Skip to main content

အဆိုေတာ္ယုန္ေလးကို ေမာ္ဒယ္စူးရွထက္က တရားဆြဲဆိုထားဟု သတင္းမ်ားထြက္ေပၚ

ၾသဂုတ္ ၁၄ ။ ။ အစၥဏီရံုးခ်ိန္းအမႈႏွင့္ပတ္သက္ၿပီး ယုန္ေလးကို ေမာ္ဒယ္စူးရွထက္က တရားစြဲဆိုထားသည္ဟု သတင္းမ်ား ၾသဂုတ္လ ၁၄ ရက္ ညေနပိုင္းက ထြက္ေပၚခဲ့သည္။

အဆိုေတာ္ယုန္ေလးက အစၥဏီရံုးခ်ိန္းႏွင့္ ပတ္သက္ၿပီး ၎အား ေမာ္ဒယ္စူးရွထက္က တရားစြဲထားသည့္ဟုဆုိကာ ယေန႔ ၾသဂုတ္လ ၁၄ ရက္ ညေနပိုင္းတြင္ ၎၏ လူမႈကြန္ရက္ေပၚ၌ စာေရးသားခဲ့ၿပီးေနာက္ စူးရွထက္ႏွင့္ ယုန္ေလး တို႔ Live လႊင့္ကာ အျပန္အလွန္ ေျပာဆိုခဲ့ၾကသည္ကို ေတြ႔ရသည္။

အဆိုပါအမႈအတြက္ ယုန္ေလးက ၾကား၀င္ညိွႏိႈင္းခဲ့ေၾကာင္း ၊ ႏွစ္ဖက္မိဘမ်ားႏွင့္ေတြ႔ဆံုၿပီး ညိွႏိႈင္းခဲ့ကာ ေက်ေအးေပးမည္ဆို၍ ၀မ္းသာေၾကာင္း၊ အာမခံရေရးအပါအ၀င္ ေျပာဆိုခဲ့ၾကေၾကာင္း ၊ ယခု တရားစြဲဆိုမည္ ဟု ေျပာဆိုျခင္းအေပၚ ေမးခြန္းထုတ္ခဲ့ေသာ အေရးအသားမ်ား တင္ခဲ့သည္။

ထို႔ေနာက္ စူးရွထက္က Live လႊင့္ကာ “ ကိုယုန္ေလးကို ကၽြန္မ ဒီကေန ေျပာခ်င္ပါတယ္။ ညီမက ကိုယုန္ေလးကို တရားစြဲထားတယ္တဲ့ ဆိုၿပီး စေတးတပ္တင္ထားတယ္ေနာ္။ ညီမက ဘယ္တရား႐ုံးမွာ တရားစြဲထားတာလဲဆိုတာ သိပါရေစ။ ၿပီးေတာ့ ကိုအစၥဏီအမႈကို ညီမ ႐ုံးခ်ိန္းတက္တယ္။ ႐ုံးခ်ိန္းတက္တဲ့အခ်ိန္မွာ ညိွလို႔ရရင္ရ၊ မရရင္ သတ္ပစ္မယ္ဆိုတာ တစ္ေယာက္ ၾကား႐ုံတင္မဟုတ္ဘူး။ ႏွစ္ေယာက္ၾကား႐ုံတင္မဟုတ္ဘူး။ တရား႐ုံးထဲက လူေတြ အကုန္ၾကားတယ္ေနာ္။ ညိွလို႔ရရင္ရ မရရင္သတ္ပစ္မယ္ဆိုတာ။ ညီမေနရာမွာဆိုရင္ ကိုယုန္ေလးရဲ႕ ညီမဆိုရင္ေရာ။ ၿငိမ္ခံေနမလား” အပါအ၀င္ လူမႈကြန္ရက္တြင္ တင္ခဲ့သည္။

