ယခင်က လူကြီးသူမတွေ ပြောဆိုဆုံးမခဲ့ကြသလို မူလတန်း သင်ရိုး ညွှန်းတန်းများတွင် သင်ယူခဲ့ရသည့် အင်္ဂ လိပ်ကိုလိုနီခေတ်က သင်္ဘောသူဋ္ဌေးကြီး ဦးနာအောက်နှင့် ဗြိတိသျှသင်္ဘောကုမ္ပဏီ တို့အကြား စီးပွားရေးတိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားခဲ့ပုံကို ယနေ့ထိ မေ့မရနိုင်သေး ပေ။ ဦးနာအောက်ဆိုတာ မြန်မာတိုင်းသိ တဲ့သူဋ္ဌေးကြီးတစ်ဦးဖြစ်ပြီး ၄င်းပိုင် ရွှေဒင်္ဂါး ပြားတွေ မရေတွက်နိုင်လို့ တင်းတောင်း ကြီးနှင့် ချိန်တွယ်အသုံး ပြုခဲ့ရသည်ဟု ဆိုသည်။ထိုခေတ်က ရွှေအစစ်ကို အ ရည်ကျိုပြီး ကျောင်းနံရံကို ရွှေရည်သုတ် လှူဒါန်းခဲ့သည်။ ဦးနာအောက်မှာ ကရင် ပြည်နယ် ဖားအံ့မြို့ ဖဲကကျေးရွာ၌ မွေး ဖွားခဲ့သည်။ မွန်လူမျိုးဖြစ်ပြီး မွေးချင်း ၅ ယောက်တွင် ၄ ယောက် မြောက်ဖြစ် သည်။ ဘုန်းတော်ကြီးကျောင်းတွင် ပညာ မသင်ကြားနိုင်ဘဲ လောက်လေးကိုင်ကာ ကျွဲကျောင်း၍ ကျွဲကျောင်းသားဖြစ်ခဲ့သည်။ ဆင်းရဲသော်လည်း ဇွဲ၊ လုံ့လရှိသူ ဖြစ် သည်။ ရောင့်ရဲတင်းတိမ် ဟင်းလျာအဖြစ် ဆား၊ ငါးပိ ဖုတ်၍ စားရလည်း ကျေနပ် သူဖြစ်သည်။ အစ်မကြီး၏ လယ်မြေတွင် လယ်သမား အဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် သူဌေးကြီး တစ်ဦးထံ တွင် ဝင်ရောက် အလုပ်လုပ်ခဲ့သည်။ သူဌေးကြီးကလည်း ရိုးသားသော မောင် အောက်ဟာ အလုပ်သမားခေါင်းဆောင် ခန့်ပြီး သစ်တောကြိုးဝိုင်းသို့ လူယုံအဖြစ် စေလွှတ်လိုက်ကာ သစ်လုပ်ငန်း လုပ်စေ ခဲ့သည်။သစ်တောကြိုးဝိုင်းတွင် သူဌေး အလိုကျသစ္စာရှိရှိ လုပ်ကိုင်ပေး၍ သူဌေး က ဆုငွေများ ချီးမြှင့်၍ သူကောင်းပြု လေသည်။ အလုပ်ကြိုးစား လုပ်ရာမှ ပစ္စည်းဥစ္စာစုဆောင်းမိလာပြီး တတိယဇနီး မိဂျာဥနှင့် လက်ထပ်ပြန်သည်။ ထို့နောက် သူဌေးထံမှ ငွေအရင်းအနှီးချေးယူကာ ကိုင်ပိုင်လုပ်ငန်းလုပ်ကိုင်ခဲ့သည်။ ထိုစဉ်က သီပေါမင်းပါတော်မူပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့အတွင်း အင်္ဂလိပ်ကို ခုခံတိုက်ခိုက်ကြသည်။ ထိုစဉ်က ကယား စော်ဘွားများ ရှမ်းစော်ဘွားများပိုင်သည့် သစ်တောများကို ဦးနာအောက်က ဈေး နှုန်းချိုသာစွာဖြင့် လုပ်ခွင့်ရရှိခဲ့သည်။ ကံ အကျိုးပေးကောင်းခဲ့၍ သံလွင်မြစ်တစ် လျှောက် မော်လမြိုင်တွင် ဦးနာအောက် ၏ သစ်ဖောင်များဖြင့် ပြည့်နေသည်။ သစ်လုံးတစ်လုံးတွင် ထုတ်လုပ်စရိတ် ငွေဒင်္ဂါး ၂၀ ရှိသော်လည်း မော်လမြိုင် တွင် ငွေဒင်္ဂါး ၁၀ဝ အထိ ရောင်းရသဖြင့် တစ်နှစ်တည်း ဦးနာအောက် အမြတ်ငွေ ၁၀ သိန်း ရရှိသွားသည်။ ထို့အပြင် ယိုးဒယားမက်ဟောင်ဆောင်ကြိုးဝိုင်းကို အခွန်ဆောင်ပြီး ဆင်အစီး ၄၀ ဖြင့် သစ် ထုတ်ပြန်ရာ အမြတ်များစွာ ရရှိပြန်သည်။ ကြီးပွားချမ်းသာ၍ ရွာပြန်သောအခါ ချစ်တီးကုလားများ လယ်သမားကို အတိုး နှုန်းများစွာဖြင့် ငွေချေးကာ သွေးစုပ်ချယ် လှယ်သည်ကို တွေ့ရ၍ ချစ်တီးကုလား များကို ပြိုင်ရန် ငွေတိုးချေးခြင်းနှင့် စပါးရောင်းဝယ်ရေး လုပ်ပြန်သည်။တွင် သင်္ဘောကျင်း တည်ဆေက်လေ သည်။ ဦးနာအောက်တွင် ၂ထပ်သင်္ဘော ၇ စီးရှိပြီး တစ်ထပ်သင်္ဘော ၂ စီးရှိသည်။ ထိုစဉ်က ၂ထပ် သင်္ဘောတစ်စီး ၆ သောင်းကျပြီး တစ်ထပ်သင်္ဘောတစ်စီး ၃၅၀ဝ၀ ကျသည်။ သင်္ဘောသားအားလုံး တိုင်းရင်းသားများဖြစ်ပြီး သင်္ဘောများ သည် သံလွင်မြစ်၊ လှိုင်မြစ် အတ္တရံမြစ် များတွင် ပြေးဆွဲသည်။ သင်္ဘောခကို အင်္ဂ လိပ်ပိုင် ဧရာဝတီကုမ္ပဏီထက် လျော့ယူ သည်။ ဘုန်းတော်ကြီးရှင်သာမဏေ၊ သီလရှင်၊ လူအို၊ ကလေးများကို သင်္ဘော ခမယူဘဲ နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ် သည်။ ဦးနာအောက်နှင့်ပြိုင်ဖက် ဧရာဝတီ သင်္ဘောကုမ္ပဏီက ဦးနာအောက်ကို မကျေနပ်ချေ။ ဦးနာအောက် သင်္ဘော ခ တစ်ကျပ်ယူလျှင် ဧရာဝတီကုမ္ပဏီက ပြား ၅၀ ယူသည်။ ဦးနာအောက်က ၂၅ ပြားယူရင် ဧရာဝတီသင်္ဘောက ဆယ်ပြား ယူသည်။ ထို့နောက် ၅ပြား ယူကာ နောက်ဆုံး အခမဲ့တင်လာသည် အထိတိုင် ပွဲဆင်လာကြသည်။ နောက် ဆုံးတိုက်ကွက်အဖြစ် ဧရာဝတီကုမ္ပဏီက ဦးနာအောက် သင်္ဘောများ မကပ်နိုင်ခြင်း သင်္ဘောဆိပ်ကမ်းမှန်သမျှကိုအခွန်ဆောင် ၍ ဝယ်ယူလေတော့သည်။ ဦးနာအောက် ဘင်္ဘောများ ဆိုက်ကပ်ရန် ဆိပ်ကမ်းမရှိ တော့သဖြင့် အခက်အခဲဖြစ်ရသည်။ ထိုအခါ ဦးနာအောက်က မြစ်ချောင်းများ ကို အခွန်ဆောင်ပြီး ဧရာဝတီသင်္ဘောများ မသွားလာနိုင်အောင် လုပ်တော့သည်။ နောက်ဆုံးတရားရုံး ရောက်သွားပြီး တရားရုံးက ဧရာဝတီသင်္ဘောကို ဦးနာ အောက် သင်္ဘောထက် စောစောတင်ပြီး ဦးနာအောက် သင်္ဘောထက်စောစော ဆိပ်ကမ်းကပ်ရမည်ဟု အမိန့်ချလိုက် သည်။
