သူငယ်ချင်းတချို့က ကျွန်မကိုမေးကြပါတယ်။ ” အိမ်ထောင်ပြုလိုက်ရင် ‘ဝ’ လာ မှာလား?ငါတို့သိတဲ့သူတွေက အိမ်ထောင်ပြုပြီး သိပ်မကြာဘူး သိသိသာသာဝလာလို့”တဲ့။ ယောင်းတို့ထဲမှာလည်း ဒီမေးခွန်းမျိုးသိချင်နေကြတဲ့သူတွေ ရှိမှာပဲနော်။
လေ့လာတွေ့ရှိချက်တွေအရ အိမ်ထောင်ကျပြီး ပထမ ၃ လလောက်မှာပဲ ခန္ဓာကိုယ်အလေးချိန် ၃ပေါင်ကနေ ၅ပေါင်လောက် တက်လာကြပါတယ်တဲ့။ တချို့ကတော့ ဟော်မုန်းဆေးတွေဖြစ်တဲ့ သောက်ဆေး၊ ထိုးဆေးတွေရဲ့ ဆိုးကျိုးကြောင့် ဝလာတာလည်း ရှိပါတယ်။ တချို့ကျတော့လည်း ကိုယ်ဝန်တားဆေးလည်း မသောက်၊ ဆေးလည်းမထိုးပါဘဲ ဝလာတဲ့သူတွေလည်းရှိပါတယ်။
ဒီလို ဝ လာရတဲ့အကြောင်းရင်းတွေကတော့
၁) အရာရာကို မျှဝေရင်းနဲ့ ဝလာတာ။
ချစ်တဲ့စိတ်နဲ့ အိမ်ထောင်ဖက်တိုင်းမှာ မျှဝေချင်စိတ်ရှိပါတယ်။ သွားရင်တူတူသွားချင်တယ်၊ နားရင် အတူနားချင်တယ်။ စားတာကျတော့လည်း တူတူစားချင်တဲ့အခါမှာ ‘ဝ’ တဲ့ ဇာတ်လမ်းက စလာပါတယ်။ ချစ်ချစ်စားတိုင်းလိုက်စားတဲ့အခါ ချစ်ချစ်ကမဝဘဲ မိန်းကလေးတွေကချည်း’ဝ’ လာပါတယ်။ အကြောင်းကတော့ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် စွမ်းအင်ပိုလိုပြီး စွမ်းအင်သုံးတာပိုများလို့ ပိုစားဖို့လိုတာပါ။ ချစ်ချစ်လို လိုက်စားမိမယ်ဆိုရင် ကိုယ်တွေမိန်းကလေးတွေက လိုတာထက်ပိုစားမိတော့ ‘ ဝ’ လာတာပေါ့နော်။
အကြံပေးချင်တာက…
အတူတူစားမယ်ဆိုရင်တောင် ချစ်ချစ် စားသလောက်လိုက်မစားပါနဲ့။ နည်းနည်းစီပဲ စားပေးပါ။
၂) သူက ဘယ်လိုဖြစ်ဖြစ် ချစ်တယ်ပြောရင်း ဝလာတာ။
ချစ်ချစ်ကတော့ ကိုယ့်ကို ချစ်လို့ယူထားတာဆိုတော့ ” မိန်းမ ဘယ်လောက် ‘ဝ’ ‘ဝ’ ချစ်တယ်လို့ပြောတဲ့အခါ ကိုယ်တွေ မိန်းကလေးတွေကလည်း ကြိုက်တာပေါ့နော်။ ဒီတော့ နည်းနည်းလေး ကိုယ်အလေးချိန်တက်လာလည်း အရင်လို မထိန်းတော့ဘဲ ဆက်ပြီးစားရင်းက ‘ဝ’ လာတာပါတဲ့။ ဒါပေမဲ့ သူဘယ်လို ချစ်တယ်ပြောပြော ‘ဝ’ တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းစေသလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ဖိတ်ခေါ်နေပါတယ်။
အကြံပေးချင်တာက…
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်အလေးချိန်ထိန်းထားလို့ရသလောက် အားလပ်ချိန် လေ့ကျင့်ခန်းလုပ်တာမျိုးလေးလုပ်ပေးပါ။
၃) အိမ်မှာထိုင်ပြီး အတူအပန်းဖြေရင်း ဝ လာတာ။
အလုပ်များတဲ့ အိမ်ထောင်ဖက်တွေအတွက် တစ်ပတ်တာ အလုပ်ပိတ်လို ပိတ်ရက်တွေကျတော့လည်း အိမ်မှာ နားချင်တာ၊ ထိုင်ပြီး တီဗီကြည့် အပန်းဖြေတာတွေနဲ့ အချိန်ကုန်ဆုံးတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး’ဝ’ လာတာပါ။ တီဗီကြည့်ရင်း မုန့်စားတတ်တဲ့သူတွေဆိုရင် ပိုတောင် ‘ဝ’ လာနိုင်သေးတာပေါ့နော်။
