Skip to main content
သမီးကတော့ ကိုယ့်ကိုယ်ကိုမတန်ဘူးလို့ထင်မိတယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို
Credit: loveshop
Unicode
Myanmar Idol Season 3 ပြိုင်ပွဲ၀င် ချမ်းမြေ့မောင်ချိုဟာဆိုရင် အသံချိုချိုလေးနဲချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။
သူမက Top 3 ထိကို အရည်အချင်းရှိရှိရောက်ရှိလာတဲ့ ပြိုင်ပွဲ၀င် တစ်ဦးပါ။ ပြိုင်ပွဲ၀င် ချမ်းမြေ့မောင်ချိုက ဒီတစ်ပတ် Hit Song သီဆိုယှဉ်ပြိုင်ရာမှာ အနည်းငယ်လွဲချော်မှုတွေရှိခဲ့ပြီး စုံတွဲသီဆိုရာမှာ တော့ ဒိုင်တွေအားလုံးရဲ့ ချီးကျူးမှုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။
သူမအနေနဲ့ ဒီယှဉ်ပြိုင်မှုအပေါ်ခံစားချက် တစ်ချို့ကို မီဒီယာ တစ်ခုမှာ ပြောထားတာပဲ ဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုက ” မနေ့ကသီဆိုယှဉ်ပြိုင်ရာမှာ Top 3 ရောက်နေပြီဆိုတော့ လုံး၀မမှားသင့်တဲ့အမှားကို မှားခဲ့တဲ့အတွက် ကိုယ့်ကိုအားမရဖြစ်မိတယ်။ Top 3ဆိုတော့ အမှားကင်းရမယ့်အချိန် ဖြစ်နေပြီလေ အဲဒါကို မှားသွားတဲ့အတွက် အားမရဖြစ်မိတယ်။ ကိုယ့်ကိုယ်လည်း ငာဒီလောက်ကြိုးစားထားတာ မှားရလားဆိုပြီး ကိုယ့်ကိုယ်ဒေါသထွက်မိပါတယ်”လို့ပြောထားပါတယ်။
“စုံတွဲဆိုရတာ့လည်း တစ်ခာမှ မဆိုဖူးဘူး ဦးစည်နဲ့ ဆိုရမယ်ပြောတော့ ကြောက်မိတယ်။စတိတ်စင်ပေါ်မှာဆိုရမှာ ဖြစ်တဲ့အတွက် နှစ်ယောက်ကလည်းအပေးအယူမျှမှရမှာ ဦးစည်ပဲ ကောင်းပြီး သမီးမကောင်းဘူးဆိုလည်း အဆင်မပြေဘူး နှစ်ယောက်ကောင်းမှဖြစ်မှာဆိုတော့ သမီးကလည်း သမီးဘက်က အကောင်းဆုံးကြိုးစားရတယ်၊ ဦးစည်ကလည်း သမီး ကိုအကောင်းဆုံးပံ့ပိုးကူညီပေးတယ်။ဒီနေ့စုံတွဲဦးစည်နဲ့ ဆိုရတာ သမီးအားရပါတယ်။”လို့ပြောထားပါတယ်။
”Result Show အတွက်ခံစားချက်ကတော့ သမီးစိတ်လျော့ထားတယ် ဘာလို့လဲဆိုတော့Top Final ကထိုက်တန်တဲ့သူပဲ ရသင့်တယ်။အမှားကင်းတဲ့သူပဲရသင့်တယ်။အဲဒီတော့သမီး ကိုကြီးနှစ်ယောက်လုံးကိုရစေချင်ပါတယ်။Comment တိုင်း Comment တိုင်းကလည်း ကိုယ်နဲ့ထိုက်တန်လို့ရတဲ့ Comment လို့ပဲသတ်မှတ်ပါတယ်။
ယှဉ်ပြိုင်တုန်းကလည်း ဒိုင်တွေ သမီးကိုပြောတာတွေကမှန်ပါတယ်။ ဒီအချိန်မှာ ဒီလိုမျိုးမမှားသင့်တော့ဘူးလေ။အဲဒါကြောင့် comment တိုင်းကိုအားရကျေနပ်မှုရှိပါတယ်။”လို့ပြောခဲ့ပါတယ်။
“ပရိသတ်တွေကိုလည်း မျက်နှာမပြရဲလောက်အောင်ပါပဲ သမီးပြောနေကျအတိုင်းပဲ သမီးကြိုးစားတယ်ဆိုတာထက်သူတို့အားပေးတာက ၂ဆအမြဲတမ်းပိုတယ်။သမီးသူတို့အပေါ်တာ၀န်မကျေခဲ့ဘူး။သူတို့ကိုတောင်းပန်ပါတယ်လို့ သူတို့ကလည်း ကိုယ့်ကိုဖြစ်စေချင်မှာပဲလေကိုယ်ချစ်တဲ့သူဆိုတော့လေ”လို့ပြောပါတယ်။
“voting ပေးဖို့ကတော့ သမီးကိုယ်သမီးလည်း မထိုက်တန်ဘူးလို့ထင်မိတယ်။ ဘာလို့လဲဆိုတော့ မမှားသင့်တဲ့အချိန်မှာမှားတာဆိုတော့လေ။ ထိုက်တန်တဲ့သူပဲရစေချင်ပါတယ်။ အမှားကင်းတဲ့သမီးကိုကြီးနှစ်ယောက်ကိုရစေချင်ပါတယ်”လို့ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် Myanmar Idol Season 3ပြိုင်ပွဲ၀င် ချမ်းမြေ့မောင်ချိုကတော့ ဂရန်းဖိုင်နယ် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
စိတ်မကောင်းစွာနဲ့ ဇော်ကြီးကတော့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ရပါတယ်။
Credit: loveshop
Updates
Theme Editor by Seo v6