Viral Collection
လန်ဒန်၊ သြဂုတ် ၁
ဒိုင်လူကြီးများသည် ကွင်းနံဘေးတွင် အရာဝတ္ထုပစ္စည်းတစ်ခုခုကို ကန်ကျောက်၍ ဒေါသပေါက်ကွဲသောနည်းပြများ၊ ၎င်းတို့၏ဆုံးဖြတ်ချက်ကို လှောင်ပြောင်သရော်သောနည်းပြများနှင့် နားမလည်သောဘာသာစကားတစ်ရပ်ကို အသုံးပြုကာ ထိုးနှက်ဝေဖန်သည့်နည်းပြများကို အဝါကတ်ပြသ အရေးယူခွင့်ရှိသွားပြီဖြစ်ပြီး လွန်ကျူးစွာ စောဒကတက်သောနည်းပြများ၊ ဘောလုံးကွင်းတွင်းထိတိုင် ၀င်ရောက်စောဒကတက်သောနည်းပြများ၊ ကိုယ်ထိလက်ရောက်မှုကျူးလွန်သောနည်းပြများနှင့် တံတွေးထွေးသော အပြုအမူဖြင့် စော်ကားသော နည်းပြများမှာမူ အနီကတ်ပြသ ထုတ်ပယ်ခြင်း ခံကြရလိမ့်မည်ဖြစ်သည်။
Unicode
လန်ဒန်၊ သြဂုတ် ၁
အင်္ဂလန်ဘောလုံးလိဂ်လက်အောက်ခံ ဘောလုံးပြိုင်ပွဲများနှင့် ရှုံးထွက်ဖလားပြိုင်ပွဲများတွင် အမူအကျင့်ဆိုးသွမ်းသောနည်းပြများကို အဝါကတ်နှင့် အနီကတ်များ ပြသအရေးယူသည့်စနစ်ကို များမကြာမီ စတင်တော့မည့် ဘောလုံးရာသီသစ်တွင် မိတ်ဆက်အသုံးပြုသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အင်္ဂလန်ဘောလုံးလိဂ်၏ယခုထုတ်ပြန်ပြဌာန်းလိုက်သော ဥပဒေသစ်သည် ဒိုင်လူကြီးများ၏အခွင့်အာဏာကို ထပ်မံတိုးမြှင့်ပေးလိုက်ခြင်းပင်ဖြစ်ပြီး နည်းပြများဘက်ကမူ ယခုဥပဒေအပေါ် မကျေနပ်မှုများရှိနေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။
နည်းပြများသည် ဒိုင်လူကြီးများက လွဲမှားသော ဆုံးဖြတ်ချက်များ၊ တစ်ဖက်သတ်ဆန်သော ဆုံးဖြတ်ချက်များကို ချမှတ်နေသည့်တိုင် ၎င်းတို့အနေနှင့် ရေငုံနှုတ်ပိတ်ကာ လက်ပိုက်ကြည့်နေရမည့် အခြေအနေမျိုး ဖြစ်သွားခဲ့ပြီဟု မှတ်ချက်ပေးထားပြီး ဘောလုံးလိဂ်ပြိုင်ပွဲများကျင်းပရေးဆိုင်ရာကော်မတီကမူ ၎င်းတို့အနေနှင့် နည်းပြများ၏အမူအကျင့်ပိုင်းဆိုင်ရာ တိုးတက်လာစေလိုခြင်းကြောင့် ယခုဥပဒေကို ထုတ်ပြန်ပြဌာန်းလိုက်ရခြင်းဖြစ်သည်ဟု ကာကွယ်ပြောကြားသွားခဲ့သည်။
အင်္ဂလန်ဘောလုံးလိဂ်သည် ၎င်းတို့၏လက်အောက်ရှိ လိဂ်ပြိုင်ပွဲကြီး ငါးခုအပါအ၀င် နေရှယ်နယ်လိဂ်ပြိုင်ပွဲများ၊ ချက်ကာထရိတ်ဖလား၊ ခရာဘောင်းဖလားနှင့် အက်ဖ်အေဖလားပြိုင်ပွဲတို့တွင် ယခုစနစ်သစ်ကို ထည့်သွင်းကျင့်သုံးသွားလိမ့်မည်ဖြစ်ပြီး အရေးယူခံရသောနည်းပြများမှာ ကစားသမားများကဲ့သို့ပင် နှစ်ဝါ တစ်နီထိပါက တစ်ပွဲပယ်၊ တိုက်ရိုက်အနီထိပါက သုံးပွဲပယ်၊ အဝါကတ်လေးကြိမ်ပြည့်ပါက အလိုအလျောက် တစ်ပွဲပယ် စသဖြင့် အသီးသီးပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ယင်းဥပဒေ၌ ဖော်ပြပါရှိသည်။
ဒိုင်လူကြီးများသည် ကွင်းနံဘေးတွင် အရာ၀တၳုပစ္စည်းတစ်ခုခုကို ကန်ကျောက်၍ ဒေါသပေါက်ကွဲသောနည်းပြများ၊ ၎င်းတို့၏ဆုံးဖြတ်ချက်ကို လှောင်ပြောင်သရော်သောနည်းပြများနှင့် နားမလည်သောဘာသာစကားတစ်ရပ်ကို အသုံးပြုကာ ထိုးနှက်ဝေဖန်သည့်နည်းပြများကို အဝါကတ်ပြသ အရေးယူခွင့်ရှိသွားပြီဖြစ်ပြီး လွန်ကျူးစွာ စောဒကတက်သောနည်းပြများ၊ ဘောလုံးကွင်းတွင်းထိတိုင် ၀င်ရောက်စောဒကတက်သောနည်းပြများ၊ ကိုယ်ထိလက်ရောက်မှုကျူးလွန်သောနည်းပြများနှင့် တံတွေးထွေးသော အပြုအမူဖြင့် စော်ကားသော နည်းပြများမှာမူ အနီကတ်ပြသ ထုတ်ပယ်ခြင်း ခံကြရလိမ့်မခံကြရလိမ့်