ဗြိတိန်ဒေးလီးမေးလ်သတင်းစာတွင်ဖော်ပြချက်အရ အီဂျစ်နိုင်ငံမြို့တော်ကိုင်ရိုရှိ တိရိစ်ဆာန်ရုံတစ်ရုံဟာ မြည်းကိုမြင်းကျားဖြစ်အောင် ဆေးသုတ်ပြီး လူအများကိုပြသခဲ့တာကြောင့်ပြစ်တင်ဝေဖန်ခံနေရကြောင်း သိရပါတယ်။ အဆိုပါတိရိစ်ဆာန်ရုံဟာ ကိုင်ရိုမြို့အင်တာနေရှင်နယ် ဂါးဒင်းမြူနီစီပယ်ပန်းခြံတွင်း၌ မကြာသေးခင်ကမှစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
မြည်းကိုမြင်းကျားအဖြစ်ဆေးသုတ်ပြီး ပြသထားတာကို တိရိစ်ဆာန်ရုံသို့ လာရောက်လည်ပတ်သူကျောင်းသား Mahmoud A.Sarhani မှ ဓာတ်ပုံရိုက်ကူးပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ပေါ်တင်လိုက်ရာကနေ နာမည်ကြီးလူသိများသွားတာဖြစ်ပါတယ်။ အဲဒီနောက်သက်ဆိုင်ရာ တိရိစ်ဆာန်ဆရာဝန်များမှ စစ်ဆေးခဲ့ရာ ဟုတ်မှန်ကြောင်းအဖြေပေါ်ထွက်ခဲ့တာမို့ တိရိစ်ဆာန်ရုံအနေနဲ့ အရှက်ကွဲခဲ့ရပါတယ်။
ဓာတ်ပုံကိုသေချာကြည့်ပါက သိသာထင်ရှားတဲ့ကွာခြားချက်(၃)ချက်တွေ့နိုင်ပါတယ်။ မြည်းရဲ့နားရွက်တွေဟာ ချွန်ပေမယ့် မြင်းကျားရဲ့နားရွက်ကတော့ အနည်းငယ်ဝိုင်းပါတယ်။ ဒုတိယအချက်ကတော့ မြင်းကျားအစစ်တွေရဲ့နှုတ်သီးဟာ အမည်းရောင်ဖြစ်ပေမယ့် ဓာတ်ပုံပါမြည်းလေးကတော့ အညိုရောင်ပါ။ နောက်ဆုံးအချက်ကတော့ မျက်နှာပေါ်ကအစင်းကြောင်းရာတွေဟာ လှလှပပမရှိပဲဖြစ်သလိုဆေးသုတ်ထားသလိုဖြစ်နေတာလို့ အင်တာနက်ပေါ်မှ မိဘပြည်သူတွေက သုံးသပ်ခဲ့ကြပါတယ်။
အိစံ
MyanmarNote
Unicode