Skip to main content

က်မကျပည့္တန္ဆာ

Viral Collection

''ဖာ''

မဆန်းပါဘူးရှင်

ဘယ်လိုနေချင်တာလဲ
အတည့်လား အစောင်းလား
ကျမအတွက်တော့
အလုပ်သဘောကလွဲရင်


သူတို့တင်လား
အေးအေးဆေးဆေးပေါ့

မြင်သမျှယောက်ျားကိုယ့်လင်အမှတ်နဲ့
ကြာကြည့်လေးရှိုး

ဒီလိုအလုပ်ကို

ယာယီငှားစားတာ

လမ်းဘေးကကျမ
ဘတ်ဂျက်တွေဘုံးနေလား
ကျောက်စိမ်း ရေနံ ရွှေ

ဖာခံနေတာမဟုတ်ဘူး
စပ အငှာချနေတာ

ကွန်ဒုံးစွပ်လိုက် တာနဲ့ရပါတယ်တာနဲ့ရပါတယ်

Unicode
''ဖာ''

ဖောက်သည်မျှော်ရတဲ့ဘဝမှာ
စပွန်ဆာတွေအလိုကျအသုံးတော်ခံရတာ
မဆန်းပါဘူးရှင်

သူတို့ဘာလုပ်ချင်တာလဲ
ဘယ်လိုနေချင်တာလဲ
အတည့်လား အစောင်းလား
အမြှောက်လား အခုံးလားလိုရာသာသုံး
ကျမအတွက်တော့
အလုပ်သဘောကလွဲရင်
ကျေနပ်တယ်ဆိုတာရီစရာပေါ့

လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့အဖိုးအခအတွက်
အဖေအရွယ်အဖိုးအရွယ် တဏှာကျူးတဲ့ရမက်ရှုးတွေကို
ကိုကြီး ကိုကို မောင် လို့ခေါ်
တစ်ခဏတော့လင်တော်လိုက်ရတာပဲ

သူတို့တင်လား
အလုပ်စိတ်ချလက်ချလုပ်ဖို့
ရဲကိုတော့ကျမတို့ကစပွန်ဆာပြန်ပေး
အေးအေးဆေးဆေးပေါ့

ညဘက်ဖောက်သည်ရှာတဲ့ခါ
ကိုယ့်ကိုဘယ်သူအလုပ်အပ်မလဲ
မြင်သမျှယောကျ်ားကိုယ့်လင်အမှတ်နဲ့
ကြာကြည့်လေးရှိုး
ဖင်တွေရင်တွေအမို့အမောက်ပြ
မြူခေါ်ရတဲ့မတ်ကက်တင်း
ကျမတို့ပဲနိုင်နင်းပါတယ်

ဒီလိုအလုပ်ကို
အောက်တန်းစားအလုပ်လို့ထင်လား

ကိုယ့်ဖင်နဲ့အရှက်ကို မဖြစ်စလောက်ငွေနဲ့
ယာယီငှားစားတာ
နိုင်ငံတော်အတွက်ဘယ်လိုအောက်တန်းစားဆန်နေလဲ

လမ်းဘေးကကျမ
ဘတ်ဂျက်တွေဘုံးနေလား
ကျောက်စိမ်း ရေနံ ရွှေ
လုပ်ကွက်တွေအတွက် အခွန်ရှောင်နေလား
စီမံကိန်းတွေပြ ငွေတွေဘုံးလား
ကျမတို့ကြောင့်တိုင်းပြည်ဆင်းရဲသွားလား

မျိုးရိုးစဉ်ဆက်ချမ်းသာအောင်
ဖာခံနေတာမဟုတ်ဘူး
နောက်တစ်မနက်အသက်ဆက်ဖို့
စပ အငှာချနေတာ

ကျမရဲ့သိက္ခာဆိုတာ လိင်တန်ပေါ်
ကွန်ဒုံးစွပ်လိုက် တာနဲ့ရပါတယ်

Updates

Theme Editor by Seo v6