ေသးေပါက္ခ်ိန္ေတာင္မရလိုက္တဲ့ဂ်ဴတီတစ္ညကေပါ့…
TB ခန္းထဲျဖတ္တဲ့အခ်ိန္ လူနာတစ္ေယာက္ငိုေနတာေတြ႕လို႔”ဟာ ခင္ဗ်ားကလည္းဗ်ာ
ေယာက်္ားႀကီးျဖစ္ၿပီးဘာလို႔ငိုေနရတုန္း”
“ကၽြန္ေတာ္အရမ္းေမာေနလို႔ပါဆရာရယ္ တစ္ခုခုလုပ္ေပးလို႔ရမလား ဆရာတို႔လည္းအရမ္းအလုပ္ရႈပ္ေနတာေတြ႕လို႔ လာမေျပာရဲလို႔ပါ” တဲ့
ကိုယ္ေနာက္လိုက္မိတာေတာင္အားနာသြားတယ္
HIV positive နဲ႔ TB လူနာတစ္ေယာက္
X-ray ၾကည့္ေတာ့ အဆုတ္ႏွစ္ဖက္လံုးကမြလို႔
ညာဘက္အဆုတ္ထဲမွာကေရေတြ…
SPO2 တိုင္းၾကည့္ေတာ့ ၇၀ ေက်ာ္ပဲရွိတယ္ အဲ့ဒါနဲ႔
“ဆရာမေရ ဟိုလူနာကို ေအာက္စီဂ်င္ေပးေပးပါ” ဆိုၿပီး ေဆးတစ္လံုးသြားထိုးေပးလိုက္တယ္
သူ႔ကိုေဆးထိုးေပးၿပီးထိုင္ခံုျပန္ေရာက္ေတာ့ ကိုယ့္ကိုယ္ကိုအျပစ္ရွိသလိုခံစားရတယ္
တကယ္ေတာ့ ေအာက္စီဂ်င္ေပးရံု ေဆးထိုးရံုနဲ႔သူေမာေနတာမသက္သာႏိုင္မွန္းသိတယ္
သူ႔အဆုတ္ထဲကေရကိုေဖာက္ထုတ္ေပးလိုက္မွ ဒီညသူေကာင္းေကာင္းအိပ္လို႔ရသြားမယ္
အဲ့လိုလုပ္တာကလည္းဘာမွမခက္တဲ့ကိစၥ အလြန္ဆံုးၾကာလွ ၁၅ မိနစ္ မိနစ္ ၂၀ ေပါ့
ဒါေပမယ့္…
ကိုယ္လည္းေသမွာေၾကာက္တယ္
လူနာက TB တင္မကဘူး HIV ကရွိေသးတယ္ သူ႔ကိုထားတဲ့တစ္ခန္းလံုးကလည္း TB ေတြခ်ည္းပဲ MDR ၂ ေယာက္ကအဆစ္ပါေသးတယ္
အခန္းကေလဝင္ေလထြက္လည္းေကာင္းဆိုေတာ့ရွယ္ေပါ့
Toilet သြားဖို႔အဲ့ဒီအခန္းကျဖတ္ရင္ေတာင္
အသက္ေအာင့္ၿပီးသြားရတာ
ဒီလိုမ်ိဳး procedure လုပ္ရင္အခ်ိန္ေပးရမယ္
မေတာ္လို႔ငါ့ပါကူးသြားရင္…
အဲ့ဒါနဲ႔ ဘာလုပ္ရမွန္းမသိ ထိုင္လိုက္ ထလိုက္ ေရေသာက္လိုက္
ခဏေနေတာ့ အိမ္သာသြားသလိုလိုနဲ႔ သူ႔ကိုထပ္ၾကည့္လိုက္တယ္
ဟစိဟစိနဲ႔မ်က္ရည္ေတြက်လို႔
ကိုယ္လည္းဘယ္လိုမွဆက္မေနႏိုင္ေတာ့ဘူး
ကဲကြာ… ကူးခါမွကူးေရာ ဒီေရာဂါနဲ႔ေသဖို႔ကံပါလာရင္ေတာ့ေသရံုေပါ့
“ခင္ဗ်ားအဆုတ္ထဲမွာေရေတြရွိတယ္ အဲ့ဒီေရေတြကၽြန္ေတာ္ေဖာက္ထုတ္ေပးမယ္ဗ်ာ ခင္ဗ်ားေမာေနတာသက္သာသြားမယ္ဟုတ္ၿပီလား”