အဆိုေတာ္ ယုန္ေလးကို မဇၩိမမွ ဆက္သြယ္ေမးျမန္းရာ ဒီမွာ စိတ္ေတြေတာ့ ရႈပ္ေနၿပီ။ ဘာမမွမသိေသးဘူး။ စိတ္ေတြေတာ္ေတာ္ရႈပ္ေနလို႔။ ဗီဒီယိုလည္း ႐ုိက္ၿပီးတင္ထားေၾကာင္း ျပန္လည္ ေျဖဆိုသည္။

ထို႔ေနာက္ ယုန္ေလးက သူ႔အေကာင္မွ “ခုမွ ၾကားရတာ ကၽြန္ေတာ့ကို တရားစြဲတယ္လို႔ ။ ဘာမွန္းလည္း မသိပါဘူး။ ရဲစခန္းသြားဆိုလည္း သြားမွာပါ။ တရားရံုးဆိုလည္း သြားမွာပါ။ ကၽြန္ေတာ္ ဘာမွ လုပ္မထားဘူး။ အဲဒီအတြက္ ရွင္းမွာပါ။ ရယ္ဒီပါ။ ညီမေလးကိုလည္း ဆုေတာင္းေပးလိုက္ပါတယ္။ ဘ၀မွာ အေကာင္းဆံုး အလုပ္ေတြ လုပ္ႏိုင္ပါေစ။ အဆင္ေျပေျပ ေခ်ာေခ်ာေမြ႔ေမြ႕နဲ႔ လံုး၀ အရာရာ အဆင္ေျပေစဖို႔ ဆုေတာင္းေပးပါတယ္။ ရံုးခ်ိန္း ႀကိဳက္တဲ့ေန႔ေခၚလိုက္၊ ရယ္ဒီ” ဟု တင္ထားခဲ့သည္။

ၾသဂုတ္လ ၁၃ ရက္ေန႔၊ ေန႔လယ္ပိုင္းက ရန္ကုန္ၿမိဳ႕၊တာေမြၿမိဳ႕နယ္ တရားရုံး၌ အဆိုေတာ္အစၥဏီ၏ ၁၂ ႀကိမ္ေျမာက္ရုံးထုတ္ခဲ့ၿပီး အဆိုေတာ္ အစၥဏီဘက္မွ သက္ေသတင္သြင္းထားသည့္ ရုပ္သံဖိုင္ကို ပယ္ဖ်က္ေပးရန္ ေမာ္ဒယ္စူးရွထက္က တိုင္းတရားရုံးသို႔ ဆက္လက္တင္ျပထားသည္။

Unicode
သြဂုတ် ၁၄ ။ ။ အစ္စဏီရုံးချိန်းအမှုနှင့်ပတ်သက်ပြီး ယုန်လေးကို မော်ဒယ်စူးရှထက်က တရားစွဲဆိုထားသည်ဟု သတင်းများ သြဂုတ်လ ၁၄ ရက် ညနေပိုင်းက ထွက်ပေါ်ခဲ့သည်။

အဆိုတော်ယုန်လေးက အစ္စဏီရုံးချိန်းနှင့် ပတ်သက်ပြီး ၎င်းအား မော်ဒယ်စူးရှထက်က တရားစွဲထားသည့်ဟုဆိုကာ ယနေ့ သြဂုတ်လ ၁၄ ရက် ညနေပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်ပေါ်၌ စာရေးသားခဲ့ပြီးနောက် စူးရှထက်နှင့် ယုန်လေး တို့ Live လွှင့်ကာ အပြန်အလှန် ပြောဆိုခဲ့ကြသည်ကို တွေ့ရသည်။

