Skip to main content

ခ်စ္သူရီးစားေတြၾကားက Living Together

Viral Collection
ညီေလး ၊ ညီမေလးမ်ား အားလံုး အတြက္ပါ ။

ခ်စ္သူ ရည္းစားေတြ တြဲလာတာ ၾကာတဲ့ အျပင္ တေယာက္ အေၾကာင္း တေယာက္ သိၿပီး လင္လို မယားလို ျဖစ္ေနရင္ လက္ထပ္ၾကပါ ။ အခ်ိန္ေတြ ဆြဲၿပီး တြဲေနတာ ေကာင္ေလး ဘက္က မနစ္နာ ေပမယ့္ ေကာင္မေလးဘက္က နစ္နာတယ္ ။

အခ်ိန္တန္ရင္ ေခၚအိပ္လိုက္ ျပန္လႊတ္လိုက္နဲ႔ တခ်ိဳ႕ မိန္းခေလးေတြဟာ လက္ဆုပ္လက္ကိုင္ ျပစရာ ေယာက်္ားသာ မရွိတာ အိမ္ေထာင္သည္ မိန္းမႀကီးေတြနဲ႔ တူၿပီး Snare သီခ်င္းထဲကလို ဂ်ံဳးဂ်ံဳး က်ေနၿပီ ။

ႏိုင္ငံျခားကို အားက်ၿပီး တေယာက္ အေၾကာင္း တေယာက္ သိေအာင္ တေယာက္ရဲ႕ စရိုက္ေတြ တစ္ေယာက္ ေလ့လာ ႏိုင္ေအာင္ living together ေနၾကၿပီး တခါတေလ ေသြးသား ဆႏၵအရ အတူေနမိ အတူအိပ္မိတာကို ဒီဘက္ေခတ္မွာ နားလည္ ေပးရပါမယ္ ၊ လက္ခံ ေပးရပါမယ္ ။ ( ဘာမွမက်ဴးလြန္ပဲ ထိန္းသိမ္းႏိုင္ရင္ေတာ့ ေယာက်္ားေလးေရာ မိန္းခေလးေရာ တန္ဖိုးအရွိဆံုးပါ )

အခုဟာက living together ဆိုတာ လိင္ ကိစၥ တခုထဲကိုသာ ဦးတည္ေနၿပီး အခ်ိန္တန္ရင္ ဖုတ္ဖတ္ ခါၿပီး ကိုယ့္အိမ္ကိုယ္ ျပန္သြားၾက ေတြ႔တဲ့ အခ်ိန္တိုင္းလည္း ဒီကိစၥကိုပဲ ဦးတည္ေနၾကေတာ့ တေယာက္ကို တေယာက္ ေလ့လာျဖစ္ၾကသလား ၊ မေလ့လာျဖစ္ၾကလား ေတာ့ မသိ ။

ဒီလိုနဲ႔ ႏွစ္ေတြၾကာလာ ( တခ်ိဳ႕ ဆို လပိုင္း ေလာက္ပဲ ) ရိုးအီသြားၿပီး ေနာက္တေယာက္ဆီ ျခံခုန္လို႔ ရမယ့္ အကြက္ေတြ ျမင္ေတာ့ ” မင္းနဲ႔ငါ ဆက္တြဲလို႔ အဆင္မေျပေတာ့ဘူး ” ” မင္းနဲ႔ငါ ျပတ္ပီ ” ဆိုတဲ့ စကားေလးေတြနဲ႔တင္ ကိုယ့္ဘဝႀကီး တခုလံုးကို အစိတ္စိတ္ အမႊာမႊာ ၿဖိဳခြဲသြား ပါလိမ့္မယ္ ။

မိန္းခေလးတိုင္း ကိုယ့္ခ်စ္သူကို အျပစ္မရွိတဲ့ ရိုးစင္းတဲ့ ယုန္သူငယ္ေလးေတြလို ျမင္ၾကသလို ကိုယ့္ေရွ႕ကေန မားမား မတ္မတ္ ရပ္တည္ေပး ကာကြယ္ေပးမယ့္ သူရဲေကာင္းႀကီးေတြ လိုလည္း အားကိုးၾကပါတယ္ ။ သူမ်ားက မေကာင္းေျပာရင္ သတိေပးရင္ လက္မခံၾကပါဘူး ၊ မႀကိဳက္ပါဘူး။

