တစ္ခ်ိဳ႕ေသာပုဂၢိဳလ္ေတြက ကမာၻနဲ႔ခ်ီၿပီးေျပာရင္ ေလႀကီးေလက်ယ္ ေျပာတယ္လုိ႔ ေအာင့္ေမ့တတ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ကမာၻနဲ႔ခ်ီၿပီး ေျပာလုိက္တာနဲ႔ ဒီလူဗဟုသုတ ရွိလုိက္တာဆုိၿပီး ပညာရွာမီးေလ့ရွိၾကပါတယ္။ ကမာၻ႕ေရးရာအေၾကာင္းသိသူေတြက ကမာၻ႕ေရးရာအေၾကာင္းေတြ ေျပာၾကပါလိမ့္မယ္။ ကုိယ့္ျပည္တြင္းေရးရာအေၾကာင္းကုိ သိသူက ျပည္တြင္းေရးရာကုိ ေျပာပါလိမ့္မယ္။
အခု ကမာၻနဲ႔ခ်ီၿပီး ေျပာၾကစုိ႔လုိ႔ဆုိရင္ ကမာၻ႕တန္ဖုိးအႀကီးဆုံး-ဆုိတဲ့ ဥေရာပ အစားအစာတစ္မ်ိဳးအေၾကာင္းကုိ ဗဟုသုတအေနနဲ႔ ျပန္ၿပီးမွ်ေဝလုိပါတယ္။ ကမာၻ႕ေစ်းအႀကီးဆုံး အစားအစာဆုိလုိ႔ ေရႊမႈန္႔ေတြထည့္ၿပီး လုပ္ထားတဲ့ မုန္႔ျဖစ္ေလမလား၊ စိန္ပြင့္ေတြျမႇဳပ္ထားတဲ့ အသားကင္ျဖစ္ေလမလား … ?။ ထင္မိတတ္ပါတယ္။
မဟုတ္ပါဘူး။ သဘာဝျဖစ္ အရသာစစ္စစ္ကုိ ေပးစြမ္းႏုိင္တဲ့ မႈိတစ္မ်ိဳးပါဘဲ။ ျမန္မာႏုိင္ငံမွာေတာ့ အင္ဥ-ဆုိတဲ့ သဘာဝထြက္ကုန္နဲ႔ ေပါက္ေရာက္ပ်ံ႔ႏွံ႔ပုံတူညီပါလိမ့္မယ္။ အဆုိပါမႈကို European White Truffle (ဥေရာပမႈိျဖဴဥ)လုိ႔ ေခၚပါတယ္။ နာမည္နဲ႔မလုိက္ေအာင္ မႈိရဲ႕ပုံစံက ေပါက္ေရာက္တဲ့ေျမအေရာင္ေပၚမူတည္ၿပီး အမည္း၊ အနီ စသျဖင့္ ကြဲျပားသြားပါတယ္။
သုိ႔ေသာ္လည္း အေပၚယံအခြံကို ခၽြတ္လိုက္ရင္ေတာ့ မႈိျဖဴဥရဲ႕ လွပတဲ့အဆင္းအဂၤါကုိ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီမႈိဟာ ကမာၻ႕ေစ်းအႀကီးဆုံးအစားအစာလုိ႔ ဆုိရေလာက္တဲ့ ဂုဏ္ပုဒ္နဲ႔ထုိက္တန္ပါတယ္။ အေၾကာင္းကေတာ့ ေျပာင္းလဲလာတဲ့ သဘာဝတရားႀကီးေၾကာင့္ မႈိျဖဴဥေပါက္ေရာက္မႈဟာ အလြန္အင္မတန္ကို နည္းပါးသြားၿပီ ျဖစ္ပါတယ္။
ေပါက္ေစ်းအရ မႈိျဖဴဥ(၁)ေပါင္ကုိ ေဒၚလာ (၃၆၀၀)အထိ ရွိေနပါတယ္။ ျမန္မာေငြနဲ႔ဆုိရင္ လက္ရွိေပါက္ေစ်းအရ (၅၂)သိန္းေလာက္ေတာင္ ေပးရမယ့္သေဘာပါ။ (၂၀၁၀)ခုႏွစ္က မကၠာအုိမွာက်င္းပတဲ့ ေလလံပြဲမွာ (၂)ေပါင္အေလးခ်ိန္ရွိ မႈိျဖဴဥတစ္ခုကို ေလလံတင္ေရာင္းခ်ခဲ့ရာ ေဒၚလာ (၃၃၀၀၀၀) နဲ႔ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။
အလြန္အံ့အားသင့္ဖြယ္ ပမာဏပါဘဲ။ လက္ရွိေစ်းႏႈန္းအရဆုိရင္ (၂)ေပါင္အေလးခ်ိန္သာရွိတဲ့ မႈိျဖဴဥ(၂)ေပါင္ကုိ ျမန္မာေငြ သိန္း(၄၈၃၀)အထိေတာင္ ေပးခဲ့ရတဲ့သေဘာပါ။ နယူးေယာက္မွာရွိတဲ့ စတုိးဆုိင္တစ္ခုမွာ မုိျဖဴဥအနည္းငယ္သာ ပါဝင္တဲ့ ဟမ္ဘာဂါတစ္ခုကို ေဒၚလာ(၁၅၀)အထိ ေရာင္းခ်ေနပါတယ္။ ေတာ္႐ုံလူအနားမကပ္ႏုိင္တဲ့ ပမာဏပါ။
