Skip to main content
အမျိုးသားဖြစ်သူ ဖောက်ပြန်မှာစိုးရိမ်လို့ ငယ်ပါကို ကတ်ကြေးနဲ့ ကိုက်ခဲ့တဲ့အမျိုးသမီး
တရုတ်နိုင်ငံ ကျန်းစီပြည်နယ် ဖန်ချန်းမြို့မှာ အမျိုးသမီးတစ်ဦးဟာ လင်ယောက်ျားဖြစ်သူ သွားတိုက်နေစဉ်မှာ အမျိုးသားရဲ့ ငယ်ပါကို ကတ်ကြေးနဲ့ ညှပ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ သိရတာကတော့ အမျိုးသမီးဖြစ်သူဟာ ယောက်ျားဖြစ်သူ အလုပ်သစ်ရပြီးနောက် အလုပ်သစ်ထဲက အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်နေတယ်လို့ သံသယရှိနေတာကြောင့် အခုလိုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လင်းလင်း (ShweMom)
Ref: Sun, Dailymail
Unicode
အမျိုးသားဖြစ်သူ ဖောက်ပြန်မှာစို်းရိမ်လို့ ငယ်ပါကို ကတ်ကြေးနဲ့ ကိုက်ခဲ့တဲ့အမျိုးသမီး
တရုတ်နိုင်ငံ ကျန်းစီပြည်နယ် ဖန်ချန်းမြို့မှာ အမျိုးသမီးတစ်ဦးဟာ လင်ယောကျ်ားဖြစ်သူ သွားတိုက်နေစဉ်မှာ အမျိုးသားရဲ့ ငယ်ပါကို ကတ်ကြေးနဲ့ ညှပ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ သိရတာကတော့ အမျိုးသမီးဖြစ်သူဟာ ယောကျ်ားဖြစ်သူ အလုပ်သစ်ရပြီးနောက် အလုပ်သစ်ထဲက အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်နေတယ်လို့ သံသယရှိနေတာကြောင့် အခုလိုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုအမျိုးသမီးဟာ သူမလင်ယောကျ်ားအပေါ်မှာ အလွန်အမင်း သ၀န်တိုတတ်သူတစ်ဦးပါ။ တခြား ဘယ်အမျိုးသမီးနဲ့မှ အဆက်အသွယ်လုပ်တာ မကြိုက်သလို အမျိုးသမီးတွေနဲ့ စကားပြောတာ၊ ဖုန်းဖြေဆိုတာနဲ့ ယုတ်စွအဆုံး သူမ,မဟုတ်ပဲ တခြားအမျိုးသမီးတွေကို ပြုံးပြတာတောင်မှ မကြိုက်တဲ့သူလို့ သိရပါတယ်။
အမျိုးသားအမည်ကတော့ လိီပါ။ လီကတော့ သူ့ရဲ့ ဇနီးသည်ဟာ သူ,မဖောက်ပြန်နိုင်အောင်လို့ ယောကျ်ားဘ၀ ကိစ္စတုံးအောင် လုပ်ပစ်ခဲ့ကြောင်း ၀န်ခံပြောဆိုခဲ့ပါတယ်။ လီက မနက် (၇း၃၀) သူ ရေချိုးခန်းထဲရှိနေစဉ် ဇနီးသည်ဖြစ်သူ ရောက်လာပြီး သူ့ကို တိုက်ခိုက်ခဲ့ကြောင်း ပြောပြပါတယ်။ ပြီးနောက် ပေါင်ခြံမှာ သွေးစက်လက်စီးကျရင်းနဲ့ပဲ သူ့ဘာသာသူဆေးရုံကို လာရောက်ခဲ့ရကြောင်းလည်း လီက ဆိုပါတယ်။
ဆရာ၀န်တွေကတော့ လီရဲ့ ပြတ်သွားတဲ့ ငယ်ပါကို အခုအခါ အောင်အောင်မြင်မြင်နဲ့ ပြန်လည်တပ်ဆင်ပေးပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း လီကိုတော့ လုံး၀ကောင်းသွားတဲ့အထိ သေချာဂရုတစိုက်နဲ့ နေထိုင်ဖို့ ဆရာ၀န်တွေက မှာထားပါတယ်။ ဒါပေမယ့်လည်း Knews နဲ့ Sohu သတင်းဌာနတွေကတော့ လီဟာ ခွဲစိတ်မှုအောင်မြင်လို့ သက်သာသွားရင်တောင်မှ သွေးကြောတွေ ပျက်စီးခဲ့တာကြောင့် ယောကျ်ားသဘာ၀အတိုင်း ပြည့်ပြည့်၀၀ခံစားနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ လက်ရှိမှာတော့ ၄င်းဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲတွေက စစ်ဆေးနေကြဆဲဖြစ်ပါတယ်။
လင်းလင်း (ShweMom)
Ref: Sun, Dailymail
Updates
Theme Editor by Seo v6