Skip to main content

ကိုယ့္ရဲ႕ေမြးရာပါပစၥည္းထဲကို ဟိုဟာေတြေလ်ာက္ထိုးထည့္ၿပီးဒုကၡေရာက္လာၾကတဲ့ေမာင္မင္းႀကီးသားမ်ား

ကိုယ့္ရဲ႕ေမြးရာပါပစၥည္းထဲကို ဟိုဟိုဒီဒီေတြေလွ်ာက္ထိုးထည့္ၿပီးဒုကၡေရာက္လာၾကတဲ့ေမာင္မင္းႀကီးသားေတြ ေဆးခန္းမွာခုရက္ပိုင္းေတာ္ေတာ္မ်ားမ်ားေတြ႕လာရတယ္။ သူတို႔စိတ္ထဲမွာ အဲ့သဟာေတြထိုးထည့္လိုက္ရင္ေတာ့ျဖင့္ သူတို႔ညီေတာ္ေမာင္ေလးေတြက အလံုးအရပ္ညီၫြတ္မွ်တစြာနဲ႔ Zoom ခ်ဲ႕လိုက္သလိုႀကီးလာမယ္မ်ားထင္ၾကလားမသိဘူး။ ကိုယ့္ဆီေရာက္လာသမွ်ကေတာ့ အခ်ိဳးအစားက်က်နနဆိုတာ တခါမွမရွိဘူး။ တကယ့္ကိုပံုဆိုးပန္းဆိုးေတြခ်ည္းပဲ။ မိမိေမွ်ာ္လင့္ထားေသာပံု၊ တကယ္ျဖစ္လာေသာပံုဆိုၿပီး meme လုပ္ဖို႔ေတာင္ေကာင္းတယ္။

အရစ္လိုက္ျဖစ္ေနတဲ့မုန္႔ႀကိဳးလိမ္ပံု၊ အဖ်ားတုတ္အရင္းသိမ္ေနတဲ့ တင္းပုတ္ပံု၊ အရင္းတုတ္အဖ်ားရႉးေနတဲ့ စိမ္းစားဥပံု၊ သားေရပင္စည္းထားသလိုျဖစ္ေနတဲ့ ေကာက္ညႇင္းထုပ္ပံု၊ တစ္ေနရာတည္းစုၿပီးႀကီးေနတဲ့ သားပိုက္ေကာင္ပံု စံုပလံုစိေနတာပဲ။ သူတို႔ရဲ႕ဇနီးမယားေတြေတာ့မသိဘူး။ ကိုယ္ကေတာ့ တခါတေလဆိုအဲ့ဒီလိုအထူးအဆန္းပံုစံေတြျမင္ရင္ စိတ္မထိန္းႏိုင္ဘဲထရယ္မိတာရွိေသးတယ္။ သတိဝင္ေတာ့မွ ေဆာရီးဆိုၿပီးျပန္ေတာင္းပန္ရတယ္။

အေသးစိတ္ေရးရင္ေတာ့ အရွည္ႀကီးပဲ။ အတိုခ်ဳပ္ေျပာရင္ေတာ့ အဲ့ဒီဟာေတြက အႏၲရာယ္မ်ားလြန္းလွပါတယ္။ မလုပ္ၾကပါနဲ႔ဗ်ာ။ လုပ္ၿပီးတဲ့သူေတြကိုလည္းအားမက်နဲ႔။ တခ်ိန္မဟုတ္တခ်ိန္ ဒုကၡေရာက္ၾကမယ့္လူေတြ။ အေႏွးနဲ႔အျမန္ပဲ။ တခ်ိဳ႕ဆိုပိုဆိုးေသးတယ္။ ဟန္သာရွိၿပီး အဆံမရွိတာ။ ပံုပ်က္ပန္းပ်က္ႀကီးထြားေနၿပီး အဲ့သဟာႀကီးကိုဆြဲတင္ႏိုင္တဲ့အားကမရွိေလေတာ့ ပိုေတာင္ဆိုးေသးတယ္။ အဲ့ဒါႀကီးကိုတြဲေလာင္းဆြဲၿပီးသယ္သြားေနရတာကိုက အလုပ္တစ္ခု။

