ဇူလိုင္လ ၂၀ ရက္ေန႔ကစတင္ၿပီး ေလေၾကာင္းေျပးဆြဲမႈရပ္ဆိုင္းေၾကာင္းေၾကညာေျခာက္ႏွစ္နီးပါး ေျပးဆြဲခဲ့တဲ့ FMI Air ေလေၾကာင္းလိုင္းကို ဇူလိုင္လ ၂၀ ရက္ေန႔က စတင္ၿပီး ရပ္တန္႔ ဆိုင္းငံ့လိုက္ပါၿပီ။ ဇူလိုင္ ၂၀ ရက္ေန႔ေနာက္ပိုင္း ခရီးစဥ္ေတြ အတြက္ ဝယ္ယူထားတဲ့လက္မွတ္ေတြကို လည္း ျပန္အမ္းခဲ့သလို အလုပ္သမားေတြကိုလည္း ေလေၾကာင္းလိုင္း ဖ်က္သိမ္းေတာ့မွာ ျဖစ္ေၾကာင္း လႈိင္သာယာ FMI Air ႐ုံးခ်ဳပ္မွာ တရားဝင္ ေခၚယူအသိေပးခဲ့ပါတယ္။ ေလေၾကာင္းလိုင္း ရပ္နားလိုက္တဲ့အတြက္ အလုပ္သမား ၁၃၄ ေယာက္ရဲ႕ အလုပ္ကို ထိခိုက္မွာျဖစ္ပါတယ္။ အလုပ္သမားေတြကို ဥပေဒနဲ႔ အညီ တလႀကိဳတင္ အသိေပးတာျဖစ္ၿပီး အလုပ္ထြက္မယ့္သူေတြ အတြက္ ေလ်ာ္ေၾကးေပးမယ္လို႔ ဆိုပါတယ္။ အလုပ္ဆက္လုပ္ခ်င္သူေတြ အတြက္ေတာ့ FMI ကုမၸဏီအုပ္စု လက္ေအာက္က တျခားစီးပြားေရးလုပ္ငန္းေတြမွာ ေ႐ႊ႕ေျပာင္းအလုပ္လုပ္ႏိုင္မယ္လို႔ ဆိုပါတယ္။ Air Bagan နဲ႔ Apex Air ေလေၾကာင္းလိုင္းတို႔လည္း ဇူလိုင္လ ပထမပတ္ကတည္းက ေလေၾကာင္းလိုင္း တည္ေထာင္ပ်ံသန္းခြင့္ လိုင္စင္ AOC ကိုျပန္လည္ အပ္ႏွံခဲ့တယ္လို႔ ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲထြဋ္ေအာင္က ဘီဘီစီကို အတည္ျပဳေျပာၾကားပါတယ္။ Air Bagan ေလေၾကာင္းလိုင္းကို ၂၀၁၉ ဇန္နဝါရီလမွာ ျပန္လည္ လိုင္စင္ေလွ်ာက္ထားမယ္လို႔ Air Bagan ေလေၾကာင္းလိုင္းရဲ႕ ဒုတိယ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ မစဝ္သႏၲာႏြဲ႕က ဘီဘီစီကို ေျပာပါတယ္။ FMI Air ေလေၾကာင္းလိုင္းက သူတို႔လည္း အၿပီးအပိုင္ ပိတ္သိမ္းတာမဟုတ္ဘဲ ယာယီရပ္နားတာသာျဖစ္တယ္လို႔ ဆိုေပမယ့္ ဘယ္အခ်ိန္မွာ ျပန္လည္ဖြင့္လွစ္မယ္ဆိုတာေတာ့ မေျပာပါဘူး။ ရက္အကန္႔အသတ္မရွိ ရပ္နားလိုက္တာသာျဖစ္ၿပီး ဝန္ထမ္းေတြကိုလည္း အလုပ္ကေန အနားယူခိုင္းလိုက္ၿပီ ျဖစ္ပါတယ္။ FMI Air ေလေၾကာင္းလိုင္းကို ဦးသိမ္းေဝ ေခၚ မစၥတာ ဆာ့ခ်္ပန္ က ၂၀၁၂ ခုႏွစ္ စက္တင္ဘာလ ၉ ရက္ေန႔မွာ စတင္တည္ေထာင္ခဲ့ပါတယ္။ စတင္တည္ေထာင္ခဲ့ စဥ္က စင္းလုံးငွားဝန္ေဆာင္မႈလုပ္ငန္းအျဖစ္သာ တည္ေထာင္ခဲ့ၿပီး နာမည္ကိုလည္း FMI Air Charter လို႔ မွည့္ေခၚခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ FMI Air လို႔ အမည္ေျပာင္းခဲ့ပါတယ္။ FMI Air ေလေၾကာင္းလိုင္းဟာ ရန္ကုန္၊ ေနျပည္ေတာ္၊ ၿမိတ္၊ သံတြဲ၊ ေကာ့ေသာင္၊ ထားဝယ္ ၿမိဳ႕ေတြကို ပ်ံသန္း ေျပးဆြဲခဲ့ပါတယ္။ ျပည္တြင္းေလေၾကာင္းလိုင္းေတြကို ႏိုင္ငံသားခရီးသည္ေတြ စီးနင္းတာနည္းပါးၿပီး ႏိုင္ငံျခားခရီးသည္ေတြ အေပၚမွာသာ ေလေၾကာင္းလိုင္းေတြက ပိုမို မွီခို အားထားၾကပါတယ္။ ရခိုင္ျပည္နယ္ မၿငိမ္မသက္မႈေတြျဖစ္ပြားလာၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံကို လာေရာက္တဲ့ ကမာၻလွည့္ခရီးသည္ အေရအတြက္က်ဆင္းလာခဲ့ပါတယ္။ ခရီးသည္ အေရအတြက္ နည္းပါးလာတဲ့ အတြက္ ျပည္တြင္းေလေၾကာင္းလိုင္းေတြ တြက္ေျခမကိုက္ေတာ့ဘူးလို႔ ျပည္တြင္းေလေၾကာင္းလိုင္းတခုရဲ႕ အဆင့္ျမင့္အရာရွိ တဦးက ေျပာပါတယ္။BBC Burmese .Unicode-ဇူလိုင်လ ၂၀ ရက်နေ့ကစတင်ပြီး လေကြောင်းပြေးဆွဲမှုရပ်ဆိုင်းကြောင်းကြေညာခြောက်နှစ်နီးပါး ပြေးဆွဲခဲ့တဲ့ FMI Air လေကြောင်းလိုင်းကို ဇူလိုင်လ ၂၀ ရက်နေ့က စတင်ပြီး ရပ်တန့် ဆိုင်းငံ့လိုက်ပါပြီ။ ဇူလိုင် ၂၀ ရက်နေ့နောက်ပိုင်း ခရီးစဉ်တွေ အတွက် ဝယ်ယူထားတဲ့လက်မှတ်တွေကို လည်း ပြန်အမ်းခဲ့သလို အလုပ်သမားတွေကိုလည်း လေကြောင်းလိုင်း ဖျက်သိမ်းတော့မှာ ဖြစ်ကြောင်း လှိုင်သာယာ FMI Air ရုံးချုပ်မှာ တရားဝင် ခေါ်ယူအသိပေးခဲ့ပါတယ်။ လေကြောင်းလိုင်း ရပ်နားလိုက်တဲ့အတွက် အလုပ်သမား ၁၃၄ ယောက်ရဲ့ အလုပ်ကို ထိခိုက်မှာဖြစ်ပါတယ်။ အလုပ်သမားတွေကို ဥပဒေနဲ့ အညီ တလကြိုတင် အသိပေးတာဖြစ်ပြီး အလုပ်ထွက်မယ့်သူတွေ အတွက် လျော်ကြေးပေးမယ်လို့ ဆိုပါတယ်။ အလုပ်ဆက်လုပ်ချင်သူတွေ အတွက်တော့ FMI ကုမ္ပဏီအုပ်စု လက်အောက်က တခြားစီးပွားရေးလုပ်ငန်းတွေမှာ ရွှေ့ပြောင်းအလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ Air Bagan နဲ့ Apex Air လေကြောင်းလိုင်းတို့လည်း ဇူလိုင်လ ပထမပတ်ကတည်းက လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့် လိုင်စင် AOC ကိုပြန်လည် အပ်နှံခဲ့တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။ Air Bagan လေကြောင်းလိုင်းကို ၂၀၁၉ ဇန်နဝါရီလမှာ ပြန်လည် လိုင်စင်လျှောက်ထားမယ်လို့ Air Bagan လေကြောင်းလိုင်းရဲ့ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ မစဝ်သန္တာနွဲ့က ဘီဘီစီကို ပြောပါတယ်။ FMI Air လေကြောင်းလိုင်းက သူတို့လည်း အပြီးအပိုင် ပိတ်သိမ်းတာမဟုတ်ဘဲ ယာယီရပ်နားတာသာဖြစ်တယ်လို့ ဆိုပေမယ့် ဘယ်အချိန်မှာ ပြန်လည်ဖွင့်လှစ်မယ်ဆိုတာတော့ မပြောပါဘူး။ ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တာသာဖြစ်ပြီး ဝန်ထမ်းတွေကိုလည်း အလုပ်ကနေ အနားယူခိုင်းလိုက်ပြီ ဖြစ်ပါတယ်။ FMI Air လေကြောင်းလိုင်းကို ဦးသိမ်းဝေ ခေါ် မစ္စတာ ဆာ့ချ်ပန် က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ စတင်တည်ထောင်ခဲ့ စဉ်က စင်းလုံးငှားဝန်ဆောင်မှုလုပ်ငန်းအဖြစ်သာ တည်ထောင်ခဲ့ပြီး နာမည်ကိုလည်း FMI Air Charter လို့ မှည့်ခေါ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ FMI Air လို့ အမည်ပြောင်းခဲ့ပါတယ်။ FMI Air လေကြောင်းလိုင်းဟာ ရန်ကုန်၊ နေပြည်တော်၊ မြိတ်၊ သံတွဲ၊ ကော့သောင်၊ ထားဝယ် မြို့တွေကို ပျံသန်း ပြေးဆွဲခဲ့ပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းတွေကို နိုင်ငံသားခရီးသည်တွေ စီးနင်းတာနည်းပါးပြီး နိုင်ငံခြားခရီးသည်တွေ အပေါ်မှာသာ လေကြောင်းလိုင်းတွေက ပိုမို မှီခို အားထားကြပါတယ်။ ရခိုင်ပြည်နယ် မငြိမ်မသက်မှုတွေဖြစ်ပွားလာပြီးနောက်ပိုင်း မြန်မာနိုင်ငံကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည် အရေအတွက်ကျဆင်းလာခဲ့ပါတယ်။ ခရီးသည် အရေအတွက် နည်းပါးလာတဲ့ အတွက် ပြည်တွင်းလေကြောင်းလိုင်းတွေ တွက်ခြေမကိုက်တော့ဘူးလို့ ပြည်တွင်းလေကြောင်းလိုင်းတခုရဲ့ အဆင့်မြင့်အရာရှိ တဦးက ပြောပါတယ်။BBC Burmese
