Skip to main content

ဓေလ့ဆိုတာေဖ်ာက္ဖ်က္ရန္မလြယ္ပါ

Viral Collection
အသုဘပြဲတြင္ေရအိုးကိုဘာေၾကာင့္ရိုက္ခြဲရသနည္း?

ယင္းသို႔ရိုက္ခြဲရန္ဘုရားရွင္ကၫႊန္ၾကားထားခဲ့သလား .. ပိဋကတ္ေတာ္ထဲမွာပါဝင္၍လား?

မည္သူကစတင္ခဲ့ေသာဓေလ့နည္း?

(ဒီေမးခြန္း ၄ မ်ိဳး ရဲ႕ အေျဖကို လက္လွမ္းမွီသေလာက္ မ်ွေဝလိုက္ပါသည္။ေမးတဲ့သူလည္းေတာ္ေတာ္မ်ားေနပါၿပီ။) ကယ္ ! ဒီလိုဆို စရေအာင္ ။ ဒီလိုပါ……

အစဥ္အလာအရသာေဆာင္႐ြက္ခဲ့ၾကသည္။တိတိက်က်ေရေရရာရာအေျဖရွာဖို႔စိတ္ဝင္စားခဲ့ရန္မတူ။

အခ်ိဳ႕ကမူအစဥ္အလာဓေလ့ထံုးစံမွာ ဘုရားေဟာ(အႆ ကဇာတ္) {ဇာတက-ဌ၊ဒု-၁၄၂} နွင့္ဆက္စပ္ေနသည္လို႔ယူဆေျပာဆိုၾကပါသည္။ (အႆ ကဇာတ္ႀကီး) ၏အက်ဥ္းခ်ဳပ္ကိုတင္ျပပါမည္။

ကာသိတိုင္း၏ဘုရင္ (အႆ ကမင္းႀကီး)သည္အင္မတန္ေခ်ာေမာလွပေသာသူ၏(မိဘုရားႀကီးဥပရီ)ကိုအလြန္ခ်စ္ခင္ျမတ္နိုးလွပါ၏။တစ္ေန႔မွာ(ဥပရီမိဘုရားႀကီး)ကြယ္လြန္သြားပါသည္။

မင္းႀကီးချမာ မိဘုရားႀကီး၏ အေလာင္းကိုမပစ္ရပ္ေသာေၾကာင့္မပုပ္သိုးစိမ့္ေသာဌာစီမံထားရွိၿပီးသူအိပ္ေသာကုတင္ေအာက္တြင္ထားသည္။မည္သူကမ်ွေဖ်ာင္းဖ်၍မရခဲ့ပါ။

ထိုအခ်ိန္တြင္ ဘုရားေလာင္းရေသ့သည္ မင္းႀကီးကိုဆံုးမရန္မင္းႀကီး၏ဥယ်ာဥ္ထဲသို႔ေရာက္လာပါ၏။ဘုရားေလာင္းရေသ့ကသူ႔ထံေရာက္လာသူတစ္ဦးအား-

“(အႆ ကမင္းက)ငါ့ကိုလာၿပီးေမးမယ္ဆိုရင္ငါကသူ႔ကို(ဥပရီမိဖုရား)ရဲ႕လားရာဂတိကိုေျပာျပမယ္။(အႆ ကမင္း)ရဲ႕ေရွ႕မွာပဲအဲ့ဒီ(ဥပရီမိဖုရား)ကိုစကားေျပာခိုင္းမယ္”ဟုေျပာလိုက္ပါသည္။

ဤစကားကိုၾကားၾကားခ်င္း(အႆ ကမင္းႀကီး)ကဘုရားေလာင္းေတာ္ရေသ့ထံေရာက္လာၿပီး-

“အရွင္ဘုရားက(ဥပရီမိဖုရား)ျဖစ္ရာဌာနကိုသိတယ္ဆိုတာဟုတ္ပါသလားဘုရား?”

