Skip to main content

Apple ကုမၸဏီ ဘီလီယံ ၁၀၀၀ တန္ၿပီ

ကုမၸဏီစေထာင္တဲ့ ၁၉၈၀ တုန္းက ရွယ္ယာ တန္ဖိုးနဲ႔ ႏႈိင္းယွဥ္မယ္ ဆိုရင္ေတာ့ လက္ရွိတန္ဖိုးဟာ ရာခိုင္ႏႈန္း ငါးေသာင္းေလာက္ေတာင္ တက္လာအက္ပဲ ကုမၸဏီဟာ ေဈးကြက္တန္ဖိုး အေမရိကန္ ေဒၚလာ ဘီလီယံ တေထာင္ျဖစ္တဲ့ တစ္ ထရီလီယံ တန္ေၾကးေပါက္တဲ့ ပထမဆုံး အေမရိကန္ ကုမၸဏီ ျဖစ္လာခဲ့ပါတယ္။

အက္ပဲ ရွယ္ယာတခုကို အေမရိကန္ ေဒၚလာ ၂၀၇ ေဒၚလာ အထိလည္း ေဈးေပါက္သြားခဲ့ပါတယ္။

ဒီလို ေဒၚလာ တစ္ ထရီလီယံ တန္ဖိုး ျဖစ္လာႏိုင္ေခ် ရွိတဲ့ အေမဇြန္ နဲ႔ မိုက္ခ႐ိုေဆာ့ဖ္ ကုမၸဏီတို႔ကို ေက်ာ္ျဖတ္ၿပီး အက္ပဲက အခုလို ပထမဆုံး တစ္ ထရီလီယံတန္ ကုမၸဏီ ျဖစ္လာတာလည္း ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ အႏွစ္ ၄၀ ေက်ာ္က စတင္ခဲ့တဲ့ အက္ပဲ ကုမၸဏီဟာ အႏွစ္ ၂၀ ေလာက္ အေရာက္မွာ သူ႔ရဲ႕ ကြန္ျပဴတာေတြ လူႀကိဳက္နည္းလာၿပီး ေဒဝါလီ ခံရမယ့္ အေျခအေန အထိ ျဖစ္ခဲ့ေပမယ့္ ၂၀ဝ၁ ခုႏွစ္မွာ စထုတ္ခဲ့တဲ့ အိုင္ေပါ့နဲ႔အတူ အျမတ္ေတြ ျပန္ရလာတာ ျဖစ္ပါတယ္။
 ေဒဝါလီ ခံရမယ့္ အေျခအေန အထိ ျဖစ္ခဲ့ေပမယ့္ ၂၀ဝ၁ ခုႏွစ္မွာ စထုတ္ခဲ့တဲ့ အိုင္ေပါ့နဲ႔အတူ အျမတ္ေတြ ျပန္ရလာတာအက္ပဲ ကုမၸဏီ ထူေထာင္သူ စတိဗ္ ေဂ်ာ့ဟာ ၁၉၇၆ မွာ သူ႔ အိမ္က ဂိုေထာင္အတြင္း မက္ ကြန္ျပဴတာ ပထမဆုံး ပုံစံထုတ္ၿပီး ေနာက္ပိုင္း ကုမၸဏီ ေထာင္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ 
အက္ပဲ အမႈေဆာင္ အရာရွိခ်ဳပ္ စတိဗ္ ေဂ်ာ့ ကြယ္လြန္ၿပီးေနာက္ပိုင္း ၂၀၁၁ မွာ မစၥတာ တင္မ္ ကြတ္ က တာဝန္ယူခဲ့တဲ့ အခ်ိန္ကထက္ ရာခိုင္ႏႈန္း ၂၀ဝ၀ အထိ ရွယ္ယာ တန္ဖိုးတက္လာတာ ျဖစ္ပါတယ္။

ကုမၸဏီစေထာင္တဲ့ ၁၉၈၀ တုန္းက ရွယ္ယာ တန္ဖိုးနဲ႔ ႏႈိင္းယွဥ္မယ္ ဆိုရင္ေတာ့ လက္ရွိတန္ဖိုးဟာ ရာခိုင္ႏႈန္း ငါးေသာင္းေလာက္ေတာင္ တက္လာတဲ့ တန္ဖိုးလည္း ျဖစ္ေနပါတယ္။

