Viral Collection
Source .dramafever၊.8days.sg
#crd
Unicode
ထိုင်ဝမ်မင်းသမီး Shu Qi ကတော့ မြန်မာပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးဖို့ မလိုတဲ့ မင်းသမီးချော တစ်ယော က်ပါ။ထူးခြားတဲ့ ဆွဲဆောင်မှုတစ်မျိုးကို ပိုင်ဆိုင်ထားတဲ့ အလှပိုင်ရှင်လေးပါ။ နာမည်ကြီး ထိုင်ဝမ်- ဟောင်ကောင် မင်းသမီး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ သူမဟာ ဝင်ငွေအမြင့်ဆုံး မင်းသမီးတွေထဲက တစ်ယောက်ပါ။ ဒါပေမယ့် ဒီနေ့လို အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ Shu Qi က အရမ်းကို ကြိုးစားခဲ့ ရပါတယ်။ အပြာဇာတ်ကား၊ လိင်အသားပေး ဇာတ်ကားတွေကို ရိုက်တဲ့ မင်းသမီးကနေမှ နောက်ဆုံးမှာ အောင်မြင်တဲ့ မင်းသမီးနေရာကို တက်လှမ်းနိုင်ခဲ့တာပါ။ (၁၉၇၆)ခုနှစ် ဧပြီလ (၁၆)ရက်နေ့မှာ မွေးပြီး သူမရဲ့ အသက်ကတော့ အခုဆိုရင် (၄၂)နှစ် ရှိနေပါပြီ။ နာမည်အရင်း ကတော့ Lin Li-hui ပါ။ တိုင်ပေက Xindian ဆိုတဲ့ မြို့လေးမျာ မွေးဖွားခဲ့တာပါ။ သူမရဲ့ အသက် (၁၇) နှစ်မှာ ရုပ်ရှင်လောကထဲကို ဝင်ရောက်ဖို့ ဟောင်ကောင်ကို ရောက်လာခဲ့ပါတယ်။
ဟောင်ကောင်ရုပ်ရှင် ထုတ်လုပ်သူ Manfred Wong ရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ပါတယ်။ သူမကို အသက်မပြည့််ေ သးသူတွေ မကြည့်သင့်တဲ့ ဇာတ်ကားတွေကို ရိုက်ကူးဖို့ စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။ သူမဟာ Derek Yee’s 1996 film ၊ Viva Erotica အစရှိတဲ့ ညစ်ညမ်း ဇာတ်ကားတွေမှာ Karen Mok ၊ Leslie Cheung တို့နဲ့ အတူတွဲပြီး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Shu Qi နဲ့ပတ်သက်ပြီး ပရိသတ်တွေ သိပ်မသိကြသေးတဲ့ သူမရဲ့ အကြောင်းတစ်ချို့ ရှိပါတယ်။ အဲ့ဒါတွေကတော့…
Shu Qi ဟာ ရုပ်ရှင်ကားပေါင်း(၈၀)ကျော်၊TV ဒရမ်မာကားပေါင်း (၅)ကားထက်မနည်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးပါ။ သူမဟာ အထက်တန်းကျောင်းသူဘဝတည်း မိသားစုရဲ့ ငွေကြေးချို့တဲ့မှုကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးဖို့ part-time မော်ဒယ်တစ်ယောက် လုပ်ခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ကျောင်းကနေပါ ထွက်ခဲ့ရပါတယ်။ သူမရဲ့ အသက် (၁၆)နှစ်သမီးလောက်တည်းက အပြာဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ငွေကြေး မပြေလည်တဲ့ မိသားစုဘဝကို ကူညီပေးဖို့ ငွေရလွယ်တဲ့ လမ်းကို လိုက်ခဲ့ပုံရပါတယ်။
(၂)သူမရဲ့ ပထမဆုံး ဇာတ်ကား
