Skip to main content

ဖြိုးမြတ်အောင်ရရှိခဲ့တဲ့ မနေ့က ဝင်းနားဆုအပေါ် ပြတ်ပြတ်သားသားနဲ့ အားပေးလိုက်တဲ့ မိုးယုစံ

ပရိသတ်ကြီးရေ အငြင်းပွား ဝေဖန်မှုတွေ ပြင်းထန်ခဲ့တဲ့ Myanmar Idol Season 3ပွဲစဉ်ရဲ့ နောက်ဆုံးပွဲကို မနေ့ညက ကျင်းပပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးပြိုင်ပွဲဝင်တွေဖြစ်တဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို ၂ဦး ယှဉ်ပြိုင်ရမှာ ဆိုပေမယ့် မောင်ချို့ရဲ့ကျန်းမာရေးကြောင့် ရပ်နားခဲ့ပြီး ဖြိုးမြတ်အောင်က winner ဆုကို ဒိုင်ပွဲရပ်ဖြင့် ရရှိဆွတ်ခူးခဲ့ပါတယ်။
ဖြိုးမြတ်အောင်ကို အားပေးတဲ့ ပရိသတ်တွေက မြန်မာနိုင်ငံအနှံအပြားမှာ များစွာရှိတဲ့အထဲ မင်းသမီးမိုးယုစံကလည်း အပါအဝင် ဖြစ်ပါတယ်။
မိုးယုစံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်မင်းသမီးအဖြစ် ကျော်ကြားအောင်မြင်နေသူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမအနေနဲ့ အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေကို ခဏအနားယူထားတာ ဖြစ်ပါတယ်။ မိုးယုက ဖြိုးမြတ်အောင်ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး မနေ့ညကလည်း ဖြိုးမြတ်အောင်အတွက် အားပေးစကားအချို့ကို facebook မှာ တင်ထားတာ တွေ့ရပါတယ်။
မိုးယုက ”ပြိုင်ဖက်ရှိလည်း 7 ပြိုင်ဖက်မရှိလည်း 7 ..7က 7ပါပဲလို့…” ဆိုတဲ့ စာသားလေးနဲ့အတူ ဖြိုးမြတ်အောင်ကို အပြတ်အသတ်ဝန်းရံထားတာ ဖြစ်ပါတယ်။ မိုးယုက ဖြိုးမြတ်အောင်အတွက် ပြတ်ပြတ်သားသားနဲ့ အားပေးစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ “Myanmar Idol Season 3”ရဲ့ Winner ဆုရှင်ကတော့ ဖြိုးမြတ်အောင်ပဲ ဖြစ်ပါတယ်။


Source:Myanmarload


Updates

Theme Editor by Seo v6