ဂလိုဘယ်လိုက်ဇေးရှင်းသံ တိတ် လာနေသည့် အနောက်ကမ္ဘာ
အရင်းရှင်စီးပွားရေးသမား များက ကမ္ဘာ့စီးပွားရေးကိုရော ဂလိုဘယ်လိုက်ဇေးရှင်းကိုပါ လက်ဝါးကြီးအုပ်ထားရာမှ ကမ္ဘာ့ စီးပွားရေးကို ကမ္ဘာသူကမ္ဘာသား အားလုံးက ဂလိုဘယ်လိုက်ဇေး ရှင်းနှင့်အတူ မျှဝေအသုံးချရမည့် အနေအထားသို့ ရောက်ရှိလာနေ ပြီဖြစ်သည်။
‘‘What if next for 30 years we can support six million business doing across the borders? (ကျွန်တော်တို့ အနေနဲ့ လာမယ့်နှစ် ၃၀ အတွင်း မှာ ကမ္ဘာတစ်လွှားမှာရှိတဲ့ စီးပွား ရေးလုပ်ငန်းပေါင်း ခြောက်သန်း ကို ထောက်ပံ့ကူညီနိုင်ခဲ့မယ် ဆိုရင် ဘာတွေဖြစ်လာမလဲ)’’ ဟု ဂျက်ခ်မားက မေးခွန်းထုတ်ထား သည်။
‘‘What if, in the next 30 years, we can help support to diminish small business can do business across the borders. (တကယ်လို့ လာမယ့် နှစ်ပေါင်း ၃၀ အတွင်း အသေး စား လုပ်ငန်းလေးတွေကို တစ် ကမ္ဘာလုံးနဲ့ ဆက်သွယ်ပြီး စီးပွား ရေးလုပ်နိုင်အောင် ကျွန်တော်တို့ က ပံ့ပိုးကူညီပေးမယ်ဆိုရင် ဘာ တွေဖြစ်လာမလဲ)’’ဟု သူက မေး ခွန်းဆက်ထုတ်ခဲ့သည်။
အားလုံးပါဝင်သည့်
Unicode
ဂျက်ခ်မားကို လူတိုင်းသိ သည်။ အလီဘာဘာ (Alibaba Group)၏ တည်ထောင်သူနှင့် လက်ရှိဥက္ကဋ္ဌ။ ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော သူ၏ အလီဘာဘာကုမ္ပဏီသက်တမ်း ကို ကုမ္ပဏီ စတင်တည်ထောင် စဉ်ကတည်းကပင် သူက တိတိ ကျကျ သတ်မှတ်ခဲ့သည်။ အလီ ဘာဘာသည် သက်တမ်း ၁၀၂ နှစ်ကြာ တည်တံ့နိုင်ရမည်ဟူ၍။ ၁၉၉၉ ခုနှစ်မှာ စတင်သည်မို့ ၂၀ ရာစုကုန်လွန်ဖို့ တစ်နှစ်ခန့်အလို။ ၂၁ ရာစုတစ်ခုလုံးကို အလီဘာ ဘာက အောင်မြင်စွာ ဖြတ်သန်း လိမ့်မည်။ ၂၂ ရာစုထဲသို့ တစ်နှစ် ချင်းနင်းဝင်ရောက်ပြီးလျှင်တော့ ဘာတွေဖြစ်မယ်သူမသိ။ သေချာ သည်က ဂျက်ခ်မားအနေဖြင့် အလီဘာဘာကို ရာစုနှစ်သုံးခု တိုင် ဖြတ်သန်းသွားစေချင်သည်။ အလီဘာဘာနှင့်အတူ သူ့လို ရိုး သားကြိုးစား စွန့်စားလိုသည့် လူငယ်တွေ၊ တီထွင်ဆန်းသစ်ပြီး အများအကျိုး စဉ်းစားသည့် အ သေးစားနှင့် အလတ်စား လူငယ် လုပ်ငန်းရှင်တွေကို ကမ်ဘာ့စီးပွား ရေး ရေစီးကြောင်းကြီးထဲ ဆွဲခေါ် ဖို့ သူကြိုးစားနေသည်။ ရာစုနှစ် သုံးခုဟူသော ခရီးရှည်ကို ထို လူငယ်ထုနှင့်အတူ ဖြတ်သန်းရာ တွင် သူစီးနင်းသွားမည်က ဂလို ဘယ်လိုက်ဇေးရှင်း (Globa-lization) စီးတော်ယာဉ်။
