Unicode
သြဂုတ် ၂၀ ။ ။ ယနေ့ သြဂုတ်လ ၂၀ ရက်၊ ကိုလံဘီယာမှာ အပြည်ပြည်ဆိုင်ရာ အပျင်းကြီးသောနေ့ကို ဆင်နွှဲနေတယ်လို့ သိရပါတယ်။
အဆိုပါပွဲမှာ ခေါင်းအုံးတွေ၊ စောင်တွေ၊ ရွက်ဖျင်တဲတွေ၊ အိပ်ရာတွေ၊ ဖျာတွေကို လမ်းမပေါ်မှာ ထားရှိပေးထားပြီး ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် အနားယူလို့ ရနိုင်မှာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အပျင်းကြီးသောနေ့ကို ကျင်းပလာတာ ၃၃ နှစ်ရှိပြီလို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ စိတ်ဖိစီးမှုတွေ ပြေပျောက်စေရန်၊ မိသားစုတွေနဲ့ အေးအေးဆေးဆေး အချိန်ကုန်ဆုံးနိုင်စေရန်၊ မိတ်ဆွေသစ် တိုးပွားစေရန် ရည်ရွယ်ပြီး အဆိုပါပွဲကို ကျင်းပတာဖြစ်ပါတယ်။
“ဒီပွဲကို ကျင်းပတော့ လူတွေလည်း စိတ်အေးလက်အေး အနားယူနိုင်မယ်။ မိသားစုနဲ့လည်း အေးအေးဆေးဆေး နေနိုင်မယ်။ တခြားလူတွေနဲ့လည်း ရင်းနှီးလာမယ်။”လို့ ပွဲတော်ကို တက်ရောက်လာတဲ့ နယ်လ်ဆန်ဘီတိုရာက ပြောပါတယ်။