ျမန္မာ့နန္းတြင္း၌ အေနာက္ေဆာင္ဆိုသည္မွာ မိဖုရားမ်ားႏွင့္ သမီးေတာ္မ်ား (တနည္း) နန္းရေဆာင္ရ ေမာင္းမ ၊ ကိုယ္လုပ္ေတာ္၊ ထိပ္ေခါင္တင္ အေခၚခံရတဲ႔သမီးေတာ္မ်ား ေနထိုင္ရာကိုဆိုလိုတယ္။ အေနာက္ေဆာင္ရဲ႕ မိဖုရားအၾကားဝင္ထြက္သြားလာၿပီး အေဆာင္ကို အုပ္ခ်ဳပ္တဲ႔သူကို မိန္းမစိုး ဟုေခၚတယ္။ ေရွးယခင္က မိန္းမစိုးကို (စ) လံုးမသံုးပဲ မိန္းမ(ဆိုး)ဟုသံုးၾကတယ္။ တနည္းအားျဖင့္ နန္းတြင္းရဲေမလို႔ေခၚရမွာေပါ့။
မိနး္မစိုးဆိုသည္မွာ အမ်ားထင္သလို ေယာက္က်ားတေယာက္ကို သင္းကြပ္ထားတာ မဟုတ္ပါဘူး။ ျမန္မာဘုရင္လက္ထက္ မိန္းမစိုးအျဖစ္အုပ္ခ်ဳပ္ဖို႔ ေယာက္က်ားတေယာက္ကို သင္းကြပ္လိုက္တယ္ဆိုတာ မရွိခဲ႕ပါဘူး။
မိန္းမစိုးမ်ားက ေယာက္က်ားစိတ္ေပါက္ေနေသာသူ၊ ရဲရင့္ၾကမ္းတမ္းေသာသူ၊ ေယာက္က်ားအဂၤါမထင္ရွားသူ၊ သံုးမရသူမ်ားကိုသာ ခန္႔အပ္ေလ့ရွိပါတယ္။ ဒါေတာင္မွ မိန္းမစိုးတေယာက္ဟာ က်န္းမာသန္စြမ္းသူ၊ထက္ျမက္ခက္ထန္သူ၊စာေရးစာဖတ္ကၽြမ္းက်င္သူ၊ အနာေရာဂါကင္းစင္သူ၊နန္းဓေလ့နဲ႕အကၽြမ္းဝင္သူတို႔သာျဖစ္ရၿပီး အမ်ားအားျဖင့္ ၿမိဳ႕ဝန္၊တံခါးမႈး အစရွိတဲ႔အလယ္အလတ္အရာရွိရဲ႕မယားေတြပဲလုပ္ၾကပါတယ္။ဥပမာ—ၿမိဳ႕ဝန္ဦးသာအိုးရဲ႕မယားငယ္ထဲက မယားငယ္(၅)ေယာက္ဟာ မိန္းမစိုးတာဝန္ထမ္းေဆာင္ၿပီး လစာခ်ီးျမင့္ခံရသူေတြပါ။
မိန္းမစိုးတြင္ မိန္းမစိုးခ်ဳပ္ရွိၿပီး ထမီရင္လ်ား ပုဝါအနီစီးၿပီး ေရႊနားေတာင္းဝတ္ဆင္ၾကတယ္။ ႐ိုး႐ိုးမိန္းမစိုးက ထားဝယ္ႀကိမ္ကိုင္ခြင့္ရွိၿပီး မိန္းမစိုးခ်ဳပ္က ငလိပ္ေက်ာက္ၿမီး ကိုင္ေဆာင္ခြင့္ရွိတယ္။႐ိုက္ႏွက္ခြင့္ရွိရတြင္ သန္႔ရွင္းေရးအလုပ္သမားမ်ား၊ အေစေတာ္ ေက်းကၽြန္မ်ား၊ ဗိုင္းတာမမ်ားစသည္တို႔ျဖစ္သည္။ အပ်ိဳေတာ္အခ်င္းခ်င္းျပႆနာျဖစ္ပါက ဖ်န္ေျဖလို႔မရပါက သက္ဆိုင္ရာ မိဖုရား သို႔ မင္းသမီးထံအပ္ႏွံတိုင္ၾကားရသည္။
ခင္ခင္အေခၚခံအပ်ိဳေတာ္မ်ား၊ခင္ေလးအေခၚခံ အၿငိမ့္အပ်ိဳေတာ္မ်ားကိုလဲဆံုးမခြင့္မရွိေခ်။ အေရးအႀကီးဆံုးတာဝန္က စုဖုရားလတ္ ဥယ်ာဥ္ေတာ္ဆင္းရင္ မလွမ္းမကမ္းမွ ကင္းပုန္းဝပ္ၿပီး လံုျခံဳေရးေစာင့္ရျခင္းျဖစ္တယ္။
