Skip to main content

စိတ္ထဲမွာ အလိုလိုသိေနတဲ့ ဆဌမအာရံုဆိုတာဘယ္လိုမ်ိဳးလဲ

Viral Collection


လူေတြေျပာေလ့႐ွိတဲ့ အၾကားအျမင္ရတယ္ဆိုတဲ့ စကားကိုအားလံုးၾကားဖူးၿပီးသားျဖစ္မွာပါ။ တကယ္ေတာ့ အဲဒါက အၾကားအျမင္ရတာမဟုတ္ဘဲ တကယ္လီပသီလို႔ေခၚတဲ့ စိတ္မေနာရဲ႕စြမ္းအင္တစ္မ်ိဳးျဖစ္ၿပီး တစ္စံုတစ္ခု ဒါမွမဟုတ္ တစ္စံုတစ္ေယာက္နဲ႔ပတ္သက္ၿပီးစိတ္ကအလိုလိုသိေနတတ္တဲ့ ဆဌမအာ႐ံုပဲျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီဆဌမအာ႐ံုနဲ႔ပတ္သက္တဲ့ ထူးဆန္းတဲ့အာ႐ံုခံစားမႈေတြအေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

လူခႏၶာကိုယ္အနံ႔ကိုခြဲျခားသိႏိုင္တယ္

ကၽြန္ေတာ္တို႔ရဲ႕ ဆဌမအာ႐ံုဟာ အႏၱရာယ္႐ွိတဲ့လူ ဒါမွမဟုတ္ မေကာင္းတာတစ္ခုခုျဖစ္ေတာ့မယ္ဆိုရင္ စိတ္ထဲမွာ ထင့္ေနတာမ်ိဳး၊ မၾကည္လင္တာမ်ိဳးနဲ႔ခံစားမိတတ္ၾကပါတယ္။ ဒါ့အျပင္ လူတိုင္းမွာလက္ေဗြရာတစ္ေယာက္နဲ႔တစ္ေယာက္မတူသလိုမ်ိဳး ထူးဆန္းစြာပဲ ခႏၶာကိုယ္ကထြက္တဲ့အနံ႔ေတြကလည္းမတူၾကပါဘူး။ ဆဌမအာ႐ံုဆိုတာ အဲဒီလိုလူေတြရဲ႕အနံ႔ကိုေတာင္ခံစားႏိုင္တာမ်ိဳးပါ။ သိသာတဲ့အေမႊးအႀကိဳင္အနံ႔ ေခၽြးနံ႔၊ ေရေမႊးနံ႔လိုမ်ိဳးမဟုတ္ဘဲ ခႏၶာကိုယ္ကေန လံုးဝသတိမထားမိႏိုင္ေလာက္တဲ့အနံ႔မ်ိဳးကိုေတာင္ ခံစားသိႏိုင္ပါတယ္။

မျဖစ္ႏိုင္တဲ့အေရာင္ေတြကိုျမင္ႏိုင္တယ္

ဆဌမအာ႐ံုရဲ႕ ေနာက္ထပ္ထူးျခားခ်က္ကေတာ့ အေရာင္ေတြကို ခြဲျခားသိႏိုင္တာပါ။ ဒီလိုအာ႐ံုမ်ိဳးက ရာဇဝတ္မႈေတြကိုေဖာ္ထုတ္တဲ့ေနရာမွာ အေတာ္ေလးအေရးပါပါတယ္။ တစ္ခါမွမျမင္ဖူးတဲ့အေရာင္ကို တစ္ႀကိမ္တစ္ခါ ဖ်က္ခနဲျမင္လိုက္တာနဲ႔ မွတ္မိေနတာမ်ိဳးပါ။ အရင္တုန္းက ခရမ္းေရာင္၊ အဝါေရာင္၊ အျပာေရာင္စသျဖင့္ တိက်တဲ့အေရာင္ေတြေလာက္ပဲ႐ွိခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာ အေရာင္ေတြကို ေရာစပ္ၿပီး နာမည္တပ္ရခက္တဲ့အေရာင္အမ်ိဳးအစားေပါင္းမ်ားစြာေပၚထြက္လာတာကိုသိၾကမွာပါ။ ဆဌမအာ႐ံုခံႏိုင္စြမ္းျမင့္မားၾကတဲ့လူေတြရဲ႕ မ်က္လံုးဟာ သာမန္လူေတြလို သံုးဖက္ျမင္မဟုတ္ဘဲ ေလးဖက္ျမင္ျဖစ္တဲ့အတြက္ အဲဒီလို ခြဲျခားရခက္တဲ့အေရာင္ေတြကိုလည္းမွတ္မိႏိုင္စြမ္း႐ွိၾကပါတယ္။

