Skip to main content

ချမ်းမြေ့မောင်ချိုကိုပြတ်ပြတ်သားသားအားပေးတယ်လို့ပြောလိုက်တဲ့အဆိုတော် ဟဲလေး

Viral Collection


နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဟဲလေးကတော့ ချမ်းမြေ့မောင်ချိုကို ပြတ်ပြတ်သားသား အားပေးတဲ့အကြောင်းပြောလိုက်ပါတယ်။

သူမရဲ့Voting နံပါတ် ဓာတ်ပုံဖရိန်းလေးပြောင်းရင်းနဲ့ “ပြတ်ပြတ်သားသားပဲ” ဆိုပြီး ကောမန့်မှာ ရေးထားတာ တွေ့ရပါတယ်။ အဲ့ဒိပို့စ်မှာ သူမရဲ့ မိခင်ဖြစ်သူလည်း ဝင်ရောက်မှတ်ချက်ပေးထားတာတွေ့ရပါတယ်။

ချမ်းမြေ့မောင်ချိုက ပြိုင်ပွဲဝင်တွေအကြား ထင်ရှားသူတစ်ဦးဖြစ်နေပြီး တခြားပြိုင်ပွဲဝင်တွေထက် ပရိတ်သတ်ကို အပေးအယူရှိရှိ သီဆိုတတ်ကာ အဆိုတော် တော်တော်များများက အားပေးနေကြပါတယ်။

ဒါပေမယ့်လည်း သူမက Butoon Three နှစ်ကြိမ်ထိုင်ထားခဲ့ရပြီးမှ အဆင့်တက်လာရတာကြောင့် လာမယ့်အပတ်တွေကလည်း စောင့်ကြည့်ရမယ့်အခြေအနေမှာ ရှိနေပါတယ်။

Credit: MMFeed

Updates

Theme Editor by Seo v6