခ်က္ ေပးမႈအေပၚ ၎၏အျမင္ကိုေျပာ သည္။

ယင္းအစီအစဥ္တြင္ ဝတ္ ဆင္သည့္ ဖက္ရွင္ပိုင္းႏွင့္ပတ္ သက္၍ ႏိုင္ငံတကာၿပိဳင္ပြဲမ်ားကို ၾကည့္ကာ ေလ့လာျဖစ္သလို ၿပိဳင္ မည့္ သီခ်င္းအမ်ဳိးအစားအေပၚ မူတည္ၿပီး ဝတ္ဆင္ျဖစ္ေၾကာင္း ရန္ေအာင္က ဆိုသည္။

‘‘ကိုယ္တိုင္လည္း ႐ုပ္ရွင္ ဘက္ကဆိုေတာ့ ဖက္ရွင္ကို ဦးစားေပးသင့္တယ္လို႔ ခံယူပါ တယ္။ ဒါေၾကာင့္ ဒိုင္လုပ္တဲ့အခါ မွာလည္း လုိက္ဖက္မယ့္ဟာေလး ေတြကို စဥ္းစားၿပီး ဝတ္ျဖစ္ပါ တယ္’’ဟု ရန္ေအာင္က ေျပာ သည္။

Unicode
အဆိုပြိုင်ပွဲတွင် ပထမ အကြိမ် ဒိုင်အဖြစ်ဆောင်ရွက် ခြင်းဖြစ်၍ ပြိုင်ပွဲဝင်များကို အညင်သာဆုံး၊ အချိုသာဆုံးဖြစ် အောင် မှတ်ချက်ပေးဖြစ်ကြောင်း မြန်မာအိုင်ဒေါပြိုင်ပွဲ ဒိုင်အဖြစ် ဆောင်ရွက်နေသော သရုပ် ဆောင် ရန်အောင်က ပြောသည်။

‘‘မပြောဘူးဆိုပြီးတော့ ပြော ကြပါတယ်။ ပြောရင်ပိုပြီး အထောင်းခံရမှာပါ။ တစ်ချိန်မှာ ပြောသင့်ပြောထိုက်တဲ့ အချိန်မှာ ပြောမှာပါ’’ဟု ပြိုင်ပွဲဝင်များကို မှတ်ချက်ပေးသည့်အပေါ် ပရိ သတ်များ၏ ဝေဖန်မှုနှင့်ပတ်သက် ၍ ၎င်းကပြောသည်။

ယင်းပြိုင်ပွဲတွင် ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သူများသည် ၎င်းထက် ဝါရင့်သူများဖြစ်သော ကြောင့် ပြိုင်ပွဲဝင်များအတွက် စိတ်ခွန်အားရှိစေမည့် အရာများ သာ အဓိကထား၍ မှတ်ချက်ပေး ကြောင်း ရန်အောင်က ဆိုသည်။

‘‘အနုပညာရှင်တစ်ယောက် က ကျရံှုးမှုတွေ၊ အောင်မြင်မှုတွေ အမြဲကြုံရပါတယ်။ အမြဲတမ်း လည်း မအောင်မြင်ပါဘူး။ အခု လက်ရှိ သက်တမ်းရှည်စွာ အောင်မြင်ဖူးသူတွေကလည်း ကျ ရံှုးဖူးသူတွေပါပဲ။ ဒါ လုံးဝငြင်းလို့ မရပါဘူး။ ကျရံှုးမှုကိုမှ သင်ခန်း စာယူပြီး အောင်မြင်မှုလမ်းကို ဆက်လျှောက်ကြတယ်။ ဒါကို စံထားပြီးပြောပါတယ်’’ ဟု ရန်အောင်က ပြောသည်။

ထို့အပြင် ယင်းအစီအစဉ် ဒိုင်ဖြစ်သည့် အဆိုတော် တင်ဇာ မော်က ပြိုင်ပွဲဝင်များအပေါ် မှတ် ချက်ပေးသည်ကို ဘေးကကြည့်၍ အတုယူရကြောင်း ၎င်းက ဆိုသည်။

‘‘လူတစ်ယောက်ကို နားဝင် အောင်ပြောတတ်တယ်ဆိုတာ နည်းတဲ့ပါရမီမဟုတ်ဘူး။ စိတ် ကူးထဲမှာ ပုံဖော်နိုင်အောင်။ ဒါက စာဖတ်တယ်ဆိုတာကို ပြောလို့ရ တယ်။ စကားလုံးကြွယ်ဝမှုနဲ့ ကိုယ်တိုင်လည်း အတွေ့အကြုံရှိ မှ’’ဟု တင်ဇာမော်၏ မှတ်ချက် ပေးမှုအပေါ် ၎င်း၏အမြင်ကိုပြော သည်။

ယင်းအစီအစဉ်တွင် ဝတ် ဆင်သည့် ဖက်ရှင်ပိုင်းနှင့်ပတ် သက်၍ နိုင်ငံတကာပြိုင်ပွဲများကို ကြည့်ကာ လေ့လာဖြစ်သလို ပြိုင် မည့် သီချင်းအမျိုးအစားအပေါ် မူတည်ပြီး ဝတ်ဆင်ဖြစ်ကြောင်း ရန်အောင်က ဆိုသည်။

‘‘ကိုယ်တိုင်လည်း ရုပ်ရှင် ဘက်ကဆိုတော့ ဖက်ရှင်ကို ဦးစားပေးသင့်တယ်လို့ ခံယူပါ တယ်။ ဒါကြောင့် ဒိုင်လုပ်တဲ့အခါ မှာလည်း လိုက်ဖက်မယ့်ဟာလေး တွေကို စဉ်းစားပြီး ဝတ်ဖြစ်ပါ တယ်’’ဟု ရန်အောင်က ပြော သည်။

Updates

Theme Editor by Seo v6