ေျမြနဲ႔ ေဂးကို အလိုလိုခံစားသိႏိုင္တယ္

အမ်ိဳးသမီးေတြတစ္လတစ္ခါႀကံဳရတဲ့ ဓမၼတာလာခ်ိန္ (menstruation cycle) အတြင္းကာလေတြမွာ စိတ္ခံစားမႈက အတက္အက်႐ွိေနၿပီး သာမန္အခ်ိန္ထက္အာ႐ံုခံစားမႈကပိုၿပီးျပင္းထန္ေလ့႐ွိပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ အမ်ိဳးသမီးေတြဟာ ေျမြနဲ႔ ေဂးကိုခံစားသိႏိုင္ၾကတယ္လို႔ သိပၸံပညာ႐ွင္ေတြကဆိုပါတယ္။ ဆိုလိုတာက တစ္ေနရာရာမွာ ေျမြ႐ွိေနႏိုင္တယ္ဆိုတာမ်ိဳးကို သာမန္အခ်ိန္ေတြထက္ ဒီလိုအခ်ိန္မွာ စိတ္ကအလိုလိုသိေနၾကတာပဲျဖစ္ပါတယ္။ အဲဒီလိုပဲ သာမန္အခ်ိန္ေတြမွာ ဒီအမ်ိဳးသားတစ္ေယာက္က ေယာက္်ားလား၊ ေဂးလားဆိုတာကို ခြဲျခားဖို႔ခက္ေပမယ့္ ဒီလို ဓမၼတာလာေနတဲ့အခ်ိန္မွာေတာ့ အမ်ိဳးသားတစ္ေယာက္ကို ျဖတ္ခနဲ ျမင္လိုက္တာနဲ႔သူက ေဂးလား ေယာက္်ားလားဆိုတာကို အလိုလိုသိႏိုင္တယ္လို႔ဆိုပါတယ္။

အျမင္အာ႐ံုခ်ိဳ႕ယြင္းေနရင္ေတာင္သိႏိုင္တယ္

သုေတသနေလ့လာေတြ႕႐ွိခ်က္တစ္ခုအရ အျမင္အာ႐ံုခ်ိဳ႕ယြင္းေနတဲ့သူ၊ မ်က္မျမင္ေတြရဲ႕ေ႐ွ႕မွာ ဝမ္းနည္းေနတဲ့လူဓာတ္ပံုနဲ႔ ေပ်ာ္ေနတဲ့လူဓာတ္ပံုကို ယွဥ္ခ်ထားၿပီးေ႐ြးခ်ယ္ခိုင္းတဲ့အခါ အမ်ားစုက ဘယ္တစ္ပံုက ေပ်ာ္တယ္၊ ဘယ္တစ္ပံုက ဝမ္းနည္းတယ္ဆိုတာကို ေ႐ြးခ်ယ္ျပႏိုင္တယ္လို႔ဆိုပါတယ္။ သူတို႔တစ္ခါမွမျမင္ဖူး၊ မေတြ႕ဖူးေပမယ့္ သူတို႔ရဲ႕ဦးေႏွာက္က အလိုလိုသိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္တခ်ိဳ႕ မ်က္မျမင္ေတြ ေဘာလံုးပြဲတို႔ ႐ုပ္ျမင္သံၾကားတို႔ကိုေကာင္းေကာင္းၾကည့္ႏိုင္ၾကတာပဲျဖစ္ပါတယ္။ ဆဌမအာ႐ံုခံႏိုင္စြမ္းျမင့္တဲ့သူေတြဟာ မ်က္လံုးမွိတ္ထားရင္ေတာင္မ်က္လံုးနဲ႔ ဦးေႏွာက္က အၿမဲတမ္းအလုပ္လုပ္ေနတဲ့အတြက္ အရာဝတၳဳေတြကိုခံစားသိျမင္ႏိုင္ပါေသးတယ္။

