ရွှေဖျင်းညီနောင်တို့ဟာ အနော်ရထာမင်းထံပါးမှာ သူရဲကောင်းစစ်သည်တော် အဖြစ်အမှုတော် ထမ်းခဲ့ပါတယ်။ ရန်သူ့နယ်မြေအတွင်းစည်းကို လျှို့ဝှက်ထိုးဖောက်ဝင်ရောက်ရတဲ့ အထူးစစ်သည် အဖြစ်ပင် အမှုတော် ထမ်းခဲ့ကြပါတယ်။
သူတို့ဟာ တရုတ်ဘုရင် ဥတည်ဘွားရဲ့ ကိုယ်ရံတော်အစောင့်အရှောက်တပ်များကို လျှို့ဝှက် ထိုးဖောက်ပြီး ဥတည်ဘွားရဲ့ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့် မျဉ်းသုံးကြောင်းဆွဲခဲ့ပြီး နံရံပေါ်တွင်လည်း အနော်ရထာမင်းကြီး၏ရာဇသံ ကို ရေးထားခဲ့သတဲ့။
အဲ့အဖြစ်အပျက်ပြီး နောက်ပိုင်းမှာ ပိုမို ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ အဲ့ဒါတွေကြောင့် အင်အား စွမ်းပကား ကြီးမားလှတဲ့ တရုတ် စစ်တပ်ကြီးနှင့် တရုတ်ဘုရင်ကြီးတို့တောင် ကြောက်ရွံ့ထိတ်လန့်ပြီး မြန်မာတို့နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပါသတဲ့။
ပုဂံပြည် ဦးတည်ဘွားတို့ အကြား အရေးတော်ပုံတွင် အောင်မြင်စွာအမှုတော်ထမ်းခဲ့ပြီး နောက်ပိုင်းတွင်မှတော့ အဲ့ဒီညီနောင်နှစ်ဦးဟာ ကွပ်မျက်ခြင်းခံခဲ့ရပါတယ်။
မန္တလေးမြို့ရဲ့ မြောက်ဖက် တောင်ပြုန်းအရပ်မှာ တည်ထားမည့် စေတီ တစ်ဆူ ဌာပနာ ဆောက်လုပ်မည့် နေရာမှာ သူတို့ညီနောင်က ပါဝင် ရန် ငြင်းပယ်ခဲ့ သဖြင့် ရာဇမာန်ရှခြင်း ခံခဲ့ရတယ်လို့လဲ ယေဘုယျယူဆကြပါတယ်။ သူတို့ညီနောင်နှစ်ဦး အပေါ် အညှိုးအတေးထားရှိတဲ့ သူတွေဟာစေတီမှာ အုတ်နှစ်ချပ်စာနေရာကို အနော်ရထာမင်း မြင်သာစေရန် အလွတ်ထားခဲ့ကြပါတယ်။
အနော်ရထာမင်းဟာ အမှုသွားအမှုလာကို စုံစမ်းကြားနာ စစ်ဆေးတော်မူပြီးမှာတော့ သူတို့ညီနောင်နှစ်ဦကို အမိန့်တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ညီနောင်တို့ဟာ ပြစ်ဒဏ် အစား သတ်ဖြတ် ခြင်းကို ခံခဲ့ရပါသတဲ့။
ညီနောင်နှစ်ဦးကို သတ်ဖြတ် ပြီးနောက်မှာ အနော်ရထာမင်းရဲ့ ဖောင်တော်ဟာ ရွေ့လျား ၍ မရပဲ ဖြစ်နေခဲ့ပါတယ်။ အဲ့လိုဖြစ်တာဟာ ရွှေဖျင်းညီနောင်တို့ကို သတ်ဖြတ်တာ မလိုလားတဲ့ မိတ်ဆွေ မင်းမှုထမ်း တိုရဲ့ အသံတိတ်ဆန္ဒပြကန့်ကွက်ခြင်းတွေကြောင့်လည်း ဖြစ်ဖွယ်ရာရှိဟန်တူပါတယ်။ အဲ့အချိန်က တော်ဝင် သင်္ဘောသားတို့ အများစုမှာ ဘာသာခြားတွေပဲ ဖြစ်ပါတယ်။
အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်းများတွေက ရွှေဖျင်းညီနောင်တို့ဟာ အနော်ရထာမင်းကြီးအား သစ္စ္စာစောင့်သိစွာ အမှုတော်ထမ်းခဲ့ပေမယ့် မတရားအပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွားကာ မကျေနပ်ချက်ကို ဖော်ပြ သည့်အနေနဲ့ တော်ဝင်ဖောင်တော်ရဲ့ တက်မ ကို ဆွဲကိုင်ထားလို့ ဖောင်တော်ဟာ ရွေ့လျားမရ ဖြစ်နေသည်လို့ လျောက်တင်ခဲ့ပါတယ်။
အဲ့လို လျှောက်တင်တဲ့အခါ အနော်ရထာမင်းဟာ ရွှေဖျဉ်းညီနောင် နှစ်ဦးအား ရည်စူးပြီး နတ်ကွန်းကြီးတစ်ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ် ပသ စေခဲ့တယ်။ စွမ်းအားကြီးတဲ့ ပြိုင်ဘက်တွေကိုတောင် သတ်ဖြတ်ရှင်းနိုင်တဲ့ ရွှေဖျင်းညီနောင်တွေရဲ့ မိတ်ဆွေတွေ အမျိုးတွေကို ကျေနှပ်နှစ်သိမ့်ပါစေလို့ သေလွန်သွားတဲ့ သူတို့ရဲ့ အစိမ်းနတ်ကို လူတွေကိုးကွယ်စရာအဖြစ် ဆောက်လုပ်ပြီး နတ်ကွန်း ဆောက်လုပ်ခြင်း အလေ့ဟာ ရှေးမြန်မာဘုရင်တို့ ပြုလုပ်လေ့ရှိတဲ့ ရာဇပရိယာယ် တစ်မျိုးလည်းဖြစ်ပါတယ်။
ဒီလိုနဲ့ တောင်ပြုန်း ရွာဟာ ငါးရက် ခန့်စည်ကားသော တောင်ပြုန်းပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာ ဌာနေ တစ်ခု ဖြစ်လာခဲ့တယ်။ မန္တလေးမြို့ မြောက်ဖက် ၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီး နတ်ကွန်း ၂၀၀၀ နီးပါးသည် ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ်ထားပါတယ်။
ယနေ့တိုင် အယုံအကြည်ရှိသူများကတော့ နတ်ကွန်း နှင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြစဲဖြစ်ပါတယ်။ အဲ့လို ကိုးကွယ်သူတွေဟာ မိရိုးဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဝက်သား ကို ရှောင်ကြပါတယ်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲတောင်ပြုန်း ပွဲတော်ကို သွားရောက်မယ်ဆိုရင် ဘတ်စ်ကား (သို့) ကားပေါ်မှာ တစ်ဦးတစ်ယောက် မှ ဝက်သားကို သယ်ဆောင်သွားခြင်းမပြုရ ဟု ယုံကြည်ကြစဲဖြစ်ပါတယ်။ ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်းခံတဲ့ အုပ်ချပ်နှစ်ချပ်စာ နေရာလွတ်ကို ယနေ့တိုင် နှင့် အောက်ဖော်ပြပါဓါတ်ပုံတွင်လည်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
Credit: မြန်မာ့ရာဇ၀င် ဦးကုကားမဟာရာဇ၀င်ပေါင်းချူပ်
#MyanmarDailyHotNews