Skip to main content

အိမ္ေထာင္သည္အမ်ိုဳးသား(၁၀၀)ေက်ာ္နဲ့ေျခပုန္းခုတ္ခဲ့ဖူးသည့္အမ်ိုးသမီးရဲ့ဖြင့္ဟ၀န္ခံခ်က္

Viral Collection


ၿဗိတိန္ႏုိင္ငံရဲ႕ အရက္စက္ဆုံး အသည္းစားဘုရင္မအျဖစ္ တင္စားခံထားရတဲ့ ေမာ္ဒယ္ေဟာင္းတစ္ေယာက္လည္းျဖစ္တဲ့ Gweneth Lee အမည္ရ အသက္(၄၇)ႏွစ္အရြယ္ အမ်ိဳးသမီးဟာ အိမ္ေထာင္သည္အမ်ိဳးသားေပါင္း (၁၀၀)ေက်ာ္နဲ႔ ေျခပုန္းခုတ္ခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ သူမက ဒီလုိ ေျခ႐ႈပ္ခဲ့ရတာကုိ ဘယ္တုန္းကမွ လိပ္ျပာမသန္႔တဲ့ခံစားမႈမ်ိဳး မခံစားဖူးပါဘူးတဲ့။

Lee ဟာ အဂၤလန္၊ လန္ဒန္-ခ်ယ္လ္ဆီးမွာ ေနထုိင္သူျဖစ္ၿပီး၊ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားရဲ႕ အခ်စ္ေတာ္ဘဝကို ဂုဏ္ယူေနသူပါ။ သူမဟာ ဒီလုိဘဝမွာ ေနထုိင္ျခင္းျဖင့္ မေပ်ာ္ရႊင္တဲ့ အိမ္ ေထာင္သည္ေယာက္်ားေတြရဲ႕ စိတ္ကုိ ျပဳျပင္ေျပာင္းလဲႏုိင္ခဲ့ၿပီး၊ သူတုိ႔ရဲ႕ အိမ္ေထာင္ဘက္ေတြနဲ႔ ကြာရွင္းျခင္းေတြကိုေတာင္ တားဆီးႏုိင္ခဲ့ေၾကာင္း ဆုိပါတယ္။

Lee က ” ကၽြန္မရဲ႕လုပ္ရပ္က သူတုိ႔ အိမ္ေထာင္ေရးေတြကို ပုိၿပီး မဆုိးဝါးသြားေစပါဘူး … သူတုိ႔တစ္ေတြ အတူတူဆက္ရွိေနေစတဲ့ ကူညီမႈေတြေတာင္ ေပးႏုိင္ခဲ့တယ္လုိ႔ ကၽြန္မက ႐ုိး႐ုိးသားသား ယုံၾကည္ပါတယ္ “လို႔ ဆုိပါတယ္။ သူမက အမ်ိဳးသားေတြကုိ သူတုိ႔ဘာကိုဆာေလာင္ေနသလဲဆုိတာ ေကာင္းေကာင္းသိသူျဖစ္ၿပီး၊ ဘာေတြေပးရမယ္ဆုိတာကုိလည္း ေကာင္းေကာင္းသိတယ္လုိ႔ ဆုိပါတယ္။

Lee ဟာ ခင္ပြန္းသည္ Robert ဆုံးပါးသြားၿပီးေနာက္ပုိင္း၊ ေနာက္ထပ္အိမ္ေထာင္မျပဳေတာ့ဘဲ IllicitEncounters.com အမည္ရ အိမ္ေထာင္သည္ေတြ သီးျခား Dating လုပ္တဲ့ဝက္ဘ္ဆုိဒ္မွာ ခုိင္မာတဲ့ဝင္ေငြတစ္ရပ္ဖန္တီးဖုိ႔ မန္ဘာဝင္ခဲ့ပါတယ္။ အဆုိပါဝက္ဘ္ဆုိဒ္ဟာ ယူေကမွာေတာ့ အေအာင္ျမင္ဆုံး ေဖာက္ျပန္ေရးဝက္ဘ္ဆုိဒ္လုိ႔ေတာင္ တင္စားခံရတဲ့ ဆုိဒ္ပါ။