Credit: ျမန္မာ့ပလပ္ေဖာင္း

Unicode

လူတွေပြောလေ့ရှိတဲ့ အကြားအမြင်ရတယ်ဆိုတဲ့ စကားကိုအားလုံးကြားဖူးပြီးသားဖြစ်မှာပါ။ တကယ်တော့ အဲဒါက အကြားအမြင်ရတာမဟုတ်ဘဲ တကယ်လီပသီလို့ခေါ်တဲ့ စိတ်မနောရဲ့စွမ်းအင်တစ်မျိုးဖြစ်ပြီး တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီးစိတ်ကအလိုလိုသိနေတတ်တဲ့ ဆဌမအာရုံပဲဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဆဌမအာရုံနဲ့ပတ်သက်တဲ့ ထူးဆန်းတဲ့အာရုံခံစားမှုတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

လူခန္ဓာကိုယ်အနံ့ကိုခွဲခြားသိနိုင်တယ်

ကျွန်တော်တို့ရဲ့ ဆဌမအာရုံဟာ အန္တရာယ်ရှိတဲ့လူ ဒါမှမဟုတ် မကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုရင် စိတ်ထဲမှာ ထင့်နေတာမျိုး၊ မကြည်လင်တာမျိုးနဲ့ခံစားမိတတ်ကြပါတယ်။ ဒါ့အပြင် လူတိုင်းမှာလက်ဗွေရာတစ်ယောက်နဲ့တစ်ယောက်မတူသလိုမျိုး ထူးဆန်းစွာပဲ ခန္ဓာကိုယ်ကထွက်တဲ့အနံ့တွေကလည်းမတူကြပါဘူး။ ဆဌမအာရုံဆိုတာ အဲဒီလိုလူတွေရဲ့အနံ့ကိုတောင်ခံစားနိုင်တာမျိုးပါ။ သိသာတဲ့အမွှေးအကြိုင်အနံ့ ချေွးနံ့၊ ရေမွှေးနံ့လိုမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ကနေ လုံးဝသတိမထားမိနိုင်လောက်တဲ့အနံ့မျိုးကိုတောင် ခံစားသိနိုင်ပါတယ်။

မဖြစ်နိုင်တဲ့အရောင်တွေကိုမြင်နိုင်တယ်

ဆဌမအာရုံရဲ့ နောက်ထပ်ထူးခြားချက်ကတော့ အရောင်တွေကို ခွဲခြားသိနိုင်တာပါ။ ဒီလိုအာရုံမျိုးက ရာဇဝတ်မှုတွေကိုဖော်ထုတ်တဲ့နေရာမှာ အတော်လေးအရေးပါပါတယ်။ တစ်ခါမှမမြင်ဖူးတဲ့အရောင်ကို တစ်ကြိမ်တစ်ခါ ဖျက်ခနဲမြင်လိုက်တာနဲ့ မှတ်မိနေတာမျိုးပါ။ အရင်တုန်းက ခရမ်းရောင်၊ အဝါရောင်၊ အပြာရောင်စသဖြင့် တိကျတဲ့အရောင်တွေလောက်ပဲရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အရောင်တွေကို ရောစပ်ပြီး နာမည်တပ်ရခက်တဲ့အရောင်အမျိုးအစားပေါင်းများစွာပေါ်ထွက်လာတာကိုသိကြမှာပါ။ ဆဌမအာရုံခံနိုင်စွမ်းမြင့်မားကြတဲ့လူတွေရဲ့ မျက်လုံးဟာ သာမန်လူတွေလို သုံးဖက်မြင်မဟုတ်ဘဲ လေးဖက်မြင်ဖြစ်တဲ့အတွက် အဲဒီလို ခွဲခြားရခက်တဲ့အရောင်တွေကိုလည်းမှတ်မိနိုင်စွမ်းရှိကြပါတယ်။

