Viral Collection
ဟိုခ်ီမင္းစီးတီးက Landmark 81 မိုးေမွ်ာ္ အေဆာက္အဦးႀကီးအထပ္ေပါင္း ၈၁ ထပ္ရွိၿပီး ေပ ၁၅ဝဝ ေက်ာ္ အျမင့္ရွိတဲ့ Landmark 81 မိုးေမွ်ာ္ အေဆာက္အဦႀကီးက ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္း စီးတီး ၿမိဳ႕ကိုလာၾကတဲ့ ဧည့္သည္ေတြ၊ ေဒသခံေတြကို စတင္ လက္ခံ ေဖ်ာ္ေျဖႏိုင္ၿပီ ျဖစ္ပါတယ္။
Binh Thanh ရပ္ကြက္မွာ ရွိတဲ့ အဲဒီ ၈၁ ထပ္ အေဆာက္အဦႀကီးကို Vingroup လို႔ ေခၚတဲ့ စီးပြားေရးလုပ္ငန္းေတြကို ေပါင္းစည္းထားတဲ့ ပုဂၢလိက အိမ္နဲ႔ ေျမရာလုပ္ငန္း ကုမၸဏီစုေတြက ပိုင္ဆိုင္တာ ျဖစ္ပါတယ္။
အဲဒီ အေဆာက္အဦႀကီးထဲမွာ ျပည္တြင္း ျပည္ပထုတ္ နာမည္ေက်ာ္ အမွတ္တံဆိပ္ ဆိုင္ေတြ၊ ႐ုပ္ရွင္႐ုံေတြ အျပင္ ေရခဲျပင္ စကိတ္စီးႏိုင္တဲ့ ေနရာ အပါအဝင္ တျခား ေဖ်ာ္ေျဖေရးဆိုင္ရာ အပန္းေျဖစရာ ေနရာေတြ၊ ႏိုင္ငံေပါင္း အေတာ္မ်ားမ်ားရဲ႕ အစားအစာေတြ ရႏိုင္တဲ့ ေနရာေတြ ရွိပါတယ္။
အဲဒီ အေဆာက္အဦႀကီး ဖြင့္ပြဲကိုေတာ့ Vingroup ကုမၸဏီရဲ႕ ၂၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ အျဖစ္ စီစဥ္က်င္းပတာျဖစ္ပါတယ္။
ၿပိဳင္ကားေတြ ခင္းက်င္း ျပသမႈ၊ ေဒသခံအႏုပညာရွင္ေတြရဲ႕ ေဖ်ာ္ေျဖမႈ၊ ေရခဲျပင္ စကိတ္ အလွစီးသူေတြရဲ႕ ေဖ်ာ္ေျဖမႈေတြလည္း ပါဝင္ခဲ့ပါတယ္။
အဲဒီ မိုးေမွ်ာ္ အထပ္ျမင့္ တိုက္ႀကီးမွာ ဧည့္သည္ေတြကို ဆြဲေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္း လုပ္ေဆာင္ရာမွာ မဲေဖာက္ေပးတာေတြ၊ အပန္းေျဖခရီးအတြက္ ေဘာက္ခ်ာေတြေတြေပးတာ၊ ေရခဲျပင္ စကိတ္စီးကြင္းထဲကို လာႏိုင္ဖို႔ လက္မွတ္ေတြ အလကားေပးတာေတြ အျပင္ အဝတ္အထည္ေတြကို ေစ်းေလွ်ာ့ေရာင္းတာေတြလည္း ပါဝင္ပါတယ္။
ဒီအေဆာက္အဦႀကီးကို ဖြင့္လိုက္ျခင္းအားျဖင့္ ဆိုင္ဂုံ လို႔ အရင္က ေခၚတဲ့ ဟိုခ်ီမင္း စီးတီး ၿမိဳ႕ကို ျပည္တြင္း ျပည္ပ ခရီးသြားေတြ ပိုမို လည္ပတ္လာၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ၾကတာ ျဖစ္ပါတယ္။
အခုႏွစ္ ပထမ ႏွစ္ဝက္မွာ ျပည္ပ ခရီးသည္ ၃ ဒသမ ၈၃ သန္း ဟိုခ်ီမင္း စီးတီးကို လာလည္ခဲ့ၾကပါတယ္။
ဒါဟာ ၿပီးခဲ့တဲ့ ႏွစ္ကထက္ ၂၆ ဒသမ ၅ ရာခိုင္ႏႈန္း ပိုမ်ားတာ ျဖစ္ပါတယ္။
လာမယ့္ ၂၀၂၅ ခုႏွစ္မွာ ျပည္ပ ဧည့္သည္ ၁၀ ဒသမ ၂ သန္း လာဖို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ ဒီအေရအတြက္ဟာ ၿပီးခဲ့တဲ့ႏွစ္က ကိန္းဂဏန္း ျဖစ္တဲ့ ၅ ဒသမ ၅ သန္းထက္ ႏွစ္ဆ ျဖစ္ပါတယ္။
ဒီအေဆာက္အဦးႀကီးဟာ အေရွ႕ေတာင္အာရွ ေဒသ တစ္ခုလုံးမွာ အျမင့္ဆုံး အထပ္ျမင့္ အေဆာက္အဦးႀကီး ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ရေၾကာင္း ဘီဘီစီ ဗီယက္နမ္ ဌာနက ေျပာပါတယ္။
BBC Burmese
https://www.bbc.com/burmese
Unicode
