Skip to main content

က်ပ္သိန္း၅၈၀၀တင္ျပခဲ့ေသာ လႊတ္ေတာ္အေဆာက္အအံုေဆးသုတ္စရိတ္ေလးပံုတစ္ပံုသာက်သၾကာင္းစစ္ေဆးေတြ႔႐ွိ

လႊတ္ေတာ္ အေဆာက္အအံုမ်ား ေဆးသုတ္ သည့္ကုန္က်စရိတ္ က်ပ္ သိန္း ၅,၈၀၀ တင္ျပထားေသာ္လည္း ေလးပံုတစ္ပံုသာ က်သင့္ေၾကာင္း စစ္ေဆးေတြ႕ရွိ၍ ေဆးသုတ္လုပ္ ငန္း တာ၀န္ယူထားသူမ်ားကို အေရးယူရန္ တင္ျပထားေၾကာင္း စစ္ေဆးေရး အဖြဲ႕ေခါင္းေဆာင္ ဂန္႔ေဂါျပည္သူ႔လႊတ္ေတာ္ ကိုယ္ စားလွယ္ ေဒၚယဥ္မင္းလိႈင္က ေျပာသည္။

ေနျပည္ေတာ္ရွိလႊတ္ေတာ္ အေဆာက္အအံုမ်ား၏ ကြၽန္းတံ ခါးမ်ား၊ ကြၽန္းေပါင္မ်ားကို ထိန္း သိမ္းသည့္အေနျဖင့္ ႏွစ္တာ ရွည္ခံေပၚလစ္တင္ေဆးသုတ္ရာ တြင္ အသံုးစရိတ္တင္ျပမႈမ်ား ေနျခင္းႏွင့္ ပတ္သက္ၿပီး အမွန္ တကယ္ကုန္က်မႈရွိ၊ မရွိစစ္ေဆး ရန္စံုစမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕စစ္ ေဆးေစခဲ့သည္။စံုစမ္းစစ္ေဆး ေတြ႕ရွိခ်က္ ကို အမ်ိဳးသားလႊတ္ေတာ္ဒုဥကၠ႒ ဦးေအးသာေအာင္ထံတြင္ တင္ျပ ထားၿပီး၎မွ ျပည္ေထာင္စုလႊတ္ ေတာ္နာယထံသို႔ တင္ျပသြား မည္ျဖစ္ေၾကာင္း ေဒၚယဥ္မင္း လိႈင္က ၾသဂုတ္ ၆ ရက္တြင္ က်င္းပသည့္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀းအၿပီး မီဒီယာ မ်ား၏ေမးျမန္းခ်က္ကို ျပန္လည္ေျဖ ၾကားသည္။

‘‘ေတြ႕ရွိခ်က္ အၾကမ္းဖ်င္း က အရည္အေသြးေတြမမီဘူး ေပါ့။ သံုးစြဲထားတဲ့ သုတ္ေဆးေတြ ကပင္ကို အရည္အေသြးကို မမီ တဲ့အတြက္ တခ်ိဳ႕ေနရာေတြဆို ရင္ေဆးေတြေလာင္ၿပီးပ်က္စီး သြားတာေတြရွိတယ္။ အဲဒါေတြ နဲ႔ပတ္သက္ၿပီး သူတို႔တင္ျပထား တဲ့ ကုန္က်စရိတ္ရဲ႕ေလးပံုတစ္ပံု ခန္႔သာက်သင့္တယ္ဆုိၿပီး အဲဒါ ကို အစီရင္ခံစာတင္ထားတယ္။ လိုအပ္သလို အေရးယူေဆာင္ ရြက္ႏိုင္ပါရန္ဆိုၿပီး အစ္မတို႔က ပညာရပ္ပိုင္းဆိုင္ရာ စစ္ေဆး တင္ျပတာေပါ့’’ ဟု ေဒၚယဥ္မင္း လိႈင္ကေျပာသည္။

အဆိုပါ ေဆးသုတ္လုပ္ငန္း ကုန္က်စရိတ္ကို ေဆာက္လုပ္ ေရး၀န္ႀကီးဌာနက ၎၏သာမန္ အသံုးစရိတ္တြင္ လႊတ္ေတာ္ႏွင့္ အိမ္ေတာ္ အေဆာက္အအံုမ်ား ျပဳျပင္ထိန္းသိမ္းရန္ သီးသန္႔ေတာင္းခံ ေဆာင္ရြက္ျခင္းျဖစ္ၿပီး ေဆာက္လုပ္ေရး၀န္ႀကီး ဌာန၀န္ထမ္းက ႀကီးၾကပ္သံုးစြဲ ျခင္းျဖစ္သည္။

