နယူးယောက်ခ်ရဲတပ်ဖွဲ့ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ(၄)ဦးဟာအဖော်အချွတ်အမျိုးသားနဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ ဘုတ်အဖွဲ့က သူမတို့အဖွဲ့ကို ရာထူးတစ်ဆင့်နိမ့်အထိ လျှော့ချအပြစ်ပေးခဲ့ကြောင်း သိရပါတယ်။

ရဲမေတွေဟာ မြို့တော်ဝန် Bill de Blasio ရဲ့ Neighbourhood Policing လှုပ်ရှားမှုမှာ ပါဝင်စဉ် အခုလို ပြစ်မှုကို ကျူးလွန်မိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာထူးလျှော့ချခံရမှုမှာ နှစ်ဦးကိုတော့ ထပ်မံကြားနာစစ်ဆေးကာ ကင်းလွတ်ခွင့်ပေးခဲ့ပြီး ကျန်နှစ်ဦးကိုတော့ အတည်ပြုခဲ့ကြောင်း သိရပါတယ်။
အဆိုပါရဲမေတွေဟာ တာဝန်ထမ်းဆောင်နေစဉ်မှာ၊ ရဲယူနီဖောင်းဖြင့် မဖွယ်မရာဝတ်စားထားသည့်၊ လိင်စိတ်ကို နိုးကြွစေသည့် တစ်စုံတစ်ယောက်နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့မှုနဲ့ ဘုတ်အဖွဲ့ရဲ့ စွဲချက်တင်တာကို ခံခဲ့ရပါတယ်။ အဆိုပါအဖော်အချွတ် အမျိုးသားရဲ့အမည်မှာ နယူးယောက်ခ်ကလပ်တွေကြားမှာ အလွန်နာမည်ကြီးနေတဲ့ Messiah အမည်ရ အမျိုးသား ဖြစ်ပါတယ်။
အဲဒီရဲမေအဖွဲ့ကို 911 call တပ်ဆင်ထားတဲ့ ရဲဌာနပိုင်ကားတွေ အသုံးပြုခွင့်ကိုလည်း ကန့်သတ်ထားပြီး လုပ်ပိုင်ခွင့်ကိုလည်း လျော့ချထားကြောင်း သိရပါတယ်။ အဖော်အချွတ် အမျိုးသား Messiah ဟာ ထိုနေ့က Upper Manhattan မှာတည်ရှိတဲ့ Fort Washington Senior Center မှာကျင်းပတဲ့ Mothers Day party အတွက် ဖျော်ဖြေပေးသူအဖြစ် ငှားရမ်းခံထားရသူလို့ သိရပါတယ်။
ဒါပေမယ့် ရဲမေတွေနဲ့ Messiah ရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်မှာ ပေါက်ကြားသွားခဲ့ပြီး၊ တစ်ချို့က လှည့်ကင်းတာဝန် မထမ်းဆောင်ပဲ အဖော်အချွတ်အမျိုးသားနဲ့ ကဲနေတယ်ဆိုပြီး ဝေဖန်ခဲ့သလို၊ အချို့ကတော့ တာဝန်ချိန်မှာ ဒီလို ယူနီဖောင်းတွေနဲ့ ကဲနေတာ မကောင်းဘူးလို့ ထောက်ပြသူတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် နယူးယောက်ခ်ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ပြီး အပြစ်ပေးအရေးယူမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
source : UNILAD
Credit: နတ်စည်တော် (MyanmarNote)