ဂလိုဘယ်လိုက်ဇေးရှင်းသံ တိတ် လာနေသည့် အနောက်ကမ်ဘာ
အနောက်နိုင်ငံကြီးတွေက ဂလိုဘယ်လိုက်ဇေးရှင်းကို စိတ် ကုန်လာနေကြသည်။ အမေရိ ကန်က အဆိုးဆုံးဖြစ်သည်။ နောက်က ဗြိတိန်လို နိုင်ငံမျိုးက လိုက်သည်။ အမေရိကန်က ကုန် သွယ်ရေးစာချုပ်တွေက နုတ် ထွက်ပြသည်။ ဗြိတိန်က ဥရောပ သမဂ္ဂက ခွဲထွက်လာသည်။ တစ် ချိန်က သူတို့အသုံးချခဲ့၊ အကျိုး အမြတ်ရှိခဲ့သော ဂလိုဘယ်လိုက် ဇေးရှင်းကို သူတို့စိတ်ပျက်နေပေ ပြီ။
ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ ဘာလဲ
ဒါဖြင့် ဂလိုဘယ်လိုက်ဇေး ရှင်းဆိုသည်မှာ အဘယ်နည်း။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည် က တစ်ကမ်ဘာလုံးမှာရှိသမျှ နိုင်ငံ တွေအကြား၊ လူတစ်ယောက်ချင်း အကြား ကူးလူးဆက်ဆံရေးတွေ၊ ပို့ဆောင်ဆက်သွယ်ရေးတွေ၊ စီး ပွားရေးတွေ၊ အကျိုးစီးပွားတွေ ဆက်စပ်လာခြင်းဖြစ်သည်ဟု ယေဘုယျ ပြောနိုင်သည်။ တချို့ က ဂလိုဘယ်လိုက်ဇေးရှင်း (Globalization)နှင့် သတင်း အချက်အလက် နည်းပညာ (Information and Communi- cation Technology-ICT)ကို အတူတူဟူ၍ ထင်ကြသည်။ တကယ်တော့မတူ။ ICT ကဂလို ဘယ်လိုက်ဇေးရှင်း၏ အစိတ် အပိုင်းသာဖြစ်သည်။ ဂလိုဘယ် လိုက်ဇေးရှင်းကို မြန်အောင်လုပ် ပေးသည့် နည်းပညာသာဖြစ် သည်။ မည်သို့ဆိုစေ ယခုအချိန် အထိတော့ ICT သည် ဂလိုဘယ် လိုက်ဇေးရှင်း၏ အဓိကမောင်းနှင် အား ဖြစ်နေသေးသည်။
ပြုပြင်ပြောင်းလဲရေးလိုအပ်သည့် ဂလိုဘယ်လိုက်ဇေးရှင်း
သို့သော် အနောက်အရင်း ရှင် နိုင်ငံကြီးများက ဂလိုဘယ် လိုက်ဇေးရှင်းကို အဘယ် အကြောင်းကြောင့် စိတ်ကုန်လာ နေကြပါသနည်း။ တကယ်တော့ ဂလိုဘယ်လိုက်ဇေးရှင်းကို ကမ်ဘာ့ အရှေ့နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံ များက ဝမ်းမြောက်ဝမ်းသာ ကြို ဆိုနေကြသည်။ ဂျက်ခ်မား၏ မွေး ရပ်ဇာတိမြေဖြစ်သော တရုတ်နိုင် ငံလို တံခါးပိတ် စီးပွားရေးကျင့်သုံး ခဲ့သည့် ကွန်မြူနစ်နိုင်ငံသည်ပင် လျှင် ဂလိုဘယ်လိုက်ဇေးရှင်းကို ကောင်းမှန်းသိနေပေပြီ။ ဂလို ဘယ်လိုက်ဇေးရှင်းကို အင်တာ နက်ကွန်ရက်ဖြင့်သာ မဟုတ်ဘဲ အခြေခံအဆောက်အအုံတွေ၊ လမ်း၊ တံတားတွေ၊ စီးပွားရေးဇုန် တွေဖြင့်ပါ အကောင်အထည်ဖော် ဖို့ တရုတ်က ကြိုးပမ်းနေသည်။
