Skip to main content

ေမြးကင္းစသားပံုကိုတက္တူးထိုးမယ့္ျမင့္ျမတ္

Viral Collection
 သားျဖစ္သူကို ၾသဂုတ္ အတြင္း ေမြးဖြားရန္ ေမြးရက္ သတ္မွတ္ထားေသာေၾကာင့္ ၎ ၏ ေမြးေန႔တြင္ ဇနီးျဖစ္သူ ခြဲစိတ္ေမြးဖြားရန္စီစဥ္ထားေၾကာင္း ျမင့္ျမတ္က ေျပာသည္။

‘‘အဓိကကေတာ့ ခြဲေမြးလို႔ ပါ။ ၈ လပိုင္း ၂၀၊ ၂၅ ၀န္းက်င္ ေလာက္ကို ဂ်ဴးဒိတ္ေပးထားတာ။ ဒီလထဲမွာက ကြၽန္ေတာ့္ေမြးေန႔ လည္းရွိေတာ့၊ ခြဲေမြးမွာလည္းဆို ေတာ့ ညႇိလိုက္တာ’’ဟု ၾသဂုတ္ ၇ ရက္တြင္ က်ေရာက္မည့္ ၎၏ ေမြးေန႔တြင္ သားျဖစ္သူကို ေမြးဖြားရန္ စီစဥ္ျဖစ္သည့္အေၾကာင္း ၎က ေျပာသည္။ ရင္ေသြးေလးကို သား ေယာက်္ားေလးလိုခ်င္သည့္ ဆႏၵ ျပည့္၀ခဲ့သလို ၎ႏွင့္ ေမြးေန႔ လည္းတူေတာ့မည္ျဖစ္၍ ေပ်ာ္ရႊင္ရသည္ဟု ၎က ဆိုသည္။

လတ္တေလာတြင္ သားျဖစ္ သူအတြက္ နာမည္ႀကိဳတင္စဥ္း စားမထားေသးဘဲ ေမြးကင္းစသား၏ ပံုစံကို တက္တူးထိုးရန္လည္း အစီအစဥ္ရွိေၾကာင္း ျမင့္ျမတ္က ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ ရင္ေသြးႏွစ္ ေယာက္ယူဖို႔ တိုင္ပင္ထားတယ္။ ကြၽန္ေတာ္ကေတာ့ သားပဲလိုခ်င္ တယ္’’ဟု ၎၏ အနာဂတ္မိသားစုရည္မွန္းခ်က္ႏွင့္ ပတ္ သက္၍ ေျပာသည္။

လတ္တေလာအႏုပညာ လႈပ္ရွားမႈအေနျဖင့္ လပ္ကီးဆဲ ဗင္းထုတ္လုပ္ေရးမွ ႐ိုက္ကူးေန သည့္ ခ်ာလီဘႏွင့္ ေဂၚလီမဇာတ္ကားကို စိုးျမတ္သူဇာ၊ ေရႊမႈံရတီတို႔ႏွင့္ တြဲဖက္သ႐ုပ္ေဆာင္ေနေၾကာင္း ျမင့္ျမတ္က ေျပာသည္။

‘‘ဒီကားမွာ ေရႊမႈံကိုေက်ာင္း တက္ကတည္းက ႀကိဳက္တယ္။ ကြၽန္ေတာ့္ကို လံုး၀ျပန္မႀကိဳက္ ဘူး။ ေက်ာင္းၿပီးလို႔ ျပန္ေတြ႕ေတာ့ျပန္လုိက္တာ အဆင္မေျပေတာ့ ပံုစံေျပာင္းၿပီး ဖြန္ေၾကာင္တဲ့ပံုစံ ေလးပါ’’ဟု ‘ခ်ာလီဘႏွင့္ ေဂၚလီမ’ဇာတ္ကားႏွင့္ ပတ္သက္၍ ေျပာ သည္။

ထို႔အျပင္ လတ္တေလာ အြန္လိုင္းေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့သည့္ ငဒူဇာတ္ကားႏွင့္ ပတ္သက္၍လည္း ‘‘မေကာင္းပါဘူး။ အဲဒီလိုျပန္႔တာက ၾကာရင္ ပ႐ိုဂ်ဴဆာေတြ စီးပြားပ်က္မွာေလ။ ပ႐ိုဂ်ဴဆာ ထုတ္႐ိုက္ေပးလို႔ ဇာတ္ကား ေကာင္းတစ္ကားျဖစ္လာတာ။ ဒီ လိုေတြ ျပန္႔ေနရင္ ပ႐ိုဂ်ဴဆာအ တြက္က ေငြေရးေၾကးေရးအရ အမ်ားႀကီးဆံုး႐ႈံးတယ္။ ႐ုပ္ရွင္ တစ္ကားဆို အားလံုးေထာင္ခ်ီၿပီး ေတာ့ ရင္းၾကရတာ’’ဟု ျမင့္ျမတ္ ကေျပာသည္။

