ကလူဒီယာ အိုချာ ဖီလစ် လို့ခေါ်တဲ့ အမျိုးသမီးလိုလူမျိုးကို ချွေးမ မတော်မိဖို့ မိဘတိုင်းက သတိထားနေကြရပါတယ်။ ဘာလို့လည်းဆိုတော့ အသက် (၂၇) နှစ်အရွယ် ကလူဒီဟာ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးသော အမျိုးသမီး ဂိုဏ်းစတားတစ်ယောက်ဖြစ်နေလို့ပါပဲ။ မက္ကဆီကိုက Kim Kardashan လို့လည်းနာမည်ကျော်တဲ့ ကလူဒီဟာ Sinaloa မူးယစ်ဂိုဏ်းကိုယ်စား လူတွေကို သတ်ရတဲ့အလုပ် လုပ်တာဖြစ်ပါတယ်။ သူ(မ) ကိုင်နေကျသေနတ်ကတော့ ပန်းရောင် AK47 ဖြစ်ပါတယ်။
Mexican-Kim-Kardashian
သူ(မ) ဟာချောမောလှပသလောက် အရက်စက်ဆုံးလူသတ်သမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ပုံစံက မော်ဒယ် Kim Kardashian နဲ့လည်း ရုပ်ချင်းဆင်နေပါတယ်။သူ(မ)ကလည်း ထင်ပေါ်ကျော်ကြားသူတစ်ယောက်ပါ။ ဒါပေမဲ့ ရုပ်ချောသလောက် ကြောက်စရာကောင်းလောက်အောင် ရက်စက်တဲ့ သေနတ်သမားအဖြစ်ကျော်ကြားတာပါ။ မက္ကဆီကို မူးယစ်ဂိုဏ်းတွေဟာ ကမ္ဘာ့အင်အားအကြီးဆုံး မူးယစ်ဂိုဏ်းဖြစ်ပါတယ်။
Mexican-Kim-Kardashian
မကြာသေးခင်နှစ်တွေက သူတို့ဟာ တံတားတစ်စင်းပေါ်က အလောင်းသုံးလောင်းကို ကြိုးဆွဲချထားတဲ့ကိစ္စမှာ ပါဝင်ပတ်သက်နေပါတယ်။ ချစ်သူ ဖြစ်တဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် ဂျိုးအာချီဂါဂမ်ဘို အဖမ်းခံရပြီးနောက် ကလူဒီကပဲ အဖွဲ့ကို ဦးဆောင်နေတာဖြစ်ပါတယ်။ သူ(မ)ဟာ Twitter မှာပုံတွေတင်လေ့ရှိပြီး ပုံတင်တိုင်းလည်း သူ့ရဲ့လက်စွဲတော် ပန်းရောင် AK47 ရိုင်ဖယ်သေနတ် ပါလေ့ရှိပါတယ်။
မက္ကဆီကိုက Kim Kardashan လို့လူသိများတဲ့ ကလူဒီဟာ ကလေးသုံးယောက် မိခင်ဖြစ်ပြီးရက်စက်တဲ့ လူသတ်သမားအဖြစ် နာမည်ဆိုးဖြင့်ကျော်ကြားသူပါ။ကလူဒီဟာ Sinaloa ရဲ့အဖွဲ့ဝင် စဖြစ်တည်းကပုံတွေတင်လေ့ရှိသူတစ်ယောက်ပါ။ သူ(မ)ရဲ့ခင်ပွန်းနဲ့ ကွာရှင်းပြီးနောက် ကလူဒီဟာ Sinaloa ဂိုဏ်းခေါင်းဆောင်နဲ့ ချစ်ခဲ့တာဖြစ်ပါတယ်။
မိုးစက်လေး
MyanmarNote