ေယာက္က်ားမိန္းမစိုးအျဖစ္ ေဖခဲ ဆိုသူက မင္းတုန္းမင္းႀကီးနတ္ရြာစံသည္အထိ ခစားခဲ႔သူျဖစ္တယ္။ သူကငယ္စဥ္ကတည္းက ထိခိုက္မိ၍ ေယာက္က်ားအဂၤါ မစံုသူတေယာက္ျဖစ္တယ္။
ေနာက္မိန္းမစိုးက ေနမ်ိဳးသီဟေရႊေတာင္ဦးေဖာ့ ျဖစ္သည္။ သာစည္နယ္ဆံမိတ္ရွည္ရြာဇာတိျဖစ္ၿပီးျမင္းျခံခ႐ိုင္ သမံုးတိုင္ရြာကိုစားရတယ္။ ျမင္းေခါင္းႀကီးဦးပိုသားျဖစ္ၿပီး သီရိသုသာမာမေဟ ဘြဲ႔ခံ လက္ပံစင္မိဖုရားရဲ႕ေမာင္လဲျဖစ္တယ္။ ဦးေဖာ့ဟာ ပုပၸားေတာင္ထိန္းအျဖစ္ နတ္ေဘာင္းေဆာင္းအမတ္တာဝန္ကိုပါ ထမ္းေဆာင္ခဲ႔တယ္။
ေဖာ္ျပပါပံုကေတာ့ ဦးေဖာ့လို႔ဆိုၾကသလို ဦးေရႊဖီးလို႔လဲဆိုၾကတယ္။ အေဆာင္အေယာင္ၾကည့္ရင္ မိန္းမစိုးခ်ဳပ္ ဆိုတာကို ေျပာႏိုင္ပါတယ္။ေသခ်ာတာက မိန္းမစိုးတာဝန္ထမ္းေဆာင္ဖို႔ ဘယ္ေယာက္က်ားေလးကိုမွ သင္းကြပ္လိုက္တာ မရွိပါဘူး။ အမ်ားအားျဖင့္ မိန္းမစိုးက မိန္းမစစ္စစ္မ်ားသာျဖစ္ၾကပါတယ္။။။
Credit: ေတာင္တန္းမယ္
Unicode
မြန်မာ့နန်းတွင်း၌ အနောက်ဆောင်ဆိုသည်မှာ မိဖုရားများနှင့် သမီးတော်များ (တနည်း) နန်းရဆောင်ရ မောင်းမ ၊ ကိုယ်လုပ်တော်၊ ထိပ်ခေါင်တင် အခေါ်ခံရတဲ့သမီးတော်များ နေထိုင်ရာကိုဆိုလိုတယ်။
အနောက်ဆောင်ရဲ့ မိဖုရားအကြားဝင်ထွက်သွားလာပြီး အဆောင်ကို အုပ်ချုပ်တဲ့သူကို မိန်းမစိုး ဟုခေါ်တယ်။ ရှေးယခင်က မိန်းမစိုးကို (စ) လုံးမသုံးပဲ မိန်းမ(ဆိုး)ဟုသုံးကြတယ်။ တနည်းအားဖြင့် နန်းတွင်းရဲမေလို့ခေါ်ရမှာပေါ့။
မိနး်မစိုးဆိုသည်မှာ အများထင်သလို ယောက်ကျားတယောက်ကို သင်းကွပ်ထားတာ မဟုတ်ပါဘူး။ မြန်မာဘုရင်လက်ထက် မိန်းမစိုးအဖြစ်အုပ်ချုပ်ဖို့ ယောက်ကျားတယောက်ကို သင်းကွပ်လိုက်တယ်ဆိုတာ မရှိခဲ့ပါဘူး။