(၁၉၉၅)ခုနှစ်မှာ သူမရဲ့ ပထမဆုံး ဇာတ်ကားကို ရိုက်ခဲ့တာပါ။ အသက်မပြည့်သူတွေ မကြည့်သင့်တဲ့ လိင်အသား ပေး ဇာတ်ကားတွေ အများကြီးမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ သူမဟာ Viva Erotica (အသက်မပြည့်သူတွေ မကြည့်သင့်တဲ့ ဇာတ်ကား) မှာ ပါဝင်သရုပ်ဆောင်ရင်း အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု ရခဲ့ပါတယ်။ (၁၉၉၇) ဟောင်ကောင် ရုပ်ရှင် ဆုပေးပွဲမှာ ရခဲ့တာပါ။
(၃)အကောင်းဆုံး မင်းသမီးဆုရခဲ့တဲ့ ဇာတ်ကား
Millennium Mambo ဆိုတဲ့ ဇာတ်ကားကတော့ သူမကို အကောင်းဆုံး မင်းသမီးဆု ရစေခဲ့တဲ့ ဇာတ်ကားပါ။ (၂၀၀၁) ခုနှစ်က ထိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ Golden Horse Award ပွဲမှာ ရခဲ့တာပါ။ဒါဟာ သူမဘ၀ အတွက် အောင်မြင်မှု အချိုးအကွေ့တစ်ခု ဖြစ်စေခဲ့ပြီး သူမကို ပရိသတ်တွေက အသိအမှတ်ပြုခဲ့ပါတယ်။
(၄)Jason Statham နဲ့ အတူ တွဲ သရုပ်ဆောင်ခဲ့ဖူး
Shu Qi ဟာ မင်းသား Jason Statham နဲ့ အတူ Transporter ဆိုတဲ့ ဇာတ်ကားမှာ အတူတွဲ သရုပ်ဆောင်ခဲ့ဖူး ပါတယ်။
(၅)ဟောင်ကောင်နဲ့ တရုတ်မှာပါ နာမည်ကြီးတဲ့ ထိုင်ဝမ်မင်းသမီး
ထိုင်ဝမ်မင်းသမီးဖြစ်တဲ့ သူမဟာ တရုတ်နဲ့ ဟောင်ကောင်မှာပါ နာမည်ကြီးတဲ့ ထိုင်ဝမ် အနုပညာရှင်တွေ ထဲက တစ်ယောက်ပါ။ သူမမှာ weibo အကောင့်ရှိပြီး အဲ့ဒီအကောင့်မှာဆိုရင် (၂၀၁၅) တုန်းကတောင်မှ follow လုပ် သူ သန်း (၃၀) အထိ ရှိခဲ့ပါတယ်။ ဒါဟာ တရုတ်မှာ နာမည်ကြီးတဲ့ ကိုရီးယားမင်းသား လီမင်ဟို ထက်တောင် ပိုများတဲ့ Followers အရေအတွက်ပါ။
(၆)English ဘာသာစကားနဲ့ပတ်သက်ပြီး သူမရဲ့ အမြင်
(၂၀၀၇)လောက်တုန်းက သူမကို မေးတဲ့ အင်တာဗျူးတစ်ခုမှာ Shu Qi က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်း ကျင်ကျင် ပြောဆိုနိုင်အောင် လေ့လာဖို့ရှိ၊ မရှိဆိုတာနဲ့ပတ်သက်ပြီး အခုလို ဖြေခဲ့ဖူးပါတယ်။ အင်္ဂလိပ်စာကို လေ့လာ သင်ယူခဲ့တာ မဟုတ်ကြောင်း၊ အဲ့ဒီလို လေ့လာကျက်မှတ် သင်ယူရတာကို မုန်းတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာပွဲတွေကို သွားရင်တော့ တခြားသူတွေ ပြောတာကို နားထောင်တယ်၊ မှတ်မိအောင်ကြိုးစားတယ်လို့ ပြောခဲ့ပါတယ်။
(၇)The Transporter ဇာတ်ကားမှာ အသံထွက်မှန်ဖို့ကိုပဲ ဦးစားပေးခဲ့.
အင်္ဂလိပ်စာကို မလေ့လာ မသင်ယူခဲ့ပေမယ့် The Transporter ဇာတ်ကားမှာ သူမက ပါဝင် သရုပ် ဆောင် ခဲ့ပါတယ်။ဒါဆိုရင် ဒီဇာတ်ကားမှာ နားလည်ဖို့ထက် အသံထွက်ကိုပဲ သင်ယူခဲ့တာလား ဆိုပြီး သတင်းထောက် ရဲ့ အမေးကို သူမက”ကျမက ဘာလို့ အင်္ဂလိပ်စကားကို သင်ယူရမှာလဲ..သူတို့ဘာလို့ တရုတ်စာ မသင်ရတာလဲ..” ဆိုပြီးြပြန်ဖြေခဲ့ပါတ်ယ