Skip to main content

နောက်တစ်ခါMTVရိုက်ရင် ဘဲတွေချည်း၁၀ယောက်လောက်ကိုအင်္ကျီမပါဘဲရိုက်ဦးမယ်ဆိုတဲ့ ပိုပို

ချစ်ပရိသတ်တို့ရေ လက်တလောမှာ အလန်းစား သရုပ်ဆောင်မှု့တွေနဲ့ သီချင်းသစ်တစ်ပုဒ်ကြောင့် လူမှု့ကွန်ယက်နဲ့ ပရိသတ်တွေကြားမှာ ဝေဖန်ပုတ်ခတ်မှု မျိုးစုံကို ခံနေရတဲ့ အဆိုတော် ပိုပို တစ်ယောက် သူမရဲ့ My Day မှာ ဝေဖန်ပုတ်ခက်နေတဲ့သူတွေကို အသည်းယားပြီး ပြောချင်စရာဖြစ်စေမယ့် စာသားတစ်ချို့ကို ထပ်မံတင်ထားတာ တွေ့ခဲ့ရပါတယ်။ သူမတင်ထားတဲ့ စာသားတွေထဲမှာ ဝေဖန်တဲ့ ပရိသတ်တွေကို ရွဲ့ထားတဲ့ စာသားလေး တချို့ နဲ့ ရိုင်းရိုင်းစိုင်းပြောလာတဲ့သူတွေကို တုန့်ပြန်ခဲ့ပါတယ်။ လက်ရှိမှာလဲ သူမရဲ့ MTV ဟာ ကြည့်ရှု့သူ တစ်သန်းခွဲခန့် ရှိတော့မှာ ဖြစ်ပါတယ် တဲ့
သူမရေးထားခဲ့တာက “ဟင်းဟင်း အမြင်ကတ်ကတ်နဲ့ နောက်တစ်ခါ MV ရိုက်ရင် J lo တို့လို ဘဲတွေကြီး ၁၀ယောက်လောက် ကို အင်္ကျီမပါဘဲ ရိုက်ဦးမယ် ဟက်ဟက် အရှက်သိပ်၇ှိပါတယ် တဲ့ ဆိုတဲ့ လူတွေက မရှက်မရှိ ရိုင်းစိုင်းတဲ့ စကားတွေသိပ်ပြောတာပဲ လူတွေဟာ သိပ်ရယ်ရတယ် သူတို့ဆက်ဆံသလို ကိုယ်က ပြန်ဆက်ဆံပြုမူမိရင် အရိုင်းအစိုင်းကြီးကို ဖြစ်လို့ ” ဆိုကာပြောလာပါတယ်။
အောင်ရဲလင်း နဲ့အတူ ခပ်ပြင်းပြင်း သရုပ်ဆောင်ထားတဲ့ “Let Me Kiss You” သီချင်း MTV လေးကို ပရိသတ်တွေဆီ ပို့ပေးပြီးနောက် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံနေရပါတယ် ။ အများနဲ့ မတူ ဆန်းကြယ်တဲ့ ပုံလေးတွေ ဖန်တီးဖော်ပြလာတဲ့ အခါ ဝေဖန်မှုတွေ နဲ့ ကြုံတွေ့ရစမြဲပါ။ လက်ရှိ မှာလဲ ပိုပိုတစ်ယောက် အမျိုးမျိုးသောဝေဖန်မှုတွေကို ကြုံတွေ့နေရပြီး တချို့သောသူတွေက ဝေဖန်တာထက် ရိုင်းစိုင်းစွာ ဆဲဆိုပုတ်ခတ်လာလို့ ခံနိုင်ရည်မရှိတော့ဘဲ တုန့်ပြန်ပြောဆိုလာပါပြီ။

ဖိုးသူတော် (www.phothutaw.com)
#

Updates

Theme Editor by Seo v6