အဲဒီဝက္ဘ္ဆုိဒ္ကေန အိမ္ေထာင္ေရးမွာ ေပ်ာ္ရႊင္မႈနည္းပါးေနတဲ့ ေယာက္်ားေပါင္း (၁၀၀)ေက်ာ္နဲ႔ သူမတုိ႔ ပတ္သက္ခဲ့ၾကၿပီး၊ ဒီကေနတစ္ဆင့္ Lee ကုိ သန္းၾကြယ္မုဆုိးမေလးဘဝကုိ ေရာက္ေစခဲ့ပါတယ္။ သူမနဲ႔ေတြ႕ဆုံခဲ့တဲ့ အမ်ိဳးသားေတြမွာ အလႊာစုံလင္လွၿပီး၊ ရံပုံေငြမန္ေနဂ်ာ၊ ဘ႑ာေရးမွဴး၊ ခြဲစိတ္ဆရာဝန္၊ ဒ႐ိုင္ဘာ စသည္တုိ႔ပါဝင္ပါတယ္။

တစ္ခ်ိဳ႕ကေတာ့ ရက္ပိုင္းသာ သူမနဲ႔ တြဲခုတ္ၾကေပမယ့္၊ တစ္ခ်ိဳ႕ကေတာ့ ႏွစ္နဲ႔ခ်ီ တြဲတာမ်ိဳးလည္း ရွိပါတယ္။ အသက္အရြယ္အားျဖင့္ေတာ့ အလက္တန္းအိမ္ေထာင္သည္ေတြက ပုိမ်ားၿပီး၊ ရံဖန္ရံခါ သက္ႀကီးပိုင္းအိမ္ေထာင္သည္ေတြလည္း ပါဝင္တယ္လုိ႔ ဆုိပါတယ္။ တစ္ခါတေလမွာလည္း တစ္ေန႔တည္း သုံးေလးေယာက္ေလာက္နဲ႔ လက္မလည္ဘူးလုိ႔ေတာင္ Lee က ဖြင့္ဟခဲ့ပါတယ္။

llicitEncounters.com မွ ေျပာေရးဆုိခြင့္ရွိသူ Christian Grant က သူတုိ႔ရဲ႕ဝက္ဘ္ဆုိဒ္ေပၚမွာ Lee ဟာ အထင္ကရအမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး၊ လူခ်စ္လူခင္လည္း ေတာ္ေတာ္မ်ားေၾကာင္း ေထာက္ခံခဲ့ပါတယ္။ ဒါ့အျပင္ သူတုိ႔ရဲ႕ဝက္ဘ္ဆုိဒ္ဟာ ေဖာက္ျပန္ေရးဝက္ဘ္ဆုိဒ္မဟုတ္ဘဲ အိမ္ေထာင္ေရးမေပ်ာ္ေမြ႕သူေတြအတြက္ ထြက္ေပါက္တစ္ခုအျဖစ္ ဖန္တီးထားတဲ့ ေနရာျဖစ္ေၾကာင္း ကာကြယ္ေျပာၾကားခဲ့ပါတယ္။

Credit: Burmeseasia

Unicode

ဗြိတိန်နိုင်ငံရဲ့ အရက်စက်ဆုံး အသည်းစားဘုရင်မအဖြစ် တင်စားခံထားရတဲ့ မော်ဒယ်ဟောင်းတစ်ယောက်လည်းဖြစ်တဲ့ Gweneth Lee အမည်ရ အသက်(၄၇)နှစ်အရွယ် အမျိုးသမီးဟာ အိမ်ထောင်သည်အမျိုးသားပေါင်း (၁၀၀)ကျော်နဲ့ ခြေပုန်းခုတ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူမက ဒီလို ခြေရှုပ်ခဲ့ရတာကို ဘယ်တုန်းကမှ လိပ်ပြာမသန့်တဲ့ခံစားမှုမျိုး မခံစားဖူးပါဘူးတဲ့။

Lee ဟာ အင်္ဂလန်၊ လန်ဒန်-ချယ်လ်ဆီးမှာ နေထိုင်သူဖြစ်ပြီး၊ အမျိုးသားတော်တော်များများရဲ့ အချစ်တော်ဘဝကို ဂုဏ်ယူနေသူပါ။ သူမဟာ ဒီလိုဘဝမှာ နေထိုင်ခြင်းဖြင့် မပျော်ရွှင်တဲ့ အိမ် ထောင်သည်ယောက်ျားတွေရဲ့ စိတ်ကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး၊ သူတို့ရဲ့ အိမ်ထောင်ဘက်တွေနဲ့ ကွာရှင်းခြင်းတွေကိုတောင် တားဆီးနိုင်ခဲ့ကြောင်း ဆိုပါတယ်။