လႊတ္ေတာ္အေဆာက္အအံု ေဆးသုတ္လုပ္ငန္းအတြက္သုတ္ ေဆးအေကာင္းစား အသံုးျပဳ ေၾကာင္းတင္ျပေသာ္လည္း စစ္ ေဆးၾကည့္ရာတြင္အရည္အေသြး မမီသည့္ ေဆးအသံုးျပဳထားသည္ ကိုေတြ႕ရေၾကာင္း ေဒၚယဥ္မင္း လိႈင္ကေျပာသည္။

‘‘ေနာက္တစ္ခါ သူျပထား တာက ေဆးအသစ္သုတ္တာမ်ိဳး ျပတယ္။ အဲဒါမ်ိဳးဆိုသံုးထပ္တို႔၊ ေလးထပ္တို႔သုတ္ရတယ္။ အခု ဟာက နဂိုရွိၿပီးသားအေဟာင္း၊အ ေကာင္းရွိၿပီးသား အဲဒါကို ျပန္ၿပီး ေတာ့ သုတ္ရတာမ်ိဳးကို။ အဲဒါမ်ိဳး ကို သံုးထပ္လို႔ျပရင္သံုးဆျဖစ္ေန မွာ၊ေလးထပ္လို႔ျပရင္ေလးဆျဖစ္ ေနမွာေပါ့။ အဲဒီအေပၚမူတည္ၿပီး လိုက္ၾကည့္စစ္ေဆးၿပီးသံုးသပ္ ခ်က္တင္တဲ့ သေဘာေပါ့’’ ဟု ေဒၚယဥ္မင္းလိႈင္ကရွင္းျပသည္။

ဆိပ္ျဖဴျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေအာင္သိုက္က ‘‘သူတို႔ဒီလိုလုပ္လို႔မရဘူးဆိုတာ သိေအာင္လုပ္ရတာေပါ့။ တို႔အုပ္ခ်ဳပ္မႈ ပူးေပါင္းေကာ္မတီက ေစာင့္ၾကည့္ၿပီးစိစစ္သြားမွာ’’ ဟု ေျပာသည္။

လႊတ္ေတာ္အေဆာက္အအံု ေဆးသုတ္ ကုန္က်စရိတ္မ်ားျခင္း ႏွင့္ပတ္သက္ၿပီးေဆာက္လုပ္ေရး ၀န္ႀကီးဌာနမွအရာရွိ တစ္ဦးဦး ေဆာင္သည့္ အိမ္ေတာ္ႏွင့္ လႊတ္ ေတာ္ထိန္းသိမ္းေရးအဖြဲ႕က ရွင္း လင္းရမည္ျဖစ္ၿပီး လႊတ္ေတာ္ႏွင့္ တိုက္႐ုိက္သက္ဆိုင္ျခင္း မရွိဟု လႊတ္ေတာ္႐ံုး တာ၀န္ရွိသူတစ္ ဦးက မီဒီယာမ်ားအားရွင္းျပထား သည္။

အဆိုပါကုန္က်စရိတ္သည္ ၂၀၁၇ – ၁၈ ဘ႑ာႏွစ္တြင္ အ သံုးျပဳျခင္းျဖစ္သည္။ ယင္းသို႔ အသံုးစရိတ္မ်ား ပိုမိုအသံုးျပဳထား ေၾကာင္း စိစစ္ေရးအဖြဲ႕၏ စစ္ ေဆးမႈရလဒ္ႏွင့္ ပတ္သက္ၿပီး ေဆာက္လုပ္ေရး၀န္ႀကီးဌာနေျပာ ေရးဆိုခြင့္ အဖြဲ႕အတြင္းေရးမွဴး ေဒၚေမသက္လိႈင္သို႔ ဆက္သြယ္ ရာလႊတ္ေတာ္၊ အိမ္ေတာ္ျပင္ ထိန္းတာ၀န္ယူထားသည့္ ၿမိဳ႕ရြာ ႏွင့္ အုိးအိမ္ဖြံ႕ၿဖိဳးေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦး ေမာင္ေမာင္လြင္သို႔ ဆက္သြယ္ ရန္လမ္းၫႊန္သည္။