အခုလို တစ္ ထရီလီယံ အထိ တန္ေၾကးရွိလာေပမယ့္ အေမဇြန္နဲ႔ မိုက္ခ႐ိုေဆာ့ဖ္တို႔ရဲ႕ ရွယ္ယာေတြေလာက္ ေဈးကြက္အတြင္း အျမတ္ရတဲ့ကုန္သြယ္မႈ အႀကိမ္ေရ မမ်ားေသးဘူးလို႔လည္း ေလ့လာသုံးသပ္သူေတြက ေျပာဆိုေနၾကပါတယ္။
၁၉၈၄ မွာ ပထမဆုံး စထုတ္ခဲ့တဲ့ မက္ကင္ေတာ့ရွ္ ကြန္ျပဴတာဒါ့အျပင္ အက္ပဲက သူတို႔ေရာင္းထားတဲ့ ရွယ္ယာေတြ ျပန္ဝယ္ဖို႔အတြက္ အေမရိကန္ ေဒၚလာ ဘီလီယံ ၁၀ဝ လ်ာထားဖို႔ ဆုံးျဖတ္ထားတာေၾကာင့္လည္း အခုလို ရွယ္ယာ တန္ဖိုး တက္လာတာလို႔ ဆိုပါတယ္။

ဒါေပမယ့္ အက္ပဲ ကုမၸဏီဟာ အျမတ္ရရွိမႈကို ထုတ္ကုန္ပစၥည္း ေရာင္းတာ တခုတည္းကေနပဲ အားမထားေတာ့ပဲ အက္ပ္ေတြ ေရာင္းတာ၊ သုံးသူေတြအတြက္ အြန္လိုင္းမွာ အခ်က္အလက္ သိုေလွာင္ခ ေကာက္တာနဲ႔ ေတးသီခ်င္းဖြင့္ခြင့္ ဝန္ေဆာင္မႈ ေပးတာေတြကေန သုံးလကို ၁၀ ဘီလီယံ ရတဲ့အထိ အျမတ္ယူႏိုင္ လာတယ္လို႔လည္း တခ်ိဳ႕က ေထာက္ျပၾကပါတယ္။

ဒါေပမယ့္ ႀကီးထြားလာတဲ့ တ႐ုတ္ ကုမၸဏီေတြရဲ႕ စမာ့ဖုန္း ေဈးကြက္ကလည္း အက္ပဲ ရရွိထားတဲ့ ေဈးကြက္ကို ခြဲယူႏိုင္မယ့္ အေျခအေနေတြ ရွိေနပါတယ္။

BBC Burmese
https://www.bbc.comcom

Unicode
ကုမ္ပဏီစထောင်တဲ့ ၁၉၈၀ တုန်းက ရှယ်ယာ တန်ဖိုးနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ လက်ရှိတန်ဖိုးဟာ ရာခိုင်နှုန်း ငါးသောင်းလောက်တောင် တက်လာအက်ပဲ ကုမ္ပဏီဟာ ဈေးကွက်တန်ဖိုး အမေရိကန် ဒေါ်လာ ဘီလီယံ တထောင်ဖြစ်တဲ့ တစ် ထရီလီယံ တန်ကြေးပေါက်တဲ့ ပထမဆုံး အမေရိကန် ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

အက်ပဲ ရှယ်ယာတခုကို အမေရိကန် ဒေါ်လာ ၂၀၇ ဒေါ်လာ အထိလည်း ဈေးပေါက်သွားခဲ့ပါတယ်။

ဒီလို ဒေါ်လာ တစ် ထရီလီယံ တန်ဖိုး ဖြစ်လာနိုင်ချေ ရှိတဲ့ အမေဇွန် နဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီတို့ကို ကျော်ဖြတ်ပြီး အက်ပဲက အခုလို ပထမဆုံး တစ် ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာတာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်က စတင်ခဲ့တဲ့ အက်ပဲ ကုမ္ပဏီဟာ အနှစ် ၂၀ လောက် အရောက်မှာ သူ့ရဲ့ ကွန်ပြူတာတွေ လူကြိုက်နည်းလာပြီး ဒေဝါလီ ခံရမယ့် အခြေအနေ အထိ ဖြစ်ခဲ့ပေမယ့် ၂၀ဝ၁ ခုနှစ်မှာ စထုတ်ခဲ့တဲ့ အိုင်ပေါ့နဲ့အတူ အမြတ်တွေ ပြန်ရလာတာ ဖြစ်ပါတယ်။

