
တ႐ုတ္ႏိုင္ငံမွ အသက္ ၁၉ ႏွစ္အ႐ြယ္ ဘေလာဂါ မိန္းကေလး တစ္ဦးသည္ လူမႈ ကြန္ယက္ေပၚတြင္ အခမဲ့ အတူအိပ္ႏိုင္သည္ဟု ေၾကာ္ျငာခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က ဖမ္းဆီး အေရးယူခဲ့သည္။ Qianjin Yeye ဟု အမည္ေပးထားသည့္ အေကာင့္မွ အခမဲ့ လိင္ဆက္ဆံႏိုင္သည္ဟု ေၾကာ္ျငာခဲ့ၿပီး သူမ၏ တည္ေနရာကိုပါ post ၌ ထည့္သြင္း၍ အြန္လိုင္းေပၚတြင္ share ျပဳလုပ္ခဲ့သည္။ သူမ လက္ရွိေရာက္ေနေသာ ေနရာျဖစ္သည့္ တ႐ုတ္ႏိုင္ငံ၊ ဆန္းရကမ္းေျခရွိ ဟိုတယ္တစ္ခု၏ အမည္ႏွင့္ အခန္းနံပါတ္တို႔ကိုပါ ထည့္သြင္း ေရးသားခဲ့သည္။ တ႐ုတ္ႏိုင္ငံ၏ လူမႈကြန္ယက္ျဖစ္သည့္ Weibo ႏွင့္ WeChat application တို႔တြင္ “ကြၽန္မနဲ႔ အခမဲ့ လိင္ဆက္ဆံဖို႔ တစ္ေယာက္ေယာက္လာပါလား….6316” ဟု post တင္ခဲ့ၿပီးေနာက္ သူမတည္ရွိရာ ဟိုတယ္သို႔ လူ ၃၀၀၀ ခန႔္ ေရာက္ရွိလာၿပီး အခန္းနံပါတ္ 6316 ၏ တံခါးကို သြားေခါက္ခဲ့ၾကသည္။ လူအခ်ိဳ႕ကလည္း ဟိုတယ္သို႔ ဖုန္းဆက္ၿပီး အခန္း 6316 တြင္ ေနထိုင္သည့္ ဧည့္သည္၏ အေၾကာင္းကို စုံစမ္း ေမးျမန္းခဲ့ၾကသည္။ ေထာင္ေပါင္းမ်ားစြာေသာ လူမ်ားသည္ post ကို ေတြ႕ရွိၿပီးေနာက္တြင္ ဟိုတယ္သို႔ လာေရာက္ခဲ့ၾကသည္။ သူမသည္ အထက္ပါ post ႏွင့္အတူ ဘီကီနီ ဝတ္ဆင္ထားေသာ သူမကိုယ္တိုင္ ႐ိုက္ကူးထားသည့္ ဗီဒီယိုဖိုင္ကိုပါ ပူးတြဲတင္ခဲ့ေသာေၾကာင့္ ယခုကဲ့သို႔ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔ခဲ့ရျခင္း ျဖစ္သည္။ ေနာက္ပိုင္းတြင္ အဆိုပါ post ကို share မလုပ္ၾကရန္ သူမက ေတာင္းဆိုခဲ့ၿပီး ဟာသလုပ္ျခင္းျဖစ္သည္ဟု post တင္ခဲ့ေသာ္လည္း အခမဲ့ဝန္ေဆာင္မႈ ရယူလိုေသာ လူအုပ္ႀကီးကို မတားဆီးႏိုင္ခဲ့ေပ။ သူမ၏ ဟိုတယ္အခန္းတံခါးကို လူေပါင္းမ်ားစြာက လာေခါက္ၿပီးေနာက္ ဟိုတယ္ တာဝန္ရွိသူမ်ားက သူမအား ဟိုတယ္မွ အတင္းအက်ပ္ ထြက္ခြာခိုင္းခဲ့သည္။ ဟိုတယ္အတြင္းမွ သူမထြက္လာစဥ္ ဟိုတယ္ဝန္ထမ္းမ်ားက သူမအား နံေဘးမွ ေစာင့္ေရွာက္ကာရံ ထားခဲ့ရသည္။ သူမအခန္းသို႔ လာေရာက္ေသာသူမ်ားသည္ အခန္းအတြင္း ဗီဒီယိုမ်ား ႐ိုက္ကူးျခင္း၊ အခန္းနံပါတ္ကို ဓာတ္ပုံမ်ား ႐ိုက္ကူးၿပီး အြန္လိုင္းေပၚသို႔ တင္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။ ဟိဳတယ္တာဝန္ရွိသူမ်ားသည္ အခန္းနံပါတ္ 6316 ႏွင့္ ပတ္သက္၍ ဖုန္းမ်ား အလြန္မ်ားျပားစြာ ဝင္လာျခင္း၊ လူအမ်ားအျပား ႐ုတ္တရက္ ေရာက္လာျခင္းတို႔ေၾကာင့္ ရဲတပ္ဖြဲ႕အား အေၾကာင္းၾကားခဲ့သည္။ အြန္လိုင္းေပၚတြင္ post တင္ၿပီး ၂ နာရီအၾကာမွ ဟိုတယ္သို႔ ဟိုင္တန္ခ႐ိုင္ တာဝန္ရွိသူမ်ား ေရာက္ရွိလာၾကသည္။ ရဲမ်ား ေရာက္ရွိခ်ိန္တြင္ သူမသည္ ဟိုတယ္မွ ထြက္ခြာသြားၿပီ ျဖစ္သည္။ေနာက္တစ္ေန႔တြင္ေရဲမ်ားက သူမကို ကမ္းေျခရွိ အျခား ဟိုတယ္တစ္ခုတြင္ ေတြ႕ရွိခဲ့သည္။ သူမကို ျပည့္တန္ဆာမႈႏွင့္ ဟိုတယ္လုပ္ငန္းစဥ္မ်ားအား ေႏွာင့္ယွက္မႈျဖင့္ ဖမ္းဆီးခဲ့ၿပီး ေထာင္ဒဏ္ (၁၅) ရက္ႏွင့္ ေငြဒဏ္ ယြမ္ ၅၀၀ (ျမန္မာေငြ ၁၀၆၀၀၀ က်ပ္ခန႔္) ခ်မွတ္ခဲ့သည္။ သူမ၏ အေကာင့္တြင္ follower မ်ားခ်င္ေသာေၾကာင့္ အဆိုပါ ျမႇဴဆြယ္သည့္ စာသားမ်ားပါေသာ post ကို ရည္႐ြယ္ခ်က္ ရွိရွိ တင္ခဲ့ျခင္း ျဖစ္ေၾကာင္း ဘေလာဂါ မိန္းကေလးက ဝန္ခံခဲ့သည္ဟု သတင္းထုတ္ျပန္ထားသည္။ သူမ၏ Weibo အေကာင့္သည္လည္း ပိတ္သိမ္းခံခဲ့ရသည္။Unicode-တရုတ်နိုင်ငံမှ အသက် ၁၉ နှစ်အရွယ် ဘလောဂါ မိန်းကလေး တစ်ဦးသည် လူမှု ကွန်ယက်ပေါ်တွင် အခမဲ့ အတူအိပ်နိုင်သည်ဟု ကြော်ငြာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့သည်။ Qianjin Yeye ဟု အမည်ပေးထားသည့် အကောင့်မှ အခမဲ့ လိင်ဆက်ဆံနိုင်သည်ဟု ကြော်ငြာခဲ့ပြီး သူမ၏ တည်နေရာကိုပါ post ၌ ထည့်သွင်း၍ အွန်လိုင်းပေါ်တွင် share ပြုလုပ်ခဲ့သည်။ သူမ လက်ရှိရောက်နေသော နေရာဖြစ်သည့် တရုတ်နိုင်ငံ၊ ဆန်းရကမ်းခြေရှိ ဟိုတယ်တစ်ခု၏ အမည်နှင့် အခန်းနံပါတ်တို့ကိုပါ ထည့်သွင်း ရေးသားခဲ့သည်။ တရုတ်နိုင်ငံ၏ လူမှုကွန်ယက်ဖြစ်သည့် Weibo နှင့် WeChat application တို့တွင် “ကျွန်မနဲ့ အခမဲ့ လိင်ဆက်ဆံဖို့ တစ်ယောက်ယောက်လာပါလား….6316” ဟု post တင်ခဲ့ပြီးနောက် သူမတည်ရှိရာ ဟိုတယ်သို့ လူ ၃၀၀၀ ခန့် ရောက်ရှိလာပြီး အခန်းနံပါတ် 6316 ၏ တံခါးကို သွားခေါက်ခဲ့ကြသည်။ လူအချို့ကလည်း ဟိုတယ်သို့ ဖုန်းဆက်ပြီး အခန်း 6316 တွင် နေထိုင်သည့် ဧည့်သည်၏ အကြောင်းကို စုံစမ်း မေးမြန်းခဲ့ကြသည်။ ထောင်ပေါင်းများစွာသော လူများသည် post ကို တွေ့ရှိပြီးနောက်တွင် ဟိုတယ်သို့ လာရောက်ခဲ့ကြသည်။ သူမသည် အထက်ပါ post နှင့်အတူ ဘီကီနီ ဝတ်ဆင်ထားသော သူမကိုယ်တိုင် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကိုပါ ပူးတွဲတင်ခဲ့သောကြောင့် ယခုကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့ခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါ post ကို share မလုပ်ကြရန် သူမက တောင်းဆိုခဲ့ပြီး ဟာသလုပ်ခြင်းဖြစ်သည်ဟု post တင်ခဲ့သော်လည်း အခမဲ့ဝန်ဆောင်မှု ရယူလိုသော လူအုပ်ကြီးကို မတားဆီးနိုင်ခဲ့ပေ။ သူမ၏ ဟိုတယ်အခန်းတံခါးကို လူပေါင်းများစွာက လာခေါက်ပြီးနောက် ဟိုတယ် တာဝန်ရှိသူများက သူမအား ဟိုတယ်မှ အတင်းအကျပ် ထွက်ခွာခိုင်းခဲ့သည်။ ဟိုတယ်အတွင်းမှ သူမထွက်လာစဉ် ဟိုတယ်ဝန်ထမ်းများက သူမအား နံဘေးမှ စောင့်ရှောက်ကာရံ ထားခဲ့ရသည်။ သူမအခန်းသို့ လာရောက်သောသူများသည် အခန်းအတွင်း ဗီဒီယိုများ ရိုက်ကူးခြင်း၊ အခန်းနံပါတ်ကို ဓာတ်ပုံများ ရိုက်ကူးပြီး အွန်လိုင်းပေါ်သို့ တင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဟိုတယ်တာဝန်ရှိသူများသည် အခန်းနံပါတ် 6316 နှင့် ပတ်သက်၍ ဖုန်းများ အလွန်များပြားစွာ ဝင်လာခြင်း၊ လူအများအပြား ရုတ်တရက် ရောက်လာခြင်းတို့ကြောင့် ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သည်။ အွန်လိုင်းပေါ်တွင် post တင်ပြီး ၂ နာရီအကြာမှ ဟိုတယ်သို့ ဟိုင်တန်ခရိုင် တာဝန်ရှိသူများ ရောက်ရှိလာကြသည်။ ရဲများ ရောက်ရှိချိန်တွင် သူမသည် ဟိုတယ်မှ ထွက်ခွာသွားပြီ ဖြစ်သည်။နောက်တစ်နေ့တွင်ရေဲများက သူမကို ကမ်းခြေရှိ အခြား ဟိုတယ်တစ်ခုတွင် တွေ့ရှိခဲ့သည်။ သူမကို ပြည့်တန်ဆာမှုနှင့် ဟိုတယ်လုပ်ငန်းစဉ်များအား နှောင့်ယှက်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၅) ရက်နှင့် ငွေဒဏ် ယွမ် ၅၀၀ (မြန်မာငွေ ၁၀၆၀၀၀ ကျပ်ခန့်) ချမှတ်ခဲ့သည်။ သူမ၏ အကောင့်တွင် follower များချင်သောကြောင့် အဆိုပါ မြှူဆွယ်သည့် စာသားများပါသော post ကို ရည်ရွယ်ချက် ရှိရှိ တင်ခဲ့ခြင်း ဖြစ်ကြောင်း ဘလောဂါ မိန်းကလေးက ဝန်ခံခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ သူမ၏ Weibo အကောင့်သည်လည်း ပိတ်သိမ်းခံခဲ့ရသည်။ Writer – Htoo2 Lay
Related Posts : News,