ဦးေမာင္ေမာင္လြင္က ‘‘အဲဒါကြၽန္ေတာ္မသိဘူး ခင္ဗ်။ ကြၽန္ေတာ္ကေနာက္မွ ေရာက္တာ။ ကြၽန္ေတာ္ကအခုမွ ေျပာင္းလာတာႏွစ္လ၊ သံုးလပဲရွိ ေသးတယ္’’ ဟု ေျဖၾကားသည္။ ယခင္တာ၀န္ယူခဲ့သူသည္ ၫႊန္ ၾကားေရးမွဴးအဆင့္ရွိသူ တစ္ဦး ျဖစ္ေၾကာင္း ၎ကဆိုသည္။
Credit: 7daydaily

Unicode

လွှတ်တော် အဆောက်အအုံများ ဆေးသုတ် သည့်ကုန်ကျစရိတ် ကျပ် သိန်း ၅,၈၀၀ တင်ပြထားသော်လည်း လေးပုံတစ်ပုံသာ ကျသင့်ကြောင်း စစ်ဆေးတွေ့ရှိ၍ ဆေးသုတ်လုပ် ငန်း တာ၀န်ယူထားသူများကို အရေးယူရန် တင်ပြထားကြောင်း စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဂန့်ဂေါပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောသည်။

နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံများ၏ ကျွန်းတံ ခါးများ၊ ကျွန်းပေါင်များကို ထိန်း သိမ်းသည့်အနေဖြင့် နှစ်တာ ရှည်ခံပေါ်လစ်တင်ဆေးသုတ်ရာ တွင် အသုံးစရိတ်တင်ပြမှုများ နေခြင်းနှင့် ပတ်သက်ပြီး အမှန် တကယ်ကုန်ကျမှုရှိ၊ မရှိစစ်ဆေး ရန်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စစ် ဆေးစေခဲ့သည်။စုံစမ်းစစ်ဆေး တွေ့ရှိချက် ကို အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ထံတွင် တင်ပြ ထားပြီး၎င်းမှ ပြည်ထောင်စုလွှတ် တော်နာယထံသို့ တင်ပြသွား မည်ဖြစ်ကြောင်း ဒေါ်ယဉ်မင်း လှိုင်က သြဂုတ် ၆ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအေ၀းအပြီး မီဒီယာ များ၏မေးမြန်းချက်ကို ပြန်လည်ဖြေ ကြားသည်။

‘‘တွေ့ရှိချက် အကြမ်းဖျင်း က အရည်အသွေးတွေမမီဘူး ပေါ့။ သုံးစွဲထားတဲ့ သုတ်ဆေးတွေ ကပင်ကို အရည်အသွေးကို မမီ တဲ့အတွက် တချို့နေရာတွေဆို ရင်ဆေးတွေလောင်ပြီးပျက်စီး သွားတာတွေရှိတယ်။ အဲဒါတွေ နဲ့ပတ်သက်ပြီး သူတို့တင်ပြထား တဲ့ ကုန်ကျစရိတ်ရဲ့လေးပုံတစ်ပုံ ခန့်သာကျသင့်တယ်ဆိုပြီး အဲဒါ ကို အစီရင်ခံစာတင်ထားတယ်။ လိုအပ်သလို အရေးယူဆောင် ရွက်နိုင်ပါရန်ဆိုပြီး အစ်မတို့က ပညာရပ်ပိုင်းဆိုင်ရာ စစ်ဆေး တင်ပြတာပေါ့’’ ဟု ဒေါ်ယဉ်မင်း လှိုင်ကပြောသည်။

အဆိုပါ ဆေးသုတ်လုပ်ငန်း ကုန်ကျစရိတ်ကို ဆောက်လုပ် ရေး၀န်ကြီးဌာနက ၎င်း၏သာမန် အသုံးစရိတ်တွင် လွှတ်တော်နှင့် အိမ်တော် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် သီးသန့်တောင်းခံ ဆောင်ရွက်ခြင်းဖြစ်ပြီး ဆောက်လုပ်ရေး၀န်ကြီး ဌာန၀န်ထမ်းက ကြီးကြပ်သုံးစွဲ ခြင်းဖြစ်သည်။