 ဒေဝါလီ ခံရမယ့် အခြေအနေ အထိ ဖြစ်ခဲ့ပေမယ့် ၂၀ဝ၁ ခုနှစ်မှာ စထုတ်ခဲ့တဲ့ အိုင်ပေါ့နဲ့အတူ အမြတ်တွေ ပြန်ရလာတာအက်ပဲ ကုမ္ပဏီ ထူထောင်သူ စတိဗ် ဂျော့ဟာ ၁၉၇၆ မှာ သူ့ အိမ်က ဂိုထောင်အတွင်း မက် ကွန်ပြူတာ ပထမဆုံး ပုံစံထုတ်ပြီး နောက်ပိုင်း ကုမ္ပဏီ ထောင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အက်ပဲ အမှုဆောင် အရာရှိချုပ် စတိဗ် ဂျော့ ကွယ်လွန်ပြီးနောက်ပိုင်း ၂၀၁၁ မှာ မစ္စတာ တင်မ် ကွတ် က တာဝန်ယူခဲ့တဲ့ အချိန်ကထက် ရာခိုင်နှုန်း ၂၀ဝ၀ အထိ ရှယ်ယာ တန်ဖိုးတက်လာတာ ဖြစ်ပါတယ်။

ကုမ္ပဏီစထောင်တဲ့ ၁၉၈၀ တုန်းက ရှယ်ယာ တန်ဖိုးနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ လက်ရှိတန်ဖိုးဟာ ရာခိုင်နှုန်း ငါးသောင်းလောက်တောင် တက်လာတဲ့ တန်ဖိုးလည်း ဖြစ်နေပါတယ်။

အခုလို တစ် ထရီလီယံ အထိ တန်ကြေးရှိလာပေမယ့် အမေဇွန်နဲ့ မိုက်ခရိုဆော့ဖ်တို့ရဲ့ ရှယ်ယာတွေလောက် ဈေးကွက်အတွင်း အမြတ်ရတဲ့ကုန်သွယ်မှု အကြိမ်ရေ မများသေးဘူးလို့လည်း လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

၁၉၈၄ မှာ ပထမဆုံး စထုတ်ခဲ့တဲ့ မက်ကင်တော့ရှ် ကွန်ပြူတာဒါ့အပြင် အက်ပဲက သူတို့ရောင်းထားတဲ့ ရှယ်ယာတွေ ပြန်ဝယ်ဖို့အတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀ဝ လျာထားဖို့ ဆုံးဖြတ်ထားတာကြောင့်လည်း အခုလို ရှယ်ယာ တန်ဖိုး တက်လာတာလို့ ဆိုပါတယ်။

ဒါပေမယ့် အက်ပဲ ကုမ္ပဏီဟာ အမြတ်ရရှိမှုကို ထုတ်ကုန်ပစ္စည်း ရောင်းတာ တခုတည်းကနေပဲ အားမထားတော့ပဲ အက်ပ်တွေ ရောင်းတာ၊ သုံးသူတွေအတွက် အွန်လိုင်းမှာ အချက်အလက် သိုလှောင်ခ ကောက်တာနဲ့ တေးသီချင်းဖွင့်ခွင့် ဝန်ဆောင်မှု ပေးတာတွေကနေ သုံးလကို ၁၀ ဘီလီယံ ရတဲ့အထိ အမြတ်ယူနိုင် လာတယ်လို့လည်း တချို့က ထောက်ပြကြပါတယ်။

ဒါပေမယ့် ကြီးထွားလာတဲ့ တရုတ် ကုမ္ပဏီတွေရဲ့ စမာ့ဖုန်း ဈေးကွက်ကလည်း အက်ပဲ ရရှိထားတဲ့ ဈေးကွက်ကို ခွဲယူနိုင်မယ့် အခြေအနေတွေ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com

Updates

Theme Editor by Seo v6