လိုတဲ့ပစၥည္းေတြျပင္ဆင္ၿပီး house ညီေလးကိုပါေခၚလိုက္တယ္ သူကမလုပ္ဖူးဘူးဆိုလို႔သူ႔လည္းသင္ေပးမယ္ေပါ့
(တကယ္ေတာ့ေနာက္ပိုင္းအစအဆံုးနီးပါးသူပဲလုပ္သြားတာပါ ကိုယ္ကေဘးကေျပာေပးရံုပဲ)
ၾကားမွာေစာင္မီးက ၂ ခါေလာက္လာလိုက္ေသးတယ္
ထုတ္လိုက္ေတာ့ေရက 800 ေက်ာ္ေက်ာ္ေလာက္ရတယ္
ခ်က္ခ်င္းေတာ့မသက္သာေသးဘူး
ည ၁၂ နာရီေလာက္ထပ္သြားၾကည့္ေတာ့ ေမာင္မင္းႀကီးသားက တေခါေခါနဲ႔ စပါယ္ရွယ္ကိုယူေနတာ
ကိုယ္ေတြက pressure 80 ကတက္မလာတဲ့လူနာအတြက္ တိုင္ပတ္လို႔ေကာင္းတုန္း
မနက္ပိုင္းမျပန္ခင္သြားၾကည့္ေတာ့ သူက breakfast ေတာင္ေအးေဆးဆြဲေနၿပီ
“ဟိတ္လူ ဘယ္လိုလဲ မငိုေတာ့ဘူးလား” ဆိုေတာ့
“ေမာတာသက္သာသြားၿပီဆရာ ညကဘယ္လိုအိပ္ေပ်ာ္သြားမွန္းေတာင္မသိလိုက္ဘူး ေက်းဇူးတင္ပါတယ္ဆရာရယ္” တဲ့ လက္အုပ္ေလးခ်ီလို႔…
ဘာမွႀကီးက်ယ္ခမ္းနားတဲ့ကိစၥမဟုတ္ေပမယ့္ အဲ့ဒီအခ်ိန္ခံစားရတဲ့ feeling က ေတာ္ေတာ္မိုက္တယ္
အဆဲအဆိုခံရတာေတြ ပင္ပန္းတာေတြ လစာမေလာက္တာေတြေမ့ၿပီးဒီဘဝကိုေပ်ာ္သြားျပန္ေရာ
၂ ႏွစ္ေလာက္ေနလို႔မွထူးျခားမလာရင္ အလုပ္ထြက္ဖို႔စဥ္းစားထားေပမယ့္လည္း ဒီလိုဒုကၡေရာက္ေနတဲ့လူေတြအတြက္ တစ္ခုခုလုပ္ေပးႏိုင္ဖို႔ ငါရွိေနသင့္တယ္ထင္တယ္လို႔အေတြးကေပၚျပန္ေရာ
ၾကယ္ငါးေလးေတြကိုပင္လယ္ထဲျပန္ပစ္ခ်တဲ့ပံုျပင္လိုေပါ့
ဒီတိုင္းျပည္မွာကမ္းေပၚတင္ေနတဲ့ၾကယ္ငါးေတြမွအမ်ားႀကီး…
စစ္ျဖစ္ေနတဲ့ေနရာေတြမွာရွိတယ္ ေရျမဳပ္သြားတဲ့ၿမိဳ႕ေတြမွာရွိတယ္ မိဘမဲ့ေဂဟာေတြမွာရွိတယ္ ဘိုးဘြားရိပ္သာေတြမွာရွိတယ္
အကုန္လံုးကိုေတာ့ ကိုယ္တစ္ေယာက္တည္း ဘယ္လိုက္ေကာက္ႏိုင္မလဲ ဒါေပမယ့္ ကိုယ္လိုပဲလိုက္ေကာက္ၿပီးေရထဲျပန္လႊတ္တဲ့လူေတြမ်ားလာရင္ေတာ့ တစ္ခုခုေျပာင္းလဲတန္ေကာင္းပါတယ္
ေစာင္ဆရာဝန္အားလံုး… ဒါပဲ ဆိုတဲ့လူေတြ ႏိုင္ငံျခားမွအထင္ႀကီးတတ္တဲ့လက္တစ္ဆုပ္စာလူေတြကို ဥေပကၡာျပဳထားႏိုင္ရင္ေတာ့ အရာရာဟာေက်နပ္စရာခ်ည္းပါ
Credit: Sayar Kham Zin
Unicode