ေဆးခန္းေရာက္လာလိုက္ရင္လည္း ေပါက္ၿပဲစုတ္ျပတ္ၿပီးေတာ့ အနာရည္တရႊဲရႊဲနဲ႔။ ဆီးခံုေတြ ကပၸါယ္အိတ္ေတြထဲ မာေထြးၾကပ္ခဲၿပီးတိုးဝင္ေနတာ။ တခ်ိဳ႕ေတာ္ေတာ္ဆိုးဆိုးေတြဆို အနာကလိႈက္စားၿပီးႂကြက္ကိုက္ထားသလို အေပါက္အေပါက္ေတြနဲ႔။ ေတာ္ေတာ္စိတ္ပ်က္ဖို႔ေကာင္းတယ္။ သူတို႔ပစၥည္းၾကည့္ၿပီး ကိုယ့္ဟာေတာင္က်ဥ္သလို ကိုက္သလို ယားသလိုျဖစ္လာတယ္။ အဟုတ္။

အဲ့ဒါေတြက ခြဲၿပီးျခစ္ထုတ္ပစ္မွရတာ။ ခြဲတာကလည္း တစ္ဆင့္တည္းတစ္ႀကိမ္တည္းနဲ႔မၿပီးဘူး။ ပထမအဆင့္ ရသေလာက္ျခစ္ထုတ္ၿပီး ပဲျမစ္ကေလးကိုဆီးခံု ဒါမွမဟုတ္ကပၸါယ္အိတ္ထဲထည့္ျမႇဳပ္ၿပီး အေပၚယံအေရျပားကိုျပန္ေမြးရေသးတယ္။ ေနာက္တစ္ႀကိမ္က်မွ ျပန္ထုတ္ၿပီးပံုျပန္ေဖာ္ရတယ္။ အနည္းဆံုးကေတာ့ ႏွစ္ႀကိမ္ပဲ။ ခက္ခက္ခဲခဲေတြဆို သံုးေလးႀကိမ္။ ဒါက က်ေနာ္သိထားသေလာက္ေျပာျပတာ။ တကယ္ခြဲစိတ္ေနရတဲ့ဆာဂ်င္ေတြကေတာ့ပိုသိလိမ့္မယ္။ က်ေနာ္မွားေနရင္လည္း ကြန္မန္႔မွာဝင္ေရးေပးၾကပါဆရာတို႔။

ေျပာခ်င္တာကေတာ့ ထိုးၾကည့္မယ္။ အဆင္မေျပရင္ ျပန္ျခစ္ထုတ္မယ္ဆိုၿပီးလြယ္လြယ္မထင္ၾကပါနဲ႔။
အဲ့ဒါထိုးလိုက္လို႔ ကိုယ္ေမွ်ာ္လင့္ထားတဲ့ပံုစံအတိုင္း အခ်ိဳးအစားက်က်ႀကီးလာလိမ့္မယ္လို႔လည္း မထင္ၾကပါနဲ႔။
ထိုးၿပီးရင္လည္း ေရလည္ကိုစြမ္းေဆာင္ႏိုင္ၿပီး တကယ့္ဖိုက္တာႀကီးျဖစ္လာလိမ့္မယ္မထင္ပါနဲ႔။
တခ်ိန္မဟုတ္တခ်ိန္ က်ိန္းေသဒုကၡေရာက္မွာပါ။
ခြဲၿပီးျခစ္ၿပီးသြားရင္လည္း နဂိုမူလေအာ္ရဂ်င္အေနအထားအတိုင္းျပန္ရလိမ့္မယ္မထင္ပါနဲ႔။ ပိန္လိမ္ရႈံ႕တြၿပီး ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ျဖစ္ေနပါလိမ့္မယ္။
အဆိုးဆံုးကေတာ့ အဲ့ဒီေက့စ္နဲ႔ေဆးရံုတက္ရင္ ေတာ္ေတာ္မ်က္ႏွာငယ္ရပါတယ္။ မုဒိန္းမႈနဲ႔ေထာင္က်သလိုပါပဲ။ ေဆးရံုက ဆရာဝန္ေတြ၊ သူနာျပဳေတြအေနနဲ႔ကေတာ့ ၾကံဳေနက်မို႔႐ိုးေနေပမယ့္၊ ကိုယ့္ေဘးကတျခားလူနာေတြနဲ႔ ကိုယ့္ေရာဂါသူ႔ေရာဂါေျပာၾကဆိုၾကတဲ့အခါ ေတာ္ေတာ္ရွက္ဖို႔ေကာင္းပါတယ္။