မႈိျဖဴဥေတြဟာ ေျမေအာက္မွာသာ ေပါက္ေရာက္ေလ့ရွိပါတယ္။ အထူးသျဖင့္ ႏွစ္ရွည္ဝက္သစ္ခ်ပင္ေတြရဲ႕ေအာက္က သဘာဝေျမေဆြးေတြအတြင္းမွာ ေပါက္ေရာက္ေလ့ရွိတာပါ။ အရသာအရွိဆုံးမႈိအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။ ဒီမႈိကုိရွာေဖြသူေတြကုိ ေရႊသုိက္ရွာေဖြသူေတြလုိ႔ေတာင္ တင္စားေခၚေဝၚၾကပါတယ္။ တစ္ခါတေလမွာေတာ့ မႈိျဖဴဥ အုံလုိက္က်င္းလုိက္ႀကီး ေတြ႕ရရင္ေတာ့ ခ်မ္းသာဖုိ႔နီးစပ္ပါၿပီ။
ဒီမႈိေတြကို မႈိမုဆုိးေတြက ဘယ္လုိရွာသလဲဆုိရင္ ေခြး၊ သုိ႔မဟုတ္ အထူးေလ့က်င့္ထားတဲ့ ဝက္ကေလးေတြကို အသုံးျပဳက်ပါသတဲ့။ ေခြးဝက္တုိ႔ဟာ မႈိရွိႏုိင္တဲ့ေနရာေတြကို လက္ကေလးနဲ႔ယပ္ျခင္း၊ ႏွာေခါင္းျဖင့္ထုိးဆြျခင္းေတြနဲ႔ ေျခရာခံၾကတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ ေရႊမုဆုိးေတြနဲ႔ ခုိင္းႏႈိင္းထားသလုိမ်ိဳးပင္ မႈိျဖဴဥေတြဟာ ေရႊေလာက္ကို ရွားတယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္လည္း သင္တုိ႔ ထင္မွတ္မထားႏုိင္တဲ့ ပမာဏနဲ႔ ေစ်းရေနတာပါ။
နတ္စည္ေတာ္ (MyanmarNote)
source : elitereaders.com
Unicode
အံ့မခန်းဈေးနှုန်းနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အစားအစာ … !!!
တစ်ချို့သောပုဂ္ဂိုလ်တွေက ကမ္ဘာနဲ့ချီပြီးပြောရင် လေကြီးလေကျယ် ပြောတယ်လို့ အောင့်မေ့တတ်ပါတယ်။ တစ်ချို့ကတော့ ကမ္ဘာနဲ့ချီပြီး ပြောလိုက်တာနဲ့ ဒီလူဗဟုသုတ ရှိလိုက်တာဆိုပြီး ပညာရှာမီးလေ့ရှိကြပါတယ်။ ကမ္ဘာ့ရေးရာအကြောင်းသိသူတွေက ကမ္ဘာ့ရေးရာအကြောင်းတွေ ပြောကြပါလိမ့်မယ်။ ကိုယ့်ပြည်တွင်းရေးရာအကြောင်းကို သိသူက ပြည်တွင်းရေးရာကို ပြောပါလိမ့်မယ်။
အခု ကမ္ဘာနဲ့ချီပြီး ပြောကြစို့လို့ဆိုရင် ကမ္ဘာ့တန်ဖိုးအကြီးဆုံး-ဆိုတဲ့ ဥရောပ အစားအစာတစ်မျိုးအကြောင်းကို ဗဟုသုတအနေနဲ့ ပြန်ပြီးမျှဝေလိုပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး အစားအစာဆိုလို့ ရွှေမှုန့်တွေထည့်ပြီး လုပ်ထားတဲ့ မုန့်ဖြစ်လေမလား၊ စိန်ပွင့်တွေမြှုပ်ထားတဲ့ အသားကင်ဖြစ်လေမလား … ?။ ထင်မိတတ်ပါတယ်။
မဟုတ်ပါဘူး။ သဘာဝဖြစ် အရသာစစ်စစ်ကို ပေးစွမ်းနိုင်တဲ့ မှိုတစ်မျိုးပါဘဲ။ မြန်မာနိုင်ငံမှာတော့ အင်ဥ-ဆိုတဲ့ သဘာဝထွက်ကုန်နဲ့ ပေါက်ရောက်ပျံ့နှံ့ပုံတူညီပါလိမ့်မယ်။ အဆိုပါမှုကို European White Truffle (ဥရောပမှိုဖြူဥ)လို့ ခေါ်ပါတယ်။ နာမည်နဲ့မလိုက်အောင် မှိုရဲ့ပုံစံက ပေါက်ရောက်တဲ့မြေအရောင်ပေါ်မူတည်ပြီး အမည်း၊ အနီ စသဖြင့် ကွဲပြားသွားပါတယ်။