“ဟုတ္တယ္တကာေတာ္မင္းျမတ္”

“မင္းျမတ္၊သင့္ရဲ႕မိဖုရားဟာကိုယ႔္ကိုယ္ကိုအလွျပင္ေနတာနဲ႔ပဲ အခ်ိန္ကုန္ၿပီးကုသိုလ္ေကာင္းမႈ႕ မျပဳလုပ္ခဲ့တဲ့အတြက္ ဒီဥယ်ာဥ္ထဲမွာပဲ နြားေခ်းပိုးမျဖစ္ေနတယ္”

“တပည့္ေတာ္မယံုနိုင္ပါဘုရား”

“ဒီလိုဆိုရင္နြားေခ်းပိုးမကိုေခၚၿပီးစကားေျပာခိုင္းမယ္”

“ေကာင္းပါတယ္ဘုရား”

ဘုရာေလာင္းရေသ့သည္ သူ၏တန္ခိုးျဖင့္နြားေခ်းပိုးဇနီးေမာင္နွံနွစ္ေကာင္လံုးကို သူ႔ေရွ႕သို႔ေရာက္ေအာင္ေခၚလိုက္ပါသည္။ထို႔ေနာက္ (ဘုရားေလာင္းရေသ့)သည္(အႆ ကမင္းႀကီး) အား-

“(မင္းႀကီး) ! ဒီနြားေခ်းပိုးမဟာ သင့္ရဲ႕(ဥပရီမိဖုရားပဲ)၊ သင့္ကိုစြန္႔ထားခဲ့ၿပီးနြားေခ်းပိုးဖိုရဲ႕ေနာက္ကတေကာက္ေကာက္လိုက္ပါေနတယ္။”

“အရွင္ဘုရား (ဥပရီလိုမိန္းမ)တစ္ဦးက နြားေခ်းပိုးမျဖစ္ေနတယ္ဆိုတာတပည့္ေတာ္လံုူးဝမယံုနိုင္ပါ”

“အႆ ကမင္းႀကီး သူ႔ကိုစကားေျပာခိုင္းရမလား”

“ေျပာခိုင္းေတာ္မူပါဘုရား”

ဘုရားေလာင္းရေသ့သည္သူ၏တန္ခိုးျဖင့္ေစခိုင္းလိုက္ရာ (နြားေခ်းပိုးမ)ကသူ႔ဘာသာစကားျဖင့္ျပန္ေျပာပါသည္။

“နင္ဟာအတိတ္ဘဝကဘယ္သူလဲ”

“အရွင္ဘုရား တပည့္ေတာ္ဟာ(အႆ ကမင္းႀကီး)ရဲ႕(မိဖုရားဥပရီ) ပါ”

“သင္ဟာ အခုမင္းႀကီးကိုခ်စ္သလား? ဒါမွမဟုတ္{ဒီနြားေခ်းပိုးထီး}ကိုခ်စ္သလား”

“အရွင္ဘုရားဒီဥယ်ာဥ္အရပ္ကတပည့္ေတာ္ကိုအင္မတန္ခ်စ္ျမတ္ႏုိးတဲ့လင္ျဖစ္သူ(အႆ ကမင္းႀကီး)နဲ႔အတူတပည့္ေတာ္လွည့္လည္သြားလာေနက်အရပ္ပါ။အသစ္ျဖစ္တဲ့ခ်မ္းသာဆင္းရဲက ၊ အေဟာင္းျဖစ္တဲ့ ခ်မ္းသာဆင္းရဲကို ဖံုးကြယ္ပိတ္ဆို႔ထားလိုက္ပါတယ္။{ဒီနြားေခ်းပိုး}ကိုသာပိုၿပီးခ်စ္ခင္ျမတ္နိုးပါေတာ့တယ္”

ဘဝေဟာင္းက(ဥပရီမိဖုရားႀကီး)ျဖစ္ခဲ့ဖူးေသာ{နြားေခ်းပိုးမ}၏စကားကိုၾကားလိုက္ေသာအခါ(အႆ ကမင္းႀကီး)က စိတ္နာၿပီးျပင္းစြာ ေဒါသထြက္သြားပါသည္။မိဖုရားအေလာင္းေကာင္ကို ေျချဖင့္ကန္ၿပီး ခ်က္ခ်င္းပင္သယ္ေဆာင္သၿဂိၤဳလ္ေစခဲ့ပါသည္။အေလာင္းေအာက္က ၾကမ္းျပင္ကိုေရျဖင့္ေဆးေၾကာၿပီး ၾကမ္းခင္းျပင္မ်ားကိုထုတ္နွဳတ္လႊင့္ပစ္ခဲ့ပါသည္။