အဲ့ဒါေၾကာင့္ အန္ခယ္တို႔၊ ဦးေလးတို႔၊ အစ္ကိုႀကီးတို႔၊ ညီေလးတို႔ သိပ္ေလာဘမႀကီးၾကပါနဲ႔။
လူဒိုင္း လူဒိုင္းမွာရွိတဲ့ ေအာ္ရဂ်င္နယ္ နတ္ထရယ္ ဒီဇိုင္းကာလာဘာညာအေနအထားကသာ အေကာင္းဆံုးပါ။
အယ္လယ္။
Credit:  ေဒါက္တာဥကၠညီ

Unicode
ကိုယ့်ရဲ့မွေးရာပါပစ္စည်းထဲကို ဟိုဟာတွေလျောက်ထိုးထည့်ပြီးဒုက္ခရောက်လာကြတဲ့မောင်မင်းကြီးသားများ

ကိုယ့်ရဲ့မွေးရာပါပစ္စည်းထဲကို ဟိုဟိုဒီဒီတွေလျှောက်ထိုးထည့်ပြီးဒုက္ခရောက်လာကြတဲ့မောင်မင်းကြီးသားတွေ ဆေးခန်းမှာခုရက်ပိုင်းတော်တော်များများတွေ့လာရတယ်။ သူတို့စိတ်ထဲမှာ အဲ့သဟာတွေထိုးထည့်လိုက်ရင်တော့ဖြင့် သူတို့ညီတော်မောင်လေးတွေက အလုံးအရပ်ညီညွတ်မျှတစွာနဲ့ Zoom ချဲ့လိုက်သလိုကြီးလာမယ်များထင်ကြလားမသိဘူး။ ကိုယ့်ဆီရောက်လာသမျှကတော့ အချိုးအစားကျကျနနဆိုတာ တခါမှမရှိဘူး။ တကယ့်ကိုပုံဆိုးပန်းဆိုးတွေချည်းပဲ။ မိမိမျှော်လင့်ထားသောပုံ၊ တကယ်ဖြစ်လာသောပုံဆိုပြီး meme လုပ်ဖို့တောင်ကောင်းတယ်။

အရစ်လိုက်ဖြစ်နေတဲ့မုန့်ကြိုးလိမ်ပုံ၊ အဖျားတုတ်အရင်းသိမ်နေတဲ့ တင်းပုတ်ပုံ၊ အရင်းတုတ်အဖျားရှူးနေတဲ့ စိမ်းစားဥပုံ၊ သားရေပင်စည်းထားသလိုဖြစ်နေတဲ့ ကောက်ညှင်းထုပ်ပုံ၊ တစ်နေရာတည်းစုပြီးကြီးနေတဲ့ သားပိုက်ကောင်ပုံ စုံပလုံစိနေတာပဲ။ သူတို့ရဲ့ဇနီးမယားတွေတော့မသိဘူး။ ကိုယ်ကတော့ တခါတလေဆိုအဲ့ဒီလိုအထူးအဆန်းပုံစံတွေမြင်ရင် စိတ်မထိန်းနိုင်ဘဲထရယ်မိတာရှိသေးတယ်။ သတိဝင်တော့မှ ဆောရီးဆိုပြီးပြန်တောင်းပန်ရတယ်။

အသေးစိတ်ရေးရင်တော့ အရှည်ကြီးပဲ။ အတိုချုပ်ပြောရင်တော့ အဲ့ဒီဟာတွေက အန္တရာယ်များလွန်းလှပါတယ်။ မလုပ်ကြပါနဲ့ဗျာ။ လုပ်ပြီးတဲ့သူတွေကိုလည်းအားမကျနဲ့။ တချိန်မဟုတ်တချိန် ဒုက္ခရောက်ကြမယ့်လူတွေ။ အနှေးနဲ့အမြန်ပဲ။ တချို့ဆိုပိုဆိုးသေးတယ်။ ဟန်သာရှိပြီး အဆံမရှိတာ။ ပုံပျက်ပန်းပျက်ကြီးထွားနေပြီး အဲ့သဟာကြီးကိုဆွဲတင်နိုင်တဲ့အားကမရှိလေတော့ ပိုတောင်ဆိုးသေးတယ်။ အဲ့ဒါကြီးကိုတွဲလောင်းဆွဲပြီးသယ်သွားနေရတာကိုက အလုပ်တစ်ခု။

