Skip to main content

ရှမ်းပြည်နယ်(နောင်ချိုမြို့)က ကမ္ဘာကျော်ဂုတ်ထိပ်တံတားအကြောင်း

ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် ၁၈၉၇ ခုနှစ်တွင် မန္တလေးမှဗန်းမော်သို့မီးရထားလမ်း ဖောက်လုပ်ခဲ့ပြီး မန္တလေးနှင့် ကွန်လုံကိုလည်း မီးရထားလမ်း ဖောက်လုပ်ရန် စီစဉ်ခဲ့ရာ မီးရထားဖြတ်သွားနိုင်မည့် ဂုပ်ထိပ်တံတားကို ဆောက်လုပ်ခဲ့ကြသည်။
ကမ္ဘာကျော် ဂုပ်ထိပ်တံတား တည်ဆောက်ခဲ့စဉ်က
ရထားလမ်းဖောက်လုပ်ရာတွင် အကြီးမားဆုံး အခက်အခဲမှာ နောင်ချိုနှင့် ကျောက်မဲခရိုင် နောင်ပိန်မြို့အကြား ဂုတ်တွင်း
လျှိုကမ်းပါးကြီးကို ဆက်သွယ်ရသည့်လုပ်ငန်းပင်ဖြစ်လေသည်။ ကမ်းပါးပြတ်ချောက်ကြီးမှာ တစ်ဖက်နှင့်တစ်ဖက်
ပေ ၂၀၀၀ ကျော်မျှ ကွာလှမ်းနေပြီး နက်ရှိုင်းလှသည့်လျှိုကြီးမှာ ပေ ၃၀၀ ကျော်မျှရှိနေပြန်ရာ ထိုကျောက်တောင်ကမ်းပါးကြီး နှစ်ဖက်ကို ရထားတံစင်း ဖြစ်သွားလာနိုင်သော တံတားကြီးတည် ဆောက်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ.။
ကမ္ဘာ့ပေါ်တွင်အမြင့်ဆုံး ရထားလမ်းဖြစ်လာမည့် ဂုပ်ထိပ်တံတားကို တည်ဆောက်ရန် ဗြိတသျှအစိုးရက မြန်မာမီးရထား ကုမ္ပဏီကို တည်ထောင်ပေးခဲ့သည်။

ထို့ကြောင့် ၁၈၉၉ ခုနှစ်တွင် မြန်မာ့မီးရထားကုမ္ပဏီက ဂုပ်ထိပ်တံတားကြီးဆောက်လုပ်ရန်အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ( Sir A . M .Fendal In Co ) အားတံတားတည်ဆောက်ရန် ပုံစံဒီဇိုင်းအပ်နှံ၍ ဆောက်လုပ်ရန်ကိုမှု အမေရိကန်နိုင်ငံရှိ
( Pennsylvania andMaryland ) ကုမ္ပဏီအား တာဝန်ပေးအပ်နှံခဲ့လေသည်။

တောအထပ်ထပ် တေင်အသွယ်သွယ်ကို ဖြတ်သန်းဖောက်လုပ်ရသည့် ဂုပ်ထိပ်တံတားစီမံကိန်းသည် နောင်ချိုမြို့မှ ရထားလမ်းအတိုင်း ( ၇ ) မိုင်ခန့်အကွာမိုင်တိုင် ( ၄၆၃ . ၀၉ ) တွင် စတင်ပြီး မြန်မာနိုင်ငံရှိ တံတားများတွင် အမြင့်ဆုံးတံတား ဖြစ်ခဲ့လေသည်။
ကမ္ဘာကျော် ဂုပ်ထိပ်တံတား
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ သဘောင်္ကြီးများဖြင့် တံတားသံပေါင်ကြီးများကိုတံတား တည်ဆောက်မည့်နေရာအထိ ခဲရာခဲဆစ် သယ်ယူခဲ့ရလေသည်။

တံတား၏မြောက်ဘက်ခြမ်းရှိ ကျောက်တောင်ကြီးကို ထွင်းဖောက်၍ ဥမင်လှိုင်ခေါင်းကြီးနှစ်ခုကိုလည်း ရထားဖြတ်သန်းရန် ဖောက်လုပ်ကြရပြန်ပါသည်။
တံတားကြီးကိုထောက်ပင့်ထားသော သံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၃၂၀ မြင့်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေမြင့်သည်။

ဂုတ်ထိပ်တံတားသည် ပေ ၂၂၆၀ ရှည်လျားပြီး တံတား၏အောက်ခြေသံတိုင်အချို့ကို အနိမ့်ဆုံးချိုင့်ဝှမ်း မြေပြင်မှပေ ၁၁၀၀ ခန့်အမြင့်တွင် စိုက်ထူထားသည်။ တံတား၏ပျမ်းမျှ အမြင့်သည် တံတားအောက်ရှိလှိုင်ဂူ အောက်တွင် ဖြတ်သန်းစီးဆင်းနေသော မြစ်ရေပြင်မှအထက်ပေ ၈၂၀ ဖြစ်ပြီး အမြင့်ဆုံးထောက်တိုင်နေရာ ရှိမီးရထားသံလမ်းသည် တံတားအောက်မြေပြင်မှ ပေ ၃၃၅ အမြင့်တွင်တည်ရှိသည်။

တံတားတစ်ခုလုံးအတွက် သံနှင့် သံမဏီတန်ချိန် ၄၃၁၁ တန် သံမှိုပေါင်း ၁သန်း အသုံးပြုခဲ့ရသည်။ တံတားတိုင်ပေါင်း ၁၆ တိုင်ရှိရာ တံတား၏အလယ်တိုင် များဖြစ်ကြသည့် တိုင်အမှတ် ၈ နှင့် ၉ သည် အမြင့်ဆုံးဖြစ်သည်။

ဂုတ်ထိပ်တံတားထူးခြားချက်မှာ အခြားသောတံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ ပေ ၃၀၀ ကျော်မတ် ဆောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်သန်းတည်ဆောက် ထားခြင်းဖြစ်သည်။

တံတားကြီးဆောက်လုပ်မှု လုပ်ငန်းများကို ၁၈၉၉ ခု ဧပြီလ ( ၂၈ ) ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြီးစီးခဲ့ကာ ထိုခေတ်က ငွေကျပ် ( ၁၆၉၈၂၀၀ ) ကုန်ကျခဲ့သည်.၁၉၀၃ ခုနှစ် တံတားကြီးကို စတင်အသုံးပြုခဲ့သည်။

အထက်ပါတင်ပြရက်စွဲသည် လမ်းအူကြောင်းဖောက်ခြင်း သံပေါင်များသယ်ယူခြင်းနှင့် မြေပြင်အနေ အထားချိန်ညှိခြင်းအပါအဝင် ဖြစ်ပါသည်။ အမှန်တကယ် တံတားအုတ်မြစ်ချသည်မှ ပြီးစီးသည့်အထိမှု တည်ဆောက်ချိန် ကိုးလသာရှိခဲ့သည်။

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုနှင့် ကျောက်မဲအကြား မန္တလေး လားရှိုး မီးရထားလမ်းပေါ်တွင်တည်ရှိပါသည်။ အမှားပါရင်ထောက်ပြကြပါ။

Credit: ho zide fee(အညာတရလုလင်ပျို)
Via: Sai Laung Hein
#MyanmarDailyHotNews

Updates

Theme Editor by Seo v6