အႆ ကမင္းႀကီး၏ ဤထံုးကိုနွလံုူမူလ်က္”ေရစက္ ကုန္ၿပီ၊” “အိုးစားကြဲၿပီ” ဆိုေသာသေဘာျဖင့္ ေရအိုးခြဲျခင္းျဖစ္သည္ဟုဆိုၾကပါ၏ ။

***ကယ္ ! အႆ ကမင္းႀကီး၏ထုံး နွလံုးမူရေအာင္ (ကြယ္လြန္သူအေပၚ က်န္ရစ္သူမိသားစု)က [အႆ ကမင္းႀကီးက ဥပရီမိဖုရားႀကီးအေပၚ စိတ္နာသလို] စိတ္နာၾကလို႔
လား?

*** “ေရစက္ကုန္ၿပီ” ဟုဆိုရေအာင္က်န္ရစ္သူ မိသားစုေတြက (ကြယ္လြန္သူအေပၚ ဘာမ်ား နာၾကည္းစရာေတြ)ရွိခဲ့လို႔လဲ? ***

*** “အိုးစားကြဲၿပီ” ဟုဆိုရေအာင္က်န္ရစ္သူ မိသားစုေတြက (ကြယ္လြန္သူအေပၚ ဘာမ်ား စိတ္ဆိုးစရာေတြ) ရွိလို႔လဲ?***

ကယ္အဲ့ဒိေတာ့ ! စင္စစ္ “ေရစက္ကုန္ၿပီ”၊

“အိုးစားကြဲၿပီ” ဆိုသည့္သေဘာနွင့္”ေရအိုးကိုရိုက္ခြဲျခင္း”သည္ လက္ေတြ႕ခံစားခ်က္ကို သစၥာေဖာက္လိုက္ျခင္းသာျဖစ္ပါ၏။လက္ေတြ႕တြင္မူ ကြယ္လြန္သူအေပၚက်န္ရစ္သူမိသားစုနွင့္ ေဆြမ်ိဳးသားခ်င္းမ်ားက တမ္းတမ္းတတရွိၾကသည္။လြမ္းလြမ္းဆြတ္ဆြတ္ရွိၾကသည္။နွေျမာတသရွိၾကသည္။

ျဖစ္နိုင္လ်ွင္ ေသသူနွင့္ဘဝေပါင္းအသေခၤ်ျပန္၍ ျပန္၍ ဆံုခ်င္ၾကေပသည္။မလြန္ဆန္သာ၍သာ ကြယ္လြန္သူ၏ သက္မဲ့ခနၶာကိုယ္ႀကီးကို “စြန္႔ပစ္”ၾကရသည္။ (မည္သူကမ်ွ ကြယ္လြန္သူနွင့္ေရစက္လည္းမကုန္ခ်င္ၾက။ အိုးစားလည္းမခြဲခ်င္ၾကပါ။

အခ်ိဳ႕ကမူ “ေရအိုးကြဲေအာင္ ရိုက္ခြဲ”မွ ေသသူ၏ ဝိညာဥ္ လိပ္ျပာက မိသားစုထံတြင္ ရစ္ဝဲျခင္းမရွိနိုင္။မွားေလစြတကား။ကြယ္လြန္သူမွန္သမ်ွ သူျပဳခဲ့ေသာ ကံ၏ေစရာ ဘံုဘဝတစ္ခုခုသို႔{ေသသည္နွင့္တစ္ၿပိဳင္နက္} မိနစ္ပင္မျခားကူးေျပာင္းခဲ့ၿပီးျဖစ္ရာ သူ၏လားရာဂတိသည္ ေရအိုးကို ရိုက္ခြဲျခင္းနွင့္မဆိုင္ေပ။
ဲီ
အခ်ဳပ္ဆိုရရင္ – အသုဘပြဲတြင္ ေရအိုးကိုရိုက္ခြဲေသာ ဓေလ့သည္ ဘာသာေရးရႈေထာင့္မွၾကည့္သည္ျဖစ္ေစ၊ လက္ေတြ႕စိတ္ခံစားမႈရႈေထာင့္မွၾကည့္သည္ျဖစ္ေစ၊မည္သို႔မ်ွ အဓိပၸာယ္မရွိေသာ ” အယူသီးမႈတစ္ခု “သာ ျဖစ္သည္မွာ ျငင္းပယ္၍မရနိုင္ပါေခ်။