သေးပေါက်ချိန်တောင်မရလိုက်တဲ့ဂျူတီတစ်ညကပေါ့…
TB ခန်းထဲဖြတ်တဲ့အချိန် လူနာတစ်ယောက်ငိုနေတာတွေ့လို့”ဟာ ခင်ဗျားကလည်းဗျာ
ယောကျ်ားကြီးဖြစ်ပြီးဘာလို့ငိုနေရတုန်း”
“ကျွန်တော်အရမ်းမောနေလို့ပါဆရာရယ် တစ်ခုခုလုပ်ပေးလို့ရမလား ဆရာတို့လည်းအရမ်းအလုပ်ရှုပ်နေတာတွေ့လို့ လာမပြောရဲလို့ပါ” တဲ့
ကိုယ်နောက်လိုက်မိတာတောင်အားနာသွားတယ်
HIV positive နဲ့ TB လူနာတစ်ယောက်
X-ray ကြည့်တော့ အဆုတ်နှစ်ဖက်လုံးကမွလို့
ညာဘက်အဆုတ်ထဲမှာကရေတွေ…
SPO2 တိုင်းကြည့်တော့ ၇၀ ကျော်ပဲရှိတယ် အဲ့ဒါနဲ့
“ဆရာမရေ ဟိုလူနာကို အောက်စီဂျင်ပေးပေးပါ” ဆိုပြီး ဆေးတစ်လုံးသွားထိုးပေးလိုက်တယ်
သူ့ကိုဆေးထိုးပေးပြီးထိုင်ခုံပြန်ရောက်တော့ ကိုယ့်ကိုယ်ကိုအပြစ်ရှိသလိုခံစားရတယ်
တကယ်တော့ အောက်စီဂျင်ပေးရုံ ဆေးထိုးရုံနဲ့သူမောနေတာမသက်သာနိုင်မှန်းသိတယ်
သူ့အဆုတ်ထဲကရေကိုဖောက်ထုတ်ပေးလိုက်မှ ဒီညသူကောင်းကောင်းအိပ်လို့ရသွားမယ်
အဲ့လိုလုပ်တာကလည်းဘာမှမခက်တဲ့ကိစ္စ အလွန်ဆုံးကြာလှ ၁၅ မိနစ် မိနစ် ၂၀ ပေါ့
ဒါပေမယ့်…
ကိုယ်လည်းသေမှာကြောက်တယ်
လူနာက TB တင်မကဘူး HIV ကရှိသေးတယ် သူ့ကိုထားတဲ့တစ်ခန်းလုံးကလည်း TB တွေချည်းပဲ MDR ၂ ယောက်ကအဆစ်ပါသေးတယ်
အခန်းကလေဝင်လေထွက်လည်းကောင်းဆိုတော့ရှယ်ပေါ့
Toilet သွားဖို့အဲ့ဒီအခန်းကဖြတ်ရင်တောင်
အသက်အောင့်ပြီးသွားရတာ
ဒီလိုမျိုး procedure လုပ်ရင်အချိန်ပေးရမယ်
မတော်လို့ငါ့ပါကူးသွားရင်…
အဲ့ဒါနဲ့ ဘာလုပ်ရမှန်းမသိ ထိုင်လိုက် ထလိုက် ရေသောက်လိုက်
ခဏနေတော့ အိမ်သာသွားသလိုလိုနဲ့ သူ့ကိုထပ်ကြည့်လိုက်တယ်
ဟစိဟစိနဲ့မျက်ရည်တွေကျလို့
ကိုယ်လည်းဘယ်လိုမှဆက်မနေနိုင်တော့ဘူး
ကဲကွာ… ကူးခါမှကူးရော ဒီရောဂါနဲ့သေဖို့ကံပါလာရင်တော့သေရုံပေါ့
“ခင်ဗျားအဆုတ်ထဲမှာရေတွေရှိတယ် အဲ့ဒီရေတွေကျွန်တော်ဖောက်ထုတ်ပေးမယ်ဗျာ ခင်ဗျားမောနေတာသက်သာသွားမယ်ဟုတ်ပြီလား”