ေသခ်ာတာ ကေတာ့ စြန္႔ပစ္ခံ ထားခဲ့ခံရတဲ့ မိန္းမတြလည္း တခ်ိန္ကေတာ့ ငါ့ခ်စ္သူက ဒီလို ေယာက်္ားမ်ိဳးမဟုတ္ဘူး ဒီလိုလုပ္မွာ မဟုတ္ဘူးလို႔ ယံုၾကည္ၾကဖူး ပါတယ္ ။ အဲဒီ ယံုၾကည္မႈေတြ ကပဲ ရႈံုးၿပီးရင္း ရႈံးေအာင္ တြန္းပို႔ခဲ့ၾက တာပါ ။

ဒီေခတ္က ကိုယ့္လက္ထဲ ေရာက္ေနရင္ေတာင္ ဘယ္သူ လာႏႈိက္မလဲလို႔ ရင္ပူရတဲ့ ေခတ္ပါ ။ ကိုယ့္လက္ထဲလည္း မေရာက္ေသးတဲ့အျပင္ … ဘဝနဲ႔ပါ ရင္းပီး ခ်စ္ျပထားရင္ေတာ့ အခ်ိန္တန္ရင္ ဆံုးရႈံးရမွာ ကိုယ္ပါ ၊ နာက်င္ရမွာ ကိုယ္ပါ ၊ နာၾကည္းရမွာ ကိုယ္ပါ ။

အဲ့ေတာ့ ေယာက်္ားေလး ကလည္း မိန္းခေလးဘက္ကို ထည့္တြက္ရင္ အခ်ိန္ အၾကာႀကီး ဆြဲၿပီး မတြဲသင့္ဘူး ။ ငါ့ကို ဒီဘဲက အရမ္းခ်စ္တာ ငါ့လက္က ရုန္းႏိုင္မွာ မဟုတ္ဘူးလို႔ ကိုယ့္ကိုယ္ကို ေသြးနားထင္ မေရာက္ပါနဲ႔ေနာ္ Everything is possible ပါ ။

(ေယာက်္ားေတြက ဒီေန႔မွာ ကိုယ့္ကို နတ္သမီးလို႔ ျမင္ေပမယ့္ ေနာက္တေန႔မွာ ေရႊၾကာလို႔လဲ ျမင္ႏိုင္ပါတယ္ )

အဲ့ေတာ့ တြဲလာတာ ၾကာေနေပမယ့္ ေရွ႕ေရးေတြ ေနာက္ေရးေတြ စဥ္းစားေနရလို႔ မယူႏိုင္ေသးဘူး ဆိုရင္ သူထားခဲ့တဲ့ အခ်ိန္ ကိုယ္က်န္ခဲ့ရမယ့္ အေရးထက္ ဘယ္ဟာကမွ ပိုအေရး မႀကီးႏိုင္ဘူး ဆိုတာလည္း ထည့္ေတြးပါ ။

ကိုယ္က တေယာက္ မေကာင္းေတာ့ ေနာက္တေယာက္ ေျပာင္းခ်စ္ ေနာက္တေယာက္ ကလည္း ဒီအခ်ိဳးေတြပဲ ဆိုရင္ အသက္ကသာ ႀကီးၿပီး အခြံဘဝသာ က်န္တယ္ တန္ဖိုးထား ခံရျခင္း ဆိုတဲ့ အရသာကို မသိလိုက္မွာ စိုးလို႔ပါ။

ေယာက်္ားေလး ဘက္က ေဖေဖေတြ ေမေမေတြ အေၾကာင္းျပၿပီး အခ်ိန္ဆြဲေန ရင္ေတာ့ အေျခအေန သိပ္မေကာင္းပါ ။ ဒီေန႔ေခတ္ ေမေမေတြက သားေတြနဲ႔ ပြင့္လင္းျမင္သာ ေဆြးေႏြးမႈ ရွိၿပီး သားနဲ႔ အေမ အရာရာ တိုင္ပင္ၿပီး လႈပ္ရွားၾကတာ ပါေနာ္ ။