ဓမၼရတနာ၊ ၁၉၉၈-နိုဝင္ဘာ။(အယူအျမင္မွန္ကန္ေရး) မင္းနန္(ေမာ္က်ြန္း)ဗုဒၶအေမးအေျဖ (အရွင္ညာဏိသရ)တို႔မွကူးယူၿပီးေမတၱာျဖင့္ျပန္လည္မ်ွေဝလိုက္ပါသည္။

သာဓု…….သာဓု……..သာဓု…..ပါ ဘုရား။

Credit: win zaw tun

Unicode
အသုဘပွဲတွင်ရေအိုးကိုဘာကြောင့်ရိုက်ခွဲရသနည်း?

ယင်းသို့ရိုက်ခွဲရန်ဘုရားရှင်ကညွှန်ကြားထားခဲ့သလား .. ပိဋကတ်တော်ထဲမှာပါဝင်၍လား?

မည်သူကစတင်ခဲ့သောဓလေ့နည်း?

(ဒီမေးခွန်း ၄ မျိုး ရဲ့ အဖြေကို လက်လှမ်းမှီသလောက် မျှဝေလိုက်ပါသည်။မေးတဲ့သူလည်းတော်တော်များနေပါပြီ။) ကယ် ! ဒီလိုဆို စရအောင် ။ ဒီလိုပါ……

အစဉ်အလာအရသာဆောင်ရွက်ခဲ့ကြသည်။တိတိကျကျရေရေရာရာအဖြေရှာဖို့စိတ်ဝင်စားခဲ့ရန်မတူ။

အချို့ကမူအစဉ်အလာဓလေ့ထုံးစံမှာ ဘုရားဟော(အဿ ကဇာတ်) {ဇာတက-ဌ၊ဒု-၁၄၂} နှင့်ဆက်စပ်နေသည်လို့ယူဆပြောဆိုကြပါသည်။ (အဿ ကဇာတ်ကြီး) ၏အကျဉ်းချုပ်ကိုတင်ပြပါမည်။

ကာသိတိုင်း၏ဘုရင် (အဿ ကမင်းကြီး)သည်အင်မတန်ချောမောလှပသောသူ၏(မိဘုရားကြီးဥပရီ)ကိုအလွန်ချစ်ခင်မြတ်နိုးလှပါ၏။တစ်နေ့မှာ(ဥပရီမိဘုရားကြီး)ကွယ်လွန်သွားပါသည်။

မင်းကြီးခမြာ မိဘုရားကြီး၏ အလောင်းကိုမပစ်ရပ်သောကြောင့်မပုပ်သိုးစိမ့်သောဌာစီမံထားရှိပြီးသူအိပ်သောကုတင်အောက်တွင်ထားသည်။မည်သူကမျှဖျောင်းဖျ၍မရခဲ့ပါ။

ထိုအချိန်တွင် ဘုရားလောင်းရသေ့သည် မင်းကြီးကိုဆုံးမရန်မင်းကြီး၏ဥယျာဉ်ထဲသို့ရောက်လာပါ၏။ဘုရားလောင်းရသေ့ကသူ့ထံရောက်လာသူတစ်ဦးအား-

“(အဿ ကမင်းက)ငါ့ကိုလာပြီးမေးမယ်ဆိုရင်ငါကသူ့ကို(ဥပရီမိဖုရား)ရဲ့လားရာဂတိကိုပြောပြမယ်။(အဿ ကမင်း)ရဲ့ရှေ့မှာပဲအဲ့ဒီ(ဥပရီမိဖုရား)ကိုစကားပြောခိုင်းမယ်”ဟုပြောလိုက်ပါသည်။

ဤစကားကိုကြားကြားချင်း(အဿ ကမင်းကြီး)ကဘုရားလောင်းတော်ရသေ့ထံရောက်လာပြီး-

“အရှင်ဘုရားက(ဥပရီမိဖုရား)ဖြစ်ရာဌာနကိုသိတယ်ဆိုတာဟုတ်ပါသလားဘုရား?”