လိုတဲ့ပစ္စည်းတွေပြင်ဆင်ပြီး house ညီလေးကိုပါခေါ်လိုက်တယ် သူကမလုပ်ဖူးဘူးဆိုလို့သူ့လည်းသင်ပေးမယ်ပေါ့
(တကယ်တော့နောက်ပိုင်းအစအဆုံးနီးပါးသူပဲလုပ်သွားတာပါ ကိုယ်ကဘေးကပြောပေးရုံပဲ)
ကြားမှာစောင်မီးက ၂ ခါလောက်လာလိုက်သေးတယ်
ထုတ်လိုက်တော့ရေက 800 ကျော်ကျော်လောက်ရတယ်
ချက်ချင်းတော့မသက်သာသေးဘူး
ည ၁၂ နာရီလောက်ထပ်သွားကြည့်တော့ မောင်မင်းကြီးသားက တခေါခေါနဲ့ စပါယ်ရှယ်ကိုယူနေတာ
ကိုယ်တွေက pressure 80 ကတက်မလာတဲ့လူနာအတွက် တိုင်ပတ်လို့ကောင်းတုန်း
မနက်ပိုင်းမပြန်ခင်သွားကြည့်တော့ သူက breakfast တောင်အေးဆေးဆွဲနေပြီ
“ဟိတ်လူ ဘယ်လိုလဲ မငိုတော့ဘူးလား” ဆိုတော့
“မောတာသက်သာသွားပြီဆရာ ညကဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိလိုက်ဘူး ကျေးဇူးတင်ပါတယ်ဆရာရယ်” တဲ့ လက်အုပ်လေးချီလို့…
ဘာမှကြီးကျယ်ခမ်းနားတဲ့ကိစ္စမဟုတ်ပေမယ့် အဲ့ဒီအချိန်ခံစားရတဲ့ feeling က တော်တော်မိုက်တယ်
အဆဲအဆိုခံရတာတွေ ပင်ပန်းတာတွေ လစာမလောက်တာတွေမေ့ပြီးဒီဘဝကိုပျော်သွားပြန်ရော
၂ နှစ်လောက်နေလို့မှထူးခြားမလာရင် အလုပ်ထွက်ဖို့စဉ်းစားထားပေမယ့်လည်း ဒီလိုဒုက္ခရောက်နေတဲ့လူတွေအတွက် တစ်ခုခုလုပ်ပေးနိုင်ဖို့ ငါရှိနေသင့်တယ်ထင်တယ်လို့အတွေးကပေါ်ပြန်ရော
ကြယ်ငါးလေးတွေကိုပင်လယ်ထဲပြန်ပစ်ချတဲ့ပုံပြင်လိုပေါ့
ဒီတိုင်းပြည်မှာကမ်းပေါ်တင်နေတဲ့ကြယ်ငါးတွေမှအများကြီး…
စစ်ဖြစ်နေတဲ့နေရာတွေမှာရှိတယ် ရေမြုပ်သွားတဲ့မြို့တွေမှာရှိတယ် မိဘမဲ့ဂေဟာတွေမှာရှိတယ် ဘိုးဘွားရိပ်သာတွေမှာရှိတယ်
အကုန်လုံးကိုတော့ ကိုယ်တစ်ယောက်တည်း ဘယ်လိုက်ကောက်နိုင်မလဲ ဒါပေမယ့် ကိုယ်လိုပဲလိုက်ကောက်ပြီးရေထဲပြန်လွှတ်တဲ့လူတွေများလာရင်တော့ တစ်ခုခုပြောင်းလဲတန်ကောင်းပါတယ်
စောင်ဆရာဝန်အားလုံး… ဒါပဲ ဆိုတဲ့လူတွေ နိုင်ငံခြားမှအထင်ကြီးတတ်တဲ့လက်တစ်ဆုပ်စာလူတွေကို ဥပေက္ခာပြုထားနိုင်ရင်တော့ အရာရာဟာကျေနပ်စရာချည်းပါ