မြွေနဲ့ ဂေးကို အလိုလိုခံစားသိနိုင်တယ်

အမျိုးသမီးတွေတစ်လတစ်ခါကြုံရတဲ့ ဓမ္မတာလာချိန် (menstruation cycle) အတွင်းကာလတွေမှာ စိတ်ခံစားမှုက အတက်အကျရှိနေပြီး သာမန်အချိန်ထက်အာရုံခံစားမှုကပိုပြီးပြင်းထန်လေ့ရှိပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အမျိုးသမီးတွေဟာ မြွေနဲ့ ဂေးကိုခံစားသိနိုင်ကြတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ ဆိုလိုတာက တစ်နေရာရာမှာ မြွေရှိနေနိုင်တယ်ဆိုတာမျိုးကို သာမန်အချိန်တွေထက် ဒီလိုအချိန်မှာ စိတ်ကအလိုလိုသိနေကြတာပဲဖြစ်ပါတယ်။ အဲဒီလိုပဲ သာမန်အချိန်တွေမှာ ဒီအမျိုးသားတစ်ယောက်က ယောက်ျားလား၊ ဂေးလားဆိုတာကို ခွဲခြားဖို့ခက်ပေမယ့် ဒီလို ဓမ္မတာလာနေတဲ့အချိန်မှာတော့ အမျိုးသားတစ်ယောက်ကို ဖြတ်ခနဲ မြင်လိုက်တာနဲ့သူက ဂေးလား ယောက်ျားလားဆိုတာကို အလိုလိုသိနိုင်တယ်လို့ဆိုပါတယ်။

အမြင်အာရုံချို့ယွင်းနေရင်တောင်သိနိုင်တယ်

သုတေသနလေ့လာတွေ့ရှိချက်တစ်ခုအရ အမြင်အာရုံချို့ယွင်းနေတဲ့သူ၊ မျက်မမြင်တွေရဲ့ရှေ့မှာ ဝမ်းနည်းနေတဲ့လူဓာတ်ပုံနဲ့ ပျော်နေတဲ့လူဓာတ်ပုံကို ယှဉ်ချထားပြီးရွေးချယ်ခိုင်းတဲ့အခါ အများစုက ဘယ်တစ်ပုံက ပျော်တယ်၊ ဘယ်တစ်ပုံက ဝမ်းနည်းတယ်ဆိုတာကို ရွေးချယ်ပြနိုင်တယ်လို့ဆိုပါတယ်။ သူတို့တစ်ခါမှမမြင်ဖူး၊ မတွေ့ဖူးပေမယ့် သူတို့ရဲ့ဦးနှောက်က အလိုလိုသိနေတာဖြစ်ပါတယ်။ ဒါကြောင့်တချို့ မျက်မမြင်တွေ ဘောလုံးပွဲတို့ ရုပ်မြင်သံကြားတို့ကိုကောင်းကောင်းကြည့်နိုင်ကြတာပဲဖြစ်ပါတယ်။ ဆဌမအာရုံခံနိုင်စွမ်းမြင့်တဲ့သူတွေဟာ မျက်လုံးမှိတ်ထားရင်တောင်မျက်လုံးနဲ့ ဦးနှောက်က အမြဲတမ်းအလုပ်လုပ်နေတဲ့အတွက် အရာဝတၳုတွေကိုခံစားသိမြင်နိုင်ပါသေးတယ်။

Credit: မြန်မာ့ပလပ်ဖောင်း

Updates

Theme Editor by Seo v6