ဂလိုဘယ်လိုက်ဇေးရှင်းကို စိတ်ကုန်ပြီးနောက် ပြန်လှည့်မည့် နိုင်ငံတွေနှင့် ဂလိုဘယ်လိုက်ဇေး ရှင်းကို ကောင်းမွန်သထက် ကောင်းမွန်လာမည်ဟု မျှော်လင့် နေ၊ ကောင်းမွန်သထက် ကောင်း မွန်အောင် ဆောင်ရွက်လာနေ သည့် နိုင်ငံများအကြား အတွေး အခေါ် မည်သို့ကွာခြားပါသနည်း။
သည်မေးခွန်းအတွက် ဂျက်ခ်မားတွင် အဖြေရှိပါသည်။ ‘‘I believe globalization is good, but globalization needs to be improved. (ဂလိုဘယ် လိုက်ဇေးရှင်းဟာ အကျိုးရှိတဲ့၊ ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ ကျွန် တော် ယုံကြည်တယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ ဂလိုဘယ် လိုက်ဇေးရှင်းကို ပိုကောင်းလာ အောင် ပြုပြင်စရာတွေ ရှိတယ်)’’ ဟု ဂျက်ခ်မားက ဆိုသည်။
ဘယ်လိုပိုကောင်းလာဖို့ လိုပါသနည်း၊ ဘာတွေ ပြုပြင် စရာ ရှိနေသနည်း။ ဂျက်ခ်မား၏ အဖြေကရှင်းသည်။ ‘‘Globaliza -tion I think should be inclusive globalization (ကျွန် တော်ကတော့ ဂလိုဘယ်လိုက် ဇေးရှင်းကို အားလုံးပါဝင်ပြီး အား လုံးအကျိုးရှိတဲ့ ဂလိုဘယ်လိုက် ဇေးရှင်းအဖြစ် ပြုပြင်ပြောင်းလဲ ရမယ်လို့ထင်တယ်)’’ ဟုဆိုသည်။
ရှင်ဘုရင်တွေခေတ်က ဂလိုဘယ် လိုက်ဇေးရှင်း
ဂျက်ခ်မားက ဂလိုဘယ် လိုက်ဇေးရှင်းကို သမိုင်းအမြင်နှင့် ယှဉ်ပြီး စဉ်းစားသည်။ ဂလိုဘယ် လိုက်ဇေးရှင်းသည် ICT နည်း ပညာ မပေါ်ခင်ကတည်းက ရှိနေ သည်။ အင်တာနက်မဆိုထားနှင့်၊ လေယာဉ်ပျံတွေ၊ မော်တော်ကား တွေ မရှိခင်ကတည်းက ဂလို ဘယ်လိုက်ဇေးရှင်းက ရှိနေသည်။ သို့သော် ထိုဂလိုဘယ်လိုက်ဇေး ရှင်းက လူထုကြားတွင် စိမ့်ဝင် ပျံ့နှံ့မှုမရှိ။ မင်းဧကရာဇ်တွေ ကြားတွင်သာ ဂလိုဘယ်လိုက်ဇေး ရှင်းဖြစ်ပေါ်နေသည်။ သည် အချက်ကို ဂျက်ခ်မားက ‘‘A Hundred Years ago, globali- zation was controlled by several kings