အနာ ရွိရင္ေတာ့ စပ္ပါလိမ့္မယ္ ။ စပ္ေစခ်င္လို႔ ဆားျဖဴးတာ မဟုတ္ပါဘူး။ ထားခဲ့ခံရလို႔ လာၿပီးရင္ဖြင့္တဲ့ မိန္းခေလးေတြ မ်ားလာတာရယ္ ၊ တခ်ိိဳ႕ မိန္းခေလးေတြ ထပ္ၿပီး ထားခဲ့ခံရမွာ စိုးတာရယ္ေၾကာင့္ သတိေပး တာပါ ။

Living together ကို လက္ကိုင္ထားတယ္ဆိုလည္း မွန္ကန္တဲ့ နည္းလမ္းနဲ႔ တူဂဲသားႏိုင္ ၾကပါေစ … ။

Credit: sakura

Unicode

ညီလေး ၊ ညီမလေးများ အားလုံး အတွက်ပါ ။

ချစ်သူ ရည်းစားတွေ တွဲလာတာ ကြာတဲ့ အပြင် တယောက် အကြောင်း တယောက် သိပြီး လင်လို မယားလို ဖြစ်နေရင် လက်ထပ်ကြပါ ။ အချိန်တွေ ဆွဲပြီး တွဲနေတာ ကောင်လေး ဘက်က မနစ်နာ ပေမယ့် ကောင်မလေးဘက်က နစ်နာတယ် ။

အချိန်တန်ရင် ခေါ်အိပ်လိုက် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းခလေးတွေဟာ လက်ဆုပ်လက်ကိုင် ပြစရာ ယောကျ်ားသာ မရှိတာ အိမ်ထောင်သည် မိန်းမကြီးတွေနဲ့ တူပြီး Snare သီချင်းထဲကလို ဂျုံးဂျုံး ကျနေပြီ ။

နိုင်ငံခြားကို အားကျပြီး တယောက် အကြောင်း တယောက် သိအောင် တယောက်ရဲ့ စရိုက်တွေ တစ်ယောက် လေ့လာ နိုင်အောင် living together နေကြပြီး တခါတလေ သွေးသား ဆန္ဒအရ အတူနေမိ အတူအိပ်မိတာကို ဒီဘက်ခေတ်မှာ နားလည် ပေးရပါမယ် ၊ လက်ခံ ပေးရပါမယ် ။ ( ဘာမှမကျူးလွန်ပဲ ထိန်းသိမ်းနိုင်ရင်တော့ ယောကျ်ားလေးရော မိန်းခလေးရော တန်ဖိုးအရှိဆုံးပါ )

အခုဟာက living together ဆိုတာ လိင် ကိစ္စ တခုထဲကိုသာ ဦးတည်နေပြီး အချိန်တန်ရင် ဖုတ်ဖတ် ခါပြီး ကိုယ့်အိမ်ကိုယ် ပြန်သွားကြ တွေ့တဲ့ အချိန်တိုင်းလည်း ဒီကိစ္စကိုပဲ ဦးတည်နေကြတော့ တယောက်ကို တယောက် လေ့လာဖြစ်ကြသလား ၊ မလေ့လာဖြစ်ကြလား တော့ မသိ ။

ဒီလိုနဲ့ နှစ်တွေကြာလာ ( တချို့ ဆို လပိုင်း လောက်ပဲ ) ရိုးအီသွားပြီး နောက်တယောက်ဆီ ခြံခုန်လို့ ရမယ့် အကွက်တွေ မြင်တော့ ” မင်းနဲ့ငါ ဆက်တွဲလို့ အဆင်မပြေတော့ဘူး ” ” မင်းနဲ့ငါ ပြတ်ပီ ” ဆိုတဲ့ စကားလေးတွေနဲ့တင် ကိုယ့်ဘဝကြီး တခုလုံးကို အစိတ်စိတ် အမွှာမွှာ ဖြိုခွဲသွား ပါလိမ့်မယ် ။

မိန်းခလေးတိုင်း ကိုယ့်ချစ်သူကို အပြစ်မရှိတဲ့ ရိုးစင်းတဲ့ ယုန်သူငယ်လေးတွေလို မြင်ကြသလို ကိုယ့်ရှေ့ကနေ မားမား မတ်မတ် ရပ်တည်ပေး ကာကွယ်ပေးမယ့် သူရဲကောင်းကြီးတွေ လိုလည်း အားကိုးကြပါတယ် ။ သူများက မကောင်းပြောရင် သတိပေးရင် လက်မခံကြပါဘူး ၊ မကြိုက်ပါဘူး။

