Skip to main content

တစ်နေ့မှာ နိုင်ငံကျော် အဆိုတော်မင်းသား ငှက်ပျောသီးရယ်လို့ ဖြစ်လာလေမည်လား

မြန်မာအိုင်ဒေါ အဆိုပြိုင်ပွဲ အသံစစ်ဆေးမှုမှာ ဗိုက်ဆာလွန်း သဖြင့် စာသားမေ့ဖြစ်ခဲ့ရသော ခြိမ့်ကေကို ဆိုတဲ့ အဆိုဝါသနာရှင်လေးကို လူတိုင်းသိကြမှာပါ။ အဆိုပြိုင်ရင်း သီချင်းစားသား မေ့သွားရခြင်းမှာ ဗိုက်ဆာလွန်းလို့ ဖြစ်ကြောင်း ရိုးသားစွာ ပြောခဲ့လို့
အန်ကယ် မြန်မာပြည်သိန်းတန်မှ ချစ်ခင်စာနာ သနားစွာ
ငှက်ပျောသီး ထုတ်ကျွေးခဲ့ပါတယ်။

အဆိုဝါသနာရှင်လေး ခြိမ့်ကေကိုဟာ ပြိုင်ပွဲမှာ ရွေးချယ်မခံခဲ့ရသော်လည်း မလျော့သော ဇွဲလုံ့လတို့ဖြင့် လူမှုကွန်ယက်ဖေ့ဘုတ်စ်ပေါ်မှာ ပရိတ်သတ်ကို သီချင်းတွေ သီဆို ဖျော်ဖြေခဲ့ပါတယ်။

ဒီလို ကြိုးစားအားထုတ်မှုကြောင့် လူများစွာရဲ့ အားပေးမှုကို ရယူနိုင်ခဲ့ပြီး အန်ကယ် ဦးသိန်းတန်ဆီက ငှက်ပျောသီး စားခဲ့ရဖူးသူလေးမို့လည်း ပရိတ်သတ်တွေက ချစ်စနိုးနဲ့ “ငှက်ပျောသီး”ရယ်လို့ နာမည်ပေး ကင်းပွန်းတက်ခြင်းကို ရရှိပိုင်ဆိုင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ငှက်ပျောသီး ဟာဆိုရင်ဖြင့် စိတ်ဓာတ်မကျဘဲ မလျော့သော ဇွဲဖြင့် ဖေ့ဘုတ်မှာ သီချင်းတွေဆိုပြခဲ့သလို ရိုးသားစွာ ကြိုးစားခဲ့သော သူ့ရဲ့ဇွဲ ဝိရိယကြောင့် ယခုအခါမှာတော့ သီချင်းသီဆိုမှု အပိုင်းမှာသာမက သရုပ်ဆောင်မှုအပိုင်းမှာပါ နေရာတစ်နေရာကို ရောက်လာနိုင်မယ့် လမ်းစပေါ်ကို ရောက်လာပြီဖြစ်ပါတယ်။

ငှက်ပျောသီးဟာ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးခွေ ထုတ်နိုင်ဖို့ ကြိုးစားအားထုတ်နေသူ တစ်ဦးဖြစ်ပြီး ယခုချိန်မှာတော့ တေးစီးရီးခွေ မထွက်ခင်မှာပဲ ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ လေပြေ ရိုက်ကူးနေသော “သရဲချစ်သူ”ဇာတ်ကားမှာ မင်းသားအဖြစ် ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ဤဗီဒီယိုဇာတ်ကားမှသည် နာမည်ကျော်ကြား
လူကြိုက်များလာပြီး ရုပ်ရှင်သရုပ်ဆောင်မင်းသား တစ်ဦး အဖြစ် ငှက်ပျောသီးကို မြင်ရတော့မည်လားး ???

ဒါမှမဟုတ် ဤဗီဒီယိုဇာတ်ကားမှ ရသော အနုပညာကြေးများဖြင့် တစ်ကိုယ်တော် တေးစီးရီးခွေ ထုတ်နိုင်ပြီး အဆိုတော် သရုပ်ဆောင်မင်းသား တစ်ဦးအဖြစ် မြန်မာအနုပညာလောကမှ ထွန်းလင်းလာတော့မယ့် ကြယ်တစ်ပွင့် ဖြစ်လာလေမလားး ဆိုတာကတော့ . . . . .။ ။

Written By . . Mr ( Sundaynewsmedia)
Sunday News Media

Updates

Theme Editor by Seo v6