and empress (လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဂလိုဘယ်လိုက်ဇေးရှင်းကို ဘုရင် တွေ၊ ဧကရာဇ်တွေကသာ ထိန်း ချုပ်ထားတယ်)’’ဟု သူကဆို သည်။ ထိုအချိန်တုန်းကတော့ သားပေး၊ သမီးယူတွေလုပ်ကာ ဘုရင်အချင်းချင်းကြား ဆွေမျိုး စပ်ကြလိမ့်မည်။ လက်ဆောင် ပဏ္ဏာတွေ ဆက်သကာ ကွန်ရက် ချိတ်ဆက်ကြသည်။ တကယ် တော့ ထိုကဲ့သို့သော ဂလိုဘယ် လိုက်ဇေးရှင်း၏ ရည်ရွက်ချက်က အင်ပါယာကြီးတွေအကြား တည် ငြိမ်မှုကို ထိန်းသိမ်းဖို့၊ မင်းဧက ရာဇ်များ၏ သြဇာအာဏာတည်မြဲ ဖို့လောက်သာ အကျိုးရှိခဲ့သည်။ နည်းနည်းလေး ပိုလာလျှင် ချမ်း သာသည့် လူကုံထံအသိုင်း အဝိုင်းအတွက် ကုန်သွယ်ရေးလုပ် ရန် အခွင့်အလမ်းလေးတွေ ရနိုင် သည်။ သည်လောက်မျှသာ။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ဂလိုဘယ်လိုက်ဇေးရှင်း
သို့သော် ဒုတိယကမ်ဘာစစ် အပြီး အလွန်လျင်မြန်စွာ တိုး တက်လာသည့် အင်တာနက် နည်းပညာက ဂလိုဘယ်လိုက်ဇေး ရှင်းကို ပိုမိုကျယ်ပြန့်လာစေ သည်။ သို့တိုင်အောင် ကမ်ဘာ့လူ သားထုတစ်ရပ်လုံးကို အကျိုးပြု နိုင်သည်တော့မဟုတ်။ ယင်း နည်းပညာကို နိုင်ငံကြီးတွေ၊ လုပ် ငန်းကြီးတွေက ထိန်းချုပ်ထား သည်။ အင်တာနက်ဆိုသည်ပင် လျှင် အမေရိကန်စစ်ဘက်က ကာလကြာရှည်စွာ ထိန်းချုပ်ထား ပြီးမှ အရပ်ဘက်သို့ လွှဲပြောင်းပေး ခဲ့ခြင်းဖြစ်သည်။ ‘‘In the past 30 years, globalization was controlled by 60,000 big companies. (လွန်ခဲ့တဲ့ နှစ်သုံး ဆယ်အတွင်းမှာတော့ ဂလိုဘယ် လိုက်ဇေးရှင်းကို ကမ်ဘာတစ်လွှား က ကြီးမားတဲ့ ကုမ္ပဏီကြီးခြောက် သောင်းလောက်ကသာ လွှမ်းမိုး ချုပ်ကိုင်ထားခဲ့တယ်)’’ ဟု ဂျက်ခ်မားက တွက်စစ်ပြခဲ့သည်။ တကယ်တော့ အင်တာနက်အပါ အဝင် ICT နည်းပညာရပ်ကို ထို ကုမ္ပဏီကြီးများက ပြောင်ပြောင် တင်းတင်း လက်ဝါးကြီးအုပ် ထား ခဲ့ခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံကို ကြည့်လျှင် ပင် သည်အချက်ကို တွေ့နိုင် သည်။ လွန်ခဲ့သော နှစ် ၃၀ အတွင်းမှာ ဆက်သွယ်ရေး ဝန် ဆောင်မှုကို အစိုးရများက မည် သို့ မူဝါဒချမှတ်ကျင့်သုံးခဲ့ကြပါ သနည်း။ ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းများကို မည်သူ တို့က လုပ်ကိုင်ခွင့်ရရှိခဲ့ပါသနည်း။ ဆက်သွယ်ရေး ဝန်ဆောင်မှုများ ကို မည်သည့်လူတန်းစားကသာ ရယူအသုံးပြုခွင့် ရှိခဲ့ပါသနည်း။