Unicode

 သားဖြစ်သူကို သြဂုတ် အတွင်း မွေးဖွားရန် မွေးရက် သတ်မှတ်ထားသောကြောင့် ၎င်း ၏ မွေးနေ့တွင် ဇနီးဖြစ်သူ ခွဲစိတ်မွေးဖွားရန်စီစဉ်ထားကြောင်း မြင့်မြတ်က ပြောသည်။

‘‘အဓိကကတော့ ခွဲမွေးလို့ ပါ။ ၈ လပိုင်း ၂၀၊ ၂၅ ၀န်းကျင် လောက်ကို ဂျူးဒိတ်ပေးထားတာ။ ဒီလထဲမှာက ကျွန်တော့်မွေးနေ့ လည်းရှိတော့၊ ခွဲမွေးမှာလည်းဆို တော့ ညှိလိုက်တာ’’ဟု သြဂုတ် ၇ ရက်တွင် ကျရောက်မည့် ၎င်း၏ မွေးနေ့တွင် သားဖြစ်သူကို မွေးဖွားရန် စီစဉ်ဖြစ်သည့်အကြောင်း ၎င်းက ပြောသည်။ ရင်သွေးလေးကို သား ယောကျ်ားလေးလိုချင်သည့် ဆန္ဒ ပြည့်၀ခဲ့သလို ၎င်းနှင့် မွေးနေ့ လည်းတူတော့မည်ဖြစ်၍ ပျော်ရွှင်ရသည်ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် သားဖြစ် သူအတွက် နာမည်ကြိုတင်စဉ်း စားမထားသေးဘဲ မွေးကင်းစသား၏ ပုံစံကို တက်တူးထိုးရန်လည်း အစီအစဉ်ရှိကြောင်း မြင့်မြတ်က ပြောသည်။

‘‘ကျွန်တော်တို့ ရင်သွေးနှစ် ယောက်ယူဖို့ တိုင်ပင်ထားတယ်။ ကျွန်တော်ကတော့ သားပဲလိုချင် တယ်’’ဟု ၎င်း၏ အနာဂတ်မိသားစုရည်မှန်းချက်နှင့် ပတ် သက်၍ ပြောသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် လပ်ကီးဆဲ ဗင်းထုတ်လုပ်ရေးမှ ရိုက်ကူးနေ သည့် ချာလီဘနှင့် ဂေါ်လီမဇာတ်ကားကို စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့နှင့် တွဲဖက်သရုပ်ဆောင်နေကြောင်း မြင့်မြတ်က ပြောသည်။

‘‘ဒီကားမှာ ရွှေမှုံကိုကျောင်း တက်ကတည်းက ကြိုက်တယ်။ ကျွန်တော့်ကို လုံး၀ပြန်မကြိုက် ဘူး။ ကျောင်းပြီးလို့ ပြန်တွေ့တော့ပြန်လိုက်တာ အဆင်မပြေတော့ ပုံစံပြောင်းပြီး ဖွန်ကြောင်တဲ့ပုံစံ လေးပါ’’ဟု ‘ချာလီဘနှင့် ဂေါ်လီမ’ဇာတ်ကားနှင့် ပတ်သက်၍ ပြော သည်။

ထို့အပြင် လတ်တလော အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် ငဒူဇာတ်ကားနှင့် ပတ်သက်၍လည်း ‘‘မကောင်းပါဘူး။ အဲဒီလိုပြန့်တာက ကြာရင် ပရိုဂျူဆာတွေ စီးပွားပျက်မှာလေ။ ပရိုဂျူဆာ ထုတ်ရိုက်ပေးလို့ ဇာတ်ကား ကောင်းတစ်ကားဖြစ်လာတာ။ ဒီ လိုတွေ ပြန့်နေရင် ပရိုဂျူဆာအ တွက်က ငွေရေးကြေးရေးအရ အများကြီးဆုံးရှုံးတယ်။ ရုပ်ရှင် တစ်ကားဆို အားလုံးထောင်ချီပြီး တော့ ရင်းကြရတာ’’ဟု မြင့်မြတ် က ပြေပြောသ

Updates

Theme Editor by Seo v6