အကြံပေးချင်တာက…
အတူ အချိန်ကုန်ဆုံးတဲ့အထဲမှာ လမ်းအတူလျှောက်တာ။ အတူပြေးတာတို့ပါ လုပ်သင့်ပါတယ်။
ယောင်းတို့လည်း အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိတာပဲဖြစ်ဖြစ် ၊ အိမ်ထောင်ပြုထားလို့ ဝ လာတာပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးဖတ်ပြီး ဆင်ခြင်ကြည့်ကြပါလို့။
Credit: မယ်တင်( ဆေး ၁)
Unicode
ယွကျားယူတာ ဝဆေးတစ်မျိုးပဲလား :3
သူငယ်ချင်းတချို့က ကျွန်မကိုမေးကြပါတယ်။ ” အိမ်ထောင်ပြုလိုက်ရင် ‘ဝ’ လာ မှာလား?ငါတို့သိတဲ့သူတွေက အိမ်ထောင်ပြုပြီး သိပ်မကြာဘူး သိသိသာသာဝလာလို့”တဲ့။ ယောင်းတို့ထဲမှာလည်း ဒီမေးခွန်းမျိုးသိချင်နေကြတဲ့သူတွေ ရှိမှာပဲနော်။
လေ့လာတွေ့ရှိချက်တွေအရ အိမ်ထောင်ကျပြီး ပထမ ၃ လလောက်မှာပဲ ခန္ဓာကိုယ်အလေးချိန် ၃ပေါင်ကနေ ၅ပေါင်လောက် တက်လာကြပါတယ်တဲ့။ တချို့ကတော့ ဟော်မုန်းဆေးတွေဖြစ်တဲ့ သောက်ဆေး၊ ထိုးဆေးတွေရဲ့ ဆိုးကျိုးကြောင့် ဝလာတာလည်း ရှိပါတယ်။ တချို့ကျတော့လည်း ကိုယ်ဝန်တားဆေးလည်း မသောက်၊ ဆေးလည်းမထိုးပါဘဲ ဝလာတဲ့သူတွေလည်းရှိပါတယ်။
ဒီလို ဝ လာရတဲ့အကြောင်းရင်းတွေကတော့
၁) အရာရာကို မျှဝေရင်းနဲ့ ဝလာတာ။
ချစ်တဲ့စိတ်နဲ့ အိမ်ထောင်ဖက်တိုင်းမှာ မျှဝေချင်စိတ်ရှိပါတယ်။ သွားရင်တူတူသွားချင်တယ်၊ နားရင် အတူနားချင်တယ်။ စားတာကျတော့လည်း တူတူစားချင်တဲ့အခါမှာ ‘ဝ’ တဲ့ ဇာတ်လမ်းက စလာပါတယ်။ ချစ်ချစ်စားတိုင်းလိုက်စားတဲ့အခါ ချစ်ချစ်ကမဝဘဲ မိန်းကလေးတွေကချည်း’ဝ’ လာပါတယ်။ အကြောင်းကတော့ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် စွမ်းအင်ပိုလိုပြီး စွမ်းအင်သုံးတာပိုများလို့ ပိုစားဖို့လိုတာပါ။ ချစ်ချစ်လို လိုက်စားမိမယ်ဆိုရင် ကိုယ်တွေမိန်းကလေးတွေက လိုတာထက်ပိုစားမိတော့ ‘ ဝ’ လာတာပေါ့နော်။
အကြံပေးချင်တာက…
အတူတူစားမယ်ဆိုရင်တောင် ချစ်ချစ် စားသလောက်လိုက်မစားပါနဲ့။ နည်းနည်းစီပဲ စားပေးပါ။
၂) သူက ဘယ်လိုဖြစ်ဖြစ် ချစ်တယ်ပြောရင်း ဝလာတာ။ ချစ်ချစ်ကတော့ ကိုယ့်ကို ချစ်လို့ယူထားတာဆိုတော့ ” မိန်းမ ဘယ်လောက် ‘ဝ’ ‘ဝ’ ချစ်တယ်လို့ပြောတဲ့အခါ ကိုယ်တွေ မိန်းကလေးတွေကလည်း ကြိုက်တာပေါ့နော်။ ဒီတော့ နည်းနည်းလေး ကိုယ်အလေးချိန်တက်လာလည်း အရင်လို မထိန်းတော့ဘဲ ဆက်ပြီးစားရင်းက ‘ဝ’ လာတာပါတဲ့။ ဒါပေမဲ့ သူဘယ်လို ချစ်တယ်ပြောပြော ‘ဝ’ တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းစေသလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ဖိတ်ခေါ်နေပါတယ်။