Skip to main content

မယ်ဆိုင်ဂူကယ်ဆယ်ရေး ရေငုပ်သမားတစ်ဦး သေဆုံး


Update: 9:30PM ၊ 6/7/2018

မယ်ဆိုင်ဂူတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ရေငုပ်သမားတစ်ဦးဖြစ်သည့် ယခင်ရေတပ်မှ တပ်ကြပ်ဟောင်းတစ်ဦး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ဇူလိုင်လ(၆)ရက်နေ့ နံနက် (၂)နာရီဝန်းကျင်မှာ သေဆုံးသွားတယ်လို့ ရေတပ်က ဇူလိုင်လ(၆)ရက်နေ့ မနက်ပိုင်းသတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်လိုက်ပါတယ်။

သူဟာ ဂူအတွင်းကပြန်ထွက်အလာမှာ လဲကျသွားပြီး သေဆုံးသွားတာလို့ သိရပါတယ်။

အလောင်းကို နေရပ်ကို ပြန်သယ်သွားနေပြီး ဈာပနကို ထိုင်းဘုရင်ကိုယ်တိုင် တက်ရောက်ဖွယ်ရှိတယ်လို့ သိရပြီး ကယ်ဆယ်ရှာဖွေရေးတွေကိုလည်း ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

Photo:ThainavySEAL

#မေသတင်းရပ်ကွက်လေး

Updates

Theme Editor by Seo v6