ဘယ်သူမဆို အသက်ကြီးလာရင် ဘယ်လိုနေရာလေးမှာတော့ နေချင်လိုက်တာဆိုပြီး တွေးဖူးကြမှာပါ။ အဲ့ဒီတော့ ဆင်ဂယ်လ်ဘ၀နဲ့ အရိုးထုတ်မယ့်ပျိုမေတို့အတွက် ကမ္ဘာတလွှားက ဆင်ဂယ်လ်အမျိုးသမီးတွေ နေထိုင်ဖို့အကောင်းဆုံးမြို့တွေကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ယောက်တည်းသွားနေဖို့အဆင်ပြေ၊ သာယာပြီး လုံခြုံမှုလည်းရှိတာကြောင့် ဘယ်မြို့မှာ နေရင်ကောင်းမလဲ စဉ်းစားကြည့်လိုက်ပါဦးနော်။
(၁) San Francisco
အမျိုးသမီးများရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ နေထိုင်မှု၊ ၀င်ငွေ အားလုံးကောင်းတဲ့မြို့ဖြစ်ပါတယ်။ လုံခြုံမှုအတွက်လည်း စိတ်ပူစရာမလိုဘဲ အမျိုးသမီးများအကြိုက် လှပတဲ့နေရာတွေ၊ ပန်းခြံတွေ အများအပြားရှိတဲ့နေရာပါ။
(၂) Boston
(၃) Washinton D.C.
အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီး၊ အမျိုးသား ခွဲခြားဆက်ဆံမှု အနည်းဆုံးမြို့ဖြစ်လို့ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူအခွင့်ရေးတွေရနိုင်ပါတယ်။
pinterest
(၄) Denver
အ၀လွန်မှုအဖြစ်နည်းဆုံး မြို့ဖြစ်လို့ အမျိုးသမီးတွေ သဘောကျမှာ သေချာပါတယ်။ မြို့က အရမ်းလှပြီး လုံခြုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှုလည်း ကောင်းပါတယ်။
(၅) Seattle
အမေရိကန်ပြည်ထောင်စုမှာ လူကြိုက်များတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကော်ဖီဆိုင်လှလှလေးတွေ အများကြီးရှိပြီး ဒိတ်လုပ်ဖို့ အကောင်းဆုံးမြို့ဖြစ်ပါသတဲ့။ အဲ့ဒီမြို့မှာ ဆေးခန်းပြမယ်ဆို ဆရာဝန်တွေနဲ့တွေ့ရဖို့ လုံးဝစောင့်ဆိုင်းရမှာမဟုတ်ပါဘူး။ ပြီးရင် အဲ့ဒီမြို့က မိုးရွာတဲ့အခါ အရမ်းကိုလှလို့ အမျိုးသမီးတွေအကြိုက်ပါပဲတဲ့။
(၆) Los Angeles
အမျိုးသမီးတွေအတွက် အလုပ်အကိုင်ပေါများပြီး အမျိုးသမီးတွေအကြိုက် အသုံးအဆောင်တွေ ပေါများတဲ့မြို့ဖြစ်ပါတယ်။
(၇) New York
LA ထက် အလှကုန်ပစ္စည်းတွေ ပေါများပါသတဲ့။ ပျိုမေတို့အကြိုက် သရေစာမုန့်တွေကလည်း အမျိုးစုံပြီး အကုန်အကျကတော့ တော်တော်များမယ့်မြို့ပါ။
(၈) Philadelphia
စက်ဘီးလမ်းတွေ အများကြီးရှိပြီး အလွန်အေးချမ်းတဲ့ မြို့ဖြစ်ပါတယ်။ အနုပညာကို အလေးထားပြီး အနုပညာပြတိုက်တွေအများအပြားရှိတဲ့အပြင် public area တွေမှာ ပန်းချီ၊ ပန်းပု တို့လို အနုပညာပစ္စည်းတွေ အများအပြားရှိတဲ့ နေရာလည်းဖြစ်ပါတယ်။