“ဟုတ်တယ်တကာတော်မင်းမြတ်”

“မင်းမြတ်၊သင့်ရဲ့မိဖုရားဟာကိုယ့်ကိုယ်ကိုအလှပြင်နေတာနဲ့ပဲ အချိန်ကုန်ပြီးကုသိုလ်ကောင်းမှု့ မပြုလုပ်ခဲ့တဲ့အတွက် ဒီဥယျာဉ်ထဲမှာပဲ နွားချေးပိုးမဖြစ်နေတယ်”

“တပည့်တော်မယုံနိုင်ပါဘုရား”

“ဒီလိုဆိုရင်နွားချေးပိုးမကိုခေါ်ပြီးစကားပြောခိုင်းမယ်”

“ကောင်းပါတယ်ဘုရား”

ဘုရာလောင်းရသေ့သည် သူ၏တန်ခိုးဖြင့်နွားချေးပိုးဇနီးမောင်နှံနှစ်ကောင်လုံးကို သူ့ရှေ့သို့ရောက်အောင်ခေါ်လိုက်ပါသည်။ထို့နောက် (ဘုရားလောင်းရသေ့)သည်(အဿ ကမင်းကြီး) အား-

“(မင်းကြီး) ! ဒီနွားချေးပိုးမဟာ သင့်ရဲ့(ဥပရီမိဖုရားပဲ)၊ သင့်ကိုစွန့်ထားခဲ့ပြီးနွားချေးပိုးဖိုရဲ့နောက်ကတကောက်ကောက်လိုက်ပါနေတယ်။”

“အရှင်ဘုရား (ဥပရီလိုမိန်းမ)တစ်ဦးက နွားချေးပိုးမဖြစ်နေတယ်ဆိုတာတပည့်တော်လုံူးဝမယုံနိုင်ပါ”

“အဿ ကမင်းကြီး သူ့ကိုစကားပြောခိုင်းရမလား”

“ပြောခိုင်းတော်မူပါဘုရား”

ဘုရားလောင်းရသေ့သည်သူ၏တန်ခိုးဖြင့်စေခိုင်းလိုက်ရာ (နွားချေးပိုးမ)ကသူ့ဘာသာစကားဖြင့်ပြန်ပြောပါသည်။

“နင်ဟာအတိတ်ဘဝကဘယ်သူလဲ”

“အရှင်ဘုရား တပည့်တော်ဟာ(အဿ ကမင်းကြီး)ရဲ့(မိဖုရားဥပရီ) ပါ”

“သင်ဟာ အခုမင်းကြီးကိုချစ်သလား? ဒါမှမဟုတ်{ဒီနွားချေးပိုးထီး}ကိုချစ်သလား”

“အရှင်ဘုရားဒီဥယျာဉ်အရပ်ကတပည့်တော်ကိုအင်မတန်ချစ်မြတ်နိုးတဲ့လင်ဖြစ်သူ(အဿ ကမင်းကြီး)နဲ့အတူတပည့်တော်လှည့်လည်သွားလာနေကျအရပ်ပါ။အသစ်ဖြစ်တဲ့ချမ်းသာဆင်းရဲက ၊ အဟောင်းဖြစ်တဲ့ ချမ်းသာဆင်းရဲကို ဖုံးကွယ်ပိတ်ဆို့ထားလိုက်ပါတယ်။{ဒီနွားချေးပိုး}ကိုသာပိုပြီးချစ်ခင်မြတ်နိုးပါတော့တယ်”

ဘဝဟောင်းက(ဥပရီမိဖုရားကြီး)ဖြစ်ခဲ့ဖူးသော{နွားချေးပိုးမ}၏စကားကိုကြားလိုက်သောအခါ(အဿ ကမင်းကြီး)က စိတ်နာပြီးပြင်းစွာ ဒေါသထွက်သွားပါသည်။မိဖုရားအလောင်းကောင်ကို ခြေဖြင့်ကန်ပြီး ချက်ချင်းပင်သယ်ဆောင်သဂြိၤုလ်စေခဲ့ပါသည်။အလောင်းအောက်က ကြမ်းပြင်ကိုရေဖြင့်ဆေးကြောပြီး ကြမ်းခင်းပြင်များကိုထုတ်နှုတ်လွှင့်ပစ်ခဲ့ပါသည်။

အဿ ကမင်းကြီး၏ ဤထုံးကိုနှလုံူမူလျက်”ရေစက် ကုန်ပြီ၊” “အိုးစားကွဲပြီ” ဆိုသောသဘောဖြင့် ရေအိုးခွဲခြင်းဖြစ်သည်ဟုဆိုကြပါ၏ ။

***ကယ် ! အဿ ကမင်းကြီး၏ထုံး နှလုံးမူရအောင် (ကွယ်လွန်သူအပေါ် ကျန်ရစ်သူမိသားစု)က [အဿ ကမင်းကြီးက ဥပရီမိဖုရားကြီးအပေါ် စိတ်နာသလို] စိတ်နာကြလို့
လား?