အဆိုပါအမှုအတွက် ယုန်လေးက ကြား၀င်ညှိနှိုင်းခဲ့ကြောင်း ၊ နှစ်ဖက်မိဘများနှင့်တွေ့ဆုံပြီး ညှိနှိုင်းခဲ့ကာ ကျေအေးပေးမည်ဆို၍ ၀မ်းသာကြောင်း၊ အာမခံရရေးအပါအ၀င် ပြောဆိုခဲ့ကြကြောင်း ၊ ယခု တရားစွဲဆိုမည် ဟု ပြောဆိုခြင်းအပေါ် မေးခွန်းထုတ်ခဲ့သော အရေးအသားများ တင်ခဲ့သည်။

ထို့နောက် စူးရှထက်က Live လွှင့်ကာ “ ကိုယုန်လေးကို ကျွန်မ ဒီကနေ ပြောချင်ပါတယ်။ ညီမက ကိုယုန်လေးကို တရားစွဲထားတယ်တဲ့ ဆိုပြီး စတေးတပ်တင်ထားတယ်နော်။ ညီမက ဘယ်တရားရုံးမှာ တရားစွဲထားတာလဲဆိုတာ သိပါရစေ။ ပြီးတော့ ကိုအစ္စဏီအမှုကို ညီမ ရုံးချိန်းတက်တယ်။ ရုံးချိန်းတက်တဲ့အချိန်မှာ ညှိလို့ရရင်ရ၊ မရရင် သတ်ပစ်မယ်ဆိုတာ တစ်ယောက် ကြားရုံတင်မဟုတ်ဘူး။ နှစ်ယောက်ကြားရုံတင်မဟုတ်ဘူး။ တရားရုံးထဲက လူတွေ အကုန်ကြားတယ်နော်။ ညှိလို့ရရင်ရ မရရင်သတ်ပစ်မယ်ဆိုတာ။ ညီမနေရာမှာဆိုရင် ကိုယုန်လေးရဲ့ ညီမဆိုရင်ရော။ ငြိမ်ခံနေမလား” အပါအ၀င် လူမှုကွန်ရက်တွင် တင်ခဲ့သည်။

အဆိုတော် ယုန်လေးကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာ ဒီမှာ စိတ်တွေတော့ ရှုပ်နေပြီ။ ဘာမမှမသိသေးဘူး။ စိတ်တွေတော်တော်ရှုပ်နေလို့။ ဗီဒီယိုလည်း ရိုက်ပြီးတင်ထားကြောင်း ပြန်လည် ဖြေဆိုသည်။

ထို့နောက် ယုန်လေးက သူ့အကောင်မှ “ခုမှ ကြားရတာ ကျွန်တော့ကို တရားစွဲတယ်လို့ ။ ဘာမှန်းလည်း မသိပါဘူး။ ရဲစခန်းသွားဆိုလည်း သွားမှာပါ။ တရားရုံးဆိုလည်း သွားမှာပါ။ ကျွန်တော် ဘာမှ လုပ်မထားဘူး။ အဲဒီအတွက် ရှင်းမှာပါ။ ရယ်ဒီပါ။ ညီမလေးကိုလည်း ဆုတောင်းပေးလိုက်ပါတယ်။ ဘ၀မှာ အကောင်းဆုံး အလုပ်တွေ လုပ်နိုင်ပါစေ။ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လုံး၀ အရာရာ အဆင်ပြေစေဖို့ ဆုတောင်းပေးပါတယ်။ ရုံးချိန်း ကြိုက်တဲ့နေ့ခေါ်လိုက်၊ ရယ်ဒီ” ဟု တင်ထားခဲ့သည်။

သြဂုတ်လ ၁၃ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊တာမွေမြို့နယ် တရားရုံး၌ အဆိုတော်အစ္စဏီ၏ ၁၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး အဆိုတော် အစ္စဏီဘက်မှ သက်သေတင်သွင်းထားသည့် ရုပ်သံဖိုင်ကို ပယ်ဖျက်ပေးရန် မော်ဒယ်စူးရှထက်က တိုင်းတရားရုံးသို့ ဆက်လက်တင်ပြထားသည်။

Updates

Theme Editor by Seo v6