Skip to main content

ရုပ်သံဇာတ်လမ်းထဲကလို ကြိုးဆွဲချသေဆုံးခန်းကို ညီမဖြစ်သူအားလုပ်ပြရင်း တကယ်သေဆုံး

ညီမဖြစ်သူအား TV ဇာတ်လမ်းတွင် ပါရှိသော ကြိုးဆွဲ ချခန်းအား လုပ်ပြရင်း ဖြစ်သည်ဟုဆို

ကျောက်​တန်းမြို့နယ်​​ချောင်းဝ​ကျေးရွာတွင်​​ကျောင်းသား​က​လေးငယ်​တစ်​ဦး ကြိုးဆွဲချ​သေဆုံးမှု့ဖြစ်​ပွား
သြဂုတ်​လ(၂၆)ရက်​ည​နေ(၄/၂၀)နာရီအချိန်​ခန့်​တွင်​​ တောင်​ပိုင်းခရိုင်​​ ၊​ကျောက်​တန်းမြို့နယ်​၊​ချောင်းဝ​ကျေးရွာတွင်​က​လေးငယ်​(ကျား)တစ်​ဦးကြိုးဆွဲချ​သေဆုံး​ကြောင်းသတင်းအရ​ကျောက်​တန်းမြို့မစခန်းမှတာဝန်​ရှိသူများနှင့်​​ချောင်းဝ​ကျေးရွာအုပ်​ချူပ်​​ရေးမှုး၊ရာအိမ်​မှုးများနှင့်​အတူသွား​ရောက်​စစ်​​ဆေးရာ​ချောင်းဝ​ကျေးရွာရှိ​ဒေါ်လှလှ​ဌေး ၏​နေအိမ်​၊အိမ်​​ရှေခန်းတွင်​​မောင်​ဝင်း​ဌေး(၁၀)နှစ်​(ဘ)ဦးခင်​​ရွှေ(၄)တန်း​ကျောင်းသားသည်​(၆)​ပေခန့်​ရှည်​​သောနိုင်​လွန်​ကြိုးဖြင့်​(၆)​ပေမြင့်​​နေအိမ်​ထုတ်​တန်းမှဖ​နှောင့်​လွတ်​ပြီး​ ခြေနှင့်​ကြမ်းပြင်​ထိရုံ အ​နေအထားဖြင့်​ ကြိုးဆွဲချ​သေဆုံး​နေသည်​ကို​တွေ့ရှိရပြီးပြင်​ပဒဏ်​ရာတစ်​စုံတစ်​ရာမ​တွေ့ရှိရသဖြင့်​ ဆက်​လက်​စုံစမ်းရာအခင်းဖြစ်​ချိန်​တွင်​​သေဆုံးသူနင့်​ညီမဖြစ်​သူ မခို​င်​သဇင်​ဦး(၅)နှစ်​(KG)တန်း​ကျောင်းသားနှင့်​​နေအိမ်​တွင်​နှစ်​ဦးထဲရှိ​နေခဲ့ပြီး မိဘများမှာ အလုပ်​ကိစ္စနှင့်​အပြင်​သွား​နေချိန်​တွင်​ဖြစ်​ပွားခဲ့​ကြောင်း သိရှိရသဖြင့်အ​လောင်းအား ရဲ​ဆေးစာဖြင့်​​ ကျောက်​တန်းမြို့ပြည်​သူ့​ ဆးရုံသို့ပို့​ဆောင်​ပြီး ဓမ္မတာအတိုင်း​သေဆုံးဟုတ်​/မဟုတ်​​စစ်​​ဆေးပြီး​ သေမှု့​သေခင်းအမှတ်​စဉ်​(၂၆/၂၀၁၈)ဖြင့်​စစ်​​ဆေး​ဆောင်​ရွတ်​လျက်​ရှိ​ကြောင်းသတင်းရရှိသည်​။
(​ကျေးရွာ​နေပြည်​သူအချို့နင့်​​သေဆုံးသူ၏မိခင်​ဖြစ်​သူတို့​ပြောပြချက်​အရ​သေဆုံးသူ​(​မောင်​ဝင်း​ဌေး)သည်​ညီမဖြစ်​သူမခိုင်​သဇင်​ဦးနှင့်​အတူယ​နေ့​နေ့ခင်းတွင်(TV)ရုပ်​သံဇာတ်​လမ်းတွင်​ပါရှိ​သော(ကြိုးဆွဲချ)​သေဆုံးခြင်းသရုပ်​​ဆောင်​ခန်းကိုညီမဖြစ်​သူအားလုပ်​ပြရင်း​သေဆုံးသည်​ဟုသိရှိရပါသည်​။ သို့ဖြစ်​ပါ၍ယခုဖြစ်​စဉ်​အားပြည်​သူများအ​နေဖြင့်​ယခုလိုမဖြစ်​ပွား​အောင်​သင်​ခန်းစာယူသင့်​ပါသည်​)

Credit: Myint Zaw
#MyanmarDailyHotNews

Updates

Theme Editor by Seo v6