သို့သော်လည်း အပေါ်ယံအခွံကို ချွတ်လိုက်ရင်တော့ မှိုဖြူဥရဲ့ လှပတဲ့အဆင်းအင်္ဂါကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီမှိုဟာ ကမ္ဘာ့ဈေးအကြီးဆုံးအစားအစာလို့ ဆိုရလောက်တဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါတယ်။ အကြောင်းကတော့ ပြောင်းလဲလာတဲ့ သဘာဝတရားကြီးကြောင့် မှိုဖြူဥပေါက်ရောက်မှုဟာ အလွန်အင်မတန်ကို နည်းပါးသွားပြီ ဖြစ်ပါတယ်။
ပေါက်ဈေးအရ မှိုဖြူဥ(၁)ပေါင်ကို ဒေါ်လာ (၃၆၀၀)အထိ ရှိနေပါတယ်။ မြန်မာငွေနဲ့ဆိုရင် လက်ရှိပေါက်ဈေးအရ (၅၂)သိန်းလောက်တောင် ပေးရမယ့်သဘောပါ။ (၂၀၁၀)ခုနှစ်က မက္ကာအိုမှာကျင်းပတဲ့ လေလံပွဲမှာ (၂)ပေါင်အလေးချိန်ရှိ မှိုဖြူဥတစ်ခုကို လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ (၃၃၀၀၀၀) နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
အလွန်အံ့အားသင့်ဖွယ် ပမာဏပါဘဲ။ လက်ရှိဈေးနှုန်းအရဆိုရင် (၂)ပေါင်အလေးချိန်သာရှိတဲ့ မှိုဖြူဥ(၂)ပေါင်ကို မြန်မာငွေ သိန်း(၄၈၃၀)အထိတောင် ပေးခဲ့ရတဲ့သဘောပါ။ နယူးယောက်မှာရှိတဲ့ စတိုးဆိုင်တစ်ခုမှာ မိုဖြူဥအနည်းငယ်သာ ပါဝင်တဲ့ ဟမ်ဘာဂါတစ်ခုကို ဒေါ်လာ(၁၅၀)အထိ ရောင်းချနေပါတယ်။ တော်ရုံလူအနားမကပ်နိုင်တဲ့ ပမာဏပါ။
မှိုဖြူဥတွေဟာ မြေအောက်မှာသာ ပေါက်ရောက်လေ့ရှိပါတယ်။ အထူးသဖြင့် နှစ်ရှည်ဝက်သစ်ချပင်တွေရဲ့အောက်က သဘာဝမြေဆွေးတွေအတွင်းမှာ ပေါက်ရောက်လေ့ရှိတာပါ။ အရသာအရှိဆုံးမှိုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒီမှိုကိုရှာဖွေသူတွေကို ရွှေသိုက်ရှာဖွေသူတွေလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ တစ်ခါတလေမှာတော့ မှိုဖြူဥ အုံလိုက်ကျင်းလိုက်ကြီး တွေ့ရရင်တော့ ချမ်းသာဖို့နီးစပ်ပါပြီ။
ဒီမှိုတွေကို မှိုမုဆိုးတွေက ဘယ်လိုရှာသလဲဆိုရင် ခွေး၊ သို့မဟုတ် အထူးလေ့ကျင့်ထားတဲ့ ဝက်ကလေးတွေကို အသုံးပြုကျပါသတဲ့။ ခွေးဝက်တို့ဟာ မှိုရှိနိုင်တဲ့နေရာတွေကို လက်ကလေးနဲ့ယပ်ခြင်း၊ နှာခေါင်းဖြင့်ထိုးဆွခြင်းတွေနဲ့ ခြေရာခံကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရွှေမုဆိုးတွေနဲ့ ခိုင်းနှိုင်းထားသလိုမျိုးပင် မှိုဖြူဥတွေဟာ ရွှေလောက်ကို ရှားတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း သင်တို့ ထင်မှတ်မထားနိုင်တဲ့ ပမာဏနဲ့ ဈေးရနေတာပါ။
နတ်စည်တော် (MyanmarNote)