၁ ။ ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်နှစ်စက်ထည့်ပေးရုံဖြင့်အနံ့အရသာကို
၂ ။ ဘီယာ
၃ ။ မြေပဲဆီ
၎ ။ ဆား
၅ ။ ဆန်အရက် ( အရက်ဖြူ )
၆ ။ ရေကျက်အေး
၇ ။ ကြက်သွန်မြိတ်
၈ ။ လက်ဖက်ရည် ကြမ်း
၉ ။ သံလွင်ဆီ
* အိမ်ရှင်မများအရသာပြည့်ဝတဲ့မိသားစုထမင်းဝိုင်းလေးဖန်တီးနိုင်ကြပါစေ*
Credit to Original Writer
Unicode
ထမင်းကောင်းတစ်အိုးရဲ့လျို့၀ှက်ချက်များ
၁ ။ ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်နှစ်စက်ထည့်ပေးရုံဖြင့်အန့ံအရသာကို
ပိုမိုထင်ပေါ်မွှေးပျံ့စေသည့်အပြင်ရာသီဥတုအလွန်ပူပြင်း၍ထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
၂ ။ ဘီယာ
ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာဆန်သစ်လောက်မကောင်းတဲ့ချိန်မှာ
စိတ်ပူစရာမလိုပါဘူး ၊ထမင်းချက်ချိန်မှာဘီယာအနည်းငယ်သာထည့်ပေးလိုက်ပါ
ပေါ်ဆန်းမွှေးကဲ့သို့မွှေးပျံ့တဲ့ထမင်းကိုရရှိမှာဖြစ်ပါတယ်။
၃ ။ မြေပဲဆီ
ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပြီးအသာမွှေပေးလိုက်ပါ
ဆန်ဖွာခြင်းမရှိပဲခံတွင်းတွေ့စေမယ့်ထမင်းကိုရရှိမှာဖြစ်ပါတယ်။
၄ ။ ဆား
လက်ကျန်ထမင်းကိုပြန်နွှေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းဖြင့်အနံ့ဆိုးများကို
ပျောက်စေမည့်အပြင်ထမင်းကိုလည်းနူးညံ့စေပါတယ်။
၅ ။ ဆန်အရက် ( အရက်ဖြူ )
ထမင်းကြော်ရာတွင်အရက်သုံးလေးစက်အနည်းငယ်ထည့်ကြော်ပေးပါက
နတ်သုဒ္ဒါပမာထမင်းအရသာကိုရရှိစေမှာဖြစ်ပါတယ်
အကယ်၍ထမင်းကျက်တ၀က်မကျက်တ၀က်အခြေနေမျိုးတွေ့ကြုံနေပါကဆန်အရက်ဇွန်းနှစ်ဇွန်းစာ
ထည့်ပြီးနွှေးပေးခြင်းဖြင့်ထမင်းကိုလုံး၀ကျက်စေမှာဖြစ်ပါတယ်။
၆ ။ ရေကျက်အေး
ထမင်းချက်ရာတွင်ရေကျက်အေးဖြင့်ချက်ပေးပါကဆန်မှာပါ၀င်တဲ့ဗီတာမင် B1 ဓာတ်ကို
အပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။
၇ ။ ကြက်သွန်မြိတ်
ထမင်းတူးသွားပါကထမင်းကြားထဲကိုကြက်သွန်မြိတ်တစ်ပင်ခဏဖုံးအုပ်ထားလိုက်ပါ
တူးနံ့များယူပစ်သလိုပျောက်သွားစေပါတယ်။
၈ ။ လက်ဖက်ရည် ကြမ်း
ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းရေငှဲ့ချက်လျှင်ရရှိလာတဲ့ထမင်းက
အနံ့အရသာကိုပြည့်စုံစေရုံသာမကအဟာရလည်းအလွန်ဖြစ်စေပါတယ်။
၉ ။ သံလွင်ဆီ
ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို
ထိန်းချုပ်နိုင်စေသည့်အပြင်အစာအိမ်ကိုလည်းဥပါဒ်မဖြစ်စေပါဘူး
ဆီးချိုသမားများအတွက်အထူးသင့်လျော်ပါတယ်။
* အိမ်ရှင်မများအရသာပြည့်၀တဲ့မိသားစုထမင်းိုင်းလေးဖန်တီးနိုင်ကြပါစေ *