သေချာတာ ကတော့ စွန့်ပစ်ခံ ထားခဲ့ခံရတဲ့ မိန်းမတွလည်း တချိန်ကတော့ ငါ့ချစ်သူက ဒီလို ယောကျ်ားမျိုးမဟုတ်ဘူး ဒီလိုလုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြဖူး ပါတယ် ။ အဲဒီ ယုံကြည်မှုတွေ ကပဲ ရှုံးပြီးရင်း ရှုံးအောင် တွန်းပို့ခဲ့ကြ တာပါ ။

ဒီခေတ်က ကိုယ့်လက်ထဲ ရောက်နေရင်တောင် ဘယ်သူ လာနှိုက်မလဲလို့ ရင်ပူရတဲ့ ခေတ်ပါ ။ ကိုယ့်လက်ထဲလည်း မရောက်သေးတဲ့အပြင် … ဘဝနဲ့ပါ ရင်းပီး ချစ်ပြထားရင်တော့ အချိန်တန်ရင် ဆုံးရှုံးရမှာ ကိုယ်ပါ ၊ နာကျင်ရမှာ ကိုယ်ပါ ၊ နာကြည်းရမှာ ကိုယ်ပါ ။

အဲ့တော့ ယောကျ်ားလေး ကလည်း မိန်းခလေးဘက်ကို ထည့်တွက်ရင် အချိန် အကြာကြီး ဆွဲပြီး မတွဲသင့်ဘူး ။ ငါ့ကို ဒီဘဲက အရမ်းချစ်တာ ငါ့လက်က ရုန်းနိုင်မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို သွေးနားထင် မရောက်ပါနဲ့နော် Everything is possible ပါ ။

(ယောကျ်ားတွေက ဒီနေ့မှာ ကိုယ့်ကို နတ်သမီးလို့ မြင်ပေမယ့် နောက်တနေ့မှာ ရွှေကြာလို့လဲ မြင်နိုင်ပါတယ် )

အဲ့တော့ တွဲလာတာ ကြာနေပေမယ့် ရှေ့ရေးတွေ နောက်ရေးတွေ စဉ်းစားနေရလို့ မယူနိုင်သေးဘူး ဆိုရင် သူထားခဲ့တဲ့ အချိန် ကိုယ်ကျန်ခဲ့ရမယ့် အရေးထက် ဘယ်ဟာကမှ ပိုအရေး မကြီးနိုင်ဘူး ဆိုတာလည်း ထည့်တွေးပါ ။

ကိုယ်က တယောက် မကောင်းတော့ နောက်တယောက် ပြောင်းချစ် နောက်တယောက် ကလည်း ဒီအချိုးတွေပဲ ဆိုရင် အသက်ကသာ ကြီးပြီး အခွံဘဝသာ ကျန်တယ် တန်ဖိုးထား ခံရခြင်း ဆိုတဲ့ အရသာကို မသိလိုက်မှာ စိုးလို့ပါ။

ယောကျ်ားလေး ဘက်က ဖေဖေတွေ မေမေတွေ အကြောင်းပြပြီး အချိန်ဆွဲနေ ရင်တော့ အခြေအနေ သိပ်မကောင်းပါ ။ ဒီနေ့ခေတ် မေမေတွေက သားတွေနဲ့ ပွင့်လင်းမြင်သာ ဆွေးနွေးမှု ရှိပြီး သားနဲ့ အမေ အရာရာ တိုင်ပင်ပြီး လှုပ်ရှားကြတာ ပါနော် ။

အနာ ရှိရင်တော့ စပ်ပါလိမ့်မယ် ။ စပ်စေချင်လို့ ဆားဖြူးတာ မဟုတ်ပါဘူး။ ထားခဲ့ခံရလို့ လာပြီးရင်ဖွင့်တဲ့ မိန်းခလေးတွေ များလာတာရယ် ၊ တချိို့ မိန်းခလေးတွေ ထပ်ပြီး ထားခဲ့ခံရမှာ စိုးတာရယ်ကြောင့် သတိပေး တာပါ ။

Living together ကို လက်ကိုင်ထားတယ်ဆိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ တူဂဲသားနိုင် ကြပါစေ … ။

Credit: sakura



Updates

Theme Editor by Seo v6