Skip to main content

သွားနိုင်သလောက်အထိဆက်သွားနေချင်တဲ့ ဟီးရိုးကြီးအောင်သူ

 မြန်မာဘောလုံးလောကရဲ့ အချစ်တော်အောင်သူကိုတော့ ပရိသတ်တွေချစ်ကြမှာပါ ။မြန်မာပရိသတ်တွေသာမက ထိုင်းပရိသတ်တွေပါ သည်းသည်းလှုပ်အားပေးနေကြပါတယ် ။မြန်မာ့ဘောလုံးကို နိုင်ငံတကာမှာ ပြန်ဦးမော့လာဖို့ ပြင်ဆင်နေကြတဲ့ အချိန်မှာ အဆင့်မြင့် လိဂ်ပြိုင်ပွဲမှာ ဘောလုံးသွားကစားနိုင်တဲ့ မြန်မာ ဘောလုံးသမား တစ်ဦးကတော့ Police Tero အသင်းမှာ သွား ကစားနေတဲ့ တိုက်စစ်မှူး အောင်သူဖြစ်ပါတယ်။
အောင်သူကတော့Police Tero အသင်းရဲ့စူပါဟီးရိုးတစ်ယောက်လည်းဖြစ်ပါတယ်။Police Tero အသင်းရဲ့နည်းပြကတော့”အောင်သူဟာကြံ့ခိုင်မှုအာလည်းကောင်းတယ်။အသက်ငယ်ငယ်နဲ့တိုးတတ်တဲ့ကစားသမားလည်းဖြစ်ပါတယ် ပထမတော့ ခြေစမ်းမပြနိုင်မှာကြောက်ပေမဲ့ တကယ်မှာတော့ မျှော်လင့်ထားတာထက်ကို ပိုကောင်းပါတယ်။လူချစ်လူခင်ပေါ ပါတယ်။”လို့ပြောထားပါတယ်။

အောင်သူကတော့”ပြိုင်ပွဲအတွက်အများကြီး ပြင်ဆင်ထားပါတယ်။ကိုယ်သွားနိုင်သလောက်အထိ ဆက်သွားချင်ပါသေးတယ်”လို့ ပြောထားပါတယ်။အောင်သူကိုတော့ ကလပ်အသင်းကြီးတွေက စိတ်ဝင်စားမှု တွေ ပြသနေကြပါတယ်။အောင်သူကိုတော့ ထိုင်းရောက်မြန်မာရွေ့ပြောင်းလုပ်သားတွေသာမက ထိုင်းပရိသတ်တွေပါ သည်းသည်းလှုပ် လာရောက်အားပေးနေ ကြပါတယ်။ မြန်မာဘောလုံးချစ်ပရိသတ်ကြီးလည်း ဟီးရိုးကြီး အောင်သူကိုရောက်ရာနေရာကနေ အားပါးတရ ဒီထက်မက ချစ်ခင်အားပေးလိုက်ကြရအောင်လားခင်ဗျာ
Credit: BBC 

Unicode

Updates

Theme Editor by Seo v6