Skip to main content

သင့္လက္ဖဝါးကထူလားပါးလား?

Viral Collection



လက်ဖဝါး ကြည့်နည်း






Credit: ဗေဒင်မှတ်စု

Unicode
အကူအညီတောင်းရင် မငြင်းနိုင်သူ။ ကိုယ့်အတွက်ထက် သူတပါးအတွက် ကူညီပေးချင်သူ။

ဒီလိုလူမျိုးကို စိတ်ခံစားမှုနဲ့ဆုံးဖြတ်သူပါ။ သူနဲ့ပြောင်းပြန် ဘာပဲလုပ်လုပ် စနစ်တကျ တွေးပြီးမှ ဆုံးဖြတ်သူ ရှိပါတယ်။ ကဲ နှစ်ယောက်တည်းက ဘယ်လိုလူမျိုးဖြစ်လိမ့်မလဲ။ ကိုယ့်ရဲ့လက်ကို ကြည့်လိုက်ကြရအောင်နော်။

လက်ဖဝါး ကြည့်နည်း

လက်ဖဝါးက ထူလား၊ ပါးလားကို ကြည့်ပါ။ လက်ဖဝါးက ထူရင်တော့ စိတ်ခံစားမှုနဲ့ဆုံးဖြတ်သူ၊ လက်ဖဝါးက ပါးရင်တော့ စနစ်တကျတွေးပြီးမှ ဆုံးဖြတ်သူ ပါ။

လက်ဖဝါးက ထူရင်တော့ စိတ်ခံစားမှုနဲ့ဆုံးဖြတ်သူ

သူကတော့ ကိုယ်ချင်းစာတရား အပြည့်နဲ့ လူတွေနဲ့လည်း လေးလေးနက်နက် ဆက်ဆံတတ်သူပါ။ ဒုက္ခရောက်နေသူကို မြင်ရင် ပြစ်မထားနိုင် ချက်ချင်းဆိုသလို အကူအညီပေးချင်သူပါ။ လူအများကို ကူညီချင်သောစိတ်ဓါတ်ရှိတာကြောင့် သူ့ပတ်ဝန်းကျင်မှာ အမြဲတမ်းဆိုသလို သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပြည့်နေမှာပါ။ သူတို့တွေက ကံကောင်းသောသူများဖြစ်ပြီး ပိုက်ဆံရှာကောင်းသောသူများလည်း ဖြစ်ပါတယ်။

လက်ဖဝါးက ပါးရင်တော့ စနစ်တကျတွေးတော ဆုံးဖြတ်သူ

သူကတော့ လောကကြီးကို အေးအေးဆေးဆေး သုံးသပ်ပြီး ဘယ်ကိစ္စမဆို သိပ်မပါချင်ပါ။ သူကဘာကိုတွေးနေသလဲဆိုတာကို မသိနိုင်တဲ့အတွက် လူတွေက သူ့ကို တည်ငြိမ်သောသူလို့ သတ်မှတ်လိမ့်မယ်။ လူတွေနဲ့ ပတ်သက်တာထက် ကိုယ့်ရဲ့ဘဝလေးထဲမှာ နေရတာကို ပိုပြီး ခုံမင်သူပါ။ ဒါကြောင့်လည်း အထီးကျန်ပါလိမ့်မယ်။ လောဘမရှိတာကြောင့် သာမန်ဘဝကိုသာ ခုံမင်တတ်သူဖြစ်ပါလိမ့်မယ်။

Credit: ဗေဒင်မှတ်စု

Updates

Theme Editor by Seo v6