ေလးစားအပ္ပါေသာေခ်ာင္းသာကမ္းေျခသို႔
လာေရာက္အပန္းေျဖႀကသည့္
ဧည့္သည္ေတာ္မ်ားခင္ဗ်ား …
ေခ်ာင္းသာကမ္းေျခႏွင့္ပတ္သက္၍
သတိထားသင့္သည္မ်ားအား
တင္ျပအပ္ပါသည္။
1 . ဖိုးကုလားကြ်န္းကူးတို႔ဆိပ္အနီးရွိ “ဤေနရာမွ
ေက်ာ္လြန္၍ေရမကူးပါႏွင့္” ဆိုေသာသတိေပး
ဆိုင္းပုဒ္မွေက်ာ္လြန္၍ေရမကူးပါႏွင္႔ ။
2 . ေက်ာက္ေဆာင္မ်ားအနီးတြင္ေရမကူးပါႏွင့္္။
3 . ညေန 6:00 ေက်ာ္လွ်င္ေရမကူးပါႏွင့္။
4 . ေရကူးေနစဥ္ ဆြဲႀကိဳး လက္ေကာက္စေသာ
အဖိုးတန္လက္ဝတ္ရတနာမ်ား ဝတ္ဆင္ျခင္း
ပိုက္ဆံအိတ္မ်ားေဘာင္းဘီအိတ္အတြင္း
ထည့္ထားျခင္းမျပဳပါႏွင့္၊က်ေပ်ာက္တတ္သည္။
5 .
သႀကၤန္စသည့္လူစည္ကားေသာပြဲေတာ္ရက္မ်ားတြင္
ကေလးသူငယ္မ်ားအား အထူး ဂရုစိုက္ပါ။
လူစုကြဲျပီးေပ်ာက္တတ္သည္။
6 . မိမိတို႔အဖြဲ႔ထဲတြင္ အရက္အမူးလြန္ေနသူမ်ားရွိပါက
အထူးသတိထားပါ ေရထဲတြင္ျပန္မထႏိုင္ပဲ
ေရတိမ္တြင္ပင္ေရႏွစ္ေသဆုံးမွဳမ်ားရွိဖူးသည္။
7 . မိမိႏွင့္ခဏတာသိကြ်မ္းသူမ်ားထံတြင္
ပိုက္ဆံအိတ္စေသာ အဖိုးတန္ပစၥည္းမ်ားအား
ယုံႀကည္စြာအပ္ႏွံျခင္းမျပဳပါႏွင့္
မိမိတည္းခိုရာေနရာမွမန္ေနဂ်ာမ်ားထံတြင္
ေရတြက္ျပီးမွအပ္ႏွံပါ။
8 . ပင္လယ္ေရထဲသို႔ ဖုန္းမ်ားယူေဆာင္ျခင္းမျပဳပါႏွင့္
ေရငံဝင္သြားသည့္ဖုန္းမ်ားကိုျပန္ျပင္၍မရတတ္ပါ။
9 . ဆိုင္ကယ္ငွားစီးပါက ျဖည္းျဖည္းေမာင္းပါ။
10 . သဲျဖဴကြ်န္း ဖိုးကုလားကြ်န္းစေသာ
ေရလမ္းခရီးမ်ား သြားမည္ဆိုပါက
အသက္ကယ္အကၤ် ီမျဖစ္မေန ဝတ္ဆင္ပါ။
မိမိတို႔၏ အေပါင္းအသင္းမိတ္ေဆြမ်ားသိရွိႏိုင္ေစရန္
ဤ post အား လြတ္လပ္စြာ share ခြင့့္ျပဳပါသည္။
ေခ်ာင္းသာကမ္းေျခသို႔လာေရာက္အပန္းေျဖႀကေသာ
ဧည့္သည္ေတာ္မ်ား ေဘးဘယာေဝးကြာ၍
ေပ်ာ္ရႊင္စရာခရီးတစ္ခုျဖစ္ပါေစ။
Credit: ေစာေနာင္ေနာင္ (ေခ်ာင္းသာ)
Unicode
လေးစားအပ်ပါသော ချောင်းသာကမ်းခြေသို့လာရောက်အပန်းဖြေကြသည့်
ဧည့်သည်တော်များခင်ဗျား …
ချောင်းသာကမ်းခြေနှင့်ပတ်သက်၍ သတိထားသင့်သည်များအား
တင်ပြအပ်ပါသည်။
1 . ဖိုးကုလားကျွန်းကူးတို့ဆိပ်အနီးရှိ “ဤနေရာမှကျော်လွန်၍ရေမကူးရ” ဆိုသောသတိပေးဆိုင်းပုဒ်မှကျော်လွန်၍ရေမကူးပါနှင့် ။
2 . ကျောက်ဆောင်များအနီးတွင်ရေမကူးပါနှင့််။
3 . ညနေ 6:00 ကျော်လျှင်ရေမကူးပါနှင့်။
4 . ရေကူးနေစဉ် ဆွဲကြိုး လက်ကောက်စသော အဖိုးတန်လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်း ပိုက်ဆံအိတ်များဘောင်းဘီအိတ်အတွင်းထည့်ထားခြင်းမပြုပါနှင့်
ကျပျောက်တတ်သည်။
5 . သင်္ကြန်စသည့်လူစည်ကားသောပွဲတော်ရက်များတွင် ကလေးသူငယ်များအား အထူး ဂရုစိုက်ပါ။
လူစုကွဲပြီးပျောက်တတ်သည်။
6 . မိမိတို့အဖွဲ့ထဲတွင် အရက်အမူးလွန်နေသူများရှိပါကအထူးသတိထားပါ ရေထဲတွင်ပြန်မထနိုင်ပဲ ရေတိမ်တွင်ပင်ရေနှစ်သေဆုံးမှုများရှိဖူးသည်။
7 . မိမိနှင့်ခဏတာသိကျွမ်းသူများထံတွင် ပိုက်ဆံအိတ်စသော အဖိုးတန်ပစ္စည်းများအားယုံကြည်စွာအပ်နှံခြင်းမပြုပါနှင့်
မိမိတည်းခိုရာနေရာမှမန်နေဂျာများထံတွင် ရေတွက်ပြီးမှအပ်နှံပါ။
8 . ပင်လယ်ရေထဲသို့ ဖုန်းများယူဆောင်ခြင်းမပြုပါနှင့် ရေငံဝင်သွားသည့်ဖုန်းများကိုပြန်ပြင်၍မရတတ်ပါ။
9 . ဆိုင်ကယ်ငှားစီးပါက ဖြည်းဖြည်းမောင်းပါ။
10 . သဲဖြူကျွန်း ဖိုးကုလားကျွန်းစသော ရေလမ်းခရီးများ
သွားမည်ဆိုပါက အသက်ကယ်အင်္ကျ ီမဖြစ်မနေ ဝတ်ဆင်ပါ။
မိမိတို့၏ အပေါင်းအသင်းမိတ်ဆွေများသိရှိနိုင်စေရန် ဤ post အား လွတ်လပ်စွာ share ခွင့့်ပြုပါသည်။
ချောင်းသာကမ်းခြေသို့လာရောက်အပန်းဖြေကြသော ဧည့်သည်တော်များ ဘေးဘယာဝေးကွာ၍ ပျော်ရွှင်စရာခရီးတစ်ခုဖြစ်ပါစေ။
Credit: စောနောင်နောင် (ချောင်းသာ)