လွှတ်တော်အဆောက်အအုံ ဆေးသုတ်လုပ်ငန်းအတွက်သုတ် ဆေးအကောင်းစား အသုံးပြု ကြောင်းတင်ပြသော်လည်း စစ် ဆေးကြည့်ရာတွင်အရည်အသွေး မမီသည့် ဆေးအသုံးပြုထားသည် ကိုတွေ့ရကြောင်း ဒေါ်ယဉ်မင်း လှိုင်ကပြောသည်။

‘‘နောက်တစ်ခါ သူပြထား တာက ဆေးအသစ်သုတ်တာမျိုး ပြတယ်။ အဲဒါမျိုးဆိုသုံးထပ်တို့၊ လေးထပ်တို့သုတ်ရတယ်။ အခု ဟာက နဂိုရှိပြီးသားအဟောင်း၊အ ကောင်းရှိပြီးသား အဲဒါကို ပြန်ပြီး တော့ သုတ်ရတာမျိုးကို။ အဲဒါမျိုး ကို သုံးထပ်လို့ပြရင်သုံးဆဖြစ်နေ မှာ၊လေးထပ်လို့ပြရင်လေးဆဖြစ် နေမှာပေါ့။ အဲဒီအပေါ်မူတည်ပြီး လိုက်ကြည့်စစ်ဆေးပြီးသုံးသပ် ချက်တင်တဲ့ သဘောပေါ့’’ ဟု ဒေါ်ယဉ်မင်းလှိုင်ကရှင်းပြသည်။

ဆိပ်ဖြူပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သိုက်က ‘‘သူတို့ဒီလိုလုပ်လို့မရဘူးဆိုတာ သိအောင်လုပ်ရတာပေါ့။ တို့အုပ်ချုပ်မှု ပူးပေါင်းကော်မတီက စောင့်ကြည့်ပြီးစိစစ်သွားမှာ’’ ဟု ပြောသည်။

လွှတ်တော်အဆောက်အအုံ ဆေးသုတ် ကုန်ကျစရိတ်များခြင်း နှင့်ပတ်သက်ပြီးဆောက်လုပ်ရေး ၀န်ကြီးဌာနမှအရာရှိ တစ်ဦးဦး ဆောင်သည့် အိမ်တော်နှင့် လွှတ် တော်ထိန်းသိမ်းရေးအဖွဲ့က ရှင်း လင်းရမည်ဖြစ်ပြီး လွှတ်တော်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိဟု လွှတ်တော်ရုံး တာ၀န်ရှိသူတစ် ဦးက မီဒီယာများအားရှင်းပြထား သည်။

အဆိုပါကုန်ကျစရိတ်သည် ၂၀၁၇ – ၁၈ ဘဏ္႑ာနှစ်တွင် အ သုံးပြုခြင်းဖြစ်သည်။ ယင်းသို့ အသုံးစရိတ်များ ပိုမိုအသုံးပြုထား ကြောင်း စိစစ်ရေးအဖွဲ့၏ စစ် ဆေးမှုရလဒ်နှင့် ပတ်သက်ပြီး ဆောက်လုပ်ရေး၀န်ကြီးဌာနပြော ရေးဆိုခွင့် အဖွဲ့အတွင်းရေးမှူး ဒေါ်မေသက်လှိုင်သို့ ဆက်သွယ် ရာလွှတ်တော်၊ အိမ်တော်ပြင် ထိန်းတာ၀န်ယူထားသည့် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး မောင်မောင်လွင်သို့ ဆက်သွယ် ရန်လမ်းညွှန်သည်။

ဦးမောင်မောင်လွင်က ‘‘အဲဒါကျွန်တော်မသိဘူး ခင်ဗျ။ ကျွန်တော်ကနောက်မှ ရောက်တာ။ ကျွန်တော်ကအခုမှ ပြောင်းလာတာနှစ်လ၊ သုံးလပဲရှိ သေးတယ်’’ ဟု ဖြေကြားသည်။ ယခင်တာ၀န်ယူခဲ့သူသည် ညွှန် ကြားရေးမှူးအဆင့်ရှိသူ တစ်ဦး ဖြစ်ကြောင်း ၎င်းကဆိုသည်။
Credit: 7daydaily



Updates

Theme Editor by Seo v6