*** “ရေစက်ကုန်ပြီ” ဟုဆိုရအောင်ကျန်ရစ်သူ မိသားစုတွေက (ကွယ်လွန်သူအပေါ် ဘာများ နာကြည်းစရာတွေ)ရှိခဲ့လို့လဲ? ***

*** “အိုးစားကွဲပြီ” ဟုဆိုရအောင်ကျန်ရစ်သူ မိသားစုတွေက (ကွယ်လွန်သူအပေါ် ဘာများ စိတ်ဆိုးစရာတွေ) ရှိလို့လဲ?***

ကယ်အဲ့ဒိတော့ ! စင်စစ် “ရေစက်ကုန်ပြီ”၊

“အိုးစားကွဲပြီ” ဆိုသည့်သဘောနှင့်”ရေအိုးကိုရိုက်ခွဲခြင်း”သည် လက်တွေ့ခံစားချက်ကို သစ္စာဖောက်လိုက်ခြင်းသာဖြစ်ပါ၏။လက်တွေ့တွင်မူ ကွယ်လွန်သူအပေါ်ကျန်ရစ်သူမိသားစုနှင့် ဆွေမျိုးသားချင်းများက တမ်းတမ်းတတရှိကြသည်။လွမ်းလွမ်းဆွတ်ဆွတ်ရှိကြသည်။နှမြောတသရှိကြသည်။

ဖြစ်နိုင်လျှင် သေသူနှင့်ဘဝပေါင်းအသငေ်္ချပြန်၍ ပြန်၍ ဆုံချင်ကြပေသည်။မလွန်ဆန်သာ၍သာ ကွယ်လွန်သူ၏ သက်မဲ့ခန္ဓာကိုယ်ကြီးကို “စွန့်ပစ်”ကြရသည်။ (မည်သူကမျှ ကွယ်လွန်သူနှင့်ရေစက်လည်းမကုန်ချင်ကြ။ အိုးစားလည်းမခွဲချင်ကြပါ။

အချို့ကမူ “ရေအိုးကွဲအောင် ရိုက်ခွဲ”မှ သေသူ၏ ဝိညာဉ် လိပ်ပြာက မိသားစုထံတွင် ရစ်ဝဲခြင်းမရှိနိုင်။မှားလေစွတကား။ကွယ်လွန်သူမှန်သမျှ သူပြုခဲ့သော ကံ၏စေရာ ဘုံဘဝတစ်ခုခုသို့{သေသည်နှင့်တစ်ပြိုင်နက်} မိနစ်ပင်မခြားကူးပြောင်းခဲ့ပြီးဖြစ်ရာ သူ၏လားရာဂတိသည် ရေအိုးကို ရိုက်ခွဲခြင်းနှင့်မဆိုင်ပေ။
ဲီ
အချုပ်ဆိုရရင် – အသုဘပွဲတွင် ရေအိုးကိုရိုက်ခွဲသော ဓလေ့သည် ဘာသာရေးရှုထောင့်မှကြည့်သည်ဖြစ်စေ၊ လက်တွေ့စိတ်ခံစားမှုရှုထောင့်မှကြည့်သည်ဖြစ်စေ၊မည်သို့မျှ အဓိပ္ပာယ်မရှိသော ” အယူသီးမှုတစ်ခု “သာ ဖြစ်သည်မှာ ငြင်းပယ်၍မရနိုင်ပါချေ။

ဓမ္မရတနာ၊ ၁၉၉၈-နိုဝင်ဘာ။(အယူအမြင်မှန်ကန်ရေး) မင်းနန်(မော်ကျွန်း)ဗုဒ္ဓအမေးအဖြေ (အရှင်ညာဏိသရ)တို့မှကူးယူပြီး မေတ္တာဖြင့်ပြန်မေတ္တာဖြင့်ပြန်လည်

သာဓု…….သာဓု……..သာဓု…..ပါ ဘုရား။

Credit: win zaw tun

Updates

Theme Editor by Seo v6