ဟိုချီမင်းစီးတီးက Landmark 81 မိုးမျှော် အဆောက်အဦးကြီးအထပ်ပေါင်း ၈၁ ထပ်ရှိပြီး ပေ ၁၅ဝဝ ကျော် အမြင့်ရှိတဲ့ Landmark 81 မိုးမျှော် အဆောက်အဦကြီးက ဗီယက်နမ်နိုင်ငံ ဟိုချီမင်း စီးတီး မြို့ကိုလာကြတဲ့ ဧည့်သည်တွေ၊ ဒေသခံတွေကို စတင် လက်ခံ ဖျော်ဖြေနိုင်ပြီ ဖြစ်ပါတယ်။
Binh Thanh ရပ်ကွက်မှာ ရှိတဲ့ အဲဒီ ၈၁ ထပ် အဆောက်အဦကြီးကို Vingroup လို့ ခေါ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပေါင်းစည်းထားတဲ့ ပုဂ္ဂလိက အိမ်နဲ့ မြေရာလုပ်ငန်း ကုမ္ပဏီစုတွေက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
အဲဒီ အဆောက်အဦကြီးထဲမှာ ပြည်တွင်း ပြည်ပထုတ် နာမည်ကျော် အမှတ်တံဆိပ် ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ အပြင် ရေခဲပြင် စကိတ်စီးနိုင်တဲ့ နေရာ အပါအဝင် တခြား ဖျော်ဖြေရေးဆိုင်ရာ အပန်းဖြေစရာ နေရာတွေ၊ နိုင်ငံပေါင်း အတော်များများရဲ့ အစားအစာတွေ ရနိုင်တဲ့ နေရာတွေ ရှိပါတယ်။
အဲဒီ အဆောက်အဦကြီး ဖွင့်ပွဲကိုတော့ Vingroup ကုမ္ပဏီရဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် စီစဉ်ကျင်းပတာဖြစ်ပါတယ်။
ပြိုင်ကားတွေ ခင်းကျင်း ပြသမှု၊ ဒေသခံအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှု၊ ရေခဲပြင် စကိတ် အလှစီးသူတွေရဲ့ ဖျော်ဖြေမှုတွေလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီ မိုးမျှော် အထပ်မြင့် တိုက်ကြီးမှာ ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်ရာမှာ မဲဖောက်ပေးတာတွေ၊ အပန်းဖြေခရီးအတွက် ဘောက်ချာတွေတွေပေးတာ၊ ရေခဲပြင် စကိတ်စီးကွင်းထဲကို လာနိုင်ဖို့ လက်မှတ်တွေ အလကားပေးတာတွေ အပြင် အဝတ်အထည်တွေကို ဈေးလျှော့ရောင်းတာတွေလည်း ပါဝင်ပါတယ်။
ဒီအဆောက်အဦကြီးကို ဖွင့်လိုက်ခြင်းအားဖြင့် ဆိုင်ဂုံ လို့ အရင်က ခေါ်တဲ့ ဟိုချီမင်း စီးတီး မြို့ကို ပြည်တွင်း ပြည်ပ ခရီးသွားတွေ ပိုမို လည်ပတ်လာကြလိမ့်မယ်လို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။
အခုနှစ် ပထမ နှစ်ဝက်မှာ ပြည်ပ ခရီးသည် ၃ ဒသမ ၈၃ သန်း ဟိုချီမင်း စီးတီးကို လာလည်ခဲ့ကြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ နှစ်ကထက် ၂၆ ဒသမ ၅ ရာခိုင်နှုန်း ပိုများတာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြည်ပ ဧည့်သည် ၁၀ ဒသမ ၂ သန်း လာဖို့ မျှော်လင့်ထားကြပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က ကိန်းဂဏန်း ဖြစ်တဲ့ ၅ ဒသမ ၅ သန်းထက် နှစ်ဆ ဖြစ်ပါတယ်။
ဒီအဆောက်အဦးကြီးဟာ အရှေ့တောင်အာရှ ဒေသ တစ်ခုလုံးမှာ အမြင့်ဆုံး အထပ်မြင့် အဆောက်အဦးကြီး ဖြစ်လိမ့်မယ်လို့ ယုံကြည်ရကြောင်း ဘီဘီစီ ဗီယက်နမ် ဌာနက ပြောပါတယ်။
BBC Burmese
httph://www.bbc.com/burmese