သည်မေးခွန်းများက ဂျက်ခ် မားညွှန်းဆိုသော လွန်ခဲ့သော နှစ် ပေါင်း ၃၀ အတွင်းက ဂလိုဘယ် လိုက်ဇေးရှင်းအတွက် ထင်သာ မြင်သာရှိသော ဥပမာပင်ဖြစ် သည်။
လက်ရှိ ဂလိုဘယ်လိုက်ဇေးရှင်း
ယခုတော့ သည်လိုတော့ မဟုတ်တော့။ သတင်းအချက် အလက် နည်းပညာက လူထုလူ တန်းစား အတော်များများထံ ရောက်လာနေသည်။ ဧရာဝတီ တိုင်းက ချောင်ကျကျ ရွာကလေး မှာ ကျန်ရစ်ခဲ့သော မိဘများနှင့် စင်ကာပူ၊ မလေးရှား၊ ထိုင်းတို့လို နိုင်ငံခြားတိုင်းပြည်များမှာ သွား ရောက် အလုပ်လုပ်ကိုင်နေသည့် သားသမီးများ လက်ကိုင်တယ်လီ ဖုန်းလေးကတစ်ဆင့် ဆက်သွယ် တွေ့ဆုံနိုင်နေကြပေပြီ။ အိမ်မှာ နေရင်း ဈေးဝယ်နိုင်သည်။ သိချင် သည့် သတင်းအချက်အလက် တွေ ရှာဖွေနိုင်သည်။ မိမိတို့စိတ် ကြိုက် နှစ်သက်ရာ ဖျော်ဖြေရေး ဝန်ဆောင်မှုတွေ ရယူနိုင်ပြီဖြစ် သည်။ ကမ်ဘာ့ဖလားပွဲတွင် အလွတ်တည် ကန်ဘောကန် လိုက်ချိန် ဘောလုံးသမား၏ ခြေ ထောက်နှင့် ဘောလုံးတို့ထိမိ သည့် ဒုတ်ခနဲအသံကို ကမ်ဘာတစ် လွှားကနေ၍ တစ်ပြိုင်နက်တည်း နားနှင့် ဆတ်ဆတ် ကြားနိုင် သည်။
သည်လိုအခြေအနေမှာ ဂလိုဘယ် လိုက်ဇေးရှင်းကို အရင်းရှင်ကုမ္ပဏီကြီးတွေကပဲ လက်ဝါးကြီးအုပ်ထား၍ မရတော့။ လုပ်ငန်းငယ်တွေဆီ တိတိကျကျ ပြောရလျှင် SME ဟု လူသိများ သော အသေးစားနှင့် အလတ်စား လုပ်ငန်းငယ်တွေထံ အရောက်ပို့ ဆောင်ပေးဖို့လိုလာသည်။ ထိုသို့ ပို့ဆောင်ရန် လိုအပ်သည့် နည်း ပညာပိုင်း အခြေခံအဆောက် အအုံတွေကလည်း လုံလုံလောက် လောက် ရှိနေပေပြီ။
အရင်းရှင်စီးပွားရေးသမား များက ကမ်ဘာ့စီးပွားရေးကိုရော ဂလိုဘယ်လိုက်ဇေးရှင်းကိုပါ လက်ဝါးကြီးအုပ်ထားရာမှ ကမ်ဘာ့ စီးပွားရေးကို ကမ်ဘာသူကမ်ဘာသား အားလုံးက ဂလိုဘယ်လိုက်ဇေး ရှင်းနှင့်အတူ မျှဝေအသုံးချရမည့် အနေအထားသို့ ရောက်ရှိလာနေ ပြီဖြစ်သည်။
လာမည့်နှစ်ပေါင်း ၃၀ နှင့် ဂလို ဘယ်လိုက်ဇေးရှင်း