Lee က ” ကျွန်မရဲ့လုပ်ရပ်က သူတို့ အိမ်ထောင်ရေးတွေကို ပိုပြီး မဆိုးဝါးသွားစေပါဘူး … သူတို့တစ်တွေ အတူတူဆက်ရှိနေစေတဲ့ ကူညီမှုတွေတောင် ပေးနိုင်ခဲ့တယ်လို့ ကျွန်မက ရိုးရိုးသားသား ယုံကြည်ပါတယ် “လို့ ဆိုပါတယ်။ သူမက အမျိုးသားတွေကို သူတို့ဘာကိုဆာလောင်နေသလဲဆိုတာ ကောင်းကောင်းသိသူဖြစ်ပြီး၊ ဘာတွေပေးရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိတယ်လို့ ဆိုပါတယ်။

Lee ဟာ ခင်ပွန်းသည် Robert ဆုံးပါးသွားပြီးနောက်ပိုင်း၊ နောက်ထပ်အိမ်ထောင်မပြုတော့ဘဲ IllicitEncounters.com အမည်ရ အိမ်ထောင်သည်တွေ သီးခြား Dating လုပ်တဲ့ဝက်ဘ်ဆိုဒ်မှာ ခိုင်မာတဲ့ဝင်ငွေတစ်ရပ်ဖန်တီးဖို့ မန်ဘာဝင်ခဲ့ပါတယ်။ အဆိုပါဝက်ဘ်ဆိုဒ်ဟာ ယူကေမှာတော့ အအောင်မြင်ဆုံး ဖောက်ပြန်ရေးဝက်ဘ်ဆိုဒ်လို့တောင် တင်စားခံရတဲ့ ဆိုဒ်ပါ။

အဲဒီဝက်ဘ်ဆိုဒ်ကနေ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုနည်းပါးနေတဲ့ ယောက်ျားပေါင်း (၁၀၀)ကျော်နဲ့ သူမတို့ ပတ်သက်ခဲ့ကြပြီး၊ ဒီကနေတစ်ဆင့် Lee ကို သန်းကြွယ်မုဆိုးမလေးဘဝကို ရောက်စေခဲ့ပါတယ်။ သူမနဲ့တွေ့ဆုံခဲ့တဲ့ အမျိုးသားတွေမှာ အလွှာစုံလင်လှပြီး၊ ရံပုံငွေမန်နေဂျာ၊ ဘဏ္႑ာရေးမှူး၊ ခွဲစိတ်ဆရာဝန်၊ ဒရိုင်ဘာ စသည်တို့ပါဝင်ပါတယ်။

တစ်ချို့ကတော့ ရက်ပိုင်းသာ သူမနဲ့ တွဲခုတ်ကြပေမယ့်၊ တစ်ချို့ကတော့ နှစ်နဲ့ချီ တွဲတာမျိုးလည်း ရှိပါတယ်။ အသက်အရွယ်အားဖြင့်တော့ အလက်တန်းအိမ်ထောင်သည်တွေက ပိုများပြီး၊ ရံဖန်ရံခါ သက်ကြီးပိုင်းအိမ်ထောင်သည်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ တစ်ခါတလေမှာလည်း တစ်နေ့တည်း သုံးလေးယောက်လောက်နဲ့ လက်မလည်ဘူးလို့တောင် Lee က ဖွင့်ဟခဲ့ပါတယ်။

llicitEncounters.com မှ ပြောရေးဆိုခွင့်ရှိသူ Christian Grant က သူတို့ရဲ့ဝက်ဘ်ဆိုဒ်ပေါ်မှာ Lee ဟာ အထင်ကရအမျိုးသမီးတစ်ယောက်ဖြစ်ပြီး၊ လူချစ်လူခင်လည်း တော်တော်များကြောင်း ထောက်ခံခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဝက်ဘ်ဆိုဒ်ဟာ ဖောက်ပြန်ရေးဝက်ဘ်ဆိုဒ်မဟုတ်ဘဲ အိမ်ထောင်ရေးမပျော်မွေ့သူတွေအတွက် ထွက်ပေါက်တစ်ခုအဖြစ် ဖန်တီးထားတဲ့ နေရာဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။

Credit: Burmeseasia

Updates

Theme Editor by Seo v6