ဆေးခန်းရောက်လာလိုက်ရင်လည်း ပေါက်ပြဲစုတ်ပြတ်ပြီးတော့ အနာရည်တရွှဲရွှဲနဲ့။ ဆီးခုံတွေ ကပ္ပါယ်အိတ်တွေထဲ မာထွေးကြပ်ခဲပြီးတိုးဝင်နေတာ။ တချို့တော်တော်ဆိုးဆိုးတွေဆို အနာကလှိုက်စားပြီးကြွက်ကိုက်ထားသလို အပေါက်အပေါက်တွေနဲ့။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ သူတို့ပစ္စည်းကြည့်ပြီး ကိုယ့်ဟာတောင်ကျဉ်သလို ကိုက်သလို ယားသလိုဖြစ်လာတယ်။ အဟုတ်။

အဲ့ဒါတွေက ခွဲပြီးခြစ်ထုတ်ပစ်မှရတာ။ ခွဲတာကလည်း တစ်ဆင့်တည်းတစ်ကြိမ်တည်းနဲ့မပြီးဘူး။ ပထမအဆင့် ရသလောက်ခြစ်ထုတ်ပြီး ပဲမြစ်ကလေးကိုဆီးခုံ ဒါမှမဟုတ်ကပ္ပါယ်အိတ်ထဲထည့်မြှုပ်ပြီး အပေါ်ယံအရေပြားကိုပြန်မွေးရသေးတယ်။ နောက်တစ်ကြိမ်ကျမှ ပြန်ထုတ်ပြီးပုံပြန်ဖော်ရတယ်။ အနည်းဆုံးကတော့ နှစ်ကြိမ်ပဲ။ ခက်ခက်ခဲခဲတွေဆို သုံးလေးကြိမ်။ ဒါက ကျနော်သိထားသလောက်ပြောပြတာ။ တကယ်ခွဲစိတ်နေရတဲ့ဆာဂျင်တွေကတော့ပိုသိလိမ့်မယ်။ ကျနော်မှားနေရင်လည်း ကွန်မန့်မှာဝင်ရေးပေးကြပါဆရာတို့။

ပြောချင်တာကတော့ ထိုးကြည့်မယ်။ အဆင်မပြေရင် ပြန်ခြစ်ထုတ်မယ်ဆိုပြီးလွယ်လွယ်မထင်ကြပါနဲ့။
အဲ့ဒါထိုးလိုက်လို့ ကိုယ်မျှော်လင့်ထားတဲ့ပုံစံအတိုင်း အချိုးအစားကျကျကြီးလာလိမ့်မယ်လို့လည်း မထင်ကြပါနဲ့။
ထိုးပြီးရင်လည်း ရေလည်ကိုစွမ်းဆောင်နိုင်ပြီး တကယ့်ဖိုက်တာကြီးဖြစ်လာလိမ့်မယ်မထင်ပါနဲ့။
တချိန်မဟုတ်တချိန် ကျိန်းသေဒုက္ခရောက်မှာပါ။
ခွဲပြီးခြစ်ပြီးသွားရင်လည်း နဂိုမူလအော်ရဂျင်အနေအထားအတိုင်းပြန်ရလိမ့်မယ်မထင်ပါနဲ့။ ပိန်လိမ်ရှုံ့တွပြီး ဒဏ်ရာဒဏ်ချက်တွေနဲ့ဖြစ်နေပါလိမ့်မယ်။
အဆိုးဆုံးကတော့ အဲ့ဒီကေ့စ်နဲ့ဆေးရုံတက်ရင် တော်တော်မျက်နှာငယ်ရပါတယ်။ မုဒိန်းမှုနဲ့ထောင်ကျသလိုပါပဲ။ ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေအနေနဲ့ကတော့ ကြုံနေကျမို့ရိုးနေပေမယ့်၊ ကိုယ့်ဘေးကတခြားလူနာတွေနဲ့ ကိုယ့်ရောဂါသူ့ရောဂါပြောကြဆိုကြတဲ့အခါ တော်တော်ရှက်ဖို့ကောင်းပါတယ်။

အဲ့ဒါကြောင့် အန်ခယ်တို့၊ ဦးလေးတို့၊ အစ်ကိုကြီးတို့၊ ညီလေးတို့ သိပ်လောဘမကြီးကြပါနဲ့။
လူဒိုင်း လူဒိုင်းမှာရှိတဲ့ အော်ရဂျင်နယ် နတ်ထရယ် ဒီဇိုင်းကာလာဘာညာအနေအထားကသာ အကောင်းဆုံးပါ။
အယ်လယ်။
Credit:  ဒေါက်တာဥက္ကညီ

Updates

Theme Editor by Seo v6