‘‘What if next for 30 years we can support six million business doing across the borders? (ကျွန်တော်တို့ အနေနဲ့ လာမယ့်နှစ် ၃၀ အတွင်း မှာ ကမ်ဘာတစ်လွှားမှာရှိတဲ့ စီးပွား ရေးလုပ်ငန်းပေါင်း ခြောက်သန်း ကို ထောက်ပံ့ကူညီနိုင်ခဲ့မယ် ဆိုရင် ဘာတွေဖြစ်လာမလဲ)’’ ဟု ဂျက်ခ်မားက မေးခွန်းထုတ်ထား သည်။
‘‘What if, in the next 30 years, we can help support to diminish small business can do business across the borders. (တကယ်လို့ လာမယ့် နှစ်ပေါင်း ၃၀ အတွင်း အသေး စား လုပ်ငန်းလေးတွေကို တစ် ကမ်ဘာလုံးနဲ့ ဆက်သွယ်ပြီး စီးပွား ရေးလုပ်နိုင်အောင် ကျွန်တော်တို့ က ပံ့ပိုးကူညီပေးမယ်ဆိုရင် ဘာ တွေဖြစ်လာမလဲ)’’ဟု သူက မေး ခွန်းဆက်ထုတ်ခဲ့သည်။
အင်တာနက် အပါအဝင် ICT နည်းပညာနှင့် ဂလိုဘယ် လိုက်ဇေးရှင်းက အသေးစား စီးပွားရေး လုပ်ငန်းများအတွက် ထွက်ပေါက်အဖြစ် ဂျက်ခ်မားက ယူဆသည်။ သည်အချက်ကို ပိုင် ပိုင်နိုင်နိုင် အသုံးချကာ အသေး စား စီးပွားရေးလုပ်ငန်းများအနေ ဖြင့် ကမ်ဘာတစ်လွှား ကုန်သွယ်နိုင် စေဖို့ သူက တိုက်တွန်းနေခြင်း ဖြစ်သည်။ သူ တည်ထောင်ထား သည့် အလီဘာဘာသည်ပင်လျှင် အသေးစားစီးပွားရေးသမားတွေ အတွက် ထုတ်ကုန်တွေ ကမ်ဘာအနှံ့သို့ ရောင်းချနိုင်ဖို့၊ ကမ်ဘာတစ် လွှားကနေ ဝယ်ယူနိုင်စေဖို့ အခြေခံအုတ်မြစ် (Platform) တစ်ခုဖြစ် သည်။
အားလုံးပါဝင်သည့်
ဂလိုဘယ်လိုက်ဇေးရှင်း
သန်းကြွယ်သူဌေး၏ စိတ် ကူးအိပ်မက် အသေးစားစီးပွား ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာစေဖို့ ဖြစ်သည်။ သည့်အတွက် ဂလို ဘယ်လိုက်ဇေးရှင်းကို အသေးစား စီးပွားရေးသမားတွေက အသုံးချဖို့ဖြစ်သည်။ အားလုံးပါဝင်သည့် ဂလိုဘယ်လိုက်ဇေးရှင်း (In-clusive Globalization)က ဂျက်ခ်မား ပြုပြင်ပြောင်းလဲလိုသည့် ဂလိုဘယ်လိုက်ဇေးရှင်း အမျိုးအစား ဖြစ်သည်။
အားလုံးပါဝင်သော ဂလို ဘယ်လိုက်ဇေးရှင်းကို ဖန်တီးယူ နိုင်လျှင်၊ အသုံးချနိုင်မည်ဆိုလျှင် လူငယ်ထုအတွက် မျှော်လင့်ချက် အလင်းရောင်တွေ ရှင်သန်လာ မည်သာ။
(ဆောင်းပါးရှင် ခိုင်ကြည်သစ် သည် နိုင်ငံရေး၊ ကျန်းမာရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါး များ ရေးသားနေသူဖြစ်သည်။)