ယခုလည်း ဆက်သွယ်ရေး လိုင်စင်ယူ၍ လုပ်ကွက်ရသော အော်ပ ရေတာ ၄ ဦးရှိသွားပြီ။ ပထမဆုံးအော် ပရေတာ ၂ ဦး အတွက်တော့ လိုင်စင်ရ ရန် တော်တော်တိုက်ပွဲဝင်ကြရသည်။ ထို စဉ်က နော်ဝေနိုင်ငံမှတယ်လီနောကုမ္ပဏီ နှင့် ကာတာမှ အော်ရီဒူးကုမ္ပဏီတို့ကို နိုင်ငံတကာမှာ တယ်လီကွန်း ကုမ္ပဏီကြီး အမြောက်အမြားထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ် သည်။ ထိုစဉ်က နော်ဝေနိုင်ငံ မြန်မာနိုင်ငံ သို့ ချေးထားသော ဒေါ်လာသန်း ၅၃၄ သန်းကို လျှော်ပေးခဲ့သည်။ အများအမြင် တွင် ထိုသို့ဒေါ်လာ ၅၃၄ သန်း အြွေကး လျှော်ပေးခဲ့၍ တယ်လီနောအား လိုင်စင် ပေးခဲ့သလောဟု အများက တွေးထင်ခဲ့ ကြသည်။ တယ်လီနောကုမ္ပဏီမှာ အများ ပိုင်ကုမ္ပဏီဖြစ်ပြီး နော်ဝေအစိုးရက ၇၇ .၇ ရာခိုင်နှုန်းဆိုင်သည်။ အော်ပရေတာလိုင်စင်တင်ဒါ ခေါ်စဉ်က ပြိုင်ဘက်များကို ဖြတ်ကျော် ခဲ့သည့်အချက်မှာ မြန်မာအစိုးရသို့ ပေး ရသည့် up front payment ဒေါ်လာ သန်းပေါင်းမြောက်မြားစွာကို ပြိုင်ဖက်များ ထက်ပိုပေးနိုင်ခြင်းဖြစ်သည်။ ဈေးကွက် အတွင်း အော်ပရေတာနှစ်ဦး ပထမပြိုင် ဆိုင်မှုမှာ ပုံမှန်သာဖြစ်သည်။ ပရိုမိုးရှင်း အပြိုင်အဆိုင်ပေးမှုမှာ ပုံမှန်သာဖြစ်သည်။ ပရိုမိုးရှင်းအပြိုင်အဆိုင်ပေးခြင်း၊ လိုင်းမိ ခြင်း၊ အင်တာနက်မြန်ခြင်းနှင့် ပြိုင်ဆိုင် ကြသည်။ ဈေးနှုန်းလျှော့ခြင်း သိပ်မရှိလှ။ ဆင်းကတ်များလေလံတင်ရာတွင် တယ် လီနော ဆင်းကတ်အချို့မှာ သိန်းထောင် ချီပင်ရောင်းရသည်။ ထိုသို့ဆင်းကတ် နံပါတ်အလှများကို တချို့က ဈေးကြီးပေး ဝယ်ယူသုံးစွဲကြပြီး တချို့မှာ ဝယ်ယူပြီး အသုံးမပြုကြ၊ ထိုသို့ အသုံးမပြုပါက ကြာလျှင် အော်ဒီဒူးဆင်းကတ်ဆိုလျှင် လိုင်းပိတ်သွားပြီး သုံးမရဖြစ်သော်လည်း MPTနှင့် တယ်လီနောတို့မှာမူ လိုင်းပိတ် ခြင်းမရှိသဖြင့် သုံးစွဲသူများ ပို၍ နှစ်သက် ကြသည်။ ယခုလေးခုမြောက် အော်ပရေ Mytel မှာ ဈေးကွက်ထဲသို့ အရှိန်အဟုန် ပြင်းပြင်းဖြင့် ဝင်ရောက်လာသည်။ Viettel(ဗီယက်နမ်)ကုမ္ပဏီနှင့် ပူးပေါင်း ရင်းနှီးမြှုပ်နှံကာ ပရိုမိုးရှင်းပေါင်း မြောက် မြားစွာနှင့် ဈေးကွက်ကို ထိုးဖောက်နေ သည်။ ယခုအခါ ငွေကျပ်တစ်သောင်း ဖိုးဖြည့်လျှင် တစ်သောင်းအလကားပေး၍ ဆွဲဆောင်နေသလို အင်တာနက် Pac- kageကိုလည်း အခြားအော်ပရေတာများ မပေးသည့် 5Gb နှင့် ဘောနပ်အဖြစ် မိနစ် ၂၅၀ ကို ၄၀ဝ၀ ကျပ်သာကျသင့် သည်။ အခြားအော်ပရေတာများမှာ 4Gb ကို ကျပ် ၆၀ဝ၀ ကျော် ကျသင့်သလို၊ 6 Gb ကို ၉၉၉၉ ကျပ် ကျသင့်ပြီး 4Gb နှင့် ဘောနပ်၊ 2Gbကို ကျပ် ၉၅၀ဝ ကျသင့်သူများရှိသည်။ မည်သို့ပင်ဆိုစေ သုံးစွဲသူ ပြည်သူများအနေဖြင့်ကတော့ ဈေးပေါလေကောင်းလေ၊ လိုင်းကောင်း ရင်ပြီးရော၊ ဈေးပေါရင်ပြီးရော ခေတ်တော့ ရောက်နေပေပြီ။
#credit