မိန်းမစိုးများက ယောက်ကျားစိတ်ပေါက်နေသောသူ၊ ရဲရင့်ကြမ်းတမ်းသောသူ၊ ယောက်ကျားအင်္ဂါမထင်ရှားသူ၊ သုံးမရသူများကိုသာ ခန့်အပ်လေ့ရှိပါတယ်။ ဒါတောင်မှ မိန်းမစိုးတယောက်ဟာ ကျန်းမာသန်စွမ်းသူ၊ထက်မြက်ခက်ထန်သူ၊စာရေးစာဖတ်ကျွမ်းကျင်သူ၊ အနာရောဂါကင်းစင်သူ၊နန်းဓလေ့နဲ့အကျွမ်းဝင်သူတို့သာဖြစ်ရပြီး အများအားဖြင့် မြို့ဝန်၊တံခါးမှုး အစရှိတဲ့အလယ်အလတ်အရာရှိရဲ့မယားတွေပဲလုပ်ကြပါတယ်။ဥပမာ—မြို့ဝန်ဦးသာအိုးရဲ့မယားငယ်ထဲက မယားငယ်(၅)ယောက်ဟာ မိန်းမစိုးတာဝန်ထမ်းဆောင်ပြီး လစာချီးမြင့်ခံရသူတွေပါ။
မိန်းမစိုးတွင် မိန်းမစိုးချုပ်ရှိပြီး ထမီရင်လျား ပုဝါအနီစီးပြီး ရွှေနားတောင်းဝတ်ဆင်ကြတယ်။ ရိုးရိုးမိန်းမစိုးက ထားဝယ်ကြိမ်ကိုင်ခွင့်ရှိပြီး မိန်းမစိုးချုပ်က ငလိပ်ကျောက်မြီး ကိုင်ဆောင်ခွင့်ရှိတယ်။ရိုက်နှက်ခွင့်ရှိရတွင် သန့်ရှင်းရေးအလုပ်သမားများ၊ အစေတော် ကျေးကျွန်များ၊ ဗိုင်းတာမများစသည်တို့ဖြစ်သည်။ အပျိုတော်အချင်းချင်းပြဿနာဖြစ်ပါက ဖျန်ဖြေလို့မရပါက သက်ဆိုင်ရာ မိဖုရား သို့ မင်းသမီးထံအပ်နှံတိုင်ကြားရသည်။
ခင်ခင်အခေါ်ခံအပျိုတော်များ၊ခင်လေးအခေါ်ခံ အငြိမ့်အပျိုတော်များကိုလဲဆုံးမခွင့်မရှိချေ။ အရေးအကြီးဆုံးတာဝန်က စုဖုရားလတ် ဥယျာဉ်တော်ဆင်းရင် မလှမ်းမကမ်းမှ ကင်းပုန်းဝပ်ပြီး လုံခြုံရေးစောင့်ရခြင်းဖြစ်တယ်။
ယောက်ကျားမိန်းမစိုးအဖြစ် ဖေခဲ ဆိုသူက မင်းတုန်းမင်းကြီးနတ်ရွာစံသည်အထိ ခစားခဲ့သူဖြစ်တယ်။ သူကငယ်စဉ်ကတည်းက ထိခိုက်မိ၍ ယောက်ကျားအင်္ဂါ မစုံသူတယောက်ဖြစ်တယ်။
နောက်မိန်းမစိုးက နေမျိုးသီဟရွှေတောင်ဦးဖော့ ဖြစ်သည်။ သာစည်နယ်ဆံမိတ်ရှည်ရွာဇာတိဖြစ်ပြီးမြင်းခြံခရိုင် သမုံးတိုင်ရွာကိုစားရတယ်။ မြင်းခေါင်းကြီးဦးပိုသားဖြစ်ပြီး သီရိသုသာမာမဟေ ဘွဲ့ခံ လက်ပံစင်မိဖုရားရဲ့မောင်လဲဖြစ်တယ်။ ဦးဖော့ဟာ ပုပ္ပားတောင်ထိန်းအဖြစ် နတ်ဘောင်းဆောင်းအမတ်တာဝန်ကိုပါ ထမ်းဆောင်ခဲ့တယ်။
ဖော်ပြပါပုံကတော့ ဦးဖော့လို့ဆိုကြသလို ဦးရွှေဖီးလို့လဲဆိုကြတယ်။ အဆောင်အယောင်ကြည့်ရင် မိန်းမစိုးချုပ် ဆိုတာကို ပြောနိုင်ပါတယ်။သေချာတာက မိန်းမစိုးတာဝန်ထမ်းဆောင်ဖို့ ဘယ်ယောက်ကျားလေးကိုမှ သင်းကွပ်လိုက်တာ မရှိပါဘူး။ အများအားဖြင့် မိန်းမစိုးက မိန်းမစစ်စစ်များသာဖြစ်ကြပါတယ်။။